Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ BobbySoxer Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HTDTunYin&ဟသာင်္တထွန်းရင် HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JMe&ဂျေးမီ JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း KKT&ကေကေတီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LDKyaw&L.ဒီကျော် LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MaNaw&မနော Madi&မဒီ Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NO&နိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PanYaungChel&ပန်းရောင်ခြယ် PannEiPhyu&ပန်းအိဖြူ Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SiThuLwin&စည်သူလွင် SiYan&စီယံ SinPauk&ဆင်ပေါက် SithuWin&စည်သူဝင်း Snare SoTay&ဆိုတေး SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SuNit&ဆူးနစ် SungTinPar&ဆုန်သင်းပါရ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TinZarMaw&တင်ဇာမော် TintTintTun&တင့်တင့်ထွန်း TuTu&တူးတူး TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း V.NoTun&V.နိုထွန်း WaNa&ဝန WaiLa&ဝေလ WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး XGALZ Xbox Y-Zet YY&၀ိုင်ဝိုင်း YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YuZaNa&ယုဇန YummyRookie Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့် khinMgHtoo&ခင်မောင်ထူး
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Saturday, November 14, 2015

ပြသနာ ရှိနေတာက... ... PA ခေါ်တဲ့ Personal Attack သမားတွေပါ။

လူတစ်ယောက်ရဲ့ မျက်နှာဟာ သူ့စိတ်ရဲ့ ကြေးမုံပြင်လို့... ဆိုကြတယ်။
ရင်ထဲမှာရှိနေတာတွေ ခံစားနေရတာတွေကို သူဘယ်လိုပင် ဟန်ဆောင်သော်လည်း မျက်နှာမှာ အနည်းနဲ့အများတော့ ပေါ်နေတတ်တယ်။
ဟန်ဆောင်ကောင်းလွန်းလို့ မျက်နှာကိုပြုံးထားရင်တောင်မှ မျက်လုံးကိုတော့ ဖုံးကွယ်လို့ မရတတ်ဘူး။

ဒီလိုပါပဲ... ...

ဒီဘက်ခေတ်နည်းပညာတွေကြောင့် Facebook ဆိုတာ ပေါ်လာတယ်။
ဒီ FB ဟာ လူတွေရဲ့ 'စိတ်ကြေးမုံပြင်တစ်ခု'... ဖြစ်လာတယ်။
FB မှာ သူတင်တဲ့စာ၊ သူတင်တဲ့ပုံ၊ သူရှယ်တဲ့ပို့စ်တွေကို ကြည့်ခြင်းအားဖြင့် သူဟာ ဘယ်လိုလူမျိုးလဲ၊ ဘယ်လိုအကျင့်ရှိတဲ့လူလဲ၊ ဘယ်လိုစိတ်ထားရှိတဲ့လူလဲ... ဆိုတာ အကြမ်းဖြင်းတော့ သိနိုင်တယ် (သိပ်ပြီး ဟန်ဆောင်တတ် လျှို့ဝှက်တတ်သူတွေကတော့ ချွင်းချက်ပေါ့)။
တချို့က... ...
ရင်တွင်းဖြစ်ကဗျာလေးတွေ ရေးပြီးတင်တယ်။
အနုပညာသမားပေါ့
ပြသနာမရှိပါဘူး။

တချို့က... ...
ချစ်သူကို သတိရကြောင်း လွမ်းကြောင်း သိပ်ချစ်ကြောင်း ဘာညာသာရကာနဲ့ ခံစားချက်လေးတွေ တင်တယ်။
မေတ္တာသမားလေးပေါ့
ပြသနာမရှိပါဘူး။

တချို့က... ...
စားစရာတွေ ချက်ပြုတ်ပြီးတဲ့အခါဖြစ်ဖြစ်
တခုခု ဆိုင်မှာ သွားစားတဲ့အခါဖြစ်ဖြစ်
ဓာတ်ပုံရိုက်ပြီး တင်တယ်။
အစားသမားပေါ့။
ပြသနာမရှိပါဘူး။

တချို့က... ...
ခရီးတွေထွက်တယ် ဓာတ်ပုံရိုက်တင်တယ်
နေရာအနှံ့လျှောက်လည်တယ် ဓာတ်ပုံရိုက်တင်တယ်
အလှအပသမားပေါ့
ပြသနာမရှိပါဘူး။

