Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Sunday, January 27, 2013

ဥမင်ဖောက်လုပ်ခြင်း နည်းလမ်းများ (technical article)

by Underground_World on Sunday, January 27, 2013 at 4:18am
ဒီဆောင်းပါးလေးမှာ ဥမင်တည်ဆောက်ရေးနည်းလမ်းတွေကို ဆွေးနွေးပေးသွားပါ့မယ်။ ကျနော်က အခုလိုရေးသားတာတွေဟာ ကျနော့် Academic course တွေနဲ့ ကျနော် ဖတ်မှတ်ထားတာတွေကို ပြန်လည်မျှဝေခြင်းသာဖြစ်ပါတယ်။ ကျနော့် မှာ Tunnel construction project မှာလက်တွေ့ ကိုယ်တိုင်ကိုယ်ကျပါဝင်ဖူးတဲ့ on ground အတွေ့အကြုံ့မရှိဘူးဆိုတာကိုကြိုတင် ၀န်ခံ ထားပါရစေ။

Two types of Submerged Floating tunnels


ဥမင်ဖောက်လုပ်ခြင်းနည်းလမ်းများ

ဥမင်ဖောက်လုပ်ရာမှာ အဓိက နည်းလမ်း (၄)မျိုးရှိပါတယ် :
  • တူး - ဖို့ခြင်းနည်းလမ်း (Cut and cover)
  • လွန်ဖြင့်အပေါက်ဖေါက်၍ယမ်းဖြင့်ဖေါက်ခွဲခြင်း (Drill and blast)
  • ဥမင်တူးစက် ( Tunnel boring machine ) အသုံးပြု၍တူးဖေါ်ခြင်း နဲ့ နောက်ဆုံးတစ်နည်းကတော့
  • (Sequential Excavation Method) လို့ခေါ်တဲ့ တစ်ပိုင်းချင်းစီတူးဖေါ်ခြင်းနည်းလမ်း ပါ။
တူး - ဖို့ခြင်းနည်းလမ်း (Cut and cover)

တူး-ဖို့ ခြင်းနည်းလမ်းဟာ မြေအနက်တိမ်တဲ့ ဥမင် (shallow tunnels) တွေကို ဖောက်လုပ်ရာမှာ အသုံးပြုနေကျနည်းလမ်း (common and well proven)ဖြစ်ပါတယ်။ ဒီနည်းလမ်းဟာ (non uniform shapes) လို့ခေါ်တဲ့ တစ်ပုံစံတည်းမဟုတ်တဲ့ဥမင်အပိုင်းတွေ ၊ ဥမင်အကျယ်ကိုပြောင်းလဲခြင်းတွေ အတွက်သင့်လျော်သလို မြေအောက်ရထားဘူတာရုံတွေ ဆောက်တဲ့ နေရာမှာ ဒီနည်းလမ်းကို အများဆုံးအသုံးပြုကြပါတယ်။ လုပ်ဆောင်မှုအဆင့်ဆင့်ကတော့ မြောင်းတူးခြင်း( trench excavation)၊ ဥမင်ကိုယ်ထည်တည်ဆောက်ခြင်း (tunnel construction) နဲ့ မြေပြန်လည်ဖို့ခြင်း (covering the excavated tunnel)တို့ဖြစ်ပါတယ်။ လွယ်လွယ် ပြောရရင် ဥမင်ဖောက်လုပ်မယ့် လမ်းကြောင်းတလျှောက် မြေပေါ်ကနေမြောင်းတူးထုတ်ပြီး မြောင်းအတွင်းမှာ ဥမင် ကို တည်ဆောက်ကာ အပေါ်က မြေပြန်ဖို့ခြင်းပဲ ဖြစ်ပါတယ်။ ဥမင်အမိုးခုံးသည် ၎င်းအပေါ်မှ ဖို့မြေနှင့် အခြားသော လမ်းအစရှိသည့် အဆောက်အအုံများမှ ကျရောက်လာမည့် ဝန်အားကို ကောင်းစွာခံနိုင်ရည် ရှိရန်လိုအပ်သည်။ ဒီနည်းလမ်းကို အသုံးပြုပြီးဆောက်လုပ်တဲ့ ဥမင်တွေမှာ မြေသားပြန်လည်ဖို့ခြင်းအပိုင်းမှာ ငလျင်လှိုင်းဒါဏ် ခံနိုင်ဖို့အတွက် တွက်ချက်ပြီး လိုအပ်တဲ့ အရည်အသွေးရှိတဲ့ မြေသားတွေကို ပြန်လည်ဖို့သိပ်ခြင်းအားဖြင့် ငလျင်လှိုင်း ဒါဏ်ရိုက်ခတ်လာပါက အတိုင်းအတာတစ်ခုအထိခံနိုင်မှာဖြစ်ပါတယ်။


