Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Tuesday, January 29, 2013

မိတ်ဆွေ ကောင်းကို ရွေးချယ် ပေါင်းစေချင်

KhingKhing Su shared Royal Hero Media's photo.
မိတ်ဆွေ ကောင်းကို ရွေးချယ် ပေါင်းစေချင်
======================

လေပြင်း မုန်တိုင်း ဒဏ်ကြောင့် ကွဲကွာသွားသော ကျေးသား ညီနောင် အနက် လူဆိုးများ လက်အတွင်း ရောက်သွားသော ကျေးသားငယ်၏ ကြမ်းကြုတ် မှုနှင့် ရသေ့ သူတော်စင် တို့ထံ ရောက်သွားသော ကျေးသား ငယ်၏ နူးညံ့ သိမ်မွေ့မှုကို လူငယ်တိုင်း ကြားဖူးနားဝ ရှိကြပါသည်။ ထိုနည်းတူ မသူတော် ဒေဝဒတ်နှင့် ပေါင်းမိပြီး အဖသတ်သား ဟူသော ဘွဲ့ကို ယူခဲ့သော အဇာတသတ် အကြောင်းကိုလည်း လူငယ် တော်တော် များများ ကြားဖူး၊ ဖတ်ဖူး ကြပါသည်။

လူမိုက်ဆိုလျှင် ရှောင်သွေ လွှဲလို့၊ မမှီဝဲနဲ့ ကင်းအောင်နေ၊ ပညာရှိကို အရှည်တွဲလို့၊ မှီဝဲ ဆည်းကပ် နည်းယူစေ --- ဟူသော မင်္ဂလာ တရားကို ဆရာဒဂုန် ဦးထွန်းမြင့်သည် လူငယ်များ အလွယ်တကူ ကျက်မှတ် နိုင်အောင် ဤသို့ စာဖွဲ့ခဲ့သည်။ အချို့သော ဗုဒ္ဓဘာသာ အခြေခံ သင်တန်းများ၊ စာရိတ္တ ဓမ္မ သင်တန်းများတွင် ယခုတိုင် သင်ကြား ပေးနေဆဲ ဖြစ်ပါသည်။ လူမိုက်နှင့် မပေါင်းသင်းခြင်းသည် မင်္ဂလာ မည်၏။ ပညာရှိ လူလိမ္မာနှင့် ပေါင်းဖော် ဆည်းကပ်ခြင်းသည် မင်္ဂလာ မည်၏ ဟုဆိုပါသည်။

လူတစ်ယောက်၏ ဘဝ၌ မိမိ၏ ကိုယ်ပိုင် ဆုံးဖြတ် လုပ်ကိုင်မှုသည် အဓိက ဖြစ်သော်လည်း ထိုဆုံးဖြတ် လုပ်ကိုင်မှု မှန်အောင် မှားအောင် လှုံ့ဆော် ပေးနိုင်သော တွန်းအားကြီး တစ်ခုမှာ အပေါင်း အသင်းပင် ဖြစ်ပေသည်။ အထူးသဖြင့် လူငယ်များ၏ သဘော သဘာဝမှာ အပေါင်းအသင်းကို ခင်မင် တွယ်တာပြီး အပေါင်းအသင်း၏ အငြိုအငြင်ကို မခံနိုင် ကြသူများ ဖြစ်ခြင်းကြောင့် အပေါင်းအသင်း မမှားမိ ကြစေရန် အထူး အရေးကြီး လှပေသည်။

မကောင်းသော အပေါင်းအသင်း များကြောင့် မူးယစ်ဆေးဝါး သုံးစွဲသော လူငယ်များသည် ဥပဒေ အရ ထောင်ဒဏ် ငါးနှစ်မှ ၁ဝ နှစ် ကျခံလိုက်ရသည် ဆိုပါစို့။ အညွန့်ထွက်စ ပင်ပျို ကလေးအား အမြစ်မှ ခုတ်ပိုင်း လှဲလိုက်သကဲ့သို့ ထောင်ထွက် လူငယ်လေး၏ ဘဝမှာ တွေးပင် မတွေးဝံ့ စရာ ဖြစ်ပါသည်။ လူငယ်များ မူးယစ် ဆေးဝါး သုံးစွဲမှုကို သုတေသန ပြုလုပ်ရာတွင် အများစုမှာ အပေါင်းအသင်း များ၏ ဆွဲဆောင်မှုနှင့် မြှောက်ပေးမှုကို မလွန်ဆန် နိုင်သောကြောင့် သုံးစွဲ မိခြင်း ဖြစ်ကြောင်း တွေ့ရပေသည်။

