ဒီစစ်ပြီးတဲ့အခါ . . .
(၁)
တဖျောက်ဖျောက် နဲ့ သေမင်းတံခါးဝဟာ
ဖိတ်တ၀က်စင်တ၀က် ၀ိဥာဉ်ခေါ်သံတွေနဲ့
အိပ်မက်တွေကို ဖျက်ကနဲ သတ်ချလိုက်တယ်
(၂)
ပြီးဆုံးသွားပါပြီ . . .အရာရာပြီးဆုံးသွားပါပြီတဲ့
ငြိမ်းချမ်းရေးအလံတွေလွှင့် . . .
ရင်ထဲတော့ တဆစ်ဆစ် နာကျင်နေလိုက်ရတာ
“ နေခြည်မှာ ရွှေရည်လောင်း ငါတို့စာသင်ကျောင်း ”
မဟောင်းတဲ့ ဇာတ်လမ်းသစ်ကြီးမှာ ဗုံးဆံတွေ ပျံ့ကျဲ
ခနော်နီခနော်နဲ့ . ယိုင်နဲ့နေဆဲပါလား
အမှန်တရားကို ခံတပ်လုပ်သတဲ့
အဲဒီ လက်နက်တွေက လူသတ်တယ်
အဲဒီ မိုင်းဗုံးတွေက လူသတ်တယ်
အဲဒီ ကျည်ဆံတွေကလူသတ်တယ်
သား . . . ငိုချင်လိုက်တာ မေမေ . . ။
(၃)
သူတို့စာမအံကြတော့ဘူး
တိတ်ဆိတ်မှုက သင်္ချိုင်းမြေထဲက
ဖုတ်ဖတ်ခါထ အလောင်းကောင်တွေ
စာ . . . ထဆို နေကြ
“ ကကြီးကလေးငယ် . . ချစ်စဖွယ် ”
အို . . ဘယ်မှာလဲ မေမေ ရယ်
မျက်ရည်နဲ့ ခါးသီးမှု ဘာလို့ ထပ်တူကြရတာလဲ
ပြည့်တန်ဆာတစ်ယောက်ရဲ့ ဖိနပ်တစ်ရံလောက်တောင်တန်ဖိုးမရှိတဲ့
“ လူ့အခွင့်အရေး ” တွေ ဆုံးရှုံးနေကြ
သား . . မလေးစားနိုင်တာ ခွင့်လွှတ်ပါ မေမေ ။
( ၄)
ရင်ဘတ်ပေါ်က ကြယ်တွေက
ကမ္ဘာဖျက်တံဆိပ်တွေများလား
သေသွားတယ် မေမေ
ကလေးတွေ သေသွားတယ်မေမေ
အဖိုးတွေသေသွားတယ်မေမေ
အဖွားတွေသေသွားတယ်မေမေ
ပြည်သူတွေ သေသွားတယ်မေမေ
နတ်ဆိုးရဲ့ ရွတ်ဆိုမှု ဂါထာ တစ်ဝက်အရောက်မှာ
သားတို့ ရှံးနိမ့်ခဲ့ရတာလား မေမေ
ဇ ဇလပ်ပြာတောင်တန်းပြာမှာ
ဂျိုးဖြူကလေးတွေ မရှိတော့ ဘူး မေမေရယ်
စစ်ဝိဥာဉ်ရဲ့ ခလုတ်တစ်ချက် အဆွဲမှာ
အားလုံးလဲကျသွားတယ် . . .
တစ် . . နှစ် . . .သုံး
ဘယ်တော့မှ လည်း . .မပြီးဆုံးသေးနိုင်ဘူး
အဲဒီပုစ္ဆာ . .ဆက်မတွက်ပါရစေနဲ့လား
(၅)
ဒီနေ့ . . . လယ်ရိတ်ရမယ့်အချိန်
စပါးတွေ မဖူးတော့ဘူး
ပန်းတွေမပွင့်တော့ဘူး
ကျည်ဆံတွေနဲ့ ဗုံးသံတွေက
မိုးကြိုးပစ်သလို အပိုင်းပိုင်းပြတ်ကျ
အရာရာအနန္ဆပေါ့ မေမေ
မြက်ပင်ကလေးတွေအပိုင်းပိုင်းပြတ်ကျ
မိသားစုတွေတွေ . . . အစိတ်စိတ်အမွှာမွှာ ကွဲအက်လိုက်ကြ
ဒီဘ၀ကဖြင့် . . . .
