အစာအိမ်အနာရောဂါနှင့်ပတ်သက် ၍ သိသင့်သည်များ
အစာအိမ်အနာဟာ အစာအိမ်ရဲ့ အမြှေးပါးအတွင်းမှ နာကျင်တဲ့အနာလေးတွေဖြစ်ပါတယ်။ အစာအိမ်ကိုအကာအကွယ်ပေးထားတဲ့  ထူထပ်တဲ့ အမြှေးပါးက အစာခြေရည်တွေကြောင့် ပါးလွှာလာပါတယ်။ ဒီအခါမှာ အစာခြေအက်စစ်ေ
တွက အစာအိမ်ရဲ့ နံရံမှ တစ်သျှူးတွေကို တိုက်စားသွားရာမှ အစာအိမ်အနာဖြစ် ပေါ်လာပါတယ်။ အစာအိမ်အနာက များသောအားဖြင့် အစာအိမ်မှာသာ ဖြစ်တတ်ပေမယ့် အူသိမ်ဦးပိုင်း ဒါမှမဟုတ် အစာမျိုပြွန်မှာလည်း ဖြစ်ပေါ်တ
တ်ပါတယ်။ အစာအိမ်အနာက အဖြစ်များတဲ့ ပြဿနာတစ်ခုပါ။ လူ ၁၀ ယောက်မှာ တစ်ယောက်နှုန်းက တစ်ချိန်ချိန်မှာ အစာအိမ်အနာရဲ့ ဝေဒနာကို ခံစားရလေ့ရှိပါတယ်။ အစာအိမ်အနာဖြစ်ရတဲ့အကြောင်း ရင်းက အကြောင်းတစ်ခုတည်း
ကြောင့် မဟုတ်ပါဘူး။ အစာအိမ်နဲ့ အူသိမ်ဦးပိုင်းအတွင်းမှာရှိတဲ့
အစာခြေ ရည်တွေ ညီညွတ်မျှတမှုမရှိတဲ့အခါ အစာအိမ်အနာဖြစ်တယ်လို့ သုတေသီတွေက
ထုတ်ဖော်ကြပါတယ်။ အစာအိမ်အနာအများစုက H Pylori ခေါ်တဲ့ ဘက်တီး
ရီးယားပိုး ကူးစက်ခံရတာကြောင့် ဖြစ်တာပါ။
စတီးရွိုက်မပါဝင်တဲ့ အကိုက်အခဲ ပျောက်ဆေးတွေ အသုံးပြုပါများတာနဲ့ အစာအိမ်အတွင်း အက်စစ်ထုတ်လုပ်မှုများတာကြော င့်လည်း အစာအိမ်အနာ ဖြစ်နိုင်ပါတယ်။ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာက စိတ်ဖိစီးမှုများတာဟာ အစာအိမ် အ
က်စစ်ထုတ်လုပ်မှုကို မြင့်တက်စေနိုင်တဲ့အတွက် အစာအိမ်အနာဖြစ်စေတယ်လို့ ယုံကြည်ကြပါတယ်။ ဒါပေမဲ့ စိတ်ဖိစီးမှုများတာက အစာအိမ်အနာဖြစ်ရတဲ့ အကြောင်းရင်း မဟုတ်ပါဘူး။ သူက အစာအိမ်အနာ ဖြစ်နိုင်ခြေများတဲ့အချ
က်တစ်ခုပါ။ စိတ်ဖိစီးမှုများတာအပြင် အရက်အလွန်အကျွံသောက်တာ၊ ဆေးလိပ်သောက်တာ၊ မိသားစုမျိုးရိုးထဲမှာ အစာအိမ်အနာရောဂါရှိတာ၊ အသက် ၅၀ ကျော်တာနဲ့ အစာအိမ်အနားတစ်ဝိုက်ကို ဓာတ်ကင်ကုထုံးခံယူသူတွေမှာလ ည်း
အစာအိမ်အနာဖြစ်နိုင်ခြေမြင့် မားပါတယ်။