လူမိုက်နှင့် ပေါင်းမိ၍ လူမိုက် ဖြစ်သွား ကြတာတွေ ရှိ၍ လူမိုက်နှင့် ကင်းအောင် နေပါဟု လူကြီးမိဘ အဆက်ဆက် တို့က စကားလုံး အမျိုးမျိုးဖြင့် ဆိုဆုံးမ ခဲ့ကြသည်။ လူဆိုသည်မှာ အသိုက် အဝန်းနှင့် နေရသော သဘောရှိရာ အပေါင်းအသင်း မှားမည်စိုး၍ အထီးတည်း နေ၍လည်း မရချေ သို့မဟုတ် အပေါင်းအသင်း များလွန်းလျှင်လည်း ကောင်းသည်ဟု ပြော၍မရပါ။ မိမိ ပတ်ဝန်းကျင်တွင် ထိတွေ့ ဆက်ဆံ နေရသော လူပေါင်း များစွာ ထဲမှ မိတ်ကောင်း၊ ဆွေကောင်းများကို ရွေးချယ် ပေါင်းသင်းခြင်း သည်သာ မိမိဘဝ အောင်မြင်ရေးကို အထောက်အကူ ပြုပါမည်။ မိတ်ကောင်း၊ ဆွေကောင်းကို ရွေးချယ် ပေါင်းသင်း အပ်ကြောင်း သာဓက မြောက်မြားစွာ ရှိပါသည်။

မိတ်ဆွေကောင်းကို ရွေးချယ်ေ ပါင်းသင်းမည် ဆိုလျှင် မိမိ ကိုယ်တိုင်က မိတ်ဆွေစစ်၊ မိတ်ဆွေကောင်း လက္ခဏာနှင့် ညီရန် လိုအပ်ပေသည်။ မိတ်ဆွေ ကျင့်ဝတ် ငါးပါး ရှိကြောင်း မှတ်သား ခဲ့ဖူးပါသည်။ မိတ်ဆွေတို့အား အခါ အားလျော်စွာ ကျွေးမွေး ပေးကမ်းခြင်း၊ ချစ်ခင် ပြောဆို ဆက်ဆံခြင်း၊ သူ့အကျိုးကို ဖြောင့်မှန်စွာ ဆောင်ကြဉ်းပေးခြင်း၊ ဂုဏ်တုဂုဏ်ပြိုင် မပြုလုပ်ခြင်း၊ မိမိကိုယ်ကို ယုံကြည် စိတ်ချမှုကြောင့် မည်သည့် ကိစ္စမှ ချွတ်ယွင်းမှု မရှိစေခြင်း ဟူသော မိတ်ဆွေ ကျင့်ဝတ် ငါးပါးကို မကျိုးပေါက်အောင် ဖြည့်ဆည်း ဆောင်ရွက်ရန် လိုပါသည်။

လူချစ်လူခင် များသောနည်း၊ မျက်နှာ ပွင့်လန်း သောနည်း၊ လူအများ အပေါ် ကျော်ဇော အောင်မြင် သောနည်း စသည့် နည်းမျိုးစုံ ရှိပါသည်။ စာအုပ် စာပေ များတွင် ဖော်ပြ ထားပါသည်။ အထူးသဖြင့် နိုင်ငံရပ်ခြား တိုင်းပြည်များတွင် အသုံးများသော ထိုနည်းလမ်း ကောင်းများကို ဘာသာပြန် ဖော်ပြထားသည့် စာအုပ် အများအပြား ရှိသဖြင့် ဖတ်ဖူး မှတ်ဖူးသူတွေ များပါသည်။ သို့သော် မိမိ အပေါင်းအသင်း မိတ်ဆွေများ အပေါ် စိတ်နှလုံး ရိုးသား ဖြူစင်စွာ မည်သည့် အရာမျှ မမျှော်ကိုးဘဲ ကောင်းကျိုး ဆောင်ရွက် ပေးခြင်းကား မိမိကိုယ် မိမိပင် လေးစား ကြည်ညိုရသော လုပ်နည်း ဖြစ်ပါသည်။

