ယဉ်ကျေးမှုကော်ဖီတစ်ခွက်
-------------------------- --
အလုပ်ကိစ္စကြောင့် ပြင်သစ်ကို ကျွန်မတစ်ခေါက်ရောက်ခဲ့တယ်။ ပြင်သစ်ရောက်ပြီး သိပ်မကြာခင်မှာပဲ မိတ်ဆွေတစ်ဦးက ကျွန်မနဲ့ဆုံဖို့ ကော်ဖီဆိုင်တစ်ဆိုင်မှာ ချိန်းလိုက်ပါတယ်။
.
အဲဒီကော်ဖီဆိုင်က ဆိုင်အပြင်အဆင်ရော၊ ဆိုင်ဆိုင်းဘုတ်ပါ ရိုးရှင်းတဲ့ သာမန်ကော်ဖီဆိုင်လေးတစ်ခုပါ ။ ကော်ဖီမမှာခင် ပြင်သစ်လူမျိုးတို့ရဲ့ ပွင့်လင်းဖော်ရွေမှုက ကျွန်မကို အံ့သြတုန်လှုပ်စေခဲ့ပါတယ်။
ကျွန်မဘေးက ခပ်ဝဝအမျိုးသားတစ်ဦးဟာ ဘာအရိပ်အယောင်မှမပြဘဲ ဘေးခုံက
အမျိုးသမီးတစ်ဦးကို ပွေ့ဖက်နှုတ်ဆက်လိုက်ပါတယ်။ အဲဒီအမျိုးသမီးကလည်း
ဝမ်းသာအားရ သူ့ကိုပြန်ဖက်နှုတ်ဆက်ပါတယ်။
တဆက်တည်းမှာပဲ အဲဒီခပ်ဝဝအမျိုးသားဟာ ကော်ဖီတစ်ခွက်မှာပြီး နေရာတစ်ခုမှာ
ဝင်ထိုင်လိုက်တယ်။ ကော်ဖီအရောင်းစာရေးက သူ့ဆီကနေ ကော်ဖီဖိုး ၁.၎
ယူရိုယူလိုက်တာကို ကျွန်မတပ်အပ်တွေ့လိုက်တယ်။ ကော်ဖီကဈေးနှုန်းချိုလိုက်တာ ဒါကြောင့်လည်း ဒီဆိုင်လူစည်နေတာနေမှာလို့ ကျွန်မတွေးလိုက်မိတယ်။
.
ချိန်းထားတဲ့မိတ်ဆွေရောက်လာ တဲ့အခါ
ကော်ဖီကောင်တာမှာ ကျွန်မကော်ဖီသွားဝယ်ပါတယ်။ သိပ်မပီပြင်တဲ့
ပြင်သစ်စကားနဲ့ “ကော်ဖီတစ်ခွက်ပေးပါ” လို့ ကျွန်မပြောလိုက်တယ်။
အရောင်းစာရေးက အံ့သြတဲ့ပုံစံနဲ့ ကျွန်မကိုကြည့်ပြီး “ခုနားစကားကို
ကျေးဇူးပြုပြီး ထပ်ပြောလို့ရနိုင်မလား” လို့ ဆိုတယ်။ ကျွန်မရဲ့
မတတ်တစ်ခေါက်ပြင်သစ်စကားကို သူနားမလည်လို့ ထပ်မေးတယ်ထင်ပြီး ရှိုးတိုးရှန့်တန့်နဲ့ ကျွန်မထပ်ပြောလိုက်ပါတယ်…
.
“ကျွန်မကို ကော်ဖီတစ်ခွက်ပေးပါ”။ အရောင်းစာရေးမက ဘာမှထပ်မပြောတော့ဘဲ ကျွန်မကို ကော်ဖီတစ်ခွက် ခပ်မြန်မြန်ပေးလိုက်ပါတယ်။ ပြီးတော့ “ဒီကော်ဖီ ၇ ယူရိုကျပါတယ်ရှင်” လို့ဆိုတယ်။
.
ထိုင်ခုံနေရာဆီရောက်တဲ့အခါ မိတ်ဆွေကို ကျွန်မ မကျေမနပ်ပြောပြလိုက်တယ်။
“ဒါ ဘယ်လိုဖြစ်ရတာလဲ.. ကော်ဖီတစ်ခွက်ချင်းအတူတူ ခုနားက ဟိုအမျိုးသားကို ၁.၄ ယူရိုပဲယူပြီး ကျွန်မကိုကျတော့ ၇ယူရိုတောင်ယူတယ်… ဒါ မတရားဘူး”
.
