Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Sunday, January 27, 2013

(တရုတ်ရဲ့ ဖြေလျော့မှုဖြစ်စဉ်ကြီးမှာ အာဏာပိုင်အဖွဲ့တွေရဲ့ ကြွယ်ဝမှု၊ မြေသိမ်းမှုတွေရှိနေသလို တစ်ဖက်ကလဲ ပြင်းပြတဲ့ပြုပြင်ပြောင်းလဲရေးသမားတွေ ရှိနေခဲ့ပါတယ်။အဲ့ဒီဟာတွေကို လေ့လာလို့ရအောင် သင့်လျော်သလို ပြန်ဆိုလိုက်ပါတယ်။)

Hla Wai shared Myo Set's photo.
တရုတ်သည် ယခု စီးပွားရေးမဟာအင်အားကြီးဖြစ်လာနေသည်။ သူ၏ စစ်ရေးတိုးချဲ့မှုကလဲ အမေရိကန်ကို စိုးရိမ်မှုတိုးပွားလာစေသည်။ ထို့ပြင် တရုတ်၏ နိုင်ငံရေးကိစ္စများသည် အမေရိကန်အကျိုးစီးပွားနှင့်လဲ များစွာ ဆက်စပ်နေပါသည်။ ထို့ပြင် လက်ရှိ ကမ္ဘာပေါ်တွင် တိုးတက်ဖြစ်ထွန်းနေသော နိုင်ငံရေးစံနစ်များနှင့် တိုင်းတာကြည့်လျှင် တရုတ်မှာ ဘောင်လွတ်နေသည့် နိုင်ငံရေးစံနစ်သဘောမျိုးဖြစ်နေသည်ကိုတွေ့ရသည်။ စစ်ပြီးခေတ် ဂျပန်နှင့်လဲ မတူ၊ အိန္ဒိယနှင့်လဲ မတူပေ။ တမူသီးခြားပုံစံဖြစ်သည်။ ထို တိုင်းပြည်ကြီးသည် ကမ္ဘာကြီးကို စိတ်ဝင်စားစေမည်ဖြစ်သလို ကမ္ဘာ့အရေးအခင်းများကိုလဲ လွှမ်းမိုးနိုင်မည်ဖြစ်သည်။

 

လွန်ခဲ့သည့်အနှစ်နှစ်ဆယ်က တီယန်မင်အရေးအခင်းဖြစ်သည်။ တရုတ်၏ စီးပွားရေးပြုပြင်ပြောင်းလဲမှုများကို ခေါင်းမာဂိုဏ်းသားများက များစွာခြိမ်းခြောက်နေခဲ့ကြသည်။ တီယန်မင်အရေးအခင်းကြောင့် နိုင်ငံတကာတွင်အထီးကျန်ဖြစ်ခဲ့သည်။ 1992 ခုနှစ်မှစ၍ အိပ်မောကျနေသော အင်ပါယာကြီးတစ်ခု လူးလွန့်နိုးထလာသလိုမျိုး တရုတ်ကြီး တစ်ရိပ်ရိပ်နှင့် စီးပွားရေးဒီရေအတက်ပြလာခဲ့သည်။ ပြုပြင်ပြောင်းလဲမှုကို လိုလားသော တောင်ပိုင်းတရုတ်ပြည်နယ်များဖက်သို့ တိန့်ရှောင်ဖိန် အာရုံထားခဲ့သည်။ ကြည့်ရသည်မှာ မှော်ဆရာ၏ ဆေးကြိမ်လုံးတစ်ချက်ဝှေ့ယမ်းလိုက်ရုံနှင့် အရာရာ ဥုံဖွ ဟု ပြောင်းလဲသွားသလိုပင်ထင်ရပါပေသည်။

 

