ကျွန်တော် ဒီအကြောင်းကို
ရေးခြင်းမှာ အထူးသဖြင့် စိုက်ပျိုးရေး ကုမ္ပဏီတွေနဲ့ ဌာန ဆိုင်ရာအဖွဲ့ကို
ပြောချင်တာပါ။မိမိကြောင့် လူတိုင်း ကို အဆိပ်ခပ်သတ်သလို မဖြစ်စေ့ချင်ဘူး။
ဘာတွေရေးတာလဲ ဆက်ကြည့်ရအောင်ဗျာ။နာမည်တွေတပ်မရေးလိုတာကို
တော့နားလည်ပေးစေ့ချင်တယ်။ပေါင်းသတ်ဆေး မြေသြဇာ အကြောင်းက
စရအောင်ဗျာ။တရုတ်ပိုင် ကုမ္ပဏီတခုက ပေါင်းသတ်ဆေးမြေသြဇာကို လွန်ခဲ့တဲ့
၃-၄နှစ်က စထုတ်လုပ်တယ်။အဲဒီကနေတောင်သူတွေ ကျယ်ပြန့်စွာ
အသုံးပြုကြပြန်တယ်။တရားဝင် မှတ်ပုံတင်အတွက် သက်ဆိုင်ရာကို တင်ခဲ့ကြတယ်။
စိုက်ပညာရှင် အချို့ကန့်ကွက်နေတဲ့ကြားက registerရတယ်ပေါ့ဗျာ။
ပေါင်းသတ်ဆေးမြေသြဇာဆိုတာ ကမ္ဘာမှာမတွင်ကျယ်ပေမယ့် မြန်မာမှ
တွင်ကျယ်ခဲ့တာဆို မမှားဘူးဗျ။ဥရောပနိုင်ငံအချို့မှာ အလှစိုက်မြက်ခင်းတွေမှာ
weed and feed ဆိုပြီး အနည်းအပါးအသုံးပြုပေမယ့် အများစုက
လက်ခံတာမရှိခဲ့ပါဘူး
။မြေတွင်း ဇီဝကမ္မဖြစ်စဉ်ခေါ်ရမယ့် Soil structure
ဖြစ်စဉ်တွေပျက်စီး ပေါင်းသတ်ဆေးဒဏ်ခံနိုင်တဲ့ မျိုးစိတ်တွေ အသစ်ထွက်တာအပြင်
လက်နဲ့ကိုင်တွယ် အသုံးပြုရတဲ့ လူတွေ ကျန်းမာရေး ထိခိုက်တဲ့အတွက်
အားပေးတာနည်းပါးတာကို သိလိုက်ရတော့ ကျွန်တော်တို့ စိုက်ပျိုးရေးကို
ဦးဆောင်နေတဲ့ ဌာနက ပုဂ္ဂိုလ်ကြီးများ ဘယ်လိုအသိဉာဏ် အတွေးမျိုးနဲ့
ခွင့်ပြုသလဲ တွေးမိလာတယ်ဗျ။လောလောဆယ် ပေါင်းသေတာမှန်တယ်။အပင်အတွက် ကောင်းတာမှန်တယ်။နောက်ပိုင်းတက်လာမယ့် ပြသနာကို ဘယ်လိုလေးများ တွေးမိသလဲလို့။မိတ်ဆွေ တယောက် ပြောတဲ့စကား ကို ကျွန်တော် ထပ်မံ ချဲ့ကားပြီး ပြောချင်တယ်ဗျ။ ခွင့်ပြုမိန့်ချပေးတဲ့လူတွေကော တိုက်တွန်းပေးတဲ့လူတွေ အပါအဝင် ထုတ်လုပ်တဲ့လူ ဖြန့်ချီတဲ့ ကုမ္ပဏီက လူကြီးလူကောင်းများကို ပေါင်းသတ်ဆေးမြေသြဇာကို ဘာအကာကွယ်မှမပါပဲ တနေ့တနာရီ တပတ်လောက်ကိုင်ပြီး လက်မဆေးပဲ အစားအစာစားရဲလား။ကိုယ့်မိသားစုဝင်တွေကို ကော အဲဒီလက်နဲ့ စီမံတဲ့ အစားအသောက်ကျွေးရဲလားလို့ မေးချင်တယ်ဗျ။ပေါင်းသတ်ဆေးကြောင့်ဖြစ်လာမယ့် နောက်ဆက်တွဲပြသနာတွေကို