တစ်ခါတုန်းက မြို့လေးတစ်မြို့မှာ လေလံပွဲတစ်ခုလုပ်တယ် ။ အဲဒီလေလံပွဲမှာ စက်ဘီးတွေကို လေလံတင်ပြီးရောင်းပါတယ် ။ စက်ဘီးတစ်စီးကိုဈေးစပေးတဲ့အခါတိုင်းမှာ ဆယ်နှစ်အရွယ်ကလေးလေးတစ်ယေက်က ငါးကျပ်ကနေပြီးဈေးစခေါ်ပါတယ် ။ နောက်ဆုံးဈေးကြီးပေးနိုင်တဲ့သူတွေ က စက်ဘီးတွေတစ်စီးပြီးတစ်စီးတွန်းထုတ်သွားကြတယ် ။ ကောင်လေးက အဲဒီစက်ဘီးတွေကို ငေးကြည့်ပြီးကျန်နေမြဲကျန်နေခဲ့ရတယ်။ သူ ငါးကျပ်ထက်ပိုမပေးနိုင်ဘူး ။
လေလံပွဲ ခဏနားနေတဲ့အချိန်မှာ လေလံပွဲစီစဉ်တဲ့သူကကောင်လေးကိုမေးတယ် ။
“ သား မင်းဘာလို့ စက်ဘီးကိုလိုချင်ရင်ဈေးမတင်ရတာလဲ ”
... “ ကျွန်တော့်မှာ ငါးကျပ်ပဲတတ်နိုင်လို့ပါ ”
လေလံပွဲပြန်စတဲ့အချိန်မှာလည်းကောင်းလေးကထုံးစံအတိုင်းငါးကျပ်နဲ့ပဲ ဈေးစခေါ်ပါတယ် ။ စက်ဘီးတိုင်းလိုလိုသူများတွေလက်ထဲပါပါသွားကြတယ် ။ လူတွေက နောက်တော့ ကောင်လေးကို သတိထားမိလာပါတယ် ။ ဒီလိုနဲ့နောက်ဆုံးစက်ဘီးလေးတစ်စီးသာကျန်တော့တယ် ။
ကောင်လေးက စက်ဘီးလေးကို ငေးကြည့်ရင်း ငါးကျပ်နဲ့ဈေးခေါ်ပြန်ပါတယ် ။
“ ငါးကျပ် . . တစ်ခါ ဘယ်သူပိုပေးမလဲ ” လေလံပွဲစီစဉ်သူကအော်တယ် ။
လေလံပွဲမှာ ရှိနေတဲ့လူအားလုံးတိတ်နေကြတယ် ။ ဘယ်သူကမှ လက်မြှောက်ပြီးဈေးမပိုပေးကြဘူး ။ “ ငါးကျပ် . .နှစ်ခါ ” အားလုံး တိတ်မြဲတိတ်နေကြတယ် ။ ဘယ်သူကမှ လက်ထောင်ပြီးဈေးမပိုပေးကြဘူး ။
“ ငါးကျပ် သုံးခါ ” ဒီလိုနဲ့ ကောင်လေး ငွေငါးကျပ်နဲပ စက်ဘီးကို ပိုင်ဆိုင်ခဲ့ရတယ် ။
------------------------------------------------------
မလျော့သောဇွဲလုံ့လ၀ိရိယတို့ကအောင်မြင်ခြင်းကိုဖြစ်စေတယ် ။ မျှော်လင့်ချက်က အိပ်မက်တွေကိုဖြစ်စေတယ် ။ ဒီပုံပြင်လေးထဲမှာ ကောင်လေးရဲ့အိပ်မက်တွေကို ဖြည့်ဆည်းပေးချင်တဲ့ ပရိတ်သတ်တွေရဲ့ စေတနာကို ဂရုဏာတွေကိုလည်းတွေ့မြင်နိုင်ပါတယ် ။တကယ်တော့လူအားလုံးက ငါးကျပ်ထက်ပိုပေးနိုင်ကြပါတယ် ။ ဒါပေမယ့်နောက်ဆုံးတစ်စီးပဲကျန်တော့တဲ့အထိ မျှော်လင့်ချက်တွေ ရှိနေတဲ့ကောင်လေးရဲ့အိပ်မက်တွေကို သူတို့မချိုးပစ်ရက်ခဲ့ဘူး ။
သင်ရော သင်လိုချင်တဲ့အရာတစ်ခုကိုရဖို့ နောက်ဆုံးလက်ကျန်အချိန်အထိ မလျော့သောဇွဲလုံ့လ ၀ိရိယတို့ဖြင့် ကြိုးစားခဲ့ဖူးပါသလား ။ အိပ်မက်တွေကို အလွယ်တကူမစွန့်လွှတ်လိုက်ပါနဲ့ ။
သင့်မှာ နောက်ဆုံးအချိန်အထိအခွင့်အရေးဆိုတာရှိပါတယ် ။
သက်တန့်ချို
The dreams will come true အားခံစားဘာသာပြန်သည် ။
လေလံပွဲ ခဏနားနေတဲ့အချိန်မှာ လေလံပွဲစီစဉ်တဲ့သူကကောင်လေးကိုေ
“ သား မင်းဘာလို့ စက်ဘီးကိုလိုချင်ရင်ဈေးမတင်ရတာ
... “ ကျွန်တော့်မှာ ငါးကျပ်ပဲတတ်နိုင်လို့ပါ ”
လေလံပွဲပြန်စတဲ့အချိန်မှာလည်းကေ
ကောင်လေးက စက်ဘီးလေးကို ငေးကြည့်ရင်း ငါးကျပ်နဲ့ဈေးခေါ်ပြန်ပါတယ် ။
“ ငါးကျပ် . . တစ်ခါ ဘယ်သူပိုပေးမလဲ ” လေလံပွဲစီစဉ်သူကအော်တယ် ။
လေလံပွဲမှာ ရှိနေတဲ့လူအားလုံးတိတ်နေကြတယ် ။ ဘယ်သူကမှ လက်မြှောက်ပြီးဈေးမပိုပေးကြဘူး
“ ငါးကျပ် သုံးခါ ” ဒီလိုနဲ့ ကောင်လေး ငွေငါးကျပ်နဲပ စက်ဘီးကို ပိုင်ဆိုင်ခဲ့ရတယ် ။
------------------------------
မလျော့သောဇွဲလုံ့လ၀ိရိယတို့ကအော
သင်ရော သင်လိုချင်တဲ့အရာတစ်ခုကိုရဖို့ နောက်ဆုံးလက်ကျန်အချိန်အထိ မလျော့သောဇွဲလုံ့လ ၀ိရိယတို့ဖြင့် ကြိုးစားခဲ့ဖူးပါသလား ။ အိပ်မက်တွေကို အလွယ်တကူမစွန့်လွှတ်လိုက်ပါနဲ့ ။
သင့်မှာ နောက်ဆုံးအချိန်အထိအခွင့်အရေးဆိ
သက်တန့်ချို
The dreams will come true အားခံစားဘာသာပြန်သည် ။
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။