ကျွန်မရဲ့အဖြစ်ကိုနားထောင်ြ ပီး မိတ်ဆွေက ရယ်ပါတယ်။ နေရာမှာထိုင်ပြီး ကော်ဖီလာဝယ်သူတွေကို စောင့်ကြည့်ပါ.. သဘောပေါက်သွားလိမ့်မယ်လို့ သူကဆိုပါတယ်။
.
သိပ်မကြာပါဘူး.. ကြော့ရှင်းရည်မွန်တဲ့အမျိုး သမီးတစ်ဦး
ကော်ဖီဆိုင်ထဲဝင်လာပြီး အရောင်းစာရေးမကို “ကျေးဇူးပြုပြီး ကျွန်မကို
ကော်ဖီတစ်ခွက်ပေးပါ” လို့ဆိုတယ်။ အရောင်းစာရေးက သူ့ကို ကော်ဖီတစ်ခွက်
ချက်ချင်းကမ်းပေးလိုက်ပြီး ၄.၂၅ယူရို ယူလိုက်ပါတယ်။
.
အဲဒီအမျိုးသမီးမှာတဲ့ကော်ဖီ ကို ကျွန်မသေချာသတိထားကြည့်လိုက်မိတယ်။ ကျွန်မမှာတဲ့ ကော်ဖီနဲ့တစ်ပုံစံတည်းပါပဲ။ ဒီဆိုင်က လူကြည့်ပြီး ကော်ဖီခယူလား…၊ ခုနားက ခပ်ဝဝအမျိုးသားနဲ့ ဘာခြားနားနေတာမျိုးမှမရှိတာ ….
.
ကျွန်မရဲ့အခဲမကျေ နားမလည်ဖြစ်နေတာကိုကြည့်ပြီး မိတ်ဆွေကရယ်ပါတယ်။ ပြီးမှ
.
“အရောင်းစာရေးကိုပြောလိုက်တဲ့ သူတို့ရဲ့စကားကို သေချာသတိထားလိုက်မိလား၊ တကယ်လို့ အရောင်းစာရေးကို “ကော်ဖီတစ်ခွက်ပေးပါ”လို့ပဲ ပြောရင်
ကော်ဖီတစ်ခွက်ရဲ့တန်ဖိုးက ၇ယူရို၊
တကယ်လို့ “ကျေးဇူးပြုပြီး ကော်ဖီတစ်ခွက်ပေးပါ”ဆိုရင်
ကော်ဖီတစ်ခွက်ရဲ့တန်ဖိုးက ၄.၂၅ယူရို၊ ဒါပေမယ့် “မင်္ဂလာပါ… ကျေးဇူးပြုပြီး ကော်ဖီတစ်ခွက်ပေးပါ”လို့လည်းပြောတယ်..
ပြီးတော့ သူစိမ်းကိုလည်း ပွေ့ဖက်မှုတစ်ခုပေးတယ်ဆိုရင်
ကော်ဖီရဲ့တန်ဖိုးက ၁.၄ယူရိုပဲကျတယ်”
.
မိတ်ဆွေရဲ့ရှင်းပြချက်ကို နားထောင်ပြီး ကျွန်မအသိတရားရမိတယ်။ ဒီဆိုင်ရဲ့ဆန်းသစ်မှုကိုလည်း ကြည်ကြည်နူးနူးခံစားမိလိုက် တယ်။ ကိုယ့်နိုင်ငံမှာနေတုန်းက ဆိုင်အရောင်းဝန်ထမ်းတွေကို မထီမဲ့မြင် လက်ယက်ခေါ်လိုက်၊ ပါးစပ်စုပ်သတ်ခေါ်တဲ့နည်းနဲ့ ကျွန်မတို့ဆက်ဆံခဲ့တယ်။ ခုနားက အရောင်းစာရေးအပေါ် ဖော်ရွေမှုမရှိတဲ့ကိုယ့်လေသံ ကို ပြန်ကြားယောင်ရင်း ကျွန်မကိုယ်ကျွန်မရှက်ရွံ့မိလိုက်တယ်။
.
“ကြေးနန်းတွေစတင်တဲ့ခေတ်မှာ
ပြင်သစ်လူမျိုးတွေဟာ “ကျေးဇူးပြု၍” ဆိုတဲ့ စာတစ်လုံးအတွက် ငွေကုန်ကြေးကျ
တော်တော်များများခံခဲ့တယ်။ ကြေးနန်းပို့ရင်တောင်မှ
“ကျေးဇူးပြု၍”ဆိုတဲ့စကားလုံး ထည့်သွင်းဖို့ သူတို့မမေ့ခဲ့ကြဘူး။ လူတွေကို ယဉ်ကျေးတမှုပြောဆိုဆက်ဆံမှုကို ပြင်သစ်လူမျိုးတွေ ခိုင်ခိုင်မြဲမြဲလက်ကိုင်ထားခဲ့တယ်” လို့ မိတ်ဆွေက ဆက်ပြောပါတယ်။
.