နောက်မှတွေးဗျာ။လက်နဲ့ကိုင်ပြီး ကြဲပတ်မယ့်လူတွေ ဒီအဆိပ်တွေ ပါးစပ်ထဲရောက်ပြီး အသက်ပေါင်းများစွာ ဆုံးရှုံးခဲ့ရင် … ပေါင်းသတ်ဆေးဗူးတွေ ပိုးသတ်ဆေးဗူးတွေမှာ ဆေးဖျန်းစဉ် ဘယ်လိုဝတ်စားဆင်ယင်ရမယ်။ပါးစပ်တွေဖုံးအုပ် လေတင်လေအောက် ဖျန်းရမယ် သဖြင့် စည်းကမ်းချက်တွေနဲ့ ဆေးဖျန်းမယ့်သူတွေကို နားလည်အောင် စည်းရုံးပေမယ့် ယနေ့အခုချိန်အထိ တိတိကျကျ လိုက်ပါဆောင်ရွက်သူ10%တောင် ရှိရဲ့လား။ အခုလိုတောင်သူတွေကို နားလည်မှုရှိအောင်မလုပ်နိုင်သေးဘဲ ပေါင်းသတ်ဆေးမြေသြဇာကို ကိုင်တွယ်နေတဲ့သူတွေ ဘယ်လောက်အန္တရယ်များမလဲ ကိုယ်ချင်းစာစေ့ချင်တယ်ဗျာ။တခါတရံမှာ မိမိထုတ်ကုန် နည်းပညာ ဘယ်လောက်ကောင်းကောင်း အများစုအတွက် အန္တရယ်ရှိမယ် ဆိုးကျိုးတွေရှိမယ်ဆိုရင် မထုတ်လုပ်သင့်ဘူး။မဖြန့်ချီသင့်ဘူး။သက်ဆိုင်ရာကလည်း ခွင့်ပြုမိန့်မပေးသင့်ဘူး။အခုလို လုပ်နေတာ တနည်းအားဖြင့် ဟစ်တလာ ဂျူးတွေသတ်သလို သိသာထင်ရှားမှု မရှိပေမယ့် ခင်ဗျားတို့လည်း တချိန်မှာ သမိုင်းထဲက လူသတ်သမားတွေနဲ့ လူသတ်သမား လူသတ်တာကို အားပေးနေတဲ့ ကြံရာပါတွေ ဖြစ်လာမယ်နော်။စိုက်ပျိုးရေးကို စီးပွားလုပ်နေတဲ့သူတွေနဲ့ ခွင့်ပြုချက်ချပေးနေတဲ့ ဆရာများ သိစေ့ချင်ပါတယ်။
အခုမှ ကျွန်တော် ပြောချင်တာ စရမှာပါ။အကျယ်မချဲ့ချင်တော့ဘူး။ပေါင်းသတ်ဆေးမြေသြဇာလို နောက်ထပ် ဆေးတခုရောပြီး မြေသြဇာထုတ်ပြီး ကုမ္ပဏီတခုက တရားဝင်ဖြန့်ချီခွင့်ရအောင်ကြိုးစားနေတဲ့သတင်းတခုကို ခရီးသွားရင်း အဖွဲ့တခုကနေ ကြားခဲ့ပါတယ်။ခိုင်မာမှုတော့ မရှိသေးပါဘူး။လုပ်မယ့် သူတွေနဲ့ ဒီမြေသြဇာ လုပ်ဖို့ အစီစဉ်ရှိသူတွေ သတိထားနိုင်အောင်ပေါ့ဗျာ။ဒီမြေသြဇာဟာ ကမ္ဘာမှာ မကြားဘူးပေးတဲ့ ပေါင်းသတ်ဆေးမြေသြဇာထက် အန္တရယ်တွေ ပေးမယ့် မြေသြဇာလိုဖြစ်နေတယ်လို့ ယေဘူယျ အမြင်ရှိပါတယ်။ဒါကို ပုဂ္ဂိုလ်တယောက် ဦးဆောင်ပြီးလုပ်နေတယ်လို့ သိရပါတယ်။ဒီတော့ အဲဒီ ပုဂ္ဂိုလ်ကို သူဖော်တဲ့ မြေသြဇာ လက်တစုပ်လောက်ကို နေ့တိုင်းတရက် တနာရီလောက် ကိုင်ထားခိုင်းချင်တယ်။တပတ်လောက်ပေါ့။ကိုင်ရဲလား