မျက်လုံးကိုချစ်မိသွားတဲ့ သဲတစ်ပွင့်
-------------------------- ----------
သဲပွင့်လေးတစ်ပွင့်က လေထဲမှာ လွတ်လွတ်လပ်လပ်ကခုန်နေပါတယ် ။
နားခိုရာနေရာလေးတစ်ခုကို သူရှာနေ၊ မျှော်နေခဲ့တယ်။ နေ့ရက်တွေ
တစ်ရက်ပြီးတစ်ရက် ကုန်လွန်သွားပေမယ့် ခိုနားမယ့်နေရာတစ်ခုကို
သူရှာမတွေ့ခဲ့သေးဘူး။ သူမောပန်းနေခဲ့ပြီ၊ မျက်ရည်လည်း ခြောက်ခန်းနေခဲ့ပြီ။
.
ဒီလိုနဲ့ သဲကန္တာရတစ်ခုမှာ ခဏနားဖို့ သူစဉ်းစားမိလိုက်တယ်။ တစ်နေ့နေ့တစ်ချိန်ချိန်ကျရင် ငါ့ပျော်ရွှင်ခြင်းကို ငါပိုင်ဆိုင်ရလိမ့်မယ်လို့ သူတွေးမိတယ်။ ငါနဲ့သက်ဆိုင်တဲ့ ပျော်ရွှင်ခြင်းက ငါ့ခြေလှမ်းအတိုင်း ငါ့နောက်ကိုလိုက်လံနေမှာပဲ .. ဒီလိုဆို ရှေ့ဆက်မယ့်အစား ငါရပ်နားပြီး သူ့ရောက်အလာကို စောင့်နေလိမ့်မယ်လို့ သူဆုံးဖြတ်လိုက်တယ်။
.
သဲကန္တာရရဲ့နေ့ရက်တွေဟာ ပျင်းရိစရာကောင်းပြီး အထီးကျန်ဆန်လွန်းလှတယ်။ ဘေးပတ်လည်မှာ မျိုးတူသဲပွင့်လေးတွေ ရှိတယ်ဆိုပေမယ့် သူက မြစ်ချောင်းဘေးကသဲမို့ ကန္တာရသဲတွေလောက် မကြမ်းတမ်းဘူး၊ မဝင့်ဝါဘူး၊ အရိုင်းမဆန်ဘူး။ ထောင်သောင်းပေါင်းများစွာသော သဲတွေရဲ့အလယ်မှာ သူအထီးကျန်ကျန်ဖြတ်သန်းနေခဲ့ တယ်။
.
ဒီလိုနဲ့ တစ်နေ့မှာ……
.
တစ်နေ့မှာ ဒီလိုငြီးငြီးငွေ့ငွေ့ဖြတ်သ န်းနေရတဲ့ဘဝကို သဲပွင့်လေး စိတ်ပျက်လာခဲ့မိတယ်။ သူလိုချင်တာက စောင့်ဆိုင်းပြီးမှရလာမယ့် ပျော်ရွှင်ခြင်းမျိုးမဟုတ်ဘူးဆိုတာကို သူသေသေချာချာသိလိုက်တယ်။ အဲဒီအချိန်မှာပဲ ရုတ်တရက် လူတစ်ယောက်ကို သူမြင်လိုက်တယ်။ အဲဒီလူရဲ့ လင်းလက်တဲ့မျက်ဝန်းတစ်စုံကို သူမြင်လိုက်တယ်။ ခြောက်သွေ့တဲ့ကန္တာရမှာ တောက်ပပြီး နုပျိုမှုတွေဝေဖြာနေတဲ့ မျက်လုံးကို သူတွေ့လိုက်တယ်။
.
တစ်စက္ကန့်… အဲဒီတစ်စက္ကန့်လေးအတွင်းမှာပဲ လင်းလက်တဲ့မျက်လုံးကို သူချစ်သွားမိတယ်။
.
“အစ်မတော် လေ… ကျေးဇူးပြုပြီး ကျွန်မကို အဲဒီမျက်ဝန်းထဲဝင်အောက် တိုက်ခိုက်ပေးစမ်းပါ”
.