အစာအိမ်အနာဖြစ်လာခဲ့ရင် ချက်ချင်း ကုသမှုခံယူဖို့ လိုအပ်ပါတယ်။ မကုသဘဲ ထားခဲ့ရင် အစာအိမ်အက်စစ်တွေက အစာအိမ်နံရံကို တိုက်စားသွားနိုင်ပြီး အစာအိမ်ပေါက်တာနဲ့ အစာအိမ်သွေးယို စီးတာတွေ ဖြစ်နိုင်ပါတယ်။ ဒါကြောင့်
အစာအိမ်အနာရဲ့ လက္ခဏာတွေ ဖြစ်တဲ့ အောက်ပါအချက်တွေကို သိရှိထားဖို့ လိုအပ်ပါတယ်။
#အစာအိမ်နေရာတွင်_နာကျင်ခြင်း
အစာအိမ်အမြှေးပါးပေါ်မှာ အနာရှိနေတာကြောင့် ဗိုက်နာတဲ့ ဝေဒနာတွေ ခံစားရနိုင်ပါတယ်။ ချက်နဲ့ နံရိုးအောက် ကြားနေရာမှာ နာကျင်တဲ့ဝေဒနာကို ခံစားရနိုင်ပါတယ်။ အနာရဲ့ အခြေအနေပေါ်မှာ မူတည်ပြီး မိနစ်အနည်းငယ်က နေ
နာရီအတော်ကြာအထိ နာကျင်နေနိုင်ပါတယ်။ အစာအိမ်ထဲ အစာမရှိတဲ့ အချိန် ညဘက်ပိုင်းမှာ နာကျင်မှုဝေဒနာက အဆိုးရွားဆုံးဖြစ်ပြီး အစာအနည်းငယ်စားပြီးနောက်ပို င်း ဒါမှမဟုတ် လေဆေးသောက်ပြီးနောက်ပိုင်း နာကျင်တာ
ယာယီ သက်သာသွားနိုင်ပါတယ်။
#ရင်ပူခြင်း
အစာအိမ်အနာနဲ့ ဆက်စပ်နေတဲ့ အက်စစ်တွေက အပေါ်ကို ဆန်တက်တာကြောင့် ရင်ပူတဲ့ ဝေဒနာကို ခံစားရတတ်ပါတယ်။ လေဆေးသောက်တာ ဒါမှမဟုတ် ရေသောက်လိုက်တာကြောင့် ရင်ပူတာ သက်သာသွားနိုင်ပါတယ်။ သင်
ဘာပဲစားစား ရင်ပူတာဆက်ဖြစ်နေတာကတော့ အစာအိမ်အနာဖြစ်နေတဲ့ လက္ခဏာပါ။ ရင်ပူတာနဲ့အတူ အစာစားပြီး နောက်ပိုင်း အလွန်အမင်း ကြို့ထိုးတာတွေ၊ လေလည်တာတွေလည်း ဖြစ်တတ်ပါတယ်။
#လေပွခြင်း
လေပွတာကလည်း အစာအိမ်အနာ ဖြစ်တာရဲ့ စောစောစီးစီးလက္ခဏာတစ်ခုပါ။ အထူးသဖြင့် ၀မ်းဗိုက်နေရာမှာပါ။ လေပွတာနဲ့အတူ ဘာမှ မစားဘဲ ပုံမှန်ထက် လေလည်နေတာလည်း ဖြစ်တတ်ပါတယ်။ မကြာခဏ လေပွတတ်တာကို
တော့ ဆရာဝန်နဲ့ ပြသသင့်ပါတယ်။
#အစာမကြေခြင်း
အစာအိမ်အနာကြောင့် အစာအိမ်နဲ့ အူသိမ်ဦးပိုင်းတွေရဲ့ ပုံမှန်အလုပ်တွေ အနှောင့်အယှက်ဖြစ်သွားတဲ့အတွက် အစာမကြေရတာဖြစ်ပါတယ်။
#ပျို့အန်ခြင်း
အနာက တဖြည်းဖြည်းကြီးလာတဲ့အခါမှာ
အစာခြေရည်ရဲ့ ပမာဏတွေလည်း လျော့နည်းသွားပြီး အစာမကြေတာနဲ့အတူ
ပျို့ချင်အန်ချင်တာတွေ ဖြစ်လာတတ်ပါတယ်။ များသောအားဖြင့် အစာအိမ်ထဲမှာ
အစာမရှိတဲ့ မနက်အိပ်ရာထ