စစ်နတ်ဆိုးရဲ့ ရယ်သံတွေအောက်
အိပ်မက်တွေ တဖျောက်ဖျောက် မြေမြှုပ်ခံလိုက်ရတာပေါ့မေေ မ
(၆)
ဘေးနားကဖြတ်သွားတဲ့ကျည်ဆံမှာ စာနာမှုလေးများ ပါမလား
သား အပြေးအလွှားလိုက်ကြည့်
မမှီလိုက်ပါဘူးမေမေ
သူ့ ရင်ဘတ်ကိုဖောက်ထွင်း . . သွေးစိမ်းတို့လျှံကျ
ခါး . . ခါး . . .ခါး . . . တယ်မေမေ
“ ၀ုန်း ကနဲ ပေါက်ကွဲသံရဲ့တစ်ဖက်
အရပ်လည်းမကယ်နိုင် နတ်လည်းမကယ်နိုင်
ယိုင်နဲ့နဲ့လယ်တောကလေးက
သခင်မဲ့နေရှာတယ် မေမေ
အနာဂါတ်မှာ မျှော်လင့်ချက်ရှိတယ်လို့များ
မနှစ်သိမ့်ပါနဲ့လား
ပြတ်ထွက်သွားတဲ့အသားစိုင်တွေနဲ့အတူ
မနက်ဖြန်တွေပါ . . ပါသွားခဲ့ရပြီ
ဘာများ မှားနေခဲ့လို့လဲဟင်
ဘာများ မှားနေခဲ့လို့လဲဟင်
မျက်ရည်တချို့ . . . သွေးစက်တွေအပေါ် ဖိတ်ကျ
သားတို့ အမြဲ ပဲ နိမ့်ကျနေခဲ့ရ ။
( ၆)
ရှားပါးတဲ့ မိုးရေတစ်စက် ကို ငတ်မွတ်နေတဲ့
ကန္တာရ အိုမှာ . . .
တစ်ခုလပ် မုဆိုးမ တွေနဲ့
သားရူး မိခင် တွေနဲ့
သေမင်းကတော့ ရီနေရှာတယ် မေမေ
“ခလုတ်တစ်ချက်ဆွဲယုံနဲ့ မင်းတို့အသက်တွေ . . ဖျက်ကနဲပါပဲ ” တဲ့
အဖွားအိုရဲ့ မျက်ရည် တွေ သဲသောင်ပြင်ပေါ်ကျ
ကမ္ဘာမကြေတဲ့ မိုးတွေ . . ရွာချလိုက်ကြစမ်းပါ
“ချစ်ခြင်းမေတ္တာ ” ကို ကြက်ခြေခတ်
အရိုင်းအစိုင်းတို့ ဗုံတီးသံတွေကြားမှာ
သားဖြင့် ကြောက်လိုက်တာ မေမေ ရယ် . .
(၇)
သရေဆိုတာ မရှိပါဘူး
ရှုံးရှုံးနိုင်နိုင် အပြိုင် ကျဲတဲ့ ခေတ်ကြီးမှာ
ဝိဥာဉ်တို့ အော်ညည်းသံသာ ကမ္ဘာပျက်မတက်
လောကထဲက အမိမဲ့သားတွေ
. . . . . . . . . .
အနာဂါတ်ကို သီချင်းသံလေးတွေနဲ့မချော့သိ ပ်ကြပါနဲ့
နောက်ဆုံးမှာ
သေဆုံးသွားတဲ့အလောင်းကောင်ေ တွက ရုပ်ရှင်ပြကွက်မဟုတ်ဘူး
သွေးနဲ့ ဆေးတဲ့ မြေတစ်ကွက်မှာ
သားတို့ . . သေခြင်းကို တတ်သွားခဲ့ပုံများ မေမေရယ် . .
(၈)
ကြိုးစင်ထက်က အလံငယ်ဟာ
လေမှာ တ၀င့်ဝင့် . . လူသတ်ကုန်းဆီက
တော်လဲသံတွေ . . . Disaster မဟုတ်ဘူး
တရားဟောသံတွေမဟုတ်ဘူး
စာပေဟောပြောပွဲတွေမဟုတ်ဘူး
ငြိမ်းချမ်းရေးချိုးကူသံတွေ မဟုတ်ဘူး
အဲဒါ . . သေမင်းရဲ့ တောက် ခေါက်သံ
အပြစ်မရှိသူတွေရဲ့ သွေးကို
အပြစ်ရှိသူတို့ သောက်သုံးကြတယ်
အပြစ်မရှိသူတွေရဲ့ ခန္ဓာကို
အပြစ်ရှိသူတို့ စိတ်ခွာ ဖျက်ဆီးကြတယ်
ဘယ်တော့မှ . . . ငရဲက မလွတ်ဘူး
(၉)
ကျည်ဆံ တစ်တောင့်ကို ရောင်းပါ
မိသားစုတစ်နပ်စာ ဖြေရှင်းချင်လို့
လူတွေသွားမယ့်လမ်းမှာ ထောင်မဲ့မိုင်းတွေအစား
ပြောင်းခင်းတွေစိုက်ပါလား ငါ့သား . . .