မေးချင်တယ်ဗျာ။တောင်သူတွေ ဉာဏ်ပညာအလောက်မနိမ့်ဘူးမပြောပါနဲ့။အခုချိန်ထိ မြေသြဇာ အနံရှုပြီး အချဉ်အငံလျာနဲ့ အရသာခံအကဲဖြတ်သူတွေ ပိုးသတ်ဆေးကို အနံ့ရှုပြီး ဆေးပြင်းမပြင်း ဆန်းနေတဲ့လူတွေ နေရာတိုင်းမှာရှိနေတုန်းဗျ။ဒီလိုအန္တရယ်ပေးနိုင်တဲ့အရာကိုတော့ မဆန်းသစ်ပါနဲ့ဗျာ။ ဒုက္ခပေးနိုင်တဲ့ အရာတွေကိုတော့ ဈေးကွက်ထဲ မဖြန့်ဖို့ ဘာမှမသိနားမလည်တဲ့ တောင်သူတွေအကြားမှာ မဖြန့်စေ့ချင်လို့ ကြိုတင်ကာကွယ်တဲ့သဘောနဲ့ ရေးတာပါခင်ဗျာ။
ကုမ္ပဏီအကျိုးပျက်ဖို့ ဌာနနာမည်ပျက်ဖို့ မရည်ရွယ်ဘူး။ဒီအချက်အလက်သိထားတဲ့လူတယောက်အနေနဲ့ အများသိသင့်တယ်။ကာကွယ်သင့်တယ်လို့ ယူဆလို့ တင်ပြခြင်းပါ။ဒီအကြောင်းအရာကို တင်ပြတဲ့အတွက် ကျွန်တော့်မှာ အသက်အန္တရယ်တောင် ရှိချင်ရှိလာနိုင်ပါတယ်။ကျွန်တော် ကြောက်တတ်ပါတယ်။ဒါပေမယ့် လူတွေအများကြီး သေမှာ ဘေးအန္တရယ်ဖြစ်မှာ ပိုကြောက်ပါတယ်။ကျွန်တော်တို့ စားနေတဲ့ ထမင်းအလုပ်တိုင်းမှာ ဓာတုဓာတ်ကြွင်းတွေ ပါနေတာအမှန်ဖြစ်ပေမယ့် အခုအချိန်မှာတော့ လူတိုင်း ဓာတုဓာတ်ကြွင်းနည်းတဲ့ အစားအစာကို စိတ်ချလက်ချစားချင်မှာပဲ။ကိုယ်ချင်းစာစိတ်လေးနဲ့တွေးကြည့်ပါ။
ဒါကို စိုက်ပျိုးရေးအကြောင်းနားလည်သူတိုင်း စိုက်ပျိုးရေးကျောင်းဆင်းသူတိုင်း တားဆီးရမယ့်အရာဖြစ်ပါတဟ်။သမိုင်းရဲ့ လူသတ်ကောင် တရားခံတွေ မဖြစ်စေနဲ့ပေါ့ဗျာ။တကယ်လို့ ဆိုးကျိုးမရှိခဲ့ဘူးဆိုရင်လည်း သေချာ trialတွေ researchတွေ စနစ်တကျ ကြိမ်ဖန်များစွာ ပြုလုပ်ခြင်း ဆိုးကျိုးမရှိဘူးဆိုတာ အတိအကျ အများရှေ့မှာ ချပြပြီးမှသာ ရှေ့ဆက်ရမယ့် လုပ်ငန်းစဉ်တွေ လုပ်သင့်ပါတယ်။ ဘာမြေသြဇာ ဘာတွေရောထားသလဲဆိုတာကိုတော့ အချိန်တိုအတွင်း ပေါ်လာမလား ပျောက်ကွယ်မလား စောင့်ကြည့်ရမှာပေါ့လေ။ပေါ်မလာပါစေနဲ့ ဆုတောင်းပါတယ်။ တောင်သူတွေ အတွက် ကျန်းမာရေး ဘေးထွက်ဆိုးကျိုး ဖြစ်လာမှာကို ကြိုမြင်နေလို့ လူကြီးမင်းများကို တောင်းပန်ပါကြောင်း …
Khant Zaw Htet
http://kanaung.net/post-no-265
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။