ကျန်သော ကမ္ဘာ့နိုင်ငံများ၏ ခက်ထရော်ကြမ်းတမ်းသော ဖွံ့ဖြိုးရေးခရီးကြမ်းနှင့်ယှဉ်လျှင် တရုတ်၏ အောင်မြင်မှုမှာ အံ့မခန်းဟု ဆိုနိုင်သည်။ သို့သော်လဲ အပေါ်ယံတည်ငြိမ်နေပုံရပေမယ့် တရုတ်၏ လူမှုအဖွဲ့အစည်းအတွင်းတွင် လှိုင်းထန်မှုလက္ခဏာများကိုမြင်လာရသည်။ ကွမ်တုံပြည်နယ်မှ မငြိမ်သက်မှု။ ဇီချွမ်နယ် အရေးအခင်းနှင့် အိမ်ခြံမြေဈေးကွက် ယိမ်းယိုင်လာမှုများက ဗဟိုချုပ်ကိုင်မှုမှရုန်းထွက်နေသည့် အင်အားများကို ပြသစပြုနေသည်။ ထိုအင်အားများသည် တရုတ်ကွန်မြူနစ်ပါတီအတွက် ခေါင်းကိုက်ရမည့်ကိစ္စများဖြစ်သည်။

 

ပါတီ၏ အောင်မြင်မှုနှင့် အခြေခံအယူအဆမှာ ဗဟိုချုပ်ကိုင်မှု။ ရွီကျဲ ကဲ့သို့သော အတိုက်အခံကို ဖမ်းဆီးနှိပ်စက်ခြင်းမှာ သက်သေဖြစ်သည်။ သို့သော်အထက်ပါ ကိစ္စရပ်များမှာ တရုတ်လူမှုအဖွဲ့အစည်းအတွင်း ဗဟိုချုပ်ကိုင်မှုကို စိန်ခေါ်မှုများရှိနေကြောင်းကို ပြသနေသည်။ ပါတီအနေဖြင့် ထိုပြဿနာကို ခက်ခက်ခဲခဲ ကိုင်တွယ်ရဖွယ်ရှိသည်။ သို့တည်းမဟုတ် ထိုအခက်အခဲကို စံနစ်တကျ ဖြေလျှော့မှုများပေးခြင်းဖြင့် ဖြတ်ကျော်ကောင်း ဖြတ်ကျော်ရပေမည်။

 

တိန့်၏ နာမည်ကြီးအယူအဆမှာ စီးပွားရေးတိုးတက်မှုမရှိလျှင် တရုတ်ကွန်မြူနစ်ပါတီသည် ဆိုဗီယက်ကဲ့သို့ ဖြစ်လိမ့်မည်ဟု ဖြစ်သည်။ ထို့ကြောင့် မအောင်မြင်သည့်ကွန်မြူနစ်ဝါဒအစား စီးပွားရေး ပြုပြင်ပြောင်းလဲမှုကို အကောင်အထည်ဖော်ခဲ့သည်။ ပါတီ၏ လက်ရွေးစင်များသည် ဆိုးဆိုးဝါးဝါး အကြောသေနေသည့် တိုင်းပြည့် မဟာစီမံကိန်းကြီးများကို ပြုပြင်ပြောင်းလဲမှုများလုပ်ခဲ့သည်သာမက Meritocracy ဟုခေါ်သည့် စွမ်းဆောင်ရည်ဗဟိုပြုအလုပ်ခန့်အပ်ရေးအိုင်ဒီယာကိုလဲ တွဲဖက်သုံးစွဲခဲ့သည်။

 

ဈေးကွက်နှင့် နိုင်ငံရေးပါဝါကို ကန့်သတ်ချုပ်ကိုင်ခဲ့သော တရုတ်အစိုးရသည် စီးပွားရေးအောင်မြင်မှု ကြီးမားစွာရခဲ့သည်။ တရုတ်၏ စီးပွားရေးအောင်မြင်မှု (အနှစ် 20အတွင်း) သည် ကမ္ဘာ့သမိုင်းတွင် ပထမဆုံးစံချိန်တင်မှုဖြစ်သည်။ တစ်နှစ်လျှင် စီးပွားရေးတိုးတက်မှုနှုန်း 10% ရှိပြီး သန်း ၄၄ဝ သော တရုတ်များ ဆင်းရဲတွင်းမှ လွတ်မြောက်အောင်အလုပ်လုပ်နိုင်သွားကြသည်။

 

သို့သော်လဲ တရုတ်နှင့် ကမ္ဘာကြီးသည် အမြဲတစ်စေ ပြောင်းလဲနေသည်ဖြစ်ရာ တရုတ်၏ ယခု မော်ဒယ်သည် တသမတ်တည်းအလုပ်ဖြစ်မည်ဟုပြော၍မရပေ။