Tunnel construction with cut and covering method


တူး-ဖို့ ခြင်းနည်းလမ်းကို ဖောက်လုပ်ပုံ နည်းလမ်းများအရ နှစ်မျိုးခွဲခြားနိုင်သည်-

1) အောက်-အပေါ် ဖောက်လုပ်နည်း - တူးထားတဲ့မြောင်း(excavated trench) ထဲမှာ ဥမင်ကို ဆောက်လုပ်နည်းဖြစ်ပါတယ်။ ဥမင်နံရံ (lining)ကို လုပ်ငန်းခွင်နေရာတွင် တိုက်ရိုက်သွန်းလောင်းခြင်း (monolithic concrete) ဖြင့် ဖြစ်စေ၊ စက်ရုံတွေမှာကြိုတင်ပုံသွန်းလောင်းထားတဲ့ကွန်ကရစ် (Precast-concrete) နံရံဘလောက်တုံးများ (lining segments)၊ သံမဏိဘလောက်တုန်းများ (cast iron segments) အသုံးပြု၍ ဖြစ်စေ ဆောက်လုပ်တပ်ဆင်ကြပါတယ်။ ဥမင်ဆောက်လုပ်ပြီးသွားရင် အထက်မှာဖေါ်ပြထားသလိုပဲ မြေဖို့ခြင်း (covering ) ကိုလုပ်ပါတယ်။ ရှင်းအောင် အောက်မှာပုံထည့်ပေးထားပါတယ်။

Dublin port tunnel with cut and cover method


2) အပေါ်-အောက် ဖောက်လုပ်နည်း- ဒီနည်းကတော့ ပထမဦးဆုံး ဥမင်ရဲ့ဘေးနံရံနှစ်ဖက်ကို မြေထိန်းနံရံ (Diaphragm wall,slurry walling) ဒါမှမဟုတ် တဆက်တည်းရှိတဲ့ ပိုင်တိုင်တွေ (continuous bore piles) နှင့်ဆောက်လုပ်ပါတယ်။ အဲဒီနောက် နံရံတွေအပေါ်ကနေ အမိုးအုပ်ဖို့အတွက် ဥမင်အမိုးခုံး ကို တိုက်ရိုက်သွန်းလောင်း၍ဖြစ်စေ၊ စက်ရုံမှာကြိုတင်သွန်းလောင်းထားတဲ့ ကွန်ကရစ်တုံးတွေကို အသုံးပြု၍ ဖြစ်စေ ဆောက်လုပ်ပြီး အဲ့ဒီအပေါ်မှာမြေပြန်ဖို့ပါတယ်။

Diapharagm wall, slurry walling and continuous bore piles


လွန်ဖြင့်အပေါက်ဖေါက်၍ယမ်းဖြင့်ဖေါက်ခွဲခြင်း (Drill and blast)