ခက်တာပဲ မေမေရယ်
စစ်ဆိုတာ ကျည်တွေအဆင့်အတန်းခြင်းပြို င်တဲ့ပွဲ
စာနာမှု ရင်ခွင်ဖြူဖြူမှာ သွေးနီနီတွေစီးကျလာတာ
ဘာများဆန်းသလဲ မေမေ
စစ်က သတ်လေ . . .ပြည်သူတွေက သေလေ
ပေပေတေတေ ဘ၀တွေအားလုံး
အိုးမဲ့အိမ်မဲ့ဖြစ်ကြယုံပေါ့ 
ကမ္ဘာမကြေ သီချင်းသံကို တော့ တိတ်ဆိတ်စွာ ဆိုနေပါရစေ မေမေ
(၁၀ )
မေမေ ပေးတဲ့ ကျောက်တံတစ်ချောင်းနဲ့
သင်ပုန်းအပေါ် ရေးခြစ်မိခဲ့
“ စစ် . . ကို . . မုန်း . . .တယ် ”
လူသားခြင်းစာနာမှု သေဆုံးခြင်းဟာ
လူ့သမိုင်းတစ်ခုလုံး မြေမြုပ်ခံရခြင်းပဲ
လူ့အခွင့်အရေးငတ်မွတ်ခြင်းဟာ
ကလေးငယ်ရဲ့ မျက်ရည်ပဲ
စစ်နတ်ဘုရားရဲ့ ခရာသံကို
မြေတွင်းထဲ ထည့် အုပ်
မိုးတွေ ခပ်အုပ်အုပ်ကလေး
ချုပ်စေချင်လှပြီ မေမေ
ဒီစစ်ပြီးတဲ့အခါ . . .
(သက်တန့်ချို ရေးဖွဲ့သည် )
(၁)
တဖျောက်ဖျောက် နဲ့ သေမင်းတံခါးဝဟာ
ဖိတ်တ၀က်စင်တ၀က် ၀ိဥာဉ်ခေါ်သံတွေနဲ့
အိပ်မက်တွေကို ဖျက်ကနဲ သတ်ချလိုက်တယ်
(၂)
ပြီးဆုံးသွားပါပြီ . . .အရာရာပြီးဆုံးသွားပါပြီတဲ့
ငြိမ်းချမ်းရေးအလံတွေလွှင့် . . .
ရင်ထဲတော့ တဆစ်ဆစ် နာကျင်နေလိုက်ရတာ
“ နေခြည်မှာ ရွှေရည်လောင်း ငါတို့စာသင်ကျောင်း ”
မဟောင်းတဲ့ ဇာတ်လမ်းသစ်ကြီးမှာ ဗုံးဆံတွေ ပျံ့ကျဲ
ခနော်နီခနော်နဲ့ . ယိုင်နဲ့နေဆဲပါလား
အမှန်တရားကို ခံတပ်လုပ်သတဲ့
အဲဒီ လက်နက်တွေက လူသတ်တယ်
အဲဒီ မိုင်းဗုံးတွေက လူသတ်တယ်
အဲဒီ ကျည်ဆံတွေကလူသတ်တယ်
သား . . . ငိုချင်လိုက်တာ မေမေ . . ။
(၃)
သူတို့စာမအံကြတော့ဘူး
တိတ်ဆိတ်မှုက သင်္ချိုင်းမြေထဲက
ဖုတ်ဖတ်ခါထ အလောင်းကောင်တွေ
စာ . . . ထဆို နေကြ
“ ကကြီးကလေးငယ် . . ချစ်စဖွယ် ”
အို . . ဘယ်မှာလဲ မေမေ ရယ်
မျက်ရည်နဲ့ ခါးသီးမှု ဘာလို့ ထပ်တူကြရတာလဲ
ပြည့်တန်ဆာတစ်ယောက်ရဲ့ ဖိနပ်တစ်ရံလောက်တောင်တန်ဖို
“ လူ့အခွင့်အရေး ” တွေ ဆုံးရှုံးနေကြ
သား . . မလေးစားနိုင်တာ ခွင့်လွှတ်ပါ မေမေ ။
( ၄)
ရင်ဘတ်ပေါ်က ကြယ်တွေက
ကမ္ဘာဖျက်တံဆိပ်တွေများလား
သေသွားတယ် မေမေ
ကလေးတွေ သေသွားတယ်မေမေ
အဖိုးတွေသေသွားတယ်မေမေ
အဖွားတွေသေသွားတယ်မေမေ
ပြည်သူတွေ သေသွားတယ်မေမေ
နတ်ဆိုးရဲ့ ရွတ်ဆိုမှု ဂါထာ တစ်ဝက်အရောက်မှာ
သားတို့ ရှံးနိမ့်ခဲ့ရတာလား မေမေ
ဇ ဇလပ်ပြာတောင်တန်းပြာမှာ
ဂျိုးဖြူကလေးတွေ မရှိတော့ ဘူး မေမေရယ်
စစ်ဝိဥာဉ်ရဲ့ ခလုတ်တစ်ချက် အဆွဲမှာ
အားလုံးလဲကျသွားတယ် . . .