စီးပွားပျက်ကပ်ကို ကျော်နိုင်ခဲ့သော်လဲ စီးပွားရေးတိုးတက်မှုနှုန်းကို အရှိန်ထိန်းနိုင်စေရန် တရုတ်သည် ပြည်တွင်းဈေးကွက်ကိုအဓိက ထားသည့် Export နှင့် Investment ပမာဏအရှိန်ကို ဇက်ကြိုးသတ်ပေးဖို့ လိုဦးမည်။

 

တရုတ်သည် သူ၏ ဈေးကွက်ကို မောင်းနှင်နိုင်သည့် လုပ်သားများ၏ ငွေကြေးများကို နိုင်ငံပိုင်လုပ်ငန်းများတွင် သဲ့ယူသလို ရင်းနှီးမြုပ်နှံခိုင်းထားသည်။ ထိုအချက်က ငွေရှာသူ လုပ်သားများကို သုံးစွဲမှု လျော့ကျစေသည်။ သို့ဖြစ်ရာ တရုတ်၏ အားသာချက် မြေနှင့် လုပ်သားဈေးကွက်သည် စီးပွားရေးဖွံ့ဖြိုးမှုကြောင့် တဖြည်းဖြည်း ရှားပါးစပြုလာသောအခါ တရုတ်အစိုးရသည် တိုင်းပြည်ဖြုန်းအားအဓိကဖြစ်လာမည့် လုပ်သားတို့၏ ငွေကို Enterprise ကြီးများတွင် အတင်းထည့်သွင်းထားခြင်းဖြင့် ဖြုန်းသလို ဖြစ်နေစေသည်။ ထို ဘဏ္ဍာရေးအနေအထားကို လျှော့ချမှုပြုလျှင် ဖြုန်းအားပိုတက်လာမည်။ ငွေရင်းငွေနှီးကို နေရာချ ခန့်ခွဲမှုလဲ ပိုမို လွတ်လပ်စွာ ပြုနိုင်လာမည်။

 

ယနေ့တရုတ်၏ ပြဿနာများမှာ လျှော့တွက်၍ မရ။ စီးပွားရေးအနည်းငယ်ယိုင်နဲ့သွားသည်တွင် မတည်ငြိမ်မှုများက ရုတ်ချည်းဆိုသလိုဖြစ်လာနေသည်။ ရွေ့ပြောင်းလုပ်သားများမှာ ဒုတိယတန်းစားနိုင်ငံသားများအဖြစ်သာ သတ်မှတ်ခံထားရပြီး ကျန်းမာရေး၊ ပညာရေးစောင့်ရှောက်မှုများကောင်းစွာမရ။ အာဏာပိုင်တို့က မြေသိမ်းမှုများဖြစ်နေပြီး ခြစားမှုက လူထုကို ဒေါသဖြစ်စေသည်။ အင်တာနက်ပေါ်တွင် တရုတ်တို့ ယခင်ကကဲ့သို့မဟုတ်ဘဲ ဒေါသများကို ဖွင့်ထုတ်နေကြသည်ကိုတွေ့ရသည်။

 

ထိုဖြစ်ရပ်များကို ပါတီခေါင်းဆောင်များက ဖြေလျော့ခြင်းဖြစ်စဉ်၏ ဘေးထွက်ဆိုးကျိုးများဟု သတ်မှတ်ပေမည်။ ရွှေ့ပြောင်းလုပ်သားများသည် စီးပွားရေးတိုးတက်စေသော်လဲ နယ်မြေ မတည်မငြိမ်ဖြစ်နေစေသည်။ အလုပ်သမားတို့၏ ဆန္ဒပြမှုက တရုတ်၏ စီးပွားရေးကို ထိခိုက်နေစေသည်။

 

ထိုကိစ္စအတွက် အဓိက သော့ချက်မှာ Freedom လွတ်လပ်မှုပင်ဖြစ်သည်။ အလုပ်သမားသမဂ္ဂများက ဆန္ဒပြပွဲများကို ညှိနှိုင်းပေးနိုင်သည်။ Pressure Groups များကခြစားမှုကို ထိန်းပေးနိုင်သည်။ ဘုန်းကြီးကျောင်းများ၊ ခရစ်ယာန်ကျောင်းများ၊ ဗလီများက Welfare Motivation တစ်ခုကိုပေးနိုင်မည်။ ခြုံပြောရလျှင် ယဉ်ကျေးမှုနှင့် ဘာသာရေးအဖွဲ့အစည်းများ အားကောင်းလာလျှင် စီးပွားရေးတစ်ခုတည်းကိုသာ ဆာလောင်မှုထက် ပိုလွန်သည့် အဓိပ္ပါယ်ကိုပေးနိုင်မည်။ 