လေပွေရိုင်းကို သူအော်ဟစ်အကူအညီတောင်းလိုက် တယ်။
.
“ဘာလို့လဲ….” လေရိုင်းက ပြန်မေးတယ်။
.
“အဲဒီမျက်လုံးကို ကျွန်မချစ်မိသွားလို့ပါ” သဲပွင့်လေးက မခို့တရို့ပြန်ဖြေတယ်။
.
“ဟာ… ဒီငတုံးမလေး… ချစ်တယ်ဆိုတိုင်း သူ့ကိုပိုင်ဆိုင်ရဖို့မှ မဟုတ်တာ။ မဟုတ်ဘူးလား…. နင် သူ့ကို ထိခိုက်နာကျင်စေနိုင်တယ်” လေက မှိုင်တွေတွေနဲ့ စိတ်မပါတပါပြောတယ်။
.
“ဟင့်အင်း.. ကျွန်မ မသိဘူး… သူ့ကို ကျွန်မချစ်မိသွားပြီ။ သူ့ကို ကျွန်မရအောင်ယူမယ်။ လူတစ်ယောက်ကိုချစ်တယ်ဆိုတာ သူ့ဘဝအပြင်ဘက်မှာ ရှင်သန်နေဖို့မဟုတ်ဘူး၊ သူ့ကို အဝေးကနေ ကြည့်နေဖို့မဟုတ်ဘူး” သဲပွင့်က ငိုသံနဲ့ပြောတယ်။
.
“နင် နောင်တရလိမ့်မယ်… သူ့နဂိုအစွမ်းနဲ့ နင့်ကို ဖျောက်ဖျက်ပစ်လိုက်နိုင်တယ် ။ မျက်စိရဲ့နဂိုအစွမ်းက သူ့ထဲကျူးကျော်ဝင်ရောက်လာတဲ့ သဲကို အက်စစ်ဓာတ်ထဲပျော်ဝင်ပစ်လို က်နိုင်တယ်” လေက စိတ်မပါတပါမဟုတ်တော့ဘဲ လေသံပါပါပြောတော့တယ်။
.
“ကျွန်မနောင်တမရဘူး… ကျေးဇူးပြုပြီး ကျွန်မကို ကူပါနော်..” ခေါင်းမာတဲ့သဲပွင့်ကြောင့် ငြင်းဆန်ရမယ့်အကြောင်းပြချက် လေရိုင်းမှာ မရှိတော့ဘူး။
.
“ဟူး………….”
.
ကန္တာရမှာ လေပွေရိုင်းတစ်ချက် ဝေ့ခနဲတိုက်ခိုက်သွားခဲ့တယ် ။
.
ဒီလိုနဲ့ သဲပွင့်လေးဟာ မျက်လုံးရဲ့ဘဝထဲ ဝင်ရောက်သွားခဲ့တော့တယ်။ သဲပွင့်ကြောင့် မျက်စိမျက်ရည်ကျလာတယ်။ သဲကိုထုတ်ဖို့ ကြိုးစားပေမယ့် ခေါင်းမာတဲ့သဲပွင့်က မျက်လုံးထဲကနေ ထွက်မသွားရအောင် မြဲမြဲဆုပ်ကိုင်ထားတော့တယ်။
မတော်တဆ မျက်လုံးထဲကနေ ထွက်သွားရမှာကို သူစိုးရိမ်နေခဲ့မိတယ်။ ဒီလိုနဲ့
နေ့ရက်တွေ အလီလီပြောင်းလဲခဲ့တယ်။ သဲပွင့်က သူ့ဘဝတစ်ခုလုံးနဲ့ မျက်လုံးကို
တင်းတင်းကြပ်ကြပ် တွယ်ကပ်ထားခဲ့တယ်။ သဲဝင်နေတဲ့ မျက်လုံးဟာ နေ့နေ့ညည
နာကျင်နေခဲ့လို့ အရင်ကရှိခဲ့တဲ့ လင်းလက်တောက်ပမှုတွေလည်း
အရောင်မှိန်လာခဲ့တော့တယ်။
.
