Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Tuesday, January 29, 2013

ရည်မှန်းချက်အောင်မြင်ဖို့ ခြေလှမ်းခုနှစ်လှမ်း


 Thet Ko Oo
  အနာဂတ်ဆိုတာ တကယ်တော့ သင့်ကိုယ်တိုင် ဖန်တီးရမဲ့အရာ…
သင်လိုချင်တဲ့ ဘဝမျိုးပိုင်ဆိုင်ရရှိဖို့ အဆင်သင့်ဖြစ်ပြီလား။
အောက်မှာဖော်ပြထားတာကတော့ လိုချင်တဲ့ ဘဝမျိုးရရှိဖို့ သင်ပြုလုပ်ရမဲ့ ခြေလှမ်းခုနှစ်လှမ်းပါ။

 (၁)စိတ်ကူးကြည့်ပါ
ကျွန်တော်တို့ အများစု တွေးထင်မိတာ ရှိပါတယ်။ ကျွန်တော်တို့ဟာ ဆွဲဆောင်မှုရှိမယ်၊ စမတ်ကျမယ်၊ ရိုးသားဖြောင့်မတ်မယ်၊ ဒါမှမဟုတ် အလုပ်ကြိုးစားမယ်ဆိုရင် ကျွန်တော်တို့ရဲ့ဘဝဟာ လိုချင်တဲ့အတိုင်း ပဉ္စလက်ဆန်ဆန် ပြောင်းလဲသွားလိမ့်မယ်။ ဒါပေမဲ့ သင်ဖြစ်ချင်တဲ့ဘဝဟာ ဘယ်လိုဘဝမျိုးဆိုလဲတာ ပြတ်ပြတ်သားသား စဉ်းစားမထားခဲ့ဘူးဆိုရင်တော့ လိုချင်တဲ့ဘဝကို ဖန်တီးနိုင်ဖို့ ခက်ခဲပါတယ်။ ဒါကြောင့် တစ်နှစ်၊ ငါးနှစ်၊ ဆယ်နှစ်အတွင်း သင်ရောက်ချင်တဲ့ ရည်မှန်းချက်နေရာမျိုး စဉ်းစားထားပြီး စာရွက်ထဲ ရေးချထားလိုက်ပါ။

(၂)စိတ်ကူးအိပ်မက် ကြီးကြီးမက်ပါ
“ငါးပေါင် ဝိတ်ကျရမယ်လို့ ပြောထားတဲ့လူတစ်ဦးဟာ ဆယ်ပေါင်ဝိတ်ကျသွားတယ်ဆိုတာ မရှိပါဘူး”လို့ ဟယ်လ်ဗာဆင်က ပြောပါတယ်။သူမဟာ ရည်မှန်းချက်စိတ်ပညာနဲ့ပတ်သက်ပြီး တိကျပြတ်သားတဲ့ ပြဌာန်းစာအုပ်တွေကို လုပ်ဖော်ကိုင်ဖက်တစ်ယောက်နဲ့ ပူးတွဲရေးသားခဲ့သူပါ။ “အောင်မြင်မှုဆိုတဲ့ ကျွန်တော်တို့ပန်းတိုင်ဆီ ဘယ်လိုရောက်နိုင်မလဲ”ဆိုတဲ့ သူမ ရေးသားခဲ့တဲ့စာအုပ်ကို ဈေးကွက်ထဲမှာ ဝယ်ယူရရှိနိုင်ပါပြီ။
သင်ဟာ ရည်မှန်းချက် မြင့်မြင့်ထားတဲ့အခါ သင်ရဲ့ သတိမမှုမိတဲ့ဦးနှောက်ဟာ လက်ရှိရောက်နေတဲ့နေရာနဲ့ အနာဂတ်မှာ ရောက်လိုရာနေရာအကြား ကြီးမားတဲ့ခြားနားချက်ကို စုံစမ်းသိရှိလာပါတယ်။ ပြီးတော့ အဲဒီနေရာရောက်ဖို့ အာရုံစူးစိုက်မှု၊ အားထုတ်မှု၊ မှတ်ဥာဏ်ကဲ့သို့သော သယံဇာတပစ္စည်းတွေ ဖန်တီးပေးပါတယ်။ စိတ်ပိုင်းဆိုင်ရာ သယံဇာတပစ္စည်းတွေ ပိုများလေ အောင်မြင်ဖို့ အခွင့်အလမ်းလည်း ပိုများလေပါပဲ။

