By ဒေါက်တာလွှမ်းမိုးဟန်(Dr Hlwan Moe Han) on Monday, November 19, 2012 at 7:20am ·
လွန်ခဲ့တဲ့ ၆လကျော် မြန်မာပြည်က ထွက်လာခဲ့တုန်းက နောင် ၆လကြာတဲ့အခါမှာ အိုဘားမားလို အမေရိကန်သမ္မတတစ်ယောက် ရန်ကုန်မြို့လယ်ခေါင်က ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်လို နေရာ မျိုးမှာ မိန့်ခွန်းပြောလိမ့်မယ်လို့ အိပ်မက်ထဲမှာတောင် ယောင်လို့ မမက်ခဲ့ဘူးပါ။
ယနေ့ အသက်၂၀ကျော်၊၃၀ ၀န်းကျင်
လူငယ်များနည်းတူ ရန်ကုန်တက္ကသိုလ်ဆိုလိုက်တာနဲ့
ရုတ်ရုတ်ရုတ်ရုတ်ဖြစ်ရင် ရဲတွေလာဝိုင်း တတ်တဲ့နေရာ၊ တက္ကသိုလ်ရိပ်သာလမ်းဆိုတာဟာလည်း အမြဲတမ်းပိတ်ထားတတ်တဲ့
နေရာလို့ သိထား တာကိုး။ စာတွေပေတွေ ထဲမှာတော့ ဖတ်ဖူးပါရဲ့။ ရန်ကုန်တက္ကသိုလ်ဆိတာ
မြန်မာ့လွတ်လပ်ရေး တိုက်ပွဲအတွက်အခြေတည်ခဲ့တဲ့နေရာလို့။
အခုမှ အိုဘားမားက ရန်ကုန်တက္ကသိုလ်ကို
သူ့စိတ်ထဲလေးစားလို့လာခဲ့တာ။ လာမယ်ဆိုတဲ့ သူ့ကတိကို တည်အောင်ထိန်းခဲ့တာဟာ အောင်ဆန်းတို့၊ဦးသန့်တို့လို
ကမ္ဘာကျော်ပုဂ္ဂိလ်တွေ ပေါ်ပေါက်ခဲ့တဲ့ နေရာမို့လို့၊ မြန်မာ့လွတ်လပ်ရေး အခြေတည်ခဲ့တဲ့ နေရာမို့လို့၊
အရေးကြီးဆုံးက ကိုလိုနီလက်အောက်ကနေပြီး လူ့အခွင့်အရေးဆိုတာကြီးကို ရအောင် အံတုခဲ့တဲ့နေရာမို့လို့
သူလာခဲ့တာတဲ့။ ကျွန်တော် မြန်မာပြည်ပြန်ရောက်လို့ ရွှေတိဂုံဘုရားဖူးပြီးရင် ရန်ကုန်တက္ကသိုလ်ကို
ရောက်အောင်သွားမယ်။
အသက် ၁၇နှစ်သားထဲက
စစ်တပ်ထဲရောက်ခဲ့တာ။ လက်ဖ၀ါးဆိုတာ ဖြန့်ထားတဲ့အချိန်နဲ့ ဆုပ်ထားတဲ့အချိန်၊ ကျစ်ကျစ်ပါအောင် လက်သီးဆုပ်ထားခဲ့ရတဲ့
အချိန်အများစုကို ဖြတ်သန်းခဲ့ရတဲ့ လူငယ်တစ်ယောက်အဖို့ လက်သီးဆုပ်ထားမှ လုံခြုံမှုရှိမယ်လို့ စိတ်ထဲစွဲနေပြီ။
ကိုယ့်နိုင်ငံကရောဘာထူးလဲ။ လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်ပြီး ကမ္ဘာ့အလယ်မှာ
ကျစ်လစ်သိပ်သည်းပိတ်ဆို့မွန်းကျပ်ပြီး နေခဲ့တဲ့တိုင်းပြည်။ အဲဒီမှာ
မွေးတဲ့ လူငယ်တစ်ယောက်အဖို့ လက်သီးကို
ဆုပ်ထားလေ့ရှိတဲ့ စစ်တပ်ထဲရောက်သွားတာ မဆန်းပါဘူးလေ။
လက်သီးကတော့ ကျစ်ကျစ်ပါအောင်