တစ် . . နှစ် . . .သုံး
ဘယ်တော့မှ လည်း . .မပြီးဆုံးသေးနိုင်ဘူး
အဲဒီပုစ္ဆာ . .ဆက်မတွက်ပါရစေနဲ့လား
(၅)
ဒီနေ့ . . . လယ်ရိတ်ရမယ့်အချိန်
စပါးတွေ မဖူးတော့ဘူး
ပန်းတွေမပွင့်တော့ဘူး
ကျည်ဆံတွေနဲ့ ဗုံးသံတွေက
မိုးကြိုးပစ်သလို အပိုင်းပိုင်းပြတ်ကျ
အရာရာအနန္ဆပေါ့ မေမေ
မြက်ပင်ကလေးတွေအပိုင်းပိုင်
မိသားစုတွေတွေ . . . အစိတ်စိတ်အမွှာမွှာ ကွဲအက်လိုက်ကြ
ဒီဘ၀ကဖြင့် . . . .
စစ်နတ်ဆိုးရဲ့ ရယ်သံတွေအောက်
အိပ်မက်တွေ တဖျောက်ဖျောက် မြေမြှုပ်ခံလိုက်ရတာပေါ့မေေ
(၆)
ဘေးနားကဖြတ်သွားတဲ့ကျည်ဆံမှ
သား အပြေးအလွှားလိုက်ကြည့်
မမှီလိုက်ပါဘူးမေမေ
သူ့ ရင်ဘတ်ကိုဖောက်ထွင်း . . သွေးစိမ်းတို့လျှံကျ
ခါး . . ခါး . . .ခါး . . . တယ်မေမေ
“ ၀ုန်း ကနဲ ပေါက်ကွဲသံရဲ့တစ်ဖက်
အရပ်လည်းမကယ်နိုင် နတ်လည်းမကယ်နိုင်
ယိုင်နဲ့နဲ့လယ်တောကလေးက
သခင်မဲ့နေရှာတယ် မေမေ
အနာဂါတ်မှာ မျှော်လင့်ချက်ရှိတယ်လို့မျ
မနှစ်သိမ့်ပါနဲ့လား
ပြတ်ထွက်သွားတဲ့အသားစိုင်တေ
မနက်ဖြန်တွေပါ . . ပါသွားခဲ့ရပြီ
ဘာများ မှားနေခဲ့လို့လဲဟင်
ဘာများ မှားနေခဲ့လို့လဲဟင်
မျက်ရည်တချို့ . . . သွေးစက်တွေအပေါ် ဖိတ်ကျ
သားတို့ အမြဲ ပဲ နိမ့်ကျနေခဲ့ရ ။
( ၆)
ရှားပါးတဲ့ မိုးရေတစ်စက် ကို ငတ်မွတ်နေတဲ့
ကန္တာရ အိုမှာ . . .
