Jim Carrey ကိုတော့ ဟာသသရုပ်ဆောင်နယ်ပယ်မှာ ထူးချွန်လှတဲ့ မင်းသားတစ်လက်အဖြစ် လူတိုင်းသိကြ
မှာပါ။ ဒါပေမယ့် Jim Carrey ဒီနေရာကို လွယ်လွယ်နဲ့တော့ ရခဲ့တာမဟုတ်ပါဘူး။ Dumb and Dumber,
Mask, Liar Liar, The Truman Show စတဲ့နာမည်ကျော်ဇာတ်ကားတွေမှာ ပါဝင်ခဲ့တဲ့ Jim Carrey ဟာ
ငယ်ငယ်က အရမ်းတိတ်တိတ်ဆိတ်ဆိတ်နေတတ်ခဲ့ပြီး သူငယ်ချင်းလည်း များများစားစားမရှိခဲ့ပါဘူး။
ဒါပေမယ့် သူဟာ လူတွေကိုရယ်အောင်လုပ်ခြင်းအားဖြင့် သူငယ်ချင်းမိတ်ဆွေတွေရနိုင်ကြောင်းကို သိရှိသွား
ခဲ့ပါတယ်။
ဒါကသူ့ဘ၀ရဲ့အချိုးအပြောင်းဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် ဒီအသိကနေ ကောင်းကျိုး တွေချည်းပဲ ရခဲ့
တာတော့မဟုတ်ခဲ့ပါဘူး။ သူ့ရဲ့ဆရာမက Report Card မှာရေးပေးဖူးတဲ့ မှတ်ချက်ကတော့ “Jim ကသူ့အလုပ်
ကို ပြီးအောင်တော့အရင်လုပ်ပါတယ်။ ပြီးတာနဲ့ သူများတွေကို စနှောက်ယှက်တော့တာပါပဲ၊” တဲ့။ အိမ်ရောက်
ပြန်တော့လည်း မှန်ရှေ့မှာ မျက်နှာကို မျိုးစုံလုပ်နေ တတ်ပါတယ်။ သူရဲ့သူငယ်ချင်းတွေကိုပဲစနောက်နေရာက
နေ နောက်ထပ်ခြေလှမ်းတစ်ခုအနေနဲ့ ဟာသသရုပ်ဆောင်မင်းသမီး Carol Burnette ထံကို သူ့ရဲ့Resume’
ကို ၁၀နှစ်အရွယ်မှာ ပေးပို့ခဲ့ပါတယ်။ သူ့အတွက်အရာရာတော့အဆင်ပြေခဲ့တာမဟုတ်ပါဘူး။ သူဟာကျောင်း
စာတွေမှာ လည်းကောင်းကောင်းမလေ့လာနိုင်ခဲ့ပါဘူး။ သူ့ဆီမှာ စာလုံးတွေကို သဲသဲကွဲကွဲမမြင်ရတဲ့ရောဂါ
ရှိနေခဲ့ပါတယ်။ သူ့အဖေကတော့ သူ့ရဲ့ရူးကြောင်ကြောင်၊ မှန်ရှေ့ပြောင်စပ်စပ်လုပ်နေတတ်တဲ့ အမူအရာတွေ
ကို မတားဆီးခဲ့ပေမယ့် သူ့အမေကတော့ အဲ့ဒါမျိုးတွေ့တိုင်း အခန်းထဲကိုပို့ပစ်တတ် ပါတယ်။ ဒါပေမယ့်
သူကတော့ အခန်းထဲကမှန်ရှေ့မှာ ထပ်လုပ်နေလေ့ရှိပါတယ်။
ငွေကြေးအခက်အခဲကလည်း သူ့အတွက်တော့ အခြားပြသနာတစ်ခုဖြစ်ခဲ့ပါတယ်။ သူရဲ့မိသားစုဟာ ဆင်းရဲ
တာကြောင့် အိမ်ခန်းကဈေးသက်သာသော ချောင်ကျပြီးကြမ်းတမ်းတဲ့ ပတ်ဝန်းကျင်မှာ နေခဲ့ရပါတယ်။
ရှစ်တန်းအရွယ်မှာပဲ ကျောင်းတက်ရင်းနဲ့ ညဘက်(၈)နာရီအလုပ်လုပ်ခဲ့ပါတယ်။ ဒါ့ကြောင့်ပဲ သူဟာကျောင်း
မှာဘာစာမှမလုပ်နိုင်လောက်အောင် အမြဲပင်ပန်းနေလေ့ရှိပါတယ်။ ကျောင်းမှာလည်း သူငယ်ချင်းများများ
စားစားမရှိခဲ့ပါဘူး။ အကြောင်းအရင်းကတော့ သူ့ရဲ့ဆင်းရဲ့တဲ့ ဘ၀ကိုသူငယ်ချင်းတွေ သိသွားမှာစိုးလို့ပါ။
