သုံးနေသလား၊ ဖြုန်းနေသလား
===================
"သင်တကယ်မလိုအပ်တဲ့အရာတွေ ဝယ်ရင်
မကြာခင်မှာ သင်လိုအပ်တဲ့အရာတွေ ရောင်း
ထုတ်ရလိမ့်မယ်"- Warren Buffett
လွန်ခဲ့တဲ့ ၃လလောက်က Time.comမှာ The Boring
Secret to Getting Rich ဆိုတဲ့ ဆောင်းပါးလေးဖတ်လိုက်
ရတယ်။ အဲ့ဒီထဲမှာရေးထားတဲ့ ချမ်းသာဖို့ အခြေခံအကျဆုံး
လျှို့ဝှက်ချက်က စိတ်ဆန္ဒလိုအပ်ချက်တွေကိုမချ မ်းသာခင်
မှာ ထိန်းချုပ်နိုင်ခြင်းပါတဲ့ ။ သင့်ရဲ့ဝင်ငွေနဲ့ ထွက်ငွေကွာဟချက်
များလာလေလေ (ထွက်ငွေနည်းလာခြင်းကိုဆိုလိုသည်)၊သင့်
လက်ထဲမှာ သင်လုပ်ချင်တဲ့လုပ်ငန်းတွေလုပ်ဖို့ ပိုက်ဆံပိုစုမိ
လာလေလေပါပဲတဲ့။
Warren Buffett စကားနဲ့ Time.comကရေးတဲ့ဆောင်းပါး
က ဆိုလိုချက်က အတူတူပါပဲ။ မချမ်းသာခင် မိမိမှာ မလိုအပ်
တာတွေကိုမဝယ်မိဖို့ အရမ်းအရေးကြီးပါတယ်။ ပိုက်ဆံဟာ
ရှာရတာသာခက်တာ လက်ထဲရောက်လာရင် အရမ်းသုံးချင်
တတ်ကြပါတယ်။
ဒီခေတ်ထဲမှာ ပိုက်ဆံတန်ဖိုးကို မသိတဲ့လူတွေ များပြားလာ
သလိုပါပဲ။ အချို့ကလည်း ဖြုန်းနေလိုက်ကြတာ မြင်မကောင်း
ပါဘူး။ မိဘက ချမ်းသာလို့ ပိုက်ဆံတန်ဖိုးကို မသိတာက
ယုတ္တိရှိပါတယ်။ ငယ်ငယ်တည်းက ပိုက်ဆံမရှာဖူးတဲ့အပြင်
မိဘရဲ့ အလိုလိုက်ခြင်းကိုခံရတော့ ပိုက်ဆံဆိုတာ သုံးဖို့ပဲ
လို့ မြင်လာပါတယ်။ ဆင်းရဲတဲ့ဘဝကနေ ပိုက်ဆံရှာပြီး
တက်လာတဲ့သူတွေကတော့ ပိုက်ဆံဘယ်လောက်ရှာရ
ခက်လဲ သိသင့်ပါတယ်။ ချမ်းသာတဲ့သူတွေက ဆင်းရဲတဲ့
သူတွေလောက် ပိုက်ဆံရှာရမခက်ပါဘူး။ ဆင်းရဲတဲ့သူတွေ
က ပိုက်ဆံပိုရှာရခက်တတ်ပါတယ်။ ကျွန်တော်ငယ်ငယ်
တည်းက အဖေရဲ့ အလုပ်မှာ အမြဲကူလုပ်ရပါတယ်။ အဖေ
က ငယ်ငယ်တည်းက ပိုက်ဆံဆိုတာ ဘယ်လိုရှာရလဲနဲ့
မိတ်ဆက်ပေးခဲ့ပါတယ်။ အဖေ မာလကာခြံလုပ်ရင် ရေကူ
လောင်းရတယ်။ ကွမ်းခြံလုပ်ရင် ပေါင်းနှုတ်ရတယ်၊ ကွမ်းရိုး
နဲ့ကွမ်းတိုင်မှာ ကြိုးအသေးလေးတွေ လိုက်ချည်ရတယ်။