လေပွေတစ်စင်း သဲရှိတဲ့မျက်လုံးဘေးကနေ ဖြည်းဖြည်းသာသာ တိုက်ခိုက်သွားတယ်။
.
“နင် အဲလိုပဲ နေနေတော့မှာလား.. သဲပွင့်လေး…” လေက ခပ်တိုးတိုးမေးတယ်။
.
“အဲဒီလို မမေးပါနဲ့... ဒီလိုမနေရင် ကျွန်မက ဘယ်လိုနေရမလဲ..”
.
သဲပွင့်ရဲ့စကားလုံးထဲမှာ ကြံ့ခိုင်မှု နည်းနည်းလျော့နေခဲ့ပြီ။
လေရိုင်းနားလည်အောင် ရှင်းမပြနိုင်တဲ့ တွေဝေမှုတွေ များနေခဲ့ပြီ။
လေရိုင်း ဖြည်းဖြည်းလေး ဖြတ်တိုက်သွားတယ်…
ခေါင်းမာ တစ်ဇွတ်ထိုးနိုင်တဲ့သဲပွင့် ကို အဲဒီနေရာမှာပဲ ချန်လှပ်ထားခဲ့တယ်။
.
တစ်နှစ်ပြီး တစ်နှစ်ကုန်လွန်သွားပြန်တယ် ။
.
မျက်လုံး မကြည်လင်တော့ဘူး… သဲပွင့်လည်း စိတ်မောနေခဲ့ပြီ။
ဒါပေမယ့် မျက်စိရဲ့ဘဝထဲမှာ သူတွယ်ကပ်ခိုဝင်နေတုန်းပဲ။
အရင်က ကိုယ်စီရှိခဲ့ဖူးတဲ့ ဘဝအကြောင်း၊ ပျော်ရွှင်မှုအကြောင်းကို သူတို့ပြောဆိုနေကြတယ်။
.
အဲဒီအချိန်ကျမှ “မျက်လုံးချစ်တာက သူ့ကို မဟုတ်ဘူး.. မျက်လုံးချစ်တာက မျက်ရည်ကို”ဆိုတာကို သဲပွင့်လေး သဘောပေါက်လိုက်တယ်။ သဲပွင့်လေးထွက်သွားဖို့ မျက်ရည်က မျက်လုံးကို အချိန်တိုင်းလိုလို ကူညီနေတယ်၊ ကာကွယ်ဂရုစိုက်နေတယ်ဆိုတာကို သဲပွင့်လေး သိလိုက်ရတယ်။
.
“နင့်ဘဝထဲ ငါရှိနေတုန်း ငါလုပ်ခဲ့သမျှတွေဟာ နင့်အတွက် အရာမထင်ခဲ့ဘူးလား မျက်လုံး… နင့်ကို ဂရုစိုက်တယ်ပြောပြီး စွန့်ခွာသွားတဲ့မျက်ရည်လောက် ငါအသုံးမကျခဲ့ဘူးလား ဟင်…..” သဲပွင့်လေး ကြေကြေကွဲကွဲ အော်ဟစ်မိတယ်။
.
“……..”
မျက်လုံး အသံတိတ်နေခဲ့ပါတယ်။ တအောင့်ကြာမှ…
.
“ငါ့ဘဝထဲ နင်ဝင်လာခဲ့ဖူးပြီလေ.. မဟုတ်လား…” မျက်လုံးရဲ့အသံက တိုးတိုးလေးပဲ… သူကိုယ်တိုင်ပဲကြားလောက်တဲ့ လေသံမျိုးပေါ့။
.
ဒီတစ်ကြိမ်မှာ သဲပွင့်လေး တကယ်ကြေကွဲသွားပါတယ်။ ဘာကိုမှမမူဘဲ မျက်လုံးထဲ သူဝင်ရောက်လာခဲ့တယ်။ သူ့ကို စိတ်ပန်းကိုယ်နွမ်းဖြစ်စေတဲ့  ဒီအချစ်ထဲ သူဝင်ရောက်ခဲ့မိတယ်။ ဒါပေမယ့် မျက်လုံးပြန်ပြောနေတဲ့ စကားလုံးတွေက အေးစက်လိုက်တာ…
.