(၃)ဥစ္စာပစ္စည်းဆိုတာ ပြည့်စုံလုံလောက်မှုမရှိနိုင
သင်ဟာ ကားတစ်စင်းရဖို့ ရည်မှန်းထားတယ်ဆိုပါစို့။ နာမည်ကျော်ကြားမှုနဲ့ ကံကြမ္မာကဲ့သို့သော ကိုယ်ကျိုးအခြေပြု ပန်းတိုင်တွေဟာ စစ်မှန်ပြီး ရေရှည်တည်တံ့တဲ့ ပျော်ရွှင်မှုမျိုး မဖန်တီးပေးနိုင်ပါဘူးလို့ သုတေသနတွေက ဆိုပါတယ်။ အဲဒီအရာတွေအစား ကျွန်တော်တို့ဟာ လူသားတို့ရဲ့ အခြေခံလိုအပ်ချက်သုံးခုကို ဖြည့်ဆည်းပေးနိုင်တဲ့ ရည်မှန်းချက်တွေကိုသာ လုပ်ဆောင်ဖို့လိုတယ်လို့ ဟယ်လ်ဗိုဆင်က ပြောပါတယ်။ ဒီသုံးချက်ကတော့ အခြားသူတွေနဲ့ ဆက်နွယ်မှု၊ အရည်အချင်းကို နားလည်မှု နှင့် ကျွန်တော်တို့ဘဝနဲ့ပတ်သက်ပြီး ဆုံးဖြတ်ချက်ချရာတွင် လုပ်ပိုင်ခွင့်အာဏာ တို့ပါပဲ။ ဒါ့ကြောင့် သင့်ရဲ့ ကားဂိုဒေါင်ထဲမှာ တောက်ပသစ်လွင်တဲ့ BMW ကားတစ်စင်း ရှိနေဖို့ စိတ်ကူးယဉ်နေမဲ့အစား သင့်ဘဝမှာ လူအဖွဲ့အစည်းရဲ့ အကျိုးစီးပွားကို ဘယ်လိုဖန်တီးပေးမလဲ၊ ကောင်းတယ်လို့ထင်ထားတာတွေကို ဘယ်လိုလုပ်ဆောင်မလဲ၊ ထိန်းချုပ်မှု ဘယ်လိုလုပ်ရမလဲ ဆိုတာကိုပဲ စိတ်ကူးယဉ်လိုက်ပါ။

(၄)လက်တွေ့ကျပါစေ
ဒါဟာ လွယ်ကူလိမ့်မယ်လို့ ထင်မြင်နေမယ်ဆိုရင်တော့ တကယ်လွယ်ကူမှာ မဟုတ်ပါဘူး။ အောင်မြင်မယ်လို့ ယုံကြည်ထားတဲ့လူတွေ၊ အောင်မြင်မှုဟာ အလွယ်တကူ မရနိုင်ဘူးလို့ ယုံကြည်ထားတဲ့လူတွေဟာ ပိုပြီး အားထုတ်ကြိုးပမ်းကြပါတယ်။ သူတို့ဟာ ပြဿနာပေါ်လာရင် ဘယ်လိုဖြေရှင်းရမယ်ဆိုတာ အစီအစဉ်ချထားတယ်။ ပြီးတော့ အခက်အခဲကိုလည်း အချိန်အတော်ကြာအောင် ခုခံရင်ဆိုင်ကြပါတယ်။ ဒီလိုလူမျိုးတွေဟာ စောစောစီးစီး အရှုံးပေးလိုက်တဲ့ လူတွေထက် အောင်မြင်မှုရဖို့ ပိုပြီး ဖြစ်နိုင်ခြေရှိပါတယ်။

(၅) တိကျမှုရှိပါ
“ငါလေ့ကျင့်ခန်းလုပ်မယ်”ဆိုတာ “တနင်္ဂနွေ၊ ဗုဒ္ဓဟူး၊ သောကြာနေ့တွေမှာ နံနက် ငါးနာရီကနေ ခြောက်နာရီထိ လမ်းလျှောက်မယ်” ဆိုတာလောက် ထိရောက်မှုမရှိပါဘူး။ ဟယ်လ်ဗာဆင်ဟာ လေ့လာမှု တစ်ရာကျော်ပြုလုပ်ပြီးနောက် “အချို့အရာတွေကို ဘယ်နေရာနဲ့ ဘယ်အချိန်မှာလုပ်မယ်ဆိုတာ ရှင်းလင်းပြတ်သားစွာ ဆုံးဖြတ်ထားခြင်းက သင့်အောင်မြင်မှု အခွင့်အလမ်းကို နှစ်ဆသို့မဟုတ် သုံးဆလောက် တိုးတက်စေနိုင်တယ်”လို့ ပြောပြပါတယ်။ တိကျတဲ့ ပန်းတိုင်တစ်ခုထားရှိခြင်းက သင့်ရဲ့ဦးနှောက်ထဲမှာ အချက်ပြမှု( နံနက်ငါးနာရီထိုးပြီ) ဆိုတာနဲ့ လိုက်နာလုပ်ဆောင်ရမဲ့ အလေ့အကျင့် (ငါလမ်းလျှောက်ရမယ်) အကြား အချိတ်အဆက်တစ်ခုကို ဖန်တီးပေးပါတယ်။

