အဖြူရောင် မုသား
*************
တစ်ခါက လူမျိုးပေါင်းစုံ နေထိုင်သော တိုင်းပြည် ကြီး ၌ အုပ်ချုပ်သည့် ဘုရင်ကြီး
သည် ခက်ထန်ကြမ်းတမ်း ရက်စက်သော ဘုရင် တစ်ပါး ဖြစ်သည်။
တစ်နေ့တော့ ဘာသာစကားမတူသော
လူတစ်ယောက် ကို တိုင်းခန်းလှည့်လည်စဉ်
သူအားမော့ကြည့်မိတာ ကို အပြစ်ရှာပြီး
" သတ်စေ " အမိန့် ထုတ်ပြန်ချိန် အပြစ်ပေး
ခံရသော လူက သူတို့ ဘာသာစကား ဖြင့်
ဘုရင်ကြီးအား ပက်ပက်စက်စက် ဆဲဆို ကျိန်ဆဲ ပါလေတော့ သည်။
ထိုအဖြစ်အား ဘုရင်ကြီးက မြင်၍ ထိုလူ့ ၏
စကားကို နားမလည်သောကြောင့် ပညာရှိ အမတ်ကြီး အား ဘာသာပြန်ခိုင်းပါသည်။
အမတ်ကြီး က ဘာသာပြန်ပေးလိုက်သည်မှာ
" အရှင်မင်းကြီ့း့ ထို ရာဇဝတ်သား သည်
သူ့ အပြစ်ကို ခွင့်လွှတ်ပေးရန် တောင်းပန် နေခြင်း အပြင့့် ဘုရင်ကြီး အား ဆုတောင်းပေးနေခြင်း ဖြစ်ပါသည်။ ထို့အပြင်
အရှင်မင်းကြီး ဒီထက်မက ဘုန်းတန်ခိုး သြဇာ ကြီးမားလာစေရန် သူတို့၏ နတ်ဘုရား
များထံ တောင်းဆိုပေးနေခြင်း ဖြစ်ပါသည် အရှင်မင်းကြီး "
အမတ်ကြီး လျှောက်တင်ချက်အပြီး ဘုရင်ကြီး ဟာ ဒေါသပြေပျောက်ကာ ကြည်းနူးဝမ်းသာ ပီတိ များ ဖြစ်လာခဲ့ပါတယ်။
" အိန့်း့ ဒီလူ သူကိုသတ်မယ်မှန်း သိနေတာတောင် ငါ့ အတွက် ဆုတောင်း
ပေးနေပါလာ့း့ ကဲ့ ငါကိုယ်တော် သနားဂရုဏာ ထားပြီး သူ့အား လွှတ်ငြိမ်းခွင့်
ပေးတော်မူ မယ် ဗျား "
အမတ်ကြီး ရဲ့ လျှောက်တင်ချက်တွေဟာ
တစ်ကယ်တော့ လိမ်ညာပြီး မုသားများ ပြောဆို ခဲ့ ခြင်းပါပဲ။ ဒါပေမယ့် ဒီမုသား များ
ကပင် လူတစ်ယောက် အသက် ကို လွတ်လပ်မှု ရရှိ ခဲ့ ပါတယ်။
တစ်ကယ်တော့ အမတ်ကြီး ရဲ့ မုသား သည်
ပညာရှိမုသား သို့မဟုတ် အဖြူရောင်မုသား
ပင် မဟုတ်ပါလား ဗျာ့
#kazaw
မှ တ် စု ကြ မ်း
( ဖတ်ဖူး မိသော ပုံပြင်တစ်ပုဒ် အား အစဆွဲထုတ် မိပါသည်။ )

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။