ဆုပ်ထားပေမယ့် လက်ချောင်းလေးတွေကြားထဲက သဲပွင့်လေးတွေ စိမ့်ကျထွက်သလို ဖိနှိပ်မွန်းကျပ်မှုဒဏ်ကို
မခံနိုင်လို့ တိုင်းပြည်ပြင်ပကို ဖောက်ထွက်သွားကြတဲ့ နိုင်ငံသားတွေလည်း အများကြီး။ လက်သီးဆုပ်ထဲမှာ ကျစ်ကျစ်ပါအောင်
အဆုပ်ခံထားရာက ကျေမွနွမ်းခြွေသွားတဲ့ ဘ၀တွေလဲ အများကြီးနေမှာ။
အိုဘားမားက မိန့်ခွန်းထဲမှာ
ထည့်ပြောသွားတယ်။ လက်သီးဆုပ်ထားတဲ့ တိုင်းပြည်တွေ လက်ဖ၀ါးဖြန့်လိုက်တဲ့အခါ လှမ်းပြီး လက်ဆွဲနှုတ်ဆက်ဖို့
သူတို့အမေရိကန်ပြည်က အမြဲစောင့်နေ ခဲ့ပါတယ်တဲ့။ အခု ကျွန်တော်တို့ ရွှေတိုင်းပြည်ကြီး လက်ဖ၀ါးကို ဖြန့်လိုက်ပြီ။
လက်ဆွဲနှုတ်ဆက်မယ့် သူတွေကလည်း အလုံးအရင်းနဲ့ဝင်လာကြပြီ။ အ၀မ်းသာဆုံးက နောက်မျိုးဆက်သစ်လူငယ်တွေ
ပိတ်ဆို့မွန်းကျပ်နေတဲ့ လက်သီးဆုပ်ထဲမှာ နေရမှာမဟုတ်တော့ဘူးပေါ့။
အိုဘားမားက
သတိပေးသွားတယ်။ဒီပြောင်းလဲမှုက ခုမှ အစပဲရှိသေးတာတဲ့။ ဒီမိုကရေစီဆိုတာ မဲပေးရုံသက်သက်မဟုတ်ဘူး။ လွတ်လပ်စွာ ပြောဆိုခွင့်၊လွတ်လပ်စွာ ကိုးကွယ်ခွင့်၊
လိုအပ်ချက်များမှ ကင်းဝေးခြင်း၊ကြောက်ရွှံ့ခြင်းမှ ကင်းဝေးခြင်း freedom of speech, freedom of
worship,
freedom from want, and freedom from
fear ဆိုတဲ့ အခြေခံတရား ကြီးလေးခုရှိရမယ်တဲ့။
မြန်မာပြည်ကိုတကူးတကလာပြီး
ဒီမိုကရေစီရဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်ကို လာရှင်းပြသွားတဲ့ သူ့ရင်ထဲက စေတနာကိုလှမ်းမြင်လိုက်ရပါတယ်။အမေရိကန်ဟာ ကမ္ဘာပေါ်မှာ
စစ်တပ်အင်အားအကြီး ဆုံးဖြစ်တဲ့ ဒီမိုကရေစီ နိုင်ငံကြီး ဖြစ်နေပေမယ့် စစ်တပ်ဟာ
ပြည်သူကရွေးကောက်တင်မြှောက်ထားတဲ့ သမ္မတလက်အောက်မှာပဲ ရှိပါတယ်တဲ့။ ဒီစကားဟာ အမေရိကန်ပြည်သူတွေအနေနဲ့ အမေရိကန်
စစ်တပ်ရဲ့ လက်သီးဆုပ်ထဲမှာ၊စစ်အုပ်ချုပ်ရေးရဲ့ ဖိနှိပ်မှုအောက်မှာ ဘယ်တော့မှ ခြေမွမခံရဘူးလို့
ကတိပေးတဲ့စကား။
သို့ပေမယ့် လက်သီးဆုပ်ခုမှ
ပြေကာစတိုင်းပြည်က ပြည်သူတွေ လွတ်လပ်စွာပြောခွင့်ရပြီ ဆိုတော့လဲ အားပါးတရထိုင်ကြီးပဲ ဆဲနေကြလို့