ဒီနည်းလမ်းကတော့ နာမည်ပေးထားတဲ့အတိုင်းပဲ ဖောက်ခွဲခြင်းအပိုင်းပါလာပါတယ်။ ဥမင်မျက်နှာပြင် ပေါ်မှာ သတ်မှတ်ထားတဲ့နက်အတိုင်း ယမ်းတောင့်ထည့်ဖေါက်ခွဲဖို့ အပေါက်လေးတွေဖေါက်ပါတယ်။ ယမ်းတောင့်တွေကို စနက်တံတွေတပ်ပြီး အဲဒီအပေါက်လေးတွေမှာထည့်ပါတယ်။ ခုလိုနည်းစနစ်တကျတွက်ချက် ဖေါက်ခွဲတဲ့နေရာမှာ ကချင်ပြည်နယ်က KIA တွေကိုခေါ်ပြီးခွဲခိုင်းလို့မရပါဘူး။ အားလုံးငါးပါးမှောက်ကုန်မှာပါ။ ဖေါခွဲမှုရဲ့သက်ရောက်မှုကိုကြိုတင်တွက်ချက်ထားရပါမယ် ( Educated explosion J )။ ဘာလို့လဲဆိုတော့ ပတ်ပတ်လည်ကမြေသားတွေမှာ ပြတ်ရွေ့ကြောင်းတွေဖြစ်တာတို့၊ မလိုအပ်တဲ့နေရာတွေမှာ မြေသားအက်ကြေမှုတွေ ၇ှိရင် တည်ဆောက်ရေး လုပ်ငန်း အတွက်အန္တရာယ်ကြီးပါတယ်။ ဖေါက်ခွဲထားတဲ့ မြေသား၊ ကျောက်သားတွေကို ဖတ်ထုတ်ပြီးမှ နောက်ထပ် ဖောက်ခွဲမှုတွေဆက်လုပ်ပါတယ်။ ဒီနည်းလမ်းနဲ့ဖေါက်လုပ်ရာမှာ အရမ်းမာကြောတဲ့ ကျောက်သားတွေနဲ့ မြေပျော့တွေအတူရောနှောနေတဲ့ နေရာတွေ ဟာဖေါက်လုပ်သူတွေကိုအခက်အခဲတွေ့စေပါတယ်။

Example of an explosion scheme for drill and blast tunnelling.


ဥမင်တူးစက် ( Tunnel boring machine ) အသုံးပြု၍တူးဖေါ်ခြင်း

ဥမင်တူးစက် (Tunnel boring machine-TBM) ဆိုတာ ဥမင်တူးတဲ့ လုပ်ငန်းစဉ် တစ်ခုလုံးကို ကွန်ပျူတာနဲ့ထိန်းချုပ်တဲ့ စနစ်တွေ အသုံးပြုပြီး ပေါင်းစပ် တပ်ဆင်ထားတဲ့ စက်အစုအဝေးကြီးပါ။ ဈေးလည်းအရမ်းကြီးပါတယ်။ အဲဒိစက်ကြီးတွေအကြောင်းကို နောက်မှ သီးသန့်ရေးမှာဖြစ်တဲ့အတွက် ခုတော့ အသေးစိတ် မဖေါ်ပြတော့ပါဘူး။ မြေ/ကျောက်လွှာ အမျိုးမျိုးရဲ့ဂုဏ်သတ္တိတွေအပေါ်မူတည်ပြီး ဥမင်ဖောက်စက် အမျိုးမျိုးရှိပါတယ်။ ပုံသဏ္ဍာန်ကတော့ များသောအားဖြင့် cylinder ပုံရှိပြီး တခြားပုံသဏ္ဍာန်တွေ(ဥပမာ- မြင်းခွာပုံ၊ ထောင့်မှန်စတုဂံပုံ၊ စတုရန်းပုံ) လည်းရှိပါတယ်။ ဥမင်တူးစက်ရဲ့ ဦးပိုင်းမှာ လွန်သွားလိုလည်ပြီး ကျောက်သားတွေကိုဖြိုခွဲ တဲ့ (rotating cutting wheel) နဲ့ chamber ရှိပါတယ် (TBM ပုံစံ အမျိုးအစား ပေါ်မူတည်၍ ပုံစံ၊ အရွယ်အစား ပြောင်းလဲသည်)၊ တူးဖေါ်ထားတဲ့ မြေသား/ကျောက်သားတွေကို အရည်ဖျော်ပြီး သယ်ထုတ်တဲ့စနစ်ပါဝင်ပါတယ်။ rotating cutting wheel ကို ရှေ့သို့တွန်းရွှေ့ပေးသော hydraulic jacks တွေ၊ ဥမင်နံရံ (Lining) ကို တတ်ဆင်ပေးတဲ့ erectorတွေ , လေ၀င်လေထွက် ပိုက်လိုင်းတွေ လည်းပါဝင်ပါတယ်။