ကွမ်းခြံရေတင်ရင် ပိုက်ထမ်းပေးရတယ်။ သင်ဖြူးဖျာတွေ
နေပူထဲလှမ်းရင် လိုက်ကူရတယ်။ ကျွန်တော့်ဘဝက
ဒီလောက်မကြမ်းပါဘူး။ ကျွန်တော့်ထက် ဘဝကြမ်းတဲ့
သူတွေ အများကြီးပါ။ ကျွန်တော့်ကို ဒီလိုမျိုး ပိုက်ဆံ
အကြောင်း သင်ပေးခဲ့တဲ့ အဖေကိုလည်း ကျွန်တော်
အရမ်းကျေးဇူးတင်ပါတယ်။ အခုအချိန်အထိ ပိုက်ဆံ
ကို ကျွန်တ်ာဖြုန်းလေ့မရှိဘူး။ လိုအပ်တာကိုပဲသုံးလေ့
ရှိတယ်။
ကျွန်တ်ာကိုင်တဲ့ဖုန်းက အလယ်အလတ်တန်းစားပဲရှိ
တယ်။ ကျွန်တော့်မှာရှိတဲ့ ပိုက်ဆံကို ဖုန်းဆိုတဲ့အရာ
အတွက် ၁၀သိန်းလောက် ကျွန်တ်ာမသုံးနိုင်ဘူး။
ပိုက်ဆံဆိုတာ သုံးခါနီးတိုင်း သေသွားမလား၊ရှင်နေ
မလား ကြည့်တတ်ရတယ်။ မြုပ်သွားတဲ့ ပိုက်ဆံဟာ
ဘာမှလုပ်လို့မရတော့ဘူး။ အဲ့ဒီပိုက်ဆံဟာ တကယ်
တော့ ပွားအောင်လုပ်လို့ရတယ်၊ သို့မဟုတ် အဲ့ဒီပိုက်ဆံ
နဲ့ မိမိအရည်အချင်းတွေ တိုးတက်အောင်လုပ်လို့ရ
တယ်။ သူဌေးကြီးဖြစ်တဲ့နေ့ကျရင်တော့ ၁၀သိန်းတန်
ဖုန်းကိုင်ချင်ကိုင်မှာပေါ့ ။ ဒါပေမယ့် ကိုယ်ကမချမ်းသာ
ရင် ကိုယ်သုံးမယ့်အရာတိုင်းကို ဆင်ခြင်ရတယ်။ ကျွန်
တော် ပိုက်ဆံသုံးခါနီးတိုင်း အမြဲမေးလေ့ရှိတဲ့မေးခွန်း
တစ်ခုရှိတယ်။ အဲ့ဒါက "ငါတကယ်လိုရဲ့လားဆိုတဲ့
မေးခွန်း"။ iPhone ဝယ်နိုင်တဲ့ ပိုက်ဆံရှိလည်း ကျွန်
တော် ဝယ်လေ့မရှိပါဘူး။ ကျွန်တော့်အတွက်လိုတာ
ဖုန်းပြောမယ်၊အင်တာနက်သုံးမ ယ်၊ဂိမ်းဆော့မယ်
ဒီလိုအပ်ချက်နဲ့ ကိုက်ညီတဲ့ဖုန်းတွေ ၃သိန်းလောက်
နဲ့ ရပါတယ်။ အဲ့ဒါမျိုးပဲ ဝယ်ကိုင်လေ့ရှိပါတယ်။
ကျွန်တော် iPhoneမကိုင်နိုင်လို့ အထင်သေးမယ်
ဆိုရင်လည်း ကျွန်တော်က ဂရုမစိုက်ပါဘူး။ အဲ့ဒီလို
လူတွေက ပကာသနလူသားတွေပါ။ သူတို့ ကျွန်တော့်
ဘဝထဲမှာ မရှိလို့ ဝမ်းမနည်းပါဘူး။ ပျော်တောင်ပျော်
ပါသေးတယ်။
ကျွန်တော်ပြောချင်တဲ့အချက်က ဖုန်းမှ မဟုတ်ဘူး။
နေ့တိုင်းဝယ်သုံးနေတဲ့ပစ္စည်းတွေ၊ ဝယ်နေတဲ့ တန်ဖိုး
