“မရှောင်ရင်လွတ်တယ်”
ဟူသည့်နာမည်ကျော်စကားသည် ကာတွန်းဆွေမင်း(ဓနုဖြူ)၏မြိုင်ရာဇာ
တွတ်ပီရုပ်ပြဇာတ်လမ်းများထဲမှ တိရိစ္ဆာန်လေးများ၏လက်သုံးစကားဖြစ်သည်။
မုဆိုးကျော်တွတ်ပီ၏
အလွဲလွဲအချော်ချော်ပစ်ချက်ကိုရှောင်မှတည့်တည့်တိုးသွားသည့်သတ္တ၀ါ၏အဖြစ်မှာ
ငိုအားထက်ရယ်အား ပိုစေ၏။ ဘာကြောင့်ထိုကဲ့သို့ရယ်ရွှင်ပြုံးစေသည့်ရလာဒ်ကို ပေးသနည်းဟု
ဆန်းစစ်သော် situational irony ဟုခေါ်သည့်အဖြစ်ကို verbal irony
နှင့်အားဖြည့်ကာတန်ဆာဆင် ပေးလိုက်သောကြောင့်ဖြစ်သည်။ အင်္ဂလိပ်စာပေတွင်
ငေါ့ပြောခြင်း၊ ရွဲ့ပြောခြင်းသည်လည်း အလင်္ကကာတန်းဝင် figure of speech
တစ်ခုဖြစ်ပေသည်။
irony ကိုဝိကီပီးဒီးယားက Irony (from the Ancient Greek εἰρωνεία eirōneía,) meaning dissimulation or feigned ignorance)[1] is a rhetorical device, literary technique, or situation in which there is an incongruity between the literal and the implied meaning.
ဟုဖွင့်ဆိုထားသည်။ မူရင်းအနက်နှင့်ဂယက်အနက်တို့ မတူညီ၊ ဆန့်ကျင်ဖက်အသွင်ဆောင်နေသော အခြေအနေ၊ နှုတ်မှုရေးရားနည်းနာ၊ စာပေတန်ဆာတစ်မျိုးဖြစ်သည်။ irony အသုံးသည် ပရိတ်သတ်နှစ်မျိုးလိုအပ်သည်ဟုဆိုသည်။ ကိုယ်ပြောလိုက်သည့်စကားတစ်ခွန်းကို ကြားသော်လည်း ကိုယ်ပစ်မှတ်ထားသည့်အဓိပ္ပါယ်ကိုနားမလည်သည့်လူနှင့် ကြားပြီးဆင့်ပွားနားလည်သူတို့ဖြစ်သည်။
HW Fowler ၏ A Dictionary of Modern Usage တွင် Irony is a form of utterance that postulates a double audience, consisting of one party that hearing shall hear & shall not understand, & another party that, when more is meant than meets the ear, is aware both of that more & of the outsiders' incomprehension. ဟုဆိုထားလေသည်။
ခေတ်သစ်စာပေသီအိုရီတွေက irony ကို verbal, situational နှင့် dramatic ဟု၍ခွဲခြားကြသည်။
Verbal irony
Verbal irony သည် ရည်ရွယ်သည့်အဓိပ္ပါယ်နှင့်ဆန်ကျင်ဖက်စကားကိုပြောခြင်းဖြစ်သည်။ ပြောသူ၏ ခံစားချက်ကိုဖော်ပြလို၍လည်းကောင်း၊ ကြားရသူတစ်စုံတစ်ရာခံစားစေလို၍လည်းကောင်း တမင်ပြောခြင်းမျိုးဖြစ်သည်။ အသားမည်းမည်းနဲ့လိမ္မော်ရောင်အင်္ကျီဝတ်လာသူ သူငယ်ချင်းကို “မင်းနဲ့ဒီအင်္ကျီကတော့အရမ်းလိုက်တာပဲဟေ့” နောက်ပြောင်ခြင်းသည် တကယ်တော့လုံးဝ မလိုက်ဖက်ဘူး ဟုပြောချင်၍ပင်။ verbal ဟူသည့်အတိုင်း ပြောသူ၏စကားလုံးအသံနေအသံထား၊ မျက်နှာအမူအရာတွေက သူဆိုလိုသည့်အဓိပ္ပါယ်ကိုညွှန်ပြနေသည်။ verbal irony သည်အသုံး အများဆုံး irony အမျိုးအစားပင်ဖြစ်သည်။ ဟာသရသမြောက်စေရန်သော်လည်းကောင်း၊ သူတပါးအားစကားနာထိုးရာတွင်လည်းကောင်း၊ ပစ်တင်ရှုံ့ချရာတွင်လည်းကောင်းအမျိုးစုံ သုံးစွဲကြလေ့ရှိသည်။