တရုတ်ကွန်မြူနစ်ပါတီကို သွေးစွန်းသော သမိုင်းက သင်ခန်းစာယူရန်သင်ကြားပေးနေသည်။ နောက်ထပ် သမိုင်းတွင် ထင်ရှားသည့်ကိစ္စရပ်မှာ အကြွင်းမဲ့အာဏာကို ဆုပ်ကိုင်ခဲ့သူမည်သူမဆို ဘာမှမရဘဲ နိဂုံးချုပ်သွားတတ်စမြဲဖြစ်သည်။ ယခု တရုတ်အစိုးရ နားလည်သင့်သည့် ကိစ္စရပ်မှာ ယခင် သူစွဲကိုင်ခဲ့သော မူဝါဒ ပြောင်းလဲသင့်ပြီဟူ၍ ဖြစ်သည်။

တရုတ်အစိုးရ၏ နိုင်ငံရေးမူဝါဒ မည်မျှ ပြောင်းမပြောင်းဟူသည် နိုင်ငံတကာပညာသည်များအတွက် စိတ်ဝင်စားစရာတစ်ခု ဟူသည်ထက် များစွာပိုသည်။ အဘယ်ကြောင့် ဆိုသော် ထိုကိစ္စသည် တရုတ်၏ အနာဂါတ်အတွက်သာမက လက်ရှိကမ္ဘာ၏ အနာဂတ်ကိုပါ များစွာ သက်ရောက်မှုရှိမည်ဖြစ်သောကြောင့်တည်း။

ကိုးကား။   ။ The Economist "China and the Paradox of Prosperity".

(တရုတ်ရဲ့ ဖြေလျော့မှုဖြစ်စဉ်ကြီးမှာ အာဏာပိုင်အဖွဲ့တွေရဲ့ ကြွယ်ဝမှု၊ မြေသိမ်းမှုတွေရှိနေသလို တစ်ဖက်ကလဲ ပြင်းပြတဲ့ပြုပြင်ပြောင်းလဲရေးသမားတွေ ရှိနေခဲ့ပါတယ်။အဲ့ဒီဟာတွေကို လေ့လာလို့ရအောင် သင့်လျော်သလို ပြန်ဆိုလိုက်ပါတယ်။)
တရုတ်သည် ယခု စီးပွားရေးမဟာအင်အားကြီးဖြစ်လာနေသည်။ သူ၏ စစ်ရေးတိုးချဲ့မှုကလဲ အမေရိကန်ကို စိုးရိမ်မှုတိုးပွားလာစေသည်။ ထို့ပြင် တရုတ်၏ နိုင်ငံရေးကိစ္စများသည် အမေရိကန်အ...ကျိုးစီးပွားနှင့်လဲ များစွာ ဆက်စပ်နေပါသည်။ ထို့ပြင် လက်ရှိ ကမ္ဘာပေါ်တွင် တိုးတက်ဖြစ်ထွန်းနေသော နိုင်ငံရေးစံနစ်များနှင့် တိုင်းတာကြည့်လျှင် တရုတ်မှာ ဘောင်လွတ်နေသည့် နိုင်ငံရေးစံနစ်သဘောမျိုးဖြစ်နေသည်ကိုတွေ့ရသည်။ စစ်ပြီးခေတ် ဂျပန်နှင့်လဲ မတူ၊ အိန္ဒိယနှင့်လဲ မတူပေ။ တမူသီးခြားပုံစံဖြစ်သည်။ ထို တိုင်းပြည်ကြီးသည် ကမ္ဘာကြီးကို စိတ်ဝင်စားစေမည်ဖြစ်သလို ကမ္ဘာ့အရေးအခင်းများကိုလဲ လွှမ်းမိုးနိုင်မည်ဖြစ်သည်။