မဖြစ်သေးဘူး။ကိုယ့်လူမျိုးအကြောင်း ကိုယ်သိကြရဲ့ မဟုတ်လား။ လွပ်လပ်စွာကိုးကွယ်ခွင့် ရပြီဆိုတိုင်းလဲ မဖြစ်သေးဘူး။ တော်ကြာ
ကျွန်တော်တို့ သမီးလေးတွေ ခေါင်းမြီးခြုံနေကြရမယ်။
အမေရိကန်က နိုင်ငံသားတွေဆိုတာက
သူတို့ဒီမိုကရေစီနဲ့ နှစ်ပေါင်း၂၀၀ကျော် အခြေကျပြီးသား။ သူတို့မှာက အမျိုးသားရေးတို့၊ အမျိုးဘာသာသာသနာတို့ဆိုတာ မရှိဘူး။
အမေရိကန် အိပ်မက်ဆို တာပဲရှိတာ။ သူတို့တိုင်းပြည်ထဲ ရောက်လာသူမှန်သမျှ
လူမျိုး၊ဘာသာမရွေးအမေရိကန်အိပ်မက်ကို မက်လို့ရတယ်လို့ဆိုတယ်။
သူတို့ကတော့
ဟုတ်တာပေါ့။မြောက်အမေရိကတိုက်ကြီးကို ဥရောပက ထွက်ပြေးလာသူတွေ စုစည်းပြီးသင့်မြတ်အောင် နေကြရ၊ ဥရောပကိုလိုနီတွေကို
တိုက်ထုတ်ရ၊သူတို့သမိုင်းက လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀၀ ကျော်ကစတာ။ကျွန်တော်တို့တိုင်းပြည်ရဲ့
အမျိုး၊ဘာသာ၊သာသနာဆိုတာက နှစ်ပေါင်းထောင်ချီနေ ပြီလေ။ ဒီတော့ ဒီမိုကရေစီဆိုတိုင်းလဲ သူတို့ဆီက မိတ္တူကူးလို့ မရသေးဘူး။
ကျွန်တော်တို့ ရွှေတိုင်းပြည် မှာက နှစ်ပေါင်းထောင်ချီ ကတည်းက အတူတူနေလာကြတဲ့ တိုင်းရင်းသားတွေရှိတယ်။
အခွင့်အရေးတူမျှကြဖို့ဆိုရင် ၁၃၅မျိုးဆိုတဲ့ တိုင်းရင်းသားမျိုးနွယ်တွေရဲ့ ဘာသာ၊ယဉ်ကျေးမှု၊စာပေဆို
တာတွေကိုသာ စောင့်ရှောက်ထိန်းသိမ်းကြဖို့ဖြစ်ပါတယ်။
အိုဘားမားက ရိုဟင်ဂျာလို့တော့
တစ်ကြိမ်ထည့်သုံးသွားတယ်။ သူကတော့ ရိုဟင်ဂျာမှာလည်း လူ့အခွင့်အရေးရှိသင့်တယ်လို့ပြောချင်တာပါ။ ခက်တာက
ရိုဟင်ဂျာကိစ္စဟာ ကျွန်တော်တို့တိုင်းရင်းသား တွေ ဘက်ကကြည့်ရင်
လူ့အခွင့်အရေးကိစ္စမဟုတ်ဘူး။တိုင်းရင်းသားမျိုးနွယ်စု အချင်းချင်းနှိပ်ကွပ်နေတာ
မဟုတ်ဘူး။ ကျူးကျော်သူကို တိုက်ထုတ်နေတဲ့
တရားသောစစ်သာဖြစ်ပါတယ်။ တရားဥပဒေစိုးမိုးရေးကို နှောင့်ယှက်နေတဲ့ အကြမ်းဖက်သမားတွေကို အရေးယူနေတဲ့ ကိစ္စသာလျှင်
ဖြစ်ပါတယ်။
အမေရိကန်မှာဆိုရင် မွေးကင်းစကလေးကနေ
သမ္မတဖြစ်တဲ့ အိုဘားမားအထိ နိုင်ငံသား အခွင့်အရေးအတူတူပါပဲတဲ့။ ဥပဒေတစ်ခုထဲအောက်မှာပဲ ရှိပါတယ်တဲ့။