Tunnel boring machine


ဥမင်တူးစက်ရဲ့ကိုယ်ထည် အတွင်းမှာတော့ Lining segment block တွေကို ဥမင်တူးဖော်ရာ လုပ်ငန်းခွင်ကို သယ်ပို့ပေးတဲ့ စနစ်နဲ့ လျှပ်စစ်ဆက်သွယ်မှု စနစ်တွေပါဝင်ပါတယ်။ ဥမင်ဖောက်စက် (TBM) ကို အသုံးပြုတဲ့ ဥမင်ဖောက်လုပ်နည်းကို Shield tunneling method လို့လည်းခေါ်ပြီး စက်စွမ်းအားအသုံးပြုတူးဖော်နည်း (Mechanized tunneling) မှာပါဝင်ပါတယ်။ ဘယ်လိုအနေအထားဘယ်အချိန်မှာ ဘယ်လိုဥမင်တူးဖေါ်နည်းကို သုံးတယ် ဘာကြောင့်သုံးတယ်ဆိုတာတွေကိုလည်း နောက်ဆောင်းပါးအဖြစ်ထပ်ရေးပေးသွားမှာပါ။ ဂျာမနီနိုင်ငံ အခြေစိုက် Herrenknecht ကုမ္ပဏီဟာ ဥမင်တူးဖေါ်ရေးစက် တွေထုတ်လုပ်တဲ့နေရာမှာ အရမ်းနာမည်ကြီး ပါတယ်။

double-shield-tunnel-boring-machine


(Sequential Excavation Method) လို့ခေါ်တဲ့ တစ်ပိုင်းချင်းစီတူးဖေါ်ခြင်းနည်းလမ်း

(Sequential Excavation Method) လို့ခေါ်တဲ့ တစ်ပိုင်းချင်းစီတူးဖေါ်ခြင်းနည်းလမ်း ကို NATM- (New Austrian Tunneling Method) လို့လည်းအသိများပါတယ်။ NATM ဥမင်တူးဖေါ်နည်းမှာ ဥမင်ဖောက်ဖို့ ရွေးချယ်ထားတဲ့ လမ်းကြောင်းကို အပိုင်း (sections) တွေပိုင်းလိုက်ပါတယ်။ ပြီးတော့ တစ်ပိုင်းချင်းစီကို မိုင်းခွဲပါတယ်။ ဒီနည်းလမ်းနဲ့ တူးတဲ့နေရာမှာ မြေသားတွေဟာခြောက်သွေ့နေရမှာဖြစ်တဲ့အတွက် ရေကင်းမဲ့စေခြင်း (dewatering) ကို မတူးခင်ကြိုတင်လုပ်ဆောင်ဖို့လိုအပ်ပါတယ်။ တခါတရံမှာ အင်္ဂတေဖျော်ရည် လောင်းခြင်း ၊ မြေကို အအေးဓါတ်ပေး၍မာခဲစေခြင်း စတဲ့ မြေသားပြုပြင်မှုတွေလုပ်ဆောင်ရပါတယ်။ ဥမင်လိုဏ်ခေါင်း တစ်ခုရဲ့ ဘေးပတ်ပတ်လည်မှာရှိတဲ့ ကျောက်သား/မြေလွှာ တို့ကနေ သက်ရောက်လာမယ့် Geological stress တွေကို အဲဒီဥမင်လိုဏ်ခေါင်းရဲ့Stability ကိုထိန်းသိမ်းရာမှာ ပြန်လည်အသုံးချခြင်းလည်း ပါဝင်ပါတယ်။ ဒီနည်းလမ်းဟာ တခြားနည်းတွေနဲ့ ယှဉ်ရင် ကြန့်ကြာနိုင်ပေမယ့် ရှိပြီးသား မြေအောက်ရထားဥမင်တွေ၊ရေဆိုးထုတ်ဥမင်တွေကို ပြန်လည် တူးဖေါ်ရာမှာ အင်မတန်အသုံးဝင်ပါတယ်။



NATM industrial method.



********************************************************************/ Mr - Tunnel /

reference : 1) http://miningandblasting.wordpress.com/2011/07/27/tunnel-construction-methods-and-their- comparison/
2)Bored tunnel
3) NATM tunnel
4) http://www.forgottenrelics.co.uk/tunnels/construction/overview.html

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။