ထွက်ခွားသွားချင်ပေမယ့် သံယောဇဉ်က အမြစ်မြဲမြဲတွယ်နေခဲ့မိပြီ။
ပျောက်ကွယ်သွားချင်ပေမယ့် ဒီလောက်ကြာကြာ တောင့်ခံလာခဲ့ပြီးပြီလေ။
သူ့မှာ မျက်ရည်ရဲ့အက်စစ်ဓာတ်ထဲပျော်ဝင်နိုင်တဲ့ ဂုဏ်သတ္တိလည်း ပျောက်နေခဲ့ပြီ။
လေပွေအလာကိုပဲ သူဆိတ်ဆိတ်ငြိမ်ငြိမ် စောင့်နေရတော့မယ်…
လေပွေရောက်လာရင် သူမလိုချင်တော့တဲ့ ဒီပျော်ရွှင်ခြင်းနဲ့ဝေးရာဆီ ခေါ်ဆောင်သွားနိုင်ပါလိမ့်မယ်….
.
ဒီအချိန်မှာ လေပွေဘယ်ရောက်နေလဲ…
.
လေပွေက သဲကန္တာရမှာ ဖြည်းဖြည်းသာသာတိုက်ခတ်ရင်း
အချစ်အတွက် ရူးသွပ်မိုက်မဲရဲတဲ့
နောက်ထပ်သဲပွင့်တစ်ပွင့်ကို ရှာဖွေနေတယ်လေ….
---------
အထီးကျန်လို့ဆိုပြီး လူတစ်ယောက်ကို ချစ်လိုက်တာမျိုး မဖြစ်ပါစေနဲ့...
.
မူရင်းလင့်--- http://www.duwenzhang.com/ wenzhang/aiqingwenzhang/ 20080117/1936.html
.
#NineNineSaNay @ နိုင်းနိုင်းစနေ (Nov. 01. 2016) ဘာသာပြန် ခံစားမျှဝေသည်။
--------------------------
သဲပွင့်လေးတစ်ပွင့်က လေထဲမှာ လွတ်လွတ်လပ်လပ်ကခုန်နေပါတယ်
.
ဒီလိုနဲ့ သဲကန္တာရတစ်ခုမှာ ခဏနားဖို့ သူစဉ်းစားမိလိုက်တယ်။ တစ်နေ့နေ့တစ်ချိန်ချိန်ကျရင် ငါ့ပျော်ရွှင်ခြင်းကို ငါပိုင်ဆိုင်ရလိမ့်မယ်လို့ သူတွေးမိတယ်။ ငါနဲ့သက်ဆိုင်တဲ့ ပျော်ရွှင်ခြင်းက ငါ့ခြေလှမ်းအတိုင်း ငါ့နောက်ကိုလိုက်လံနေမှာပဲ .. ဒီလိုဆို ရှေ့ဆက်မယ့်အစား ငါရပ်နားပြီး သူ့ရောက်အလာကို စောင့်နေလိမ့်မယ်လို့ သူဆုံးဖြတ်လိုက်တယ်။
.
သဲကန္တာရရဲ့နေ့ရက်တွေဟာ ပျင်းရိစရာကောင်းပြီး အထီးကျန်ဆန်လွန်းလှတယ်။ ဘေးပတ်လည်မှာ မျိုးတူသဲပွင့်လေးတွေ ရှိတယ်ဆိုပေမယ့် သူက မြစ်ချောင်းဘေးကသဲမို့ ကန္တာရသဲတွေလောက် မကြမ်းတမ်းဘူး၊ မဝင့်ဝါဘူး၊ အရိုင်းမဆန်ဘူး။ ထောင်သောင်းပေါင်းများစွာသေ
.
ဒီလိုနဲ့ တစ်နေ့မှာ……
.
တစ်နေ့မှာ ဒီလိုငြီးငြီးငွေ့ငွေ့ဖြတ်သ
.
တစ်စက္ကန့်… အဲဒီတစ်စက္ကန့်လေးအတွင်းမှာပ
.