ချိန်မှာ ပျို့အန်ချင်နေတတ်ပါတယ်။ ပျို့အန်နေတာက ရက်ကြာရှည်ခဲ့ရင် ဆရာဝန်နဲ့ ပြကို ပြသရမယ့်အခြေအနေပါ။
#အစာစားချင်စိတ်လျော့နည်းခြ င်း
အစာအိမ်အနာရှိသူတွေက အစာစားချင်စိတ် လျော့နည်းသွားတတ်ပါတယ်။ ဗိုက်နာနေတဲ့အတွက်ကြောင့်ပါ ။ တစ်ခါတလေမှာ အစာစားပြီး ရုတ်တရက် ဗိုက်နာတတ်တဲ့အတွက် အစာစားရမှာကို ကြောက်နေတာကြောင့်လည်း စားချ
င်စိတ်မရှိတော့တာပါ။
#အဆီများသော_အစာမစားနိုင်ခြ င်း
အဆီများတဲ့ အစာစားပြီး ဗိုက် အောင့်နေတတ်တာက သည်းခြေကျောက်နဲ့ ဆက်စပ်နေပေမယ့် အစာအိမ်အနာကြောင့်လည်း ဖြစ်တတ်ပါတယ်။ အစာအိမ်အနာဖြစ်နေသူတွေအနေနဲ့  အဆီများတဲ့အစာကို ရှောင်ရှားတာက အကောင်းဆုံ
းပါ။ အဆီစာတွေက အက်စစ်ထုတ်လုပ်မှုကို များစေနိုင်တဲ့အတွက် အစာအိမ်အမြှေးပါးကို တိုက်စားနိုင်တာကြောင့်ပါ။ ဒါ့အပြင် အက်စစ်ထုတ် လုပ်မှုများစေတဲ့ ကော်ဖီ၊ ဆော်ဒါဖျော် ရည်နဲ့ အရက်တွေကိုလည်း ရှောင်သင့်ပါတယ်။
#ကိုယ်အလေးချိန်ကျဆင်းခြင်း
အစာအိမ်အနာရှိသူတွေက အစာစားချင်စိတ်မရှိတာနဲ့အတူ ပျို့တာအန်တာတွေပါ ဖြစ်နေတဲ့အတွက် ကိုယ်အလေးချိန်ကျဆင်းသွားနိုင်ပါတယ်။ တချို့တလေမှာတော့ ပုံမှန်စားနေကျ ပမာဏအတိုင်း စားနေပေမယ့်လည်း
ကိုယ်အလေးချိန်ကျဆင်းသွားတတ်ပါတယ်။ ဒီလိုဖြစ်နေရင်တော့ ဆရာဝန်နဲ့ ချက်ချင်း ပြသသင့်ပါပြီ။
#၀မ်းအရောင်ပြောင်းလဲခြင်း
ဝမ်းအရောင်ပြောင်းတာကလည်း အစာအိမ်အနာရဲ့ သေချာတဲ့လက္ခဏာတစ်ခုပါပဲ။ သင်သွားတဲ့ ၀မ်းအရောင်က ညိုမည်းနေပြီး ကတ္တရာစေးလို စေးကပ်နေရင်တော့ ဆရာဝန်နဲ့ ချက်ချင်းပြသသင့်ပါတယ်။ အစာအိမ်အနာကြောင့် အ
စာအိမ်အတွင်း သွေးယိုစီးမှုဖြစ်နေခဲ့ရင် ၀မ်းအရောင်ကလည်း အ၀ါနုရောင်ကနေ အမည်းရောင်အထိ ပြောင်းလဲသွားနိုင်ပါတယ်။ အနာက ထွက်နေတဲ့ သွေးတွေက အူထဲက အစာခြေအင်ဇိုင်းတွေနဲ့ ဓာတ်တုံ့ပြန်မှုဖြစ်ပြီး အရောင်ပြောင်
းလဲသွားတာပါ။
#သွေးအန်ခြင်း
ဝမ်းဗိုက်နာတာနဲ့အတူ သွေးတွေပါ အန်နေတာက သင်ရဲ့ အစာအိမ်အနာ အခြေအနေ ဆိုးရွားနေတဲ့ လက္ခဏာဖြစ်တဲ့အတွက် လျစ်လျူရှုမထားသင့်ပါဘူး။ ကော်ဖီရင့်ရောင်လိုမျိုးလည်း အန်တတ်ပါတယ်။ အစာအိမ်မှ အနာတွေကေ
