ခွန် ဒီးယမ် and 3 other people shared Nik Nayman's photo.
နိုင်ငံတစ်နိုင်ငံရဲ့  လွှတ်တော်ထဲမှာ ဒီလို စကားမျိုးတွေ ပြောနေကြတဲ့ အမတ်မင်းများ ဒီလောက် အရည်အချင်း ညံ့ဖျင်းလွန်းတာ အံ့သြလွန်းလို့ ၊ ဒီလိုလူမျိုးတွေ လွှတ်တော်ထဲ ...ရှိနေသမျှ တိုင်းပြည်နဲ့  လူမျိုးအတွက် ရင်လေးစရာပါဘဲ။
လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ၀န်ကြီး မြင့်လှိုင်က "လယ်သမားတွေ ကြွေးဆပ်ဖို့ ထမင်းတစ်နပ် လျှော့စားကြပါ" တဲ့။
အတော့်ကို ကိုယ်ချင်းစာတရားမရှိ လက်လွတ်စပယ်ပြောရဲတဲ့ စကားဘဲ။ ၀န်ကြီးတစ်ယောက်လုပ်နေပြီး မြန်မာနိုင်ငံ ခေတ်အစဉ်အဆက်ဆက် ကျေးဇူးရှင်လို့  သတ်မှတ်ထဲ့ကြတဲ့ တောင်သူလယ်သမားများရဲ့  ဘ၀တိုးတက်ဖို့  လယ်ယာမြေလုပ်ငန်းတွေ တိုးတက်အောင်မြင်ဖို့ အတွက် သင့်လျော်တဲ့ ထောက်ပံ့ကူညီမှုတွေကိုတော့ မလုပ်ဆောင်ပေးဘဲ၊ တောင်သူလယ်သမားတွေခမြာ လယ်မြေတွေ မတရားအသိမ်းခံနေရတဲ့၊ မရိုးသားသော ချေးငွေများ မြင့်မားသော အတိုးနှုန်းများနဲ့  လည်မြိုကို ညစ်သတ်မှု ခံနေရတဲ့ကြားထဲ ထမင်းတစ်နပ်ပါ လျှော့စားဆိုတော့ လူစိတ်မရှိတဲ့ မြင့်လှိုင်ဘဲ။
ဒီလို လူငနွားတွေက ပြောခဲ့တဲ့ စကားတွေကို ပြန်ကောက်ကြည့်ရင် - နားဂစ်မုန်တိုင်းဘေးဒဏ်သင့် ပြည်သူလူထုကို “ချောင်းတွေ မြောင်းတွေက ငါးတွေ ဖားတွေ ရှာစားကြ” ၊ လျှပ်စစ်မီးတွေ မလာလွန်းလို့  အမှောင်ဘ၀ထဲ နေ့ စဉ်နဲ့ အမျှ နေထိုင်နေကြရတဲ့ ပြည်သူလူထုက ဆန္ဒတွေ ထုတ်ဖေါ်ပြသတော့ "မီးမလာရင် ဖယောင်တိုင်ထွန်းနေကြ” နဲ့  ပြောဆိုကြသလို၊ နိုင်ငံအရေး တိုင်းသူပြည်သားများအရေး ဝေဖန်သုံးသပ် ဆွေနွေးအဖြေရှာ ပြောဆိုကြရမယ့် ပြည်သူ့ လွှတ်တော်ထဲမှာ "လွှတ်တော်ထဲမှာ နိုင်ငံရေးစကား မပြောရ" “သမ္မတကြီး စိတ်ညစ်စေမယ့် မေးခွန်းတွေ မမေးရ” "ချောင်ပိတ်မယ့် အဆိုတွေတော့ မတင်ကြနဲ့" ပြောဆိုတာတွေဟာ ပြောဆိုသူတွေဟာ တိုင်းကျိုးပြည်ကျိုးအတွက် ဦးထိပ်ထားဆောင်ရွက်ရတဲ့ လွှတ်တော်ထဲမှာ မနေကြပါနဲ့ ၊ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် မလုပ်နေကြပါနဲ့ လို့  ပြောရမှာပါဘဲ။
"လယ်သမားတွေ ကြွေးဆပ်ဖို့ ထမင်းတစ်နပ် လျှော့စားကြပါ" လို့ ပြောတဲ့ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ၀န်ကြီး မြင့်လှိုင်သာ ပြည်သူလူထုက (လွှတ်တော်အမတ်လစာနဲ့ ) ကျွေးမွေးနေတဲ့ မသထာရေစာကို မြိုဆို့ ပြီး နေနေတာကိုသာ ရပ်တန့် ဖို့  ပြောဆိုလိုက်ရပါတယ်။

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။