“အစ်မတော် လေ… ကျေးဇူးပြုပြီး ကျွန်မကို အဲဒီမျက်ဝန်းထဲဝင်အောက် တိုက်ခိုက်ပေးစမ်းပါ”
.
လေပွေရိုင်းကို သူအော်ဟစ်အကူအညီတောင်းလိုက်
.
“ဘာလို့လဲ….” လေရိုင်းက ပြန်မေးတယ်။
.
“အဲဒီမျက်လုံးကို ကျွန်မချစ်မိသွားလို့ပါ” သဲပွင့်လေးက မခို့တရို့ပြန်ဖြေတယ်။
.
“ဟာ… ဒီငတုံးမလေး… ချစ်တယ်ဆိုတိုင်း သူ့ကိုပိုင်ဆိုင်ရဖို့မှ မဟုတ်တာ။ မဟုတ်ဘူးလား…. နင် သူ့ကို ထိခိုက်နာကျင်စေနိုင်တယ်” လေက မှိုင်တွေတွေနဲ့ စိတ်မပါတပါပြောတယ်။
.
“ဟင့်အင်း.. ကျွန်မ မသိဘူး… သူ့ကို ကျွန်မချစ်မိသွားပြီ။ သူ့ကို ကျွန်မရအောင်ယူမယ်။ လူတစ်ယောက်ကိုချစ်တယ်ဆိုတာ သူ့ဘဝအပြင်ဘက်မှာ ရှင်သန်နေဖို့မဟုတ်ဘူး၊ သူ့ကို အဝေးကနေ ကြည့်နေဖို့မဟုတ်ဘူး” သဲပွင့်က ငိုသံနဲ့ပြောတယ်။
.
“နင် နောင်တရလိမ့်မယ်… သူ့နဂိုအစွမ်းနဲ့ နင့်ကို ဖျောက်ဖျက်ပစ်လိုက်နိုင်တယ်
.
“ကျွန်မနောင်တမရဘူး… ကျေးဇူးပြုပြီး ကျွန်မကို ကူပါနော်..” ခေါင်းမာတဲ့သဲပွင့်ကြောင့် ငြင်းဆန်ရမယ့်အကြောင်းပြချက
.
“ဟူး………….”
.
ကန္တာရမှာ လေပွေရိုင်းတစ်ချက် ဝေ့ခနဲတိုက်ခိုက်သွားခဲ့တယ်
.
ဒီလိုနဲ့ သဲပွင့်လေးဟာ မျက်လုံးရဲ့ဘဝထဲ ဝင်ရောက်သွားခဲ့တော့တယ်။ သဲပွင့်ကြောင့် မျက်စိမျက်ရည်ကျလာတယ်။ သဲကိုထုတ်ဖို့ ကြိုးစားပေမယ့် ခေါင်းမာတဲ့သဲပွင့်က မျက်လုံးထဲကနေ ထွက်မသွားရအောင် မြဲမြဲဆုပ်ကိုင်ထားတော့တယ်။
.
လေပွေတစ်စင်း သဲရှိတဲ့မျက်လုံးဘေးကနေ ဖြည်းဖြည်းသာသာ တိုက်ခိုက်သွားတယ်။
.
“နင် အဲလိုပဲ နေနေတော့မှာလား.. သဲပွင့်လေး…” လေက ခပ်တိုးတိုးမေးတယ်။
.
“အဲဒီလို မမေးပါနဲ့... ဒီလိုမနေရင် ကျွန်မက ဘယ်လိုနေရမလဲ..”
.
သဲပွင့်ရဲ့စကားလုံးထဲမှာ ကြံ့ခိုင်မှု နည်းနည်းလျော့နေခဲ့ပြီ။
လေရိုင်းနားလည်အောင် ရှင်းမပြနိုင်တဲ့ တွေဝေမှုတွေ များနေခဲ့ပြီ။
လေရိုင်း ဖြည်းဖြည်းလေး ဖြတ်တိုက်သွားတယ်…
ခေါင်းမာ တစ်ဇွတ်ထိုးနိုင်တဲ့သဲပွင့်
.