ကြီး အဝတ်အစားတွေ၊ မိမိတကယ်လိုရဲ့လား ပြန်စဉ်းစား
ဖို့လိုပါတယ်။(သူဌေးများကို ပြောနေခြင်း မဟုတ်ပါ)။
လူဆိုတာကိုယ့်အခြေအနေကို ကိုယ်သိရပါတယ်။
ဖားတုလို့ခရုခုန် ဖင်ကျိုးရုံသာရှိတဲ့။ သူများ တန်ဖိုးကြီး
တာ ဝယ်နိုင်တိုင်း ကိုယ်ဝယ်ရမယ်လို့ လိုက်မထင်ပါနဲ့။
ကိုယ့်အခြေအနေကို ကိုယ်သာအသိဆုံးပါ။ ဆင်းရဲ
တာရှက်စရာမဟုတ်ပါဘူး။ ပိုက်ဆံအများကြီး မရှိ
တာလည်း ရှက်စရာမဟုတ်ပါဘူး။ အသိမရှိရင်တော့
ရှက်စရာကောင်းပါတယ်။
သူများနေသလို ငါလိုက်နေမယ်၊ သူများဝတ်သလို
ငါလိုက်ဝတ်မယ်ဆိုတာထက် ဒီဘဝထဲက ငါဘယ်လို
ရုန်းထွက်ရမလဲဆိုတာကို ပိုစဉ်းစားသင့်ပါတယ်။
သင့်ဘဝထဲမှာ တကယ်မလိုအပ်တာတွေကို အရမ်း
မဝယ်မိပါစေနဲ့။ Warren Buffett ပြောသလို လိုတာ
လေးတွေ ထုတ်ရောင်းရတော့မှ မျက်ရည်ပိုကျရပါ
လိမ့်မယ်။
#မိုးရှင်း (I.M.T) ရေးသားသည်။
(#သူစိတ်ဓာတ်ကျတိုင်းဖတ်ဖို့)စာအုပ်ကို ဒွါဒသမ
အကြိမ်ထုတ်ပေးထားတဲ့အပြင်( #အင်္ဂလိပ်စကား
အမြန်ဆုံးပြောတတ်ဖို့ )ဆိုတဲ့ စာအုပ်ကိုလည်း
တတိယအကြိမ်ထုတ်ဝေပေးထားပါတယ်။
===================
"သင်တကယ်မလိုအပ်တဲ့အရာတွေ ဝယ်ရင်
မကြာခင်မှာ သင်လိုအပ်တဲ့အရာတွေ ရောင်း
ထုတ်ရလိမ့်မယ်"- Warren Buffett
လွန်ခဲ့တဲ့ ၃လလောက်က Time.comမှာ The Boring
Secret to Getting Rich ဆိုတဲ့ ဆောင်းပါးလေးဖတ်လိုက်
ရတယ်။ အဲ့ဒီထဲမှာရေးထားတဲ့ ချမ်းသာဖို့ အခြေခံအကျဆုံး
လျှို့ဝှက်ချက်က စိတ်ဆန္ဒလိုအပ်ချက်တွေကိုမချ
မှာ ထိန်းချုပ်နိုင်ခြင်းပါတဲ့
များလာလေလေ (ထွက်ငွေနည်းလာခြင်းကိုဆိုလ
လက်ထဲမှာ သင်လုပ်ချင်တဲ့လုပ်ငန်းတွေလ
လာလေလေပါပဲတဲ့။
Warren Buffett စကားနဲ့ Time.comကရေးတဲ့ဆောင်းပါး
က ဆိုလိုချက်က အတူတူပါပဲ။ မချမ်းသာခင် မိမိမှာ မလိုအပ်
တာတွေကိုမဝယ်မိဖို့ အရမ်းအရေးကြီးပါတယ်။ ပိုက်ဆံဟာ
ရှာရတာသာခက်တာ လက်ထဲရောက်လာရင် အရမ်းသုံးချင်