(၆) ချင့်ချိန်ဆုံးဖြတ်ပါ
ရည်မှန်းချက်ပန်းတိုင် ရရှိအောင် လုပ်တဲ့နေရာမှာ တကယ်တော်တဲ့ လူတွေဟာ သူတို့ရဲ့ရည်မှန်းချက်ကို နေ့စဉ် ဒါမှမဟုတ် အပတ်စဉ် စစ်ဆေးပါတယ်။ တစ်ခါတစ်ရံ အိပ်ရာမဝင်မီ နေ့စဉ်မှတ်တမ်းစာအုပ်မှာ ရေးမှတ်လေ့ရှိပါတယ်။ သူတို့ရဲ့ရည်မှန်းချက်တွေ ရောက်ရှိတဲ့အခါ အေးအေးဆေးဆေး အနားယူပါတယ်။ သူတို့ရဲ့ ရည်မှန်းချက်တွေ မရောက်သေးဘူးဆိုရင်တော့ သင့်တော်တဲ့ ပြောင်းလဲမှုတွေ ပြုလုပ်ပါတယ်။ ဟယ်လ်ဗိုဆင်က ပြောပါတယ်။ “တိုးတက်မှုကို စောင့်ကြည့်စစ်ဆေးနေရုံနဲ့ မလုံလောက်ပါဘူး။ ကိုယ်တိုင် မေးခွန်းတွေမေးရမယ်။ ဘယ်နေရာတွေမှာ ငါလုပ်တာ မှန်သလဲ၊ ဘယ်နေရာတွေမှာ မှားနေသလဲ၊ ကျွမ်းကျင်သူတွေဆီက အကြံပေးလမ်းညွှန်ချက်တွေ တောင်းခံဖို့လိုအပ်သလား” အောင်မြင်မှုဆိုတာ အများအားဖြင့် သွားလာရာလမ်းပေါ်မှာ အမှတ်မထင်ရောက်လာတဲ့ အခွင့်အလမ်းတွေ၊ အခက်အခဲတွေနဲ့ အလိုက်သင့်ချိန်ညှိနိုင်ဖို့ နည်းဗျူဟာတွေ ပြောင်းလဲပေးခြင်းကို ဆိုလိုပါတယ်။

(၇) ထုတ်ဖော်မပြောပါနဲ့
အခြားလူတွေကို သင့်ရဲ့ရည်မှန်းချက်ပန်းတိုင်အကြောင်း ထုတ်ဖော်ပြောဆိုခြင်းက တကယ်တော့ အဲဒီပန်းတိုင်ကို ရရှိအောင်မြင်ဖို့သင့်ရဲ့အခွင့်အရေး လျော့နည်းကျဆင်းနိုင်ပါတယ်။ သူတို့ကို သင့်ရဲ့ ရည်မှန်းချက်ပန်းတိုင်တွေ ရှုတ်ချဝေဖန်ဖို့ အခွင့်အရေး ပေးလိုက်တဲ့အတွက်ကြောင့်ပါ။ လူအချို့က အခြားသူတွေကို ပြန်ပြောခြင်းအားဖြင့် သင့်ရည်မှန်းချက်ပန်းတိုင်ကို ပိတ်ဆို့တားဆီးစေနိုင်ပါတယ်။ “သုတေသနအရ လူတွေဟာ ကြီးကျယ်တဲ့ အရာတစ်ခုခု ပြုလုပ်တော့မယ်လို့ထုတ်ဖော်ပြောဆိုလိုက်တဲ့အခါ စိတ်ကြေနပ်မှုတစ်ခုခု ရရှိနိုင်ပါတယ်။ ဒါပေမဲ့ တကယ်စတင် ပြုလုပ်ဖို့အတွက်တော့ သူတို့ရဲ့ စိတ်အားထက်သန်မှုတွေ လျော့နည်းကျဆင်းစေနိုင်ပါတယ်”လို့ ဟယ်လ်ဗိုဆင်က ပြောပါတယ်။ ဒါ့ကြောင့် သင့်ရည်မှန်းချက်ပန်းတိုင်တွေကို သင့်ဆီမှာပဲ သိမ်းထားလိုက်ပါ။

နေလင်းအောင် ဘာသာပြန်ဆိုသည်။
Ref; 7 Steps to Achieve Any Goal by Nathaniel Reade

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။