သွးကြောအထိ ရောက်သွားတဲ့အတွက် သွေးကြောပေါက်သွားတဲ့ လက္ခဏာပါ။ အရေးပေါ် ကုသမှုခံယူဖို့ လိုအပ်ပါတယ်။
အထက်ပါ လက္ခဏာတွေထဲက သင့်မှာ အနည်းငယ်ရှိနေခဲ့ရင် ဆရာဝန်နဲ့ စောနိုင်သမျှ အစောဆုံး ပြသကုသသင့်ပါတယ်။ ကုသမှုမခံယူဘဲ ထားတဲ့ အစာအိမ်အနာက နောက်ဆက်တွဲ ဆိုးရွားတဲ့ ပြဿနာတွေ ဖြစ်လာနိုင်တာကြောင့်ပါ။
#ဒေါက်တာခင်မိုးမိုး
Good Health Journal 615
#Good_Health_Journal_Faceb ook_Page တွင် ယခုကဲ့သို့ ကျန်းမာရေးနှင့်အလှအပဆောင်း ပါးများကို ဖတ်ရှုနိုင်ပါသည်။
https://www.facebook.com/ Good-Health-Journal-3907742 11023677/?ref=bookmarks
အစာအိမ်အနာဟာ အစာအိမ်ရဲ့ အမြှေးပါးအတွင်းမှ နာကျင်တဲ့အနာလေးတွေဖြစ်ပါတယ
တွက အစာအိမ်ရဲ့ နံရံမှ တစ်သျှူးတွေကို တိုက်စားသွားရာမှ အစာအိမ်အနာဖြစ် ပေါ်လာပါတယ်။ အစာအိမ်အနာက များသောအားဖြင့် အစာအိမ်မှာသာ ဖြစ်တတ်ပေမယ့် အူသိမ်ဦးပိုင်း ဒါမှမဟုတ် အစာမျိုပြွန်မှာလည်း ဖြစ်ပေါ်တ
တ်ပါတယ်။ အစာအိမ်အနာက အဖြစ်များတဲ့ ပြဿနာတစ်ခုပါ။ လူ ၁၀ ယောက်မှာ တစ်ယောက်နှုန်းက တစ်ချိန်ချိန်မှာ အစာအိမ်အနာရဲ့ ဝေဒနာကို ခံစားရလေ့ရှိပါတယ်။ အစာအိမ်အနာဖြစ်ရတဲ့အကြောင်း
ကြောင့် မဟုတ်ပါဘူး။ အစာအိမ်နဲ့ အူသိမ်ဦးပိုင်းအတွင်းမှာရှ
ရီးယားပိုး ကူးစက်ခံရတာကြောင့် ဖြစ်တာပါ။
စတီးရွိုက်မပါဝင်တဲ့ အကိုက်အခဲ ပျောက်ဆေးတွေ အသုံးပြုပါများတာနဲ့ အစာအိမ်အတွင်း အက်စစ်ထုတ်လုပ်မှုများတာကြော
က်စစ်ထုတ်လုပ်မှုကို မြင့်တက်စေနိုင်တဲ့အတွက် အစာအိမ်အနာဖြစ်စေတယ်လို့ ယုံကြည်ကြပါတယ်။ ဒါပေမဲ့ စိတ်ဖိစီးမှုများတာက အစာအိမ်အနာဖြစ်ရတဲ့ အကြောင်းရင်း မဟုတ်ပါဘူး။ သူက အစာအိမ်အနာ ဖြစ်နိုင်ခြေများတဲ့အချ
က်တစ်ခုပါ။ စိတ်ဖိစီးမှုများတာအပြင် အရက်အလွန်အကျွံသောက်တာ၊ ဆေးလိပ်သောက်တာ၊ မိသားစုမျိုးရိုးထဲမှာ အစာအိမ်အနာရောဂါရှိတာ၊ အသက် ၅၀ ကျော်တာနဲ့ အစာအိမ်အနားတစ်ဝိုက်ကို ဓာတ်ကင်ကုထုံးခံယူသူတွေမှာလ
