မော်တော်ဆိုင်ကယ်စီးလျှင် ဆိုင်ကယ်စီးဦးထုပ်ဆောင်းရခြင်းအ မှုသည် ယာဉ်ထိမ်းရဲ ဖမ်းဆီးခြင်း မခံရလေအောင် ဆောင်ရွက်ရခြင်းအမှုသက်သက်မဟုတ်ရ ပါ။
ဤသည်ကို သတိမမူမိသော
-အချို့ကား မေ့မေ့လျော့လျော့ ပေါ့ပေါ့ဆဆ မဆောင်းကြ
-အချို့ကား ရှိုးပျက် စတိုင်ပျက်မှာကို အသက်ထက်စိုးရိမ်ပြီးသကာလ မဆောင်းကြ
... -အချို့ကား လူမျိုးရေး ဓလေ့ထုံးစံအရ ဆိုကာ မဆောင်းကြ (ပန်ချာပီ၊ ပုဏ္ဏား)
-အချို့ကား ဘုရားဟောမဟုတ်သော်ငြား ဘာသာရေးအရဆိုပြီး မဆောင်းကြ (ဘုန်းကြီး၊ ကိုရင်၊ မယ်သီလရှင်)
-အချို့ကား အသိညဏ်နည်းစွာဖြင့် ဥပဒေကို တော်လှန်ပုန်ကန်ရလျှင်ပြီးရောဟု ဆိုကာ ပျော်ရွှင်စွာ မဆောင်းကြ
-အချို့ကား မင်္ဂလာဆောင် အသုဘ ယာဉ်တန်းရှေ့က မောင်းရလျှင် ငါ ဗွီအိုင်ပီကွဟုအထင်မှား မာန်တက် ဂျိုကြွကာ မဆောင်းကြ
-အချို့ကား ငါ ဘာကျောင်းသားကွ၊ ငါ ဘာပါတီဝင်ကွဟု လွဲမှားစွာ အခွင့်အရေးယူပြီး မဆောင်းကြ
-အချို့ကား ငါ စစ်ဗိုလ်ကွ ငါ ရဲအုပ်ကွ ငါဘာကောင်ကွဟု ရာထူးဌာန အာဏာအသုံးချကာ မဆောင်းကြ
...
စသည် စသည်
မော်တော်ဆိုင်ကယ်စီးသော အကြင်သူ ဆိုင်ကယ်စီး ဦးထုပ်ဆောင်းခြင်း မဆောင်းခြင်းဆိုသည်မှာ အခြားသူအား ထိပါးစော်ကားခြင်း တစ်စုံတစ်ရာ မရှိသော်ငြားလည်း ကာယကံရှင်၏ အသက်အန္တရာယ်ကို အနည်းနှင့်အများ အတိုင်းအတာတစ်ခုထိ လုံခြုံစိတ်ချစေခြင်းငှာ ကြိုတင်ကာကွယ်နိုင်ရန် သတ်မှတ်ထားသော စည်းကမ်းချက်တစ်ခုသာဖြစ်သည်ကို သတိမြဲမြဲ ချပ်မိစေချင်သည်။
ကျောင်းသား၏ဦးခေါင်း၊ ဘုန်းတော်ကြီး၏ ဦးခေါင်း၊ ပန်ချာပီအမျိုးသား၏ ဦးခေါင်း၊ အရာရှိကြီး၏ ဦးခေါင်း... မည်သည့် ဦးခေါင်းဖြစ်စေကာမူ ကျောက်လမ်းမနှင့် ခွမ်းကနဲ ရိုက်ခတ်မိလျှင်သော်လည်းကောင်း ကားဘီးအောက် တကျိကျိ ကြိတ်ခံမိလျှင်သော်လည်းကောင်း ဦးခေါင်းခွံဟက်တက်ကွဲကာ ဗွမ်းကနဲထွက်ကျလာလတ္တံ့သော ဦးနှောက်ဖြူဖတ်များရှိသည်ခြင်းငှာ အတူတူသာတည်း။
ဘာရယ်တော့ မဟုတ်ပါ... အဆိုပါ သင့်ခေါင်းခွံထဲမှ ထွက်ကျလာမည့် ဦးနှောက်များကို ခွေးချေးထက် ပိုမိုတန်ဖိုးထားသည်ဆိုပါက မော်တော်ဆိုင်ကယ်စီးသည့်အခါ အသက်အန္တရာယ် ထိခိုက်မှု တတ်နိုင်သမျှ နည်းပါးစေရန် ဆိုင်ကယ်စီး ဦးထုပ်ကို လူ(လူသတ္တဝါ)တိုင်း ချွင်းချက်မရှိ မှတ်မှတ်ရရ ဆောင်းကြစေချင်ပါသည်။
(စာပေါ်အောင် ပုံဆိုးပန်းဆိုး သုံးထားတာကိုတော့ ခွင့်လွှတ်စေချင်)
______________________________ ______
Reference and Credit to -သခင်ကြီး