တတ်ကြပါတယ်။
ဒီခေတ်ထဲမှာ ပိုက်ဆံတန်ဖိုးကို မသိတဲ့လူတွေ များပြားလာ
သလိုပါပဲ။ အချို့ကလည်း ဖြုန်းနေလိုက်ကြတာ မြင်မကောင်း
ပါဘူး။ မိဘက ချမ်းသာလို့ ပိုက်ဆံတန်ဖိုးကို မသိတာက
ယုတ္တိရှိပါတယ်။ ငယ်ငယ်တည်းက ပိုက်ဆံမရှာဖူးတဲ့အပြင်
မိဘရဲ့ အလိုလိုက်ခြင်းကိုခံရတော့ ပိုက်ဆံဆိုတာ သုံးဖို့ပဲ
လို့ မြင်လာပါတယ်။ ဆင်းရဲတဲ့ဘဝကနေ ပိုက်ဆံရှာပြီး
တက်လာတဲ့သူတွေကတော့ ပိုက်ဆံဘယ်လောက်ရှာရ
ခက်လဲ သိသင့်ပါတယ်။ ချမ်းသာတဲ့သူတွေက ဆင်းရဲတဲ့
သူတွေလောက် ပိုက်ဆံရှာရမခက်ပါဘူး။ ဆင်းရဲတဲ့သူတွေ
က ပိုက်ဆံပိုရှာရခက်တတ်ပါတယ်။
တည်းက အဖေရဲ့ အလုပ်မှာ အမြဲကူလုပ်ရပါတယ်။ အဖေ
က ငယ်ငယ်တည်းက ပိုက်ဆံဆိုတာ ဘယ်လိုရှာရလဲနဲ့
မိတ်ဆက်ပေးခဲ့ပါတယ်။ အဖေ မာလကာခြံလုပ်ရင် ရေကူ
လောင်းရတယ်။ ကွမ်းခြံလုပ်ရင် ပေါင်းနှုတ်ရတယ်၊ ကွမ်းရိုး
နဲ့ကွမ်းတိုင်မှာ ကြိုးအသေးလေးတွေ လိုက်ချည်ရတယ်။
ကွမ်းခြံရေတင်ရင် ပိုက်ထမ်းပေးရတယ်။ သင်ဖြူးဖျာတွေ
နေပူထဲလှမ်းရင် လိုက်ကူရတယ်။ ကျွန်တော့်ဘဝက
ဒီလောက်မကြမ်းပါဘူး။ ကျွန်တော့်ထက် ဘဝကြမ်းတဲ့
သူတွေ အများကြီးပါ။ ကျွန်တော့်ကို ဒီလိုမျိုး ပိုက်ဆံ
အကြောင်း သင်ပေးခဲ့တဲ့ အဖေကိုလည်း ကျွန်တော်
အရမ်းကျေးဇူးတင်ပါတယ်။ အခုအချိန်အထိ ပိုက်ဆံ
ကို ကျွန်တ်ာဖြုန်းလေ့မရှိဘူး။ လိုအပ်တာကိုပဲသုံးလေ့
ရှိတယ်။
ကျွန်တ်ာကိုင်တဲ့ဖုန်းက အလယ်အလတ်တန်းစားပဲရှိ
တယ်။ ကျွန်တော့်မှာရှိတဲ့ ပိုက်ဆံကို ဖုန်းဆိုတဲ့အရာ
အတွက် ၁၀သိန်းလောက် ကျွန်တ်ာမသုံးနိုင်ဘူး။
ပိုက်ဆံဆိုတာ သုံးခါနီးတိုင်း သေသွားမလား၊ရှင်နေ
မလား ကြည့်တတ်ရတယ်။ မြုပ်သွားတဲ့ ပိုက်ဆံဟာ
ဘာမှလုပ်လို့မရတော့ဘူး။ အဲ့ဒီပိုက်ဆံဟာ တကယ်
တော့ ပွားအောင်လုပ်လို့ရတယ်၊ သို့မဟုတ် အဲ့ဒီပိုက်ဆံ
နဲ့ မိမိအရည်အချင်းတွေ တိုးတက်အောင်လုပ်လို့ရ
တယ်။ သူဌေးကြီးဖြစ်တဲ့နေ့ကျရင်တေ
ဖုန်းကိုင်ချင်ကိုင်မှာပေါ့