တချို့က... ...
တချို့က... ...
တချို့က... ...
...
...
လူအမျိုးမျိုး စိတ်အထွေထွေပါ
ကိုယ်ဖြစ်ချင်တာ၊ ကိုယ်ဖြစ်နေတာ
ကိုယ်လုပ်ချင်တာ ကိုယ်လုပ်နေတာ
ကိုယ်ခံစားနေရတာ
ခံစားနေရတာကို တယောက်ယောက် သိစေချင်တာ
... စသဖြင့် အကြောင်းအမျိုးမျိုးနဲ့ ရေးကြတင်ကြ ရိုက်ကြတင်ကြပါတယ်။
ပြသနာမရှိပါဘူး။
လူ့သဘာဝမို့၊ ကိုယ်မကြည့်ချင် ကျော်သွားလိုက်ယုံပါပဲ။

ပြသနာ ရှိနေတာက... ...
PA ခေါ်တဲ့ Personal Attack သမားတွေပါ။

အဲဒီ PA သမားတွေရဲ့ ဝေါမှာ ဝင်ကြည့်လိုက်... ...
- ဟိုကောင်ကတော့ ဘာပါကွာ
- အဲ့ကောင်မက ဘာကြီးပါ မသိတာကျလို့
- ဒီကောင်လား သိတာပေါ့ အလကားကောင်ပါကွာ၊
- ဒီမိန်းမကြီးလား ဟာ ပြောမနေနဲ့ သောက်ရူးမကြီး၊
- အဲ့လူလား ဟွင်း လူုကြီးလူကောင်းဟန်ဆောင်ပြီး ကမ္ဘာပတ်လိမ်နေတာလေ

အဲ့လို ရွံစရာစာတွေ နဲ့ ပြည့်နှက်နေတယ်။
သူများမကောင်းကြောင်း ရေးထားတဲ့ အပုပ်နံ့တွေနဲ့ လှိုင်နေတယ်
လူတဘက်သားကို ဟုတ်တာတွေရော မဟုတ်တာတွေရော စွတ်စွဲတိုက်ခိုက်ထားတာတွေနဲ့ ပြည့်နေတယ်
ဒါကို... အားပေးအားမြောက်လုပ်ပြီး Like လုပ်တဲ့သူတွေ၊ ကွန်မန့်မှာဝင်ပြီး ဆွမ်းကြီးလောင်းတဲ့သူတွေ ရှိနေတယ်။
ဆွမ်းကြီးလောင်းတဲ့သူတွေ Like လုပ်သူအနေနဲ့ စဉ်းစားရမှာက... ....
'ဒီလို သူများမကောင်းကြောင်းချည့် ပြောနေတတ်တဲ့လူဟာ လူကောင်းတယောက်ရော ဟုတ်ပါတော့မလား'... ဆိုတာကိုပါပဲ။

ရပ်ကွက်ထဲ အိမ်တကာလှည့် အတင်းပြောတတ်တဲ့ မိန်းမကြီးတွေ ရှိတယ်။
ကျနော်တို့ ငယ်ငယ်က နေရာဒေသအနှံ့ကို ပြောင်းရွေ့နေခဲ့ရတာ နေရာတိုင်းမှာ အဲ့လိုမိန်မးကြီးတွေကို တွေ့ဖူးတယ်။
ဒီအိမ်ရောက်ရင် ဟိုဘက်အိမ်မကောင်းကြောင်းပြောတယ်
ဟိုဘက်အိမ်ရောက်ရင် ဒီဘက်အိမ်မကောင်းကြောင်းပြောတယ်... ..
လူ့သဘာဝကလည်း သူများမကောင်းကြောင်းဆို နားထောင်လို့ အတော်မြိန်တာကိုးဗျ။
ဒီတော့ သူလာရင် ရေနွေးကြမ်းနဲ့ လဘက်သုပ်နဲ့တောင် ဧည့်ခံကြတဲ့ အိမ်တွေရှိတယ်။

သိတတ် နားလည်တတ်တဲ့ လူကြီးသူမတွေကတော့ သတိပေးတာပေါ့... ...
"ဟဲ့... အဲ့မိန်းမကြီးကို သူများအတင်းကိုယ့်လာပြောလို့ အားရဝမ်းသာနဲ့ ဧည့်ထောင့်ခံမနေနဲ့၊ ဟိုဘက်ကျရင် ကိုယ့်မကောင်းကြောင်းလည်း ပြောမှာ အသေအချာပဲ"... တဲ့။