မိမိက ဖြောင့်မတ် မှန်ကန်စွာ ရပ်တည်ပြီးလျှင် မိတ်ဆွေစစ် များကို စိစစ် ရွေးချယ် ပါက မိတ်ဆွေစစ် များသည် မိမိနှင့် ပို၍ နီးကပ် လာပါမည်။ မရဲတရဲ ချဉ်းကပ် လာသော မိတ်ဆွေတု များကိုလည်း ပြတ်သားစွာ စည်းခြား လိုက်ရန် လိုပေသည်။ မိမိက ကျွေးတုံ့ ကျွေးလှည့် ရှိပါက ကျွေးမွေး ပေးကမ်း လိုက်ပြီး သူ့အလို မလိုက်မိ စေရန် သတိကြီးစွာ ထားရန် ဖြစ်ပါသည်။ မိတ်ဆွေတုသည် မိမိကို ချစ်ခင်ယောင်ဖြင့် အမှောင်ထဲသို့ လက်တွဲ ခေါ်ပေလိမ့်မည်။ မိမိ အကျိုး ပျက်စီး စေမှုသည် သူ့အကျိုး ဖြစ်ထွန်းစေမှု ဖြစ်အောင် ဖြားယောင်း တတ်ပါသည်။

အချို့လူငယ် များသည် လူမိုက်များ၊ မိတ်ဆွေတု များနှင့် ပေါင်းမိ၍ အကျင့် စာရိတ္တ ပျက်သွား တတ်ကြသည်။ လူငယ်ဘဝ ဖြစ်နေ၍ အတွေ့အကြုံ ကလည်း မကြွယ်ဝ၊ အမှန်နှင့် အမှားကိုလည်း ခွဲခြားနိုင်ခြင်း မရှိ၍ လူမိုက်များ၊ မိတ်ဆွေတု များ၏ သွေး ဆောင်ရာသို့ လိုက်ပါ မိသဖြင့် ဒုက္ခမျိုးစုံ ကြုံရ တတ်ပေသည်။

ဤမျှဆိုလျှင် လူမိုက်နှင့် လူလိမ္မာ တို့၏ သရုပ်သကန် ပေါ်ပေါက် ပါပြီဟု ယူဆ ပါသည်။ ဤအတွေး အရေးသည် လူငယ် လူရွယ်များသို့ တိုက်ရိုက် ရည်ညွှန်းခြင်း ဖြစ်ရာ လူငယ်လူရွယ် တို့၏ ဘဝခရီး တစ်လျှောက် အပေါင်း အသင်းကို စိစစ်ပြီး ရွေးချယ် ပေါင်းသင်း ကြခြင်းဖြင့် ဘဝလမ်းကြောင်း ကို ကောင်းအောင် လျှောက်လှမ်း နိုင်ပါစေဟု ဆန္ဒပြု တိုက်တွန်း လိုက်ရ ပါသည်။

မြဝတီဆောင်းပါး

လေပြင်း မုန်တိုင်း ဒဏ်ကြောင့် ကွဲကွာသွားသော ကျေးသား ညီနောင် အနက် လူဆိုးများ လက်အတွင်း ရောက်သွားေ...သာ ကျေးသားငယ်၏ ကြမ်းကြုတ် မှုနှင့် ရသေ့ သူတော်စင် တို့ထံ ရောက်သွားသော ကျေးသား ငယ်၏ နူးညံ့ သိမ်မွေ့မှုကို လူငယ်တိုင်း ကြားဖူးနားဝ ရှိကြပါသည်။ ထိုနည်းတူ မသူတော် ဒေဝဒတ်နှင့် ပေါင်းမိပြီး အဖသတ်သား ဟူသော ဘွဲ့ကို ယူခဲ့သော အဇာတသတ် အကြောင်းကိုလည်း လူငယ် တော်တော် များများ ကြားဖူး၊ ဖတ်ဖူး ကြပါသည်။

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။