20 November 2012 |By Popular News
YouTube ရဲ့ သမိုင်း တစ်လျှောက်မှာ ဒုတိယ လူကြည့် အများဆုံးနဲ့ Like အလုပ်ခံ ရဆုံး Gangnam Style ဗွီဒီယိုထဲက PSY ဟာ မကြာသေးခင်က Oxfordတက္ကသိုလ် ရဲ့ ယဉ်ကျေးမှု အထူးပြုဌာနမှာ ကျောင်းသားများကို သွားရောက်တွေ့ဆုံခဲ့ပြီးသူ့ရဲ့အတွေ့ အကြုံနဲ့ ခံစားချက် များကို ပျော်ရွှင် စရာလည်း ပါအောင် ပြောပြခဲ့ပါတယ်။
သူလာမယ်ဆိုတော့ ကျောင်းသားတွေက လတ်တလော နိုင်ငံတကာမှာ နာမည်ကြီးနေတဲ့ သူ့အကြောင်းတွေကို အံ့သြနေပေမယ့် သူ့ဆီကဘာတွေ သိရကြားရမယ် ဆိုတာမမျှော်လင့်တတ်အောင် ဖြစ်နေခဲ့ပါတယ်။ PSY့ က သူ့ဘဝရဲ့ အောင်မြင်မှု ကောက်ကြောင်း အစက မလွယ်ခဲ့ပုံနဲ့ နာမည်ကြီးခါစက ရယ်စရာအဖြစ်တွေရယ်၊ ရုပ်မချောတဲ့ ယောက်ျားလေးတွေ အတွက် လှပခန့်ငြားစေတဲ့ တခြားအရာတွေကို ပြောပြခဲ့ပါတယ်။ PSY က “ကျွန်တော် ငယ်ငယ်တုန်းက ကျွန်တော် စိတ်ဝင်စား တာက မိန်းကလေးတွေကို ဆွဲဆောင်နိုင်ဖို့ပေါ့။ ကျွန်တော်က မချောဘူးဆိုတာ သိပါတယ်။ ဒါ့ကြောင့် တခြားဟာတွေကို ကြိုးစားရတာပေါ့။ သူမတူတဲ့အသံ၊ အကတွေ နဲ့ပေါ့။
ရယ်စရာတွေနဲ့ ဟာသတွေကလည်း လူကို ကြည့်ကောင်းစေတယ်ဗျ။ ကျွန်တော်လည်း နာမည်စကြီးရော Comment တွေအများကြီး ရတဲ့အပြင်၊ ဂျက်စတင် ဘီဘာရဲ့ မန်နေဂျာက ဖုန်းဆက်တော့ သူက ဘယ်သူလို့လည်းဆိုရော မင်းက သူ့မန်နေဂျာဆို ငါက ဂျက်စတင်ဘီဘာပေါ့ လို့ ပြန်ပြောလိုက်တယ်။ သူဘယ်သူလည်း သက် သေပြရအောင် အီးမေးလ်နဲ့ ဆက်သွယ်တော့မှ ကိုယ်က တောင်းပန် ရတော့တာပဲလို့ ပြောပြခဲ့ ပါတယ်။ ကိုရီးယားက လူတွေကကျွန်တော့်ကို မျှော်လင့်ချက် တအားကြီးကြတာ။ သူတို့ဟာ ကျွန်တော့်ကို အကြိမ်ကြိမ် ခွင့်လွှတ် အားပေး ခဲ့ကြပါတယ်”လို့ဆို ပါတယ်။

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။