တစ်ခုလပ် မုဆိုးမ တွေနဲ့
သားရူး မိခင် တွေနဲ့
သေမင်းကတော့ ရီနေရှာတယ် မေမေ
“ခလုတ်တစ်ချက်ဆွဲယုံနဲ့ မင်းတို့အသက်တွေ . . ဖျက်ကနဲပါပဲ ” တဲ့
အဖွားအိုရဲ့ မျက်ရည် တွေ သဲသောင်ပြင်ပေါ်ကျ
ကမ္ဘာမကြေတဲ့ မိုးတွေ . . ရွာချလိုက်ကြစမ်းပါ
“ချစ်ခြင်းမေတ္တာ ” ကို ကြက်ခြေခတ်
အရိုင်းအစိုင်းတို့ ဗုံတီးသံတွေကြားမှာ
သားဖြင့် ကြောက်လိုက်တာ မေမေ ရယ် . .
(၇)
သရေဆိုတာ မရှိပါဘူး
ရှုံးရှုံးနိုင်နိုင် အပြိုင် ကျဲတဲ့ ခေတ်ကြီးမှာ
ဝိဥာဉ်တို့ အော်ညည်းသံသာ ကမ္ဘာပျက်မတက်
လောကထဲက အမိမဲ့သားတွေ
. . . . . . . . . .
အနာဂါတ်ကို သီချင်းသံလေးတွေနဲ့မချော့သိ
နောက်ဆုံးမှာ
သေဆုံးသွားတဲ့အလောင်းကောင်ေ
သွေးနဲ့ ဆေးတဲ့ မြေတစ်ကွက်မှာ
သားတို့ . . သေခြင်းကို တတ်သွားခဲ့ပုံများ မေမေရယ် . .
(၈)
ကြိုးစင်ထက်က အလံငယ်ဟာ
လေမှာ တ၀င့်ဝင့် . . လူသတ်ကုန်းဆီက
တော်လဲသံတွေ . . . Disaster မဟုတ်ဘူး
တရားဟောသံတွေမဟုတ်ဘူး
စာပေဟောပြောပွဲတွေမဟုတ်ဘူး
ငြိမ်းချမ်းရေးချိုးကူသံတွေ
အဲဒါ . . သေမင်းရဲ့ တောက် ခေါက်သံ
အပြစ်မရှိသူတွေရဲ့ သွေးကို
အပြစ်ရှိသူတို့ သောက်သုံးကြတယ်
အပြစ်မရှိသူတွေရဲ့ ခန္ဓာကို
အပြစ်ရှိသူတို့ စိတ်ခွာ ဖျက်ဆီးကြတယ်
ဘယ်တော့မှ . . . ငရဲက မလွတ်ဘူး
(၉)
ကျည်ဆံ တစ်တောင့်ကို ရောင်းပါ
မိသားစုတစ်နပ်စာ ဖြေရှင်းချင်လို့
လူတွေသွားမယ့်လမ်းမှာ ထောင်မဲ့မိုင်းတွေအစား
ပြောင်းခင်းတွေစိုက်ပါလား ငါ့သား . . .
ခက်တာပဲ မေမေရယ်
စစ်ဆိုတာ ကျည်တွေအဆင့်အတန်းခြင်းပြို
စာနာမှု ရင်ခွင်ဖြူဖြူမှာ သွေးနီနီတွေစီးကျလာတာ
ဘာများဆန်းသလဲ မေမေ
စစ်က သတ်လေ . . .ပြည်သူတွေက သေလေ
ပေပေတေတေ ဘ၀တွေအားလုံး
အိုးမဲ့အိမ်မဲ့ဖြစ်ကြယုံပေါ
ကမ္ဘာမကြေ သီချင်းသံကို တော့ တိတ်ဆိတ်စွာ ဆိုနေပါရစေ မေမေ
(၁၀ )
မေမေ ပေးတဲ့ ကျောက်တံတစ်ချောင်းနဲ့
သင်ပုန်းအပေါ် ရေးခြစ်မိခဲ့
“ စစ် . . ကို . . မုန်း . . .တယ် ”
လူသားခြင်းစာနာမှု သေဆုံးခြင်းဟာ
လူ့သမိုင်းတစ်ခုလုံး မြေမြုပ်ခံရခြင်းပဲ
လူ့အခွင့်အရေးငတ်မွတ်ခြင်းဟ
ကလေးငယ်ရဲ့ မျက်ရည်ပဲ
စစ်နတ်ဘုရားရဲ့ ခရာသံကို
မြေတွင်းထဲ ထည့် အုပ်
မိုးတွေ ခပ်အုပ်အုပ်ကလေး
ချုပ်စေချင်လှပြီ မေမေ
ဒီစစ်ပြီးတဲ့အခါ . . .
(သက်တန့်ချို ရေးဖွဲ့သည် )
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။