ရင် ကိုယ်သုံးမယ့်အရာတိုင်းကိ
တော် ပိုက်ဆံသုံးခါနီးတိုင်း အမြဲမေးလေ့ရှိတဲ့မေးခွန်း
တစ်ခုရှိတယ်။ အဲ့ဒါက "ငါတကယ်လိုရဲ့လားဆိုတဲ့
မေးခွန်း"။ iPhone ဝယ်နိုင်တဲ့ ပိုက်ဆံရှိလည်း ကျွန်
တော် ဝယ်လေ့မရှိပါဘူး။ ကျွန်တော့်အတွက်လိုတာ
ဖုန်းပြောမယ်၊အင်တာနက်သုံးမ
ဒီလိုအပ်ချက်နဲ့ ကိုက်ညီတဲ့ဖုန်းတွေ ၃သိန်းလောက်
နဲ့ ရပါတယ်။ အဲ့ဒါမျိုးပဲ ဝယ်ကိုင်လေ့ရှိပါတယ်။
ကျွန်တော် iPhoneမကိုင်နိုင်လို့ အထင်သေးမယ်
ဆိုရင်လည်း ကျွန်တော်က ဂရုမစိုက်ပါဘူး။ အဲ့ဒီလို
လူတွေက ပကာသနလူသားတွေပါ။ သူတို့ ကျွန်တော့်
ဘဝထဲမှာ မရှိလို့ ဝမ်းမနည်းပါဘူး။ ပျော်တောင်ပျော်
ပါသေးတယ်။
ကျွန်တော်ပြောချင်တဲ့အချက်က
နေ့တိုင်းဝယ်သုံးနေတဲ့ပစ္စည်
ကြီး အဝတ်အစားတွေ၊ မိမိတကယ်လိုရဲ့လား ပြန်စဉ်းစား
ဖို့လိုပါတယ်။(သူဌေးများကို
လူဆိုတာကိုယ့်အခြေအနေကို ကိုယ်သိရပါတယ်။
ဖားတုလို့ခရုခုန် ဖင်ကျိုးရုံသာရှိတဲ့။ သူများ တန်ဖိုးကြီး
တာ ဝယ်နိုင်တိုင်း ကိုယ်ဝယ်ရမယ်လို့ လိုက်မထင်ပါနဲ့။
ကိုယ့်အခြေအနေကို ကိုယ်သာအသိဆုံးပါ။ ဆင်းရဲ
တာရှက်စရာမဟုတ်ပါဘူး။ ပိုက်ဆံအများကြီး မရှိ
တာလည်း ရှက်စရာမဟုတ်ပါဘူး။ အသိမရှိရင်တော့
ရှက်စရာကောင်းပါတယ်။
သူများနေသလို ငါလိုက်နေမယ်၊ သူများဝတ်သလို
ငါလိုက်ဝတ်မယ်ဆိုတာထက် ဒီဘဝထဲက ငါဘယ်လို
ရုန်းထွက်ရမလဲဆိုတာကို ပိုစဉ်းစားသင့်ပါတယ်။
သင့်ဘဝထဲမှာ တကယ်မလိုအပ်တာတွေကို အရမ်း
မဝယ်မိပါစေနဲ့။ Warren Buffett ပြောသလို လိုတာ
လေးတွေ ထုတ်ရောင်းရတော့မှ မျက်ရည်ပိုကျရပါ
လိမ့်မယ်။
#မိုးရှင်း (I.M.T) ရေးသားသည်။
(#သူစိတ်ဓာတ်ကျတိုင်းဖတ်ဖို့)စာအုပ်ကို ဒွါဒသမ
အကြိမ်ထုတ်ပေးထားတဲ့အပြင်( #အင်္ဂလိပ်စကား
အမြန်ဆုံးပြောတတ်ဖို့ )ဆိုတဲ့ စာအုပ်ကိုလည်း
တတိယအကြိမ်ထုတ်ဝေပေးထားပါတယ
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။