လွန်ခဲ့သည့်အနှစ်နှစ်ဆယ်က တီယန်မင်အရေးအခင်းဖြစ်သည်။ တရုတ်၏ စီးပွားရေးပြုပြင်ပြောင်းလဲမှုများကို ခေါင်းမာဂိုဏ်းသားများက များစွာခြိမ်းခြောက်နေခဲ့ကြသည်။ တီယန်မင်အရေးအခင်းကြောင့် နိုင်ငံတကာတွင်အထီးကျန်ဖြစ်ခဲ့သည်။ 1992 ခုနှစ်မှစ၍ အိပ်မောကျနေသော အင်ပါယာကြီးတစ်ခု လူးလွန့်နိုးထလာသလိုမျိုး တရုတ်ကြီး တစ်ရိပ်ရိပ်နှင့် စီးပွားရေးဒီရေအတက်ပြလာခဲ့သည်။ ပြုပြင်ပြောင်းလဲမှုကို လိုလားသော တောင်ပိုင်းတရုတ်ပြည်နယ်များဖက်သို့ တိန့်ရှောင်ဖိန် အာရုံထားခဲ့သည်။ ကြည့်ရသည်မှာ မှော်ဆရာ၏ ဆေးကြိမ်လုံးတစ်ချက်ဝှေ့ယမ်းလိုက်ရုံနှင့် အရာရာ ဥုံဖွ ဟု ပြောင်းလဲသွားသလိုပင်ထင်ရပါပေသည်။



ကျန်သော ကမ္ဘာ့နိုင်ငံများ၏ ခက်ထရော်ကြမ်းတမ်းသော ဖွံ့ဖြိုးရေးခရီးကြမ်းနှင့်ယှဉ်လျှင် တရုတ်၏ အောင်မြင်မှုမှာ အံ့မခန်းဟု ဆိုနိုင်သည်။ သို့သော်လဲ အပေါ်ယံတည်ငြိမ်နေပုံရပေမယ့် တရုတ်၏ လူမှုအဖွဲ့အစည်းအတွင်းတွင် လှိုင်းထန်မှုလက္ခဏာများကိုမြင်လာရသည်။ ကွမ်တုံပြည်နယ်မှ မငြိမ်သက်မှု။ ဇီချွမ်နယ် အရေးအခင်းနှင့် အိမ်ခြံမြေဈေးကွက် ယိမ်းယိုင်လာမှုများက ဗဟိုချုပ်ကိုင်မှုမှရုန်းထွက်နေသည့် အင်အားများကို ပြသစပြုနေသည်။ ထိုအင်အားများသည် တရုတ်ကွန်မြူနစ်ပါတီအတွက် ခေါင်းကိုက်ရမည့်ကိစ္စများဖြစ်သည်။



ပါတီ၏ အောင်မြင်မှုနှင့် အခြေခံအယူအဆမှာ ဗဟိုချုပ်ကိုင်မှု။ ရွီကျဲ ကဲ့သို့သော အတိုက်အခံကို ဖမ်းဆီးနှိပ်စက်ခြင်းမှာ သက်သေဖြစ်သည်။ သို့သော်အထက်ပါ ကိစ္စရပ်များမှာ တရုတ်လူမှုအဖွဲ့အစည်းအတွင်း ဗဟိုချုပ်ကိုင်မှုကို စိန်ခေါ်မှုများရှိနေကြောင်းကို ပြသနေသည်။ ပါတီအနေဖြင့် ထိုပြဿနာကို ခက်ခက်ခဲခဲ ကိုင်တွယ်ရဖွယ်ရှိသည်။ သို့တည်းမဟုတ် ထိုအခက်အခဲကို စံနစ်တကျ ဖြေလျှော့မှုများပေးခြင်းဖြင့် ဖြတ်ကျော်ကောင်း ဖြတ်ကျော်ရပေမည်။



တိန့်၏ နာမည်ကြီးအယူအဆမှာ စီးပွားရေးတိုးတက်မှုမရှိလျှင် တရုတ်ကွန်မြူနစ်ပါတီသည် ဆိုဗီယက်ကဲ့သို့ ဖြစ်လိမ့်မည်ဟု ဖြစ်သည်။ ထို့ကြောင့် မအောင်မြင်သည့်ကွန်မြူနစ်ဝါဒအစား စီးပွားရေး ပြုပြင်ပြောင်းလဲမှုကို အကောင်အထည်ဖော်ခဲ့သည်။ ပါတီ၏ လက်ရွေးစင်များသည် ဆိုးဆိုးဝါးဝါး အကြောသေနေသည့် တိုင်းပြည့် မဟာစီမံကိန်းကြီးများကို ပြုပြင်ပြောင်းလဲမှုများလုပ်ခဲ့သည်သာမက Meritocracy ဟုခေါ်သည့် စွမ်းဆောင်ရည်ဗဟိုပြုအလုပ်ခန့်အပ်ရေးအိုင်ဒီယာကိုလဲ တွဲဖက်သုံးစွဲခဲ့သည်။