“ယဉ်ကျေးမှုကော်ဖီ” တစ်ခွက်က လူအများကို နွေးထွေးတဲ့ပတ်ဝန်းကျင်တစ်ခု ဖန်တီးပေးနေသလို လူတွေကိုလည်း“ယဉ်ကျေးမှု” အရသာကို ပျော်ရွှင်သက်ဝင်ခံစားနေစေခဲ့ တယ်။ လူမျိုးတစ်မျိုးရဲ့ ရည်မွန်မှုကိုလည်း အဆုံးမရှိ တသွင်သွင်စီးဆင်းနေစေခဲ့ပါတ ယ်။
.
မူရင်းလင့်-- http://www.85nian.net/ zhihui/33590.html
.
#NineNineSaNay (The Chic မဂ္ဂဇင်း၊ နိုဝင်ဘာ)
--------------------------
အလုပ်ကိစ္စကြောင့် ပြင်သစ်ကို ကျွန်မတစ်ခေါက်ရောက်ခဲ့တယ်။
.
အဲဒီကော်ဖီဆိုင်က ဆိုင်အပြင်အဆင်ရော၊ ဆိုင်ဆိုင်းဘုတ်ပါ ရိုးရှင်းတဲ့ သာမန်ကော်ဖီဆိုင်လေးတစ်ခုပါ
.
ချိန်းထားတဲ့မိတ်ဆွေရောက်လာ
.
“ကျွန်မကို ကော်ဖီတစ်ခွက်ပေးပါ”။ အရောင်းစာရေးမက ဘာမှထပ်မပြောတော့ဘဲ ကျွန်မကို ကော်ဖီတစ်ခွက် ခပ်မြန်မြန်ပေးလိုက်ပါတယ်။ ပြီးတော့ “ဒီကော်ဖီ ၇ ယူရိုကျပါတယ်ရှင်” လို့ဆိုတယ်။
.
ထိုင်ခုံနေရာဆီရောက်တဲ့အခါ မိတ်ဆွေကို ကျွန်မ မကျေမနပ်ပြောပြလိုက်တယ်။
“ဒါ ဘယ်လိုဖြစ်ရတာလဲ.. ကော်ဖီတစ်ခွက်ချင်းအတူတူ ခုနားက ဟိုအမျိုးသားကို ၁.၄ ယူရိုပဲယူပြီး ကျွန်မကိုကျတော့ ၇ယူရိုတောင်ယူတယ်… ဒါ မတရားဘူး”
.
ကျွန်မရဲ့အဖြစ်ကိုနားထောင်ြ
.
သိပ်မကြာပါဘူး.. ကြော့ရှင်းရည်မွန်တဲ့အမျိုး
.
အဲဒီအမျိုးသမီးမှာတဲ့ကော်ဖီ
.
ကျွန်မရဲ့အခဲမကျေ နားမလည်ဖြစ်နေတာကိုကြည့်ပြီ
.
“အရောင်းစာရေးကိုပြောလိုက်တ
ကော်ဖီတစ်ခွက်ရဲ့တန်ဖိုးက ၇ယူရို၊
တကယ်လို့ “ကျေးဇူးပြုပြီး ကော်ဖီတစ်ခွက်ပေးပါ”ဆိုရင်
ကော်ဖီတစ်ခွက်ရဲ့တန်ဖိုးက ၄.၂၅ယူရို၊ ဒါပေမယ့် “မင်္ဂလာပါ… ကျေးဇူးပြုပြီး ကော်ဖီတစ်ခွက်ပေးပါ”လို့လည်
ပြီးတော့ သူစိမ်းကိုလည်း ပွေ့ဖက်မှုတစ်ခုပေးတယ်ဆိုရင်
ကော်ဖီရဲ့တန်ဖိုးက ၁.၄ယူရိုပဲကျတယ်”
.
မိတ်ဆွေရဲ့ရှင်းပြချက်ကို နားထောင်ပြီး ကျွန်မအသိတရားရမိတယ်။ ဒီဆိုင်ရဲ့ဆန်းသစ်မှုကိုလည်း
.
“ကြေးနန်းတွေစတင်တဲ့ခေတ်မှာ
.
“ယဉ်ကျေးမှုကော်ဖီ” တစ်ခွက်က လူအများကို နွေးထွေးတဲ့ပတ်ဝန်းကျင်တစ်ခ
.
မူရင်းလင့်-- http://www.85nian.net/
.
#NineNineSaNay (The Chic မဂ္ဂဇင်း၊ နိုဝင်ဘာ)
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။