ဆိုတော့....
သူများမကောင်းပြောတဲ့သူရဲ့ စိတ်ဓာတ်ကို မြင်သိဖို့လိုပါတယ်။
ဘယ်လိုလူလဲ
ဘယ်လိုစိတ်ဓာတ်အဆင့်အတန်းလဲ
ကိုယ့်ကိုရော အလွတ်ပေးမှာလား.... ဆိုတာ။

လူတစ်ယောက်မှားနေလို့ ထောက်ပြဝေဖန်တာက တပိုင်းနော်
ဒါက စေတနာပါတယ်။

အပုပ်နံ့တွေ တလှိုင်လှိုင်ထနေအောင် ရေးနေပြောနေတဲ့လူတွေကို ဧည့်ထောင့်ခံတဲ့အထဲ မိတ်ဆွေတို့ မပါစေချင်ဘူး။
တခါက တွေ့မိတာလေး ပြောပြအုံးမယ်... ...
ကျနော့် Friend တစ်ယောက်ရှိတယ်။ 'ဖိုးကို'... လို့ နာမယ် ထားပါတော့။
သူက ဂွ သမား၊ သူထင်ရာမြင်ရာတွေကို သူရေးချင်သလိုရေးတယ်၊ ပြောချင်ရာပြောတယ်။
ဒီတော့ လူမုန်းများတယ်ဆိုပါတော့။
သူတစ်ခုခုရေးရင် သူ့အောက်မှာ ဝိုင်းဆဲတဲ့သူတွေ တပုံကြီး။
ဆဲတာထက်ဆိုးတာက... ...
မဟုတ်တန်းတရားနဲ့ လုပ်ကြံပြီး PA လုပ်ကြတာပဲ။

လုပ်တာက ဒီလို... ...
မိန်းကလေးတစ်ယောက် အလှရိုက်ထားတဲ့ ဓာတ်ပုံတစ်ပုံကိုတင်ပြီးတော့ အောက်မှာ စာရေးထားတယ်... ...
'ဒီပုံထဲက မိန်းကလေးဟာ ဖိုးကိုရဲ့ အဖေတူမအေကွဲ ညီမ။
သူ့နှမကိုသူ ဖိုးကိုက မုဒိမ်းကျင့်ပြီး ထွက်ပြေးတာလေ
xxxx မြို့၊ xxx ရဲစခန်းမှာ အမှုအမှတ် xxxx/xxxx/2010 နဲ့ အမှုဖွင့်ထားတာ။
ခု အာ့ကြောင့် အဲ့ကောင် နိုင်ငံခြားထိထွက်ပြေးရတာလေ။
ပြန်ကို မလာရဲတော့တာ ရဲဖမ်းမှာစိုးလို့'... ဆိုပြီး။

မြို့နာမယ်တွေ ရဲစခန်းနာမယ်တွေ အမှုအမှတ်တွေ အတိအကျနဲ့ ခပ်တည်တည်နဲ့ဖိန့်လိုက်တော့ တော်ရုံလူက အဟုတ်ထင်ရော။
တကယ်ဟုတ်မဟုတ်ကို ဘယ်သူမှ စုံစမ်းနေတာ မဟုတ်ဘူး
သက်ဆိုင်ရာ ရဲစခန်းကလည်း ဘာမှအရေးမပါတော့ မဟုတ်ဘူးဆိုတာကို လိုက်ရှင်းနေမှာလည်း မဟုတ်။

ဒီတော့... အဆင်ခြင်ဥာဏ်နည်းတဲ့လူတွေက အောက်မှာ ဝိုင်းမန့်ပါလေရော... ...
"ဟာ... အတော်မိုက်ရိုင်းတဲ့ကောင်"
"နွားလိုကောင်ပဲ"
"ခွေးထက်မိုက်ရိုင်းတဲ့ကောင်"
"လူမဆန်လိုက်တာ ကျန်း"
"ငါရိုးမသား ဖိုးကို ကိုယ့်နှမကို စော်ကားတဲ့ကောင် ယီးပဲ"
"..... ....."
".... .... ..."

ကဲ ... ခက်ဘူးလားဗျာ။
စာလည်းရှည်သွားပါပြီ
ရေးချင်ပြောချင်တာတွေတော့ အများကြီးကျန်သေးတယ်။
နောက်မှ ပေါ့... ...
.
.
သန်၎ကို - ပေါက်ကရ ရေးသည်။

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။