စာလည်းကောင်းကောင်းမသင်ယူနိုင်တဲ့အပြင် သူငယ်ချင်းလည်း မရှိတာကြောင့် ကျောင်းဟာသူ့အတွက်
နေရာကောင်းတစ်ခုမဟုတ်ဘူးလို့ ထင်မြင်ပြီး ၁၆နှစ်အရွယ်မှာကျောင်းထွက်ခဲ့ပါတယ်။
သူ့ရဲ့မိသားစုဟာ နေထိုင်ရာပတ်ဝန်းကျင်ကိုသဘောမကျတာကြောင့် ကနေဒါကို ဘာမှအလုပ်မရှိပဲ ပြောင်း
ဖို့ဆုံးဖြတ်ခဲ့ပါတယ်။ သူ့ရဲ့မိဘတွေ၊၀မ်းကွဲတွေနဲ့အတူ Volkswagen ကားကြီးထဲမှာ ၈လလောက်နေထိုင်ခဲ့
ရပါတယ်။ သူတို့ကားကြီးကို လူတွေ အပန်းဖြေခရီးသွားလေ့ရှိတဲ့နေရာတွေမှာ ရပ်ထားပြီး နေထိုင်ခဲ့ရပါ
တယ်။သူ့ရဲ့ငယ်စဉ်ဘ၀ခံစားချက်ကို အခုလောက်ဆို စာဖတ်သူခံစားမိလောက်မှာပါ။ သူရဲ့အဲ့ဒိသိမ်ငယ်စိတ်
တွေကပဲသူ့ကို ထိပ်ဆုံးရောက်အောင်တွန်းပို့ပေးခဲ့တာပါ။ သူပထမဆုံး အများသူရှေ့မှာဖျော်ဖြေခဲ့တာ
ကတော့ “Toronto’s Yuk-Yuk Comedy Club” မှာပါ။ အဲ့ဒိ Club ရဲ့အကြီးအကဲတစ်ယောက်ဖြစ်တဲ့
Eleanor Goldhar က Jimရဲ့ အားထုတ်မှုကို သတိထားမိသွားပါတယ်။ Jim ဟာဖျော်ဖြေနေတဲ့အချိန်
ကလွဲလို့ ကျန်တဲ့အချိန်တွေမှာ ငြိမ်သက်နေလေ့ရှိပါတယ်။ သူမပြန်ပြောပြတာကတော့ “ သူက အမြဲတမ်း
အာရုံစူးစိုက်ပြီး အရာအားလုံးကို ကြည့်လေ့၊နားထောင်လေ့ရှိပါတယ်။ သူ့ပတ်ဝန်းကျင်မှာ ဘာတွေဖြစ်နေလဲ
ဆိုတာကို အမြဲတမ်းစူးစူးစမ်းစမ်း ဂရုစိုက်နေလေ့၇ှိပါတယ်။”
Jimကတကယ်တော့ သူ့ဘ၀ရဲ့အခက်အခဲဆုံးအချိန်တွေကို သူပိုကြိုးစားဖို့ အားတွေအဖြစ်ပြန်လည်
ပြောင်းလဲအသုံးချခဲ့တာပါ။ တကယ်ဆို Jimဟာ ဆေးသမား၊အမူးသမားတစ်ယောက်ဖြစ်သွားနိုင် လောက်ပါ
တယ်။ ဒါပေမယ့် အဲ့လိုမဖြစ်သွားပဲ သူ့ဘ၀မှာတစ်ခုခုအောင်မြင်ရမယ်ဆိုတဲ့ ဇွဲနဲ့ မဆုတ်မနစ်ကြိုးစားခဲ့တာပါ။
ကျွန်တော်တို့ရော? ကျွန်တော်တို့မှာ မရှိတဲ့အရာတွေပေါ်အာရုံစိုက်ပြီး ကြိုးစားဖို့မေ့နေမှာလား? ကျွန်တော်
တို့မှာ ရှိတဲ့အရာတွေကို အသုံးပြုပြီး တစ်ခုခုအောင်မြင်အောင် လုပ်မှာလား? ဒီတစ်ပတ်ကစပြီး ကျွန်တော်
ကတော့ ကျွန်တော့်မှာမရှိတဲ့အရာတွေထက် ကျွန်တော့်မှာ ရှိတဲ့အရာတွေကို ပိုအာရုံစိုက်ပြီး စကြိုးစားတော့
မယ်။ သင်ရော ဘယ်လိုလဲ?
မိုးရှင်း (I.M.T)
http://myanmaronlinemedia.com.mm
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။