Posted By Admin Team[NOM]
(email:newsofburma.myanmar@gma il.com)
ဤသည်ကို သတိမမူမိသော
-အချို့ကား မေ့မေ့လျော့လျော့ ပေါ့ပေါ့ဆဆ မဆောင်းကြ
-အချို့ကား ရှိုးပျက် စတိုင်ပျက်မှာကို အသက်ထက်စိုးရိမ်ပြီးသကာလ မဆောင်းကြ
... -အချို့ကား လူမျိုးရေး ဓလေ့ထုံးစံအရ ဆိုကာ မဆောင်းကြ (ပန်ချာပီ၊ ပုဏ္ဏား)
-အချို့ကား ဘုရားဟောမဟုတ်သော်ငြား ဘာသာရေးအရဆိုပြီး မဆောင်းကြ (ဘုန်းကြီး၊ ကိုရင်၊ မယ်သီလရှင်)
-အချို့ကား အသိညဏ်နည်းစွာဖြင့် ဥပဒေကို တော်လှန်ပုန်ကန်ရလျှင်ပြီးရောဟု
-အချို့ကား မင်္ဂလာဆောင် အသုဘ ယာဉ်တန်းရှေ့က မောင်းရလျှင် ငါ ဗွီအိုင်ပီကွဟုအထင်မှား မာန်တက် ဂျိုကြွကာ မဆောင်းကြ
-အချို့ကား ငါ ဘာကျောင်းသားကွ၊ ငါ ဘာပါတီဝင်ကွဟု လွဲမှားစွာ အခွင့်အရေးယူပြီး မဆောင်းကြ
-အချို့ကား ငါ စစ်ဗိုလ်ကွ ငါ ရဲအုပ်ကွ ငါဘာကောင်ကွဟု ရာထူးဌာန အာဏာအသုံးချကာ မဆောင်းကြ
...
စသည် စသည်
မော်တော်ဆိုင်ကယ်စီးသော အကြင်သူ ဆိုင်ကယ်စီး ဦးထုပ်ဆောင်းခြင်း မဆောင်းခြင်းဆိုသည်မှာ အခြားသူအား ထိပါးစော်ကားခြင်း တစ်စုံတစ်ရာ မရှိသော်ငြားလည်း ကာယကံရှင်၏ အသက်အန္တရာယ်ကို အနည်းနှင့်အများ အတိုင်းအတာတစ်ခုထိ လုံခြုံစိတ်ချစေခြင်းငှာ ကြိုတင်ကာကွယ်နိုင်ရန် သတ်မှတ်ထားသော စည်းကမ်းချက်တစ်ခုသာဖြစ်သည်ကို သတိမြဲမြဲ ချပ်မိစေချင်သည်။
ကျောင်းသား၏ဦးခေါင်း၊ ဘုန်းတော်ကြီး၏ ဦးခေါင်း၊ ပန်ချာပီအမျိုးသား၏ ဦးခေါင်း၊ အရာရှိကြီး၏ ဦးခေါင်း... မည်သည့် ဦးခေါင်းဖြစ်စေကာမူ ကျောက်လမ်းမနှင့် ခွမ်းကနဲ ရိုက်ခတ်မိလျှင်သော်လည်းကောင်း ကားဘီးအောက် တကျိကျိ ကြိတ်ခံမိလျှင်သော်လည်းကောင်း ဦးခေါင်းခွံဟက်တက်ကွဲကာ ဗွမ်းကနဲထွက်ကျလာလတ္တံ့သော ဦးနှောက်ဖြူဖတ်များရှိသည်ခြင်းင
ဘာရယ်တော့ မဟုတ်ပါ... အဆိုပါ သင့်ခေါင်းခွံထဲမှ ထွက်ကျလာမည့် ဦးနှောက်များကို ခွေးချေးထက် ပိုမိုတန်ဖိုးထားသည်ဆိုပါက မော်တော်ဆိုင်ကယ်စီးသည့်အခါ အသက်အန္တရာယ် ထိခိုက်မှု တတ်နိုင်သမျှ နည်းပါးစေရန် ဆိုင်ကယ်စီး ဦးထုပ်ကို လူ(လူသတ္တဝါ)တိုင်း ချွင်းချက်မရှိ မှတ်မှတ်ရရ ဆောင်းကြစေချင်ပါသည်။
(စာပေါ်အောင် ပုံဆိုးပန်းဆိုး သုံးထားတာကိုတော့ ခွင့်လွှတ်စေချင်)
______________________________
Reference and Credit to -သခင်ကြီး
Posted By Admin Team[NOM]
(email:newsofburma.myanmar@gma
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။