ဈေးကွက်နှင့် နိုင်ငံရေးပါဝါကို ကန့်သတ်ချုပ်ကိုင်ခဲ့သော တရုတ်အစိုးရသည် စီးပွားရေးအောင်မြင်မှု ကြီးမားစွာရခဲ့သည်။ တရုတ်၏ စီးပွားရေးအောင်မြင်မှု (အနှစ် 20အတွင်း) သည် ကမ္ဘာ့သမိုင်းတွင် ပထမဆုံးစံချိန်တင်မှုဖြစ်သည်။ တစ်နှစ်လျှင် စီးပွားရေးတိုးတက်မှုနှုန်း 10% ရှိပြီး သန်း ၄၄ဝ သော တရုတ်များ ဆင်းရဲတွင်းမှ လွတ်မြောက်အောင်အလုပ်လုပ်နိုင်သွားကြသည်။



သို့သော်လဲ တရုတ်နှင့် ကမ္ဘာကြီးသည် အမြဲတစ်စေ ပြောင်းလဲနေသည်ဖြစ်ရာ တရုတ်၏ ယခု မော်ဒယ်သည် တသမတ်တည်းအလုပ်ဖြစ်မည်ဟုပြော၍မရပေ။

စီးပွားပျက်ကပ်ကို ကျော်နိုင်ခဲ့သော်လဲ စီးပွားရေးတိုးတက်မှုနှုန်းကို အရှိန်ထိန်းနိုင်စေရန် တရုတ်သည် ပြည်တွင်းဈေးကွက်ကိုအဓိက ထားသည့် Export နှင့် Investment ပမာဏအရှိန်ကို ဇက်ကြိုးသတ်ပေးဖို့ လိုဦးမည်။



တရုတ်သည် သူ၏ ဈေးကွက်ကို မောင်းနှင်နိုင်သည့် လုပ်သားများ၏ ငွေကြေးများကို နိုင်ငံပိုင်လုပ်ငန်းများတွင် သဲ့ယူသလို ရင်းနှီးမြုပ်နှံခိုင်းထားသည်။ ထိုအချက်က ငွေရှာသူ လုပ်သားများကို သုံးစွဲမှု လျော့ကျစေသည်။ သို့ဖြစ်ရာ တရုတ်၏ အားသာချက် မြေနှင့် လုပ်သားဈေးကွက်သည် စီးပွားရေးဖွံ့ဖြိုးမှုကြောင့် တဖြည်းဖြည်း ရှားပါးစပြုလာသောအခါ တရုတ်အစိုးရသည် တိုင်းပြည်ဖြုန်းအားအဓိကဖြစ်လာမည့် လုပ်သားတို့၏ ငွေကို Enterprise ကြီးများတွင် အတင်းထည့်သွင်းထားခြင်းဖြင့် ဖြုန်းသလို ဖြစ်နေစေသည်။ ထို ဘဏ္ဍာရေးအနေအထားကို လျှော့ချမှုပြုလျှင် ဖြုန်းအားပိုတက်လာမည်။ ငွေရင်းငွေနှီးကို နေရာချ ခန့်ခွဲမှုလဲ ပိုမို လွတ်လပ်စွာ ပြုနိုင်လာမည်။



ယနေ့တရုတ်၏ ပြဿနာများမှာ လျှော့တွက်၍ မရ။ စီးပွားရေးအနည်းငယ်ယိုင်နဲ့သွားသည်တွင် မတည်ငြိမ်မှုများက ရုတ်ချည်းဆိုသလိုဖြစ်လာနေသည်။ ရွေ့ပြောင်းလုပ်သားများမှာ ဒုတိယတန်းစားနိုင်ငံသားများအဖြစ်သာ သတ်မှတ်ခံထားရပြီး ကျန်းမာရေး၊ ပညာရေးစောင့်ရှောက်မှုများကောင်းစွာမရ။ အာဏာပိုင်တို့က မြေသိမ်းမှုများဖြစ်နေပြီး ခြစားမှုက လူထုကို ဒေါသဖြစ်စေသည်။ အင်တာနက်ပေါ်တွင် တရုတ်တို့ ယခင်ကကဲ့သို့မဟုတ်ဘဲ ဒေါသများကို ဖွင့်ထုတ်နေကြသည်ကိုတွေ့ရသည်။