သို့ရာတွင်သုံးစွဲသည့်အခြေအနေနှင့်အချိန်အခါသည်အလွန်အရေးကြီးသည်။ ဥပမာအလင်္ကာနှင့်တွဲကာ ironic smilie အဖြစ်လည်းသုံးနိုင်သည်။
“The cake is as soft as concrete” “ကိတ်မုန့်ကတော့နူးညံ့လိုက်တာ၊ အင်္ဂတေကျနေတာပဲ။”
"Water is as clear as mud" “ကြည်လိုက်တဲ့ရေ၊ ရွှံ့ကျနေတာပဲ” စတာမျိုးပြောဆိုခြင်းများသည် အညာမှ လှတောသားတို့ပြောဆိုပုံများကဲ့သို့ပင်။
Irony နှင့် sarcasm တို့သည်ရောထွေးတတ်ကြသည်။ နှစ်ခုစလုံးသဘောတရားတူညီကြသော်လည်း sarcasm ကတစ်ဖက်သားကို သရော်သည့်သဘော၊ စော်ကားသည့်သဘောတွေပါဝင်သည်။
Dramatic irony
သူကတော့ ပြဇာတ်များ၊ ၀တ္ထုဇာတ်လမ်းများတွင် သရုပ်ဆောင်သူနှင့်ကြည့်ရှုသူအကြားသိမှုကွာဟ ချက်ကိုပုံဖော်ခြင်းမျိုးဖြစ်သည်။ ပရိတ်သတ်က ရှေ့ဘာဖြစ်မည်ကိုကြိုတင်သိနေပေမယ့် အထဲကသရုပ်ဆောင်ကတော့ မသိ။ သရုပ်ဆောင် ဒီညသေမယ်ဆိုတာသိနေတဲ့အခြေအနေမှာ “မင်းကိုမနက်ဖန်လာတွေ့မယ်”ဟုပြောလိုက်ခြင်းသည် dramatic irony ဖြစ်သည်။ သူရဲကားများနှင့်လူသတ်ဇာတ်လမ်းကားများကအကောင်းဆုံးဥပမာဖြစ်သည်။ Jim Carrey ၏ နာမည်ကျော်ဇာတ်လမ်းဖြစ်သည့် The Trueman Show တွင် မင်းသားဖြစ်သူ Trueman ကသူ့ကိုယ်သူ ရုပ်သံဇာတ်လမ်းထဲတွင်ရိုက်ကူးပြသခြင်းခံနေရသည်ကိုမသိပေမယ့် ပရိတ်သတ်က သိနေပေသည်။
Situational irony
Situational irony သည်အဖြစ်အပျက်တွေဟာ မျှော်လင့်ထားတာကတစ်မျိုး၊ တကယ့်ရလာဒ် ကတစ်မျိုးဖြစ်သည့်အခြေအနေမျိုးကိုဆိုလိုသည်။ လူသားတို့၏မရေရာသည့်ဘ၀၊ အံ့အားသင့်ဖွယ်သဘာဝတရားကိုသရုပ်ဖော်သည်။ ဘယ်လိုမှမနစ်မြုပ်နိုင်ဟူသည့် တိုက်တန်းနစ် သင်္ဘောကြီးနစ်မြုပ်သွားခြင်းသည်လည်းကောင်း၊ အစပိုင်းကဖော်ပြခဲ့သည့် ဆွေမင်း(ဓနုဖြူ)၏ မရှောင်လျင်လွတ်တယ် သည်လည်းကောင်း situatioal irony ပင်ဖြစ်ပေသည်။
Irony လိုပြောတာတခြား၊ ရည်ရွယ်တာတစ်ခြားဖြစ်စေသည့် အလင်္ကာတစ်မျိုးရှိသေးသည်။ သူက Litotes ဟုခေါ်သည်။ ရည်ရွယ်ရည်ရာကိုတိုက်ရိုက်မပြော။ သူ၏ဆန့်ကျင်ဘက်ကို ထပ်မံဆန့်ကျင်ပြောခြင်းဖြင့်သိစေသည်။ An ironical understatement in which affirmative is expressed by the negation of the opposite ဟုအဓိပ္ပါယ်ဖွင့်ကြသည်။ အင်္ဂလိပ်၊ ရုရှား၊ ပြင်သစ် ဘာသာတွေတွင်အသုံးများသည်။ တကယ့်အရှိ တရားထက်ဖော့ပြောခြင်းမျိုးဖြစ်သည်။ double negative များဖြင့်ပြောကြသည်။ အောက်ပါနမူနာတို့တွင်လေ့လာကြည့်နိုင်ပါသည်။
litotes များသုံးခြင်းဖြင့် စာဖတ်သူကိုတွေးရိုးတွေးစဉ်အတိုင်း မဟုတ်ဘဲ အာရုံပိုစူးစိုက်စေသည်။ ဆင့်ပွား၍တွေးရသည်။ ဒီလိုနှင့်လှပသည့်စာပေ၊ စကားများဖြစ်လာသည်။ Frederick Douglass ၏ "Freedom now appeared, to disappear no more forever" ဆိုသည့် litotes သုံးကာထားသည့် ရေးအသားမှာအလွန်လှပသည့် စကားစုလေးပင်ဖြစ်သည်။