တစ်နှစ်ပြီး တစ်နှစ်ကုန်လွန်သွားပြန်တယ်
.
မျက်လုံး မကြည်လင်တော့ဘူး… သဲပွင့်လည်း စိတ်မောနေခဲ့ပြီ။
ဒါပေမယ့် မျက်စိရဲ့ဘဝထဲမှာ သူတွယ်ကပ်ခိုဝင်နေတုန်းပဲ။
အရင်က ကိုယ်စီရှိခဲ့ဖူးတဲ့ ဘဝအကြောင်း၊ ပျော်ရွှင်မှုအကြောင်းကို သူတို့ပြောဆိုနေကြတယ်။
.
အဲဒီအချိန်ကျမှ “မျက်လုံးချစ်တာက သူ့ကို မဟုတ်ဘူး.. မျက်လုံးချစ်တာက မျက်ရည်ကို”ဆိုတာကို သဲပွင့်လေး သဘောပေါက်လိုက်တယ်။ သဲပွင့်လေးထွက်သွားဖို့ မျက်ရည်က မျက်လုံးကို အချိန်တိုင်းလိုလို ကူညီနေတယ်၊ ကာကွယ်ဂရုစိုက်နေတယ်ဆိုတာကိ
.
“နင့်ဘဝထဲ ငါရှိနေတုန်း ငါလုပ်ခဲ့သမျှတွေဟာ နင့်အတွက် အရာမထင်ခဲ့ဘူးလား မျက်လုံး… နင့်ကို ဂရုစိုက်တယ်ပြောပြီး စွန့်ခွာသွားတဲ့မျက်ရည်လောက
.
“……..”
မျက်လုံး အသံတိတ်နေခဲ့ပါတယ်။ တအောင့်ကြာမှ…
.
“ငါ့ဘဝထဲ နင်ဝင်လာခဲ့ဖူးပြီလေ.. မဟုတ်လား…” မျက်လုံးရဲ့အသံက တိုးတိုးလေးပဲ… သူကိုယ်တိုင်ပဲကြားလောက်တဲ့
.
ဒီတစ်ကြိမ်မှာ သဲပွင့်လေး တကယ်ကြေကွဲသွားပါတယ်။ ဘာကိုမှမမူဘဲ မျက်လုံးထဲ သူဝင်ရောက်လာခဲ့တယ်။ သူ့ကို စိတ်ပန်းကိုယ်နွမ်းဖြစ်စေတဲ
.
ထွက်ခွားသွားချင်ပေမယ့် သံယောဇဉ်က အမြစ်မြဲမြဲတွယ်နေခဲ့မိပြီ။
ပျောက်ကွယ်သွားချင်ပေမယ့် ဒီလောက်ကြာကြာ တောင့်ခံလာခဲ့ပြီးပြီလေ။
သူ့မှာ မျက်ရည်ရဲ့အက်စစ်ဓာတ်ထဲပျော
လေပွေအလာကိုပဲ သူဆိတ်ဆိတ်ငြိမ်ငြိမ် စောင့်နေရတော့မယ်…
လေပွေရောက်လာရင် သူမလိုချင်တော့တဲ့ ဒီပျော်ရွှင်ခြင်းနဲ့ဝေးရာဆီ
.
ဒီအချိန်မှာ လေပွေဘယ်ရောက်နေလဲ…
.
လေပွေက သဲကန္တာရမှာ ဖြည်းဖြည်းသာသာတိုက်ခတ်ရင်း
အချစ်အတွက် ရူးသွပ်မိုက်မဲရဲတဲ့
နောက်ထပ်သဲပွင့်တစ်ပွင့်ကို
---------
အထီးကျန်လို့ဆိုပြီး လူတစ်ယောက်ကို ချစ်လိုက်တာမျိုး မဖြစ်ပါစေနဲ့...
.
မူရင်းလင့်--- http://www.duwenzhang.com/
.
#NineNineSaNay @ နိုင်းနိုင်းစနေ (Nov. 01. 2016) ဘာသာပြန် ခံစားမျှဝေသည်။
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။