သို့ပေမယ့် သမ္မတမို့လို့ အခွင့်အရေးပိုရတာတော့ ရှိပါတယ်။ “စာပန်းတောထဲ မျောကြည့်ခြင်း”မှာကျွန်တော် ရေးဖူးတယ်။အမေရိကန်မှာ အသက်
၅၀ကျော်မှ လုပ်ရတဲ့
အူမကြီးကင်ဆာစစ်ဆေးမှုကို အိုဘားမား ပထမအကြိမ် သက်တမ်း သမ္မတဖြစ်ခါစ အသက်
၄၈နှစ်မှာစစ်ဆေးတော့ သူတို့မီဒီယာတွေက
ဝိုင်းအော်လိုက်ကြတာ။ အခွင့်ထူးခံတယ်ပေါ့။ အိမ်ဖြူတော်ကလည်း ပြန်ချေပပါတယ်။ သမ္မတကြီးမို့လို့ လုပ်တာ ဘာဖြစ်လဲတဲ့။
ဘာမှတော့ မဖြစ်ပါဘူး။ လွတ်လပ်စွာပြောဆိုခွင့်၊ရေးသားခွင့်ရှိတာ၊ ပွင့်လင်းမြင်သာမှုရှိတာကို
ပြတာပေါ့လေ။
အိုဘားမားက ပြောသွားသေးတယ်။
နိုင်ငံသားတိုင်းဟာ ကြိုးစားခွင့်လည်း ရှိရမယ်။ကြိုးစားပြီး ထိုက်တန်တဲ့ အောင်မြင်မှုကိုလည်း ရရမယ်တဲ့။ဒီလိုမှ
တိုင်းပြည်ကတိုးတက်မှာတဲ့။ ဒီလိုဖြစ်လာအောင် အဂတိလိုက်စားမှု၊ခြစားမှုတွေကို ဖျောက်ဖျက်ကြရမယ်တဲ့။ ဒီအထဲမှာ
ခရိုနီတွေလဲ ပါတာပေါ့နော်။ သီပေါမင်းလက်ထက်ကတည်းက မယ်တော်ကြီးစုဖုရားလတ်က သစ်ပါမစ်တွေကို
သူ့ဆွေမျိုးတွေ ချပေး ခဲ့တာ။ ဒီအကျင့်ဆိုးကြီးကို တို့ရွှေတွေ ဖျောက်နိုင်ပါ့မလား။
လွတ်လပ်စွာပြောဆိုခွင့်ရှိရင်၊ ကြောက်စရာ မရှိရင် ခရိုနီတွေ၊ခြစားမှုတွေ
မကြာခင်မှာ
သေပန်းပွင့်ကြလိမ့်မပေါ့။
နောက် ၃ရက်ဆိုရင် စာရေးသူကျွန်တော်
အသက် ၃၃နှစ်ပြည့်ပြီ။ လူ့သက်တမ်း ထက်ဝက်နီးပါး မှာလက်ဝါးဆုပ်ကို ဖြေနေတဲ့ အမိတိုင်းပြည်ကို မြင်ရပြီပေါ့။
လူကလက်သီးဆုပ်ကို ဆုပ်ထားပေမယ့် စိတ်ပြတင်းကိုတော့ အမြဲဖွင့်ထားခဲ့တာ။တိုင်းပြည်ကတော့
လက်သီးဆုပ်ဖြေပါ။ ကျွန်တော်တို့ နိုင်ငံသားတွေကတော့ ဆက်ပြီး လက်ကိုဖွဖွလေးတော့ ဆုပ်ထားရဦးမှာ။
အဲသည်လက်ဖ၀ါးဆုပ်ထဲမှာ ကြေမွသွားမယ့် ဘ၀တွေမရှိဘူး။
လက်ဖ၀ါးကြားကနေ ဖိနှိပ်မှု မခံနိုင်လို့
စိမ့်ထွက်မဲ့ သူတွေ မရှိဘူး။ သို့ပေမယ့် အမျိုး၊ဘာသာ၊သာသနာ အတွက်၊ နိုင်ငံလုံခြုံရေးအတွက်၊ တိုင်းပြည် တိုးတက်ရေးအတွက်
အားတင်းတဲ့အနေနဲ့ ကျွန်တော်ကတော့ လက်သီးကို ခပ်ဖွဖွ ဆုပ်ထားရဦးမှာ။
၁၉/ ၁၁/ ၂၀၁၂
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။