Myanmar International News
"စာဖတ်ကြမှ ခေါင်းဆောင်ကောင်းကို ရွေးချယ်နိုင်မှာပါ အကယ်ဒမီ ခန့်စည်သူ"
Monday, 28 January 2013
ခန့်စည်သူက “စရိုက်ကမိုက်တယ်” ဆိုတဲ့ ဇာတ်ကားကို ခိုင်သင်း ကြည်နဲ့ ရိုက်ကူးနေပါတယ်။ ဒီ ဇာတ်ကားမှာတော့ စာရေးတာကို ဝါသနာပါတဲ့သူ တစ်ယောက် အဖြစ် ခန့်စည်သူက သရုပ်ဆောင် ရတာပါ။
... “မင်္ဂလာလှည်း” ဆိုတဲ့ ရုပ်ရှင်ကားကြီးကို သက္ကလမှာ သွားရောက် ရိုက်ကူး ဖို့ စီစဉ်ထားပြီး ဇာတ်လမ်းကို ကြိုက်တဲ့အတွက် ဝယ်ထား ပြီး အခုမှ ရိုက်ဖြစ်ကြောင်းပြောပြတဲ့ ခန့်စည်သူက“ပြေတီဦး၊ နေမင်း၊ စိုးမြတ်သူဇာ၊
မိုးဟေကို တို့ပါမယ်။ ခရေဖြူ ထုတ်လုပ်ရေးက ရိုက်တာ။ ဒါရိုက်တာ ကိုဇော် (အရုဏ်ဦး) နဲ့ရိုက်မှာ။ နေမင်းနဲ့ တစ်ခါမှတော့ တွဲမရိုက်ဖူးဘူး။ ဇာတ်ကို အရင်ကတည်းက ကြိုက်လို့ ဝယ်ထားတာ။ ဟာသကားလေးပါပဲ။ ဇာတ်တွေက တအားကြိုက်လို့ ဝယ်ထားတာတွေ အများကြီးရှိတယ်။ ကိုယ်တိုင်လည်း ပုံဖော်ချင်တဲ့ဇာတ်တွေရှိတယ်။ တချို့ ကားတွေဆို ကိုယ်မပါလည်း ရတယ်။ ဇာတ်ကို တအားကြိုက်တာ။ စာရေးဆရာမ
မြနှောင်းညို၊ ဆရာ မ ရွှေကူမေနှင်း၊ ဆရာမ မစန္ဒာ၊ ဆရာမ ခင်ခင်ထူး
တို့ရဲ့ ဝတ္ထုတွေကို ကြိုက်တယ်။ ဝတ္ထု တွေကိုဖတ်ရင် ဟာသကားတွေ ရိုက်ရဲပေမယ့် တကယ်တမ်းကိုယ်က ပြန်ရိုက်ချင်တဲ့ ဇာတ်တွေက လူ့ အခွင့်အရေးနဲ့ ပတ်သက်တဲ့ ဇာတ်၊ မြန်မာအမျိုးသမီး တစ်ယောက်ရဲ့ဇာတ်၊ စာပေရဲ့ အရေးကြီးတာကို ဖော်ကျူးတာ။ စာမတတ်သူ ပပျောက်ရေးနဲ့ ပတ်သက်တာတွေကို ရိုက်ချင်တယ်။
၂ဝ၁၄၊ ၂ဝ၁၅ မှာ နိုင်ငံရေး အပြောင်းအလဲ ကြုံတွေ့စရာတွေ ရှိတော့ ဘယ်လိုတွေ ဆိုတာ သိနိုင် တယ်။ ပြည်သူတွေကို စာဖတ်စေချင်တယ်။ ဒီလို စာတွေ ဖတ်ထားမှ၊ သူများနိုင်ငံမှာ ဘယ်လိုတွေ တိုးတက်နေပြီ ဆိုတာ သိထားမှ ခေါင်းဆောင်ကောင်း ကို ရွေးချယ်နိုင်မှာပါ။ ဒါမှကိုယ်တိုင်လည်း တိုးတက်မယ်၊ ကိုယ့်ပတ်ဝန်းကျင်၊ ကိုယ့်နိုင်ငံတိုးတက်မှာလေ။ အခုခေတ်
မှာလူတွေ အားလုံး စာဖတ်ဖို့ အတွက်ကိုလည်း တိုက်တွန်းချင်တယ်”လို့
ပြောပြပါတယ်။
ခန့်စည်သူ ပါဝင်တဲ့ “မေတ္တာသင်္ဂဟ” အဖွဲ့က လစဉ်လိုအပ်တဲ့နေရာတွေမှာ လှူဒါန်းနေပေမယ့် ဒီတစ်လမှာ တော့ ပါဝင်ကြတဲ့ အဖွဲ့သားတွေ အလုပ်
တွေမအားတာကြောင့် လူမစုဖြစ်သေးဘဲ ဒီလအလှူကို မစီစဉ်ဖြစ်သေး
တာကြောင့် မသေချာသေးဘူးလို့လည်း အလှူနဲ့ ပတ်သက်ပြီး ပြောပြခဲ့
ပါတယ်။
Popular Journal
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။