အစာအိမ်အနာဖြစ်နိုင်ခြေမြင်
အစာအိမ်အနာဖြစ်လာခဲ့ရင် ချက်ချင်း ကုသမှုခံယူဖို့ လိုအပ်ပါတယ်။ မကုသဘဲ ထားခဲ့ရင် အစာအိမ်အက်စစ်တွေက အစာအိမ်နံရံကို တိုက်စားသွားနိုင်ပြီး အစာအိမ်ပေါက်တာနဲ့ အစာအိမ်သွေးယို စီးတာတွေ ဖြစ်နိုင်ပါတယ်။ ဒါကြောင့်
အစာအိမ်အနာရဲ့ လက္ခဏာတွေ ဖြစ်တဲ့ အောက်ပါအချက်တွေကို သိရှိထားဖို့ လိုအပ်ပါတယ်။
#အစာအိမ်နေရာတွင်_နာကျင်ခြင
အစာအိမ်အမြှေးပါးပေါ်မှာ အနာရှိနေတာကြောင့် ဗိုက်နာတဲ့ ဝေဒနာတွေ ခံစားရနိုင်ပါတယ်။ ချက်နဲ့ နံရိုးအောက် ကြားနေရာမှာ နာကျင်တဲ့ဝေဒနာကို ခံစားရနိုင်ပါတယ်။ အနာရဲ့ အခြေအနေပေါ်မှာ မူတည်ပြီး မိနစ်အနည်းငယ်က နေ
နာရီအတော်ကြာအထိ နာကျင်နေနိုင်ပါတယ်။ အစာအိမ်ထဲ အစာမရှိတဲ့ အချိန် ညဘက်ပိုင်းမှာ နာကျင်မှုဝေဒနာက အဆိုးရွားဆုံးဖြစ်ပြီး အစာအနည်းငယ်စားပြီးနောက်ပို
ယာယီ သက်သာသွားနိုင်ပါတယ်။
#ရင်ပူခြင်း
အစာအိမ်အနာနဲ့ ဆက်စပ်နေတဲ့ အက်စစ်တွေက အပေါ်ကို ဆန်တက်တာကြောင့် ရင်ပူတဲ့ ဝေဒနာကို ခံစားရတတ်ပါတယ်။ လေဆေးသောက်တာ ဒါမှမဟုတ် ရေသောက်လိုက်တာကြောင့် ရင်ပူတာ သက်သာသွားနိုင်ပါတယ်။ သင်
ဘာပဲစားစား ရင်ပူတာဆက်ဖြစ်နေတာကတော့ အစာအိမ်အနာဖြစ်နေတဲ့ လက္ခဏာပါ။ ရင်ပူတာနဲ့အတူ အစာစားပြီး နောက်ပိုင်း အလွန်အမင်း ကြို့ထိုးတာတွေ၊ လေလည်တာတွေလည်း ဖြစ်တတ်ပါတယ်။
#လေပွခြင်း
လေပွတာကလည်း အစာအိမ်အနာ ဖြစ်တာရဲ့ စောစောစီးစီးလက္ခဏာတစ်ခုပါ။ အထူးသဖြင့် ၀မ်းဗိုက်နေရာမှာပါ။ လေပွတာနဲ့အတူ ဘာမှ မစားဘဲ ပုံမှန်ထက် လေလည်နေတာလည်း ဖြစ်တတ်ပါတယ်။ မကြာခဏ လေပွတတ်တာကို
တော့ ဆရာဝန်နဲ့ ပြသသင့်ပါတယ်။
#အစာမကြေခြင်း
အစာအိမ်အနာကြောင့် အစာအိမ်နဲ့ အူသိမ်ဦးပိုင်းတွေရဲ့ ပုံမှန်အလုပ်တွေ အနှောင့်အယှက်ဖြစ်သွားတဲ့အတ
#ပျို့အန်ခြင်း
အနာက တဖြည်းဖြည်းကြီးလာတဲ့အခါမှာ
ချိန်မှာ ပျို့အန်ချင်နေတတ်ပါတယ်။ ပျို့အန်နေတာက ရက်ကြာရှည်ခဲ့ရင် ဆရာဝန်နဲ့ ပြကို ပြသရမယ့်အခြေအနေပါ။
#အစာစားချင်စိတ်လျော့နည်းခြ