တိရိစ္ဆာန်တို့ကအသံသာထွက်တတ်သည်။ စကားမပြောတတ်ကြ။ လူသားတို့သည်ကား အသံထွက်တတ်သည်။ စကားပြောတတ်သည်သာမက ပြောသည့်စကားကိုလည်း ကိုယ်လိုရာ ရောက်အောင် ကွေ့ကာဝိုက်ကာ၊ ဖွဲ့ကာနွဲ့ကာလည်းပို့ဆောင်တတ်သည်။ ပို၍အသွေးအရောင် လှပလာအောင်လည်းတန်ဆာဆင်တတ်လေသည်။ ပို၍ရနံ့သင်းထုံအောင်နည်းမျိုးစုံ လည်းသုံးတတ် ကြသည်။ အဆိုပါနည်းမှာ အလင်္ကာဆိုသည့် စကားလုံးများကိုပုတီးကုံးပမာ ရွေးသီခြင်းဟုသာ ဆိုချင်ပါတော့သည်။
ဇာနည်(MyWay!)
ဆက်စပ်ဖတ်ရန် “စကားတန်ဆာအလင်္ကာ”

Litotes: | As a means of saying: |
"Not bad." | "Good." |
"[...] no ordinary city." | "[...] a very impressive city." |
"That [sword] was not useless / to the warrior now." (Beowulf lines 1575–1576) | "The warrior has a use for the sword now." |
"He was not unfamiliar with the works of Dickens." | "He was acquainted with the works of Dickens." |
"She is not as young as she was." | "She's old." |
"He's no oil painting." | "He's ugly." |
"Not unlike..." | "Like..." |
"You are not wrong." | "You are correct." |
litotes များသုံးခြင်းဖြင့် စာဖတ်သူကိုတွေးရိုးတွေးစဉ်အတိုင်း မဟုတ်ဘဲ အာရုံပိုစူးစိုက်စေသည်။ ဆင့်ပွား၍တွေးရသည်။ ဒီလိုနှင့်လှပသည့်စာပေ၊ စကားများဖြစ်လာသည်။ Frederick Douglass ၏ "Freedom now appeared, to disappear no more forever" ဆိုသည့် litotes သုံးကာထားသည့် ရေးအသားမှာအလွန်လှပသည့် စကားစုလေးပင်ဖြစ်သည်။
တိရိစ္ဆာန်တို့ကအသံသာထွက်တတ်သည်။ စကားမပြောတတ်ကြ။ လူသားတို့သည်ကား အသံထွက်တတ်သည်။ စကားပြောတတ်သည်သာမက ပြောသည့်စကားကိုလည်း ကိုယ်လိုရာ ရောက်အောင် ကွေ့ကာဝိုက်ကာ၊ ဖွဲ့ကာနွဲ့ကာလည်းပို့ဆောင်တတ်သည်။ ပို၍အသွေးအရောင် လှပလာအောင်လည်းတန်ဆာဆင်တတ်လေသည်။ ပို၍ရနံ့သင်းထုံအောင်နည်းမျိုးစုံ လည်းသုံးတတ် ကြသည်။ အဆိုပါနည်းမှာ အလင်္ကာဆိုသည့် စကားလုံးများကိုပုတီးကုံးပမာ ရွေးသီခြင်းဟုသာ ဆိုချင်ပါတော့သည်။
ဇာနည်(MyWay!)
ဆက်စပ်ဖတ်ရန် “စကားတန်ဆာအလင်္ကာ”
Read more: အထေ့အသောဝေ့၀ိုက်ပြော (Irony and Litotes) - Myanmar Network http://www.myanmar-network.net/forum/topic/show?id=3423487%3ATopic%3A793991&xgs=1&xg_source=msg_share_topic#ixzz2JR8te900
http://www.lubo601.com/2013/01/irony-and-litotes.html#more
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။