ထိုဖြစ်ရပ်များကို ပါတီခေါင်းဆောင်များက ဖြေလျော့ခြင်းဖြစ်စဉ်၏ ဘေးထွက်ဆိုးကျိုးများဟု သတ်မှတ်ပေမည်။ ရွှေ့ပြောင်းလုပ်သားများသည် စီးပွားရေးတိုးတက်စေသော်လဲ နယ်မြေ မတည်မငြိမ်ဖြစ်နေစေသည်။ အလုပ်သမားတို့၏ ဆန္ဒပြမှုက တရုတ်၏ စီးပွားရေးကို ထိခိုက်နေစေသည်။



ထိုကိစ္စအတွက် အဓိက သော့ချက်မှာ Freedom လွတ်လပ်မှုပင်ဖြစ်သည်။ အလုပ်သမားသမဂ္ဂများက ဆန္ဒပြပွဲများကို ညှိနှိုင်းပေးနိုင်သည်။ Pressure Groups များကခြစားမှုကို ထိန်းပေးနိုင်သည်။ ဘုန်းကြီးကျောင်းများ၊ ခရစ်ယာန်ကျောင်းများ၊ ဗလီများက Welfare Motivation တစ်ခုကိုပေးနိုင်မည်။ ခြုံပြောရလျှင် ယဉ်ကျေးမှုနှင့် ဘာသာရေးအဖွဲ့အစည်းများ အားကောင်းလာလျှင် စီးပွားရေးတစ်ခုတည်းကိုသာ ဆာလောင်မှုထက် ပိုလွန်သည့် အဓိပ္ပါယ်ကိုပေးနိုင်မည်။

တရုတ်ကွန်မြူနစ်ပါတီကို သွေးစွန်းသော သမိုင်းက သင်ခန်းစာယူရန်သင်ကြားပေးနေသည်။ နောက်ထပ် သမိုင်းတွင် ထင်ရှားသည့်ကိစ္စရပ်မှာ အကြွင်းမဲ့အာဏာကို ဆုပ်ကိုင်ခဲ့သူမည်သူမဆို ဘာမှမရဘဲ နိဂုံးချုပ်သွားတတ်စမြဲဖြစ်သည်။ ယခု တရုတ်အစိုးရ နားလည်သင့်သည့် ကိစ္စရပ်မှာ ယခင် သူစွဲကိုင်ခဲ့သော မူဝါဒ ပြောင်းလဲသင့်ပြီဟူ၍ ဖြစ်သည်။

တရုတ်အစိုးရ၏ နိုင်ငံရေးမူဝါဒ မည်မျှ ပြောင်းမပြောင်းဟူသည် နိုင်ငံတကာပညာသည်များအတွက် စိတ်ဝင်စားစရာတစ်ခု ဟူသည်ထက် များစွာပိုသည်။ အဘယ်ကြောင့် ဆိုသော် ထိုကိစ္စသည် တရုတ်၏ အနာဂါတ်အတွက်သာမက လက်ရှိကမ္ဘာ၏ အနာဂတ်ကိုပါ များစွာ သက်ရောက်မှုရှိမည်ဖြစ်သောကြောင့်တည်း။

ကိုးကား။ ။ The Economist "China and the Paradox of Prosperity".

(တရုတ်ရဲ့ ဖြေလျော့မှုဖြစ်စဉ်ကြီးမှာ အာဏာပိုင်အဖွဲ့တွေရဲ့ ကြွယ်ဝမှု၊ မြေသိမ်းမှုတွေရှိနေသလို တစ်ဖက်ကလဲ ပြင်းပြတဲ့ပြုပြင်ပြောင်းလဲရေးသမားတွေ ရှိနေခဲ့ပါတယ်။အဲ့ဒီဟာတွေကို လေ့လာလို့ရအောင် သင့်လျော်သလို ပြန်ဆိုလိုက်ပါတယ်။)

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။