အစာအိမ်အနာရှိသူတွေက အစာစားချင်စိတ် လျော့နည်းသွားတတ်ပါတယ်။ ဗိုက်နာနေတဲ့အတွက်ကြောင့်ပါ
င်စိတ်မရှိတော့တာပါ။
#အဆီများသော_အစာမစားနိုင်ခြ
အဆီများတဲ့ အစာစားပြီး ဗိုက် အောင့်နေတတ်တာက သည်းခြေကျောက်နဲ့ ဆက်စပ်နေပေမယ့် အစာအိမ်အနာကြောင့်လည်း ဖြစ်တတ်ပါတယ်။ အစာအိမ်အနာဖြစ်နေသူတွေအနေနဲ
းပါ။ အဆီစာတွေက အက်စစ်ထုတ်လုပ်မှုကို များစေနိုင်တဲ့အတွက် အစာအိမ်အမြှေးပါးကို တိုက်စားနိုင်တာကြောင့်ပါ။ ဒါ့အပြင် အက်စစ်ထုတ် လုပ်မှုများစေတဲ့ ကော်ဖီ၊ ဆော်ဒါဖျော် ရည်နဲ့ အရက်တွေကိုလည်း ရှောင်သင့်ပါတယ်။
#ကိုယ်အလေးချိန်ကျဆင်းခြင်း
အစာအိမ်အနာရှိသူတွေက အစာစားချင်စိတ်မရှိတာနဲ့အတူ
ကိုယ်အလေးချိန်ကျဆင်းသွားတတ
#၀မ်းအရောင်ပြောင်းလဲခြင်း
ဝမ်းအရောင်ပြောင်းတာကလည်း အစာအိမ်အနာရဲ့ သေချာတဲ့လက္ခဏာတစ်ခုပါပဲ။ သင်သွားတဲ့ ၀မ်းအရောင်က ညိုမည်းနေပြီး ကတ္တရာစေးလို စေးကပ်နေရင်တော့ ဆရာဝန်နဲ့ ချက်ချင်းပြသသင့်ပါတယ်။ အစာအိမ်အနာကြောင့် အ
စာအိမ်အတွင်း သွေးယိုစီးမှုဖြစ်နေခဲ့ရင် ၀မ်းအရောင်ကလည်း အ၀ါနုရောင်ကနေ အမည်းရောင်အထိ ပြောင်းလဲသွားနိုင်ပါတယ်။ အနာက ထွက်နေတဲ့ သွေးတွေက အူထဲက အစာခြေအင်ဇိုင်းတွေနဲ့ ဓာတ်တုံ့ပြန်မှုဖြစ်ပြီး အရောင်ပြောင်
းလဲသွားတာပါ။
#သွေးအန်ခြင်း
ဝမ်းဗိုက်နာတာနဲ့အတူ သွေးတွေပါ အန်နေတာက သင်ရဲ့ အစာအိမ်အနာ အခြေအနေ ဆိုးရွားနေတဲ့ လက္ခဏာဖြစ်တဲ့အတွက် လျစ်လျူရှုမထားသင့်ပါဘူး။ ကော်ဖီရင့်ရောင်လိုမျိုးလည်
သွးကြောအထိ ရောက်သွားတဲ့အတွက် သွေးကြောပေါက်သွားတဲ့ လက္ခဏာပါ။ အရေးပေါ် ကုသမှုခံယူဖို့ လိုအပ်ပါတယ်။
အထက်ပါ လက္ခဏာတွေထဲက သင့်မှာ အနည်းငယ်ရှိနေခဲ့ရင် ဆရာဝန်နဲ့ စောနိုင်သမျှ အစောဆုံး ပြသကုသသင့်ပါတယ်။ ကုသမှုမခံယူဘဲ ထားတဲ့ အစာအိမ်အနာက နောက်ဆက်တွဲ ဆိုးရွားတဲ့ ပြဿနာတွေ ဖြစ်လာနိုင်တာကြောင့်ပါ။
#ဒေါက်တာခင်မိုးမိုး
Good Health Journal 615
#Good_Health_Journal_Faceb
https://www.facebook.com/
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။