Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Monday, September 19, 2016

သမိုင်းထဲကဆရာဝန်များ ၁ (တော်လှန်ရေးသမား၊ပြောက်ကျားစစ်သား၊ဆရာဝန်(သို့မဟုတ်) ချီဂွေဗားရား)

 သုတဇုန် added 3 new photos.

သမိုင်းထဲကဆရာဝန်များ ၁ (တော်လှန်ရေးသမား၊ပြောက်ကျားစစ်သား၊ဆရာဝန်(သို့မဟုတ်) ချီဂွေဗားရား)
======================
မာခ့်ဝါဒကိုင်စွဲသူတော်လှန်ရေးသမား၊ဆရာဝန်၊စာရေးဆရာ၊ပညာရေးပါရဂူ၊ပြောက်ကျားစစ်ခေါင်းဆောင်၊ သံတမန်ရေးရာ ကျွမ်းကျင်သူ၊စစ်ပညာရှင်၊ စီးပွားရေးပညာရှင်စသည့် ဘွဲ့ထူးဂုဏ်ထူးများစွာရှိသော မုတ် ဆိတ် ကျင်စွယ်ဆံပင်ရှည်နှင့် ခေတ်အဆက်ဆက်လူငယ်များ၏သူငယ်ကောင်းပြယုဂ်၊ တောတွင်းသူပုန်ကြီး“ချီ”ကို ၁၉၂၈ခုနှစ်၊ဇွန်လ၁၄ရက်နေ့တွင် အာဂျင်တီးနားနိုင်ငံ၊ စန်တာဖီမြို့၌ မွေးဖွားသည်။
စပိန်နှင့် အိုင်းရှစ်သွေးများရောနှောနေသည့် အာဂျင်တိုင်းမိသားစုမှ မွေးဖွားလာသည့်“ချီ”သည်မွေးချင်း ၅ ယောက်အနက် အကြီးဆုံးဖြစ်သည်။ ချီ၏ဖခင်က သူ၏သားသည် အိုင်းရှစ်တော်လှန်ရေးသူပုန် ဘိုးဘေးများ၏ သွေးများ ရောနှောလျက်ရှိသည်ဟု ခဏခဏပြောခဲ့သည်။ ငယ်စဉ်ကပင် ရင်ကျပ်ပန်းနာရောဂါကို အကြိမ်ကြိမ်ခံစားခဲ့ရသော်လည်း “ချီ”မှာ ရေကူး၊ဘောလုံး၊ဂေါက်သီးရိုက်နှင့် သေနတ်ပစ် အားကစားတို့တွင် ထူးချွန်သည်။ စက်ဘီးစီးခြင်းကို အထူးဝါသနာထုံသူဖြစ်သည်။

ငယ်စဉ်ကတည်းက ဆင်းရဲခဲ့သူ “ချီ”မှာ အရင်းရှင်ဝါဒ ၊ခေတ်သစ်ကိုလိုနီဝါဒ ၊ စီးပွားရေး လက်ဝါးကြီးအုပ်ဝါဒ တို့ကို အလွန်စက်ဆုပ်ရွံ့ရှာသူဖြစ်သည်။ ၁၉၄၈ခုနှစ်တွင် ချီဂွေဗားရားသည် ဗျူနိုအိုင်ရီ တက္ကသိုလ်တွင် ဆေးကျောင်းတက်သည်။ ဆေးကျောင်းသားဘ၀ ၁၉၅၀တွင် စက်ဘီးတစ်စီးဖြင့် အာဂျင် တီး နားမြောက်ပိုင်းကို မိုင်၂၈၀၀ခန့် တစ်ကိုယ်တော်ခရီးဆန့်ခဲ့သည်။ ၁၉၅၁ခုနှစ်တွင်တောင်အမေရိက တိုက်အနှံ့ မိုင်ပေါင်း၅၀၀၀ကျော်ကို မော်တော်ဆိုင်ကယ်တစ်စီးဖြင့် ၉ လကြာ ခရီးထွက် ခဲ့သေးသည်။
အာဂျင်တီးနား၊ချီလီ၊ပီရူး၊အီကွေဒေါ၊ကိုလံဘီယာ၊ပနားမားနှင့် ဗင်နီဇွဲလားနိုင်ငံများသို့ရောက်ရှိခဲ့သည့် ၄င်းမော်တော်ဆိုင်ကယ်ခရီးစဉ်မှတ်တမ်းကို “မော်တော်ဆိုင်ကယ်ဒိုင်ယာရီ” အမည်ဖြင့် စာအုပ် ထုတ်ဝေခဲ့ရာ နယူးယောက်တိုင်းစ် မဂ္ဂဇင်း၏ အရောင်းရဆုံးစာအုပ်စာရင်းမှာပါဝင်ခဲ့သည်။ ချီဂွေဗာရာ၏ မျိုးချစ်စိတ်သည် သူ၏မိခင်တိုင်းပြည်၊နိုင်ငံကိုကျော်လွန်သွားသော စိတ်ဖြစ်သည်။တောင်အမေရိက တိုက်နိုင်ငံ အားလုံးကို လွတ်လပ်စေချင်သည်။ ချမ်းသာစေချင်သည်။ သူ ၏မျိုးချစ်စိတ်သည် မိခင်အာဂျင်တီးနားနိုင်ငံကိုကျော်လွန်၍သွားသော နယ်ချဲ့အရင်းရှင်ကို တော်လှန်လို သည့် တော်လှန်ရေးစိတ်ဖြစ်သည်။
၁၉၅၃၊ဇွန်လတွင် ဆေးပညာဘွဲ့ကိုရခဲ့သော ချီဂွေဗာရာသည် နားကျပ်ကိုစွန့်လွှတ်ခဲ့သည်။ သူ၏ရန်သူမှာသေမင်းမဟုတ်။ ဆင်းရဲမှု၊ဆာလောင်မှုနှင့် ၄င်းတို့မှအမွေခံလာသည့် ရောဂါဆိုများသည်သာ သူ၏ရန်သူဟု သတ်မှတ်သည်။လူသားများကို ကူညီနိုင်ရေးသည် ဆရာဝန်အလုပ်ဖြင့် မဖြစ်မြောက်နိုင်။ ဒုက္ခဆင်းရဲတွင်းမှ လူအများကို ကယ်တင်နိုင်ရေးအတွက် လက်နက်စွဲကိုင်တော်လှန်ရေးနှင့်နိုင်ငံရေး လုပ်ငန်းများဖြင့် ဖီဆန်ရေးသည်သာလျှင် မှန်ကန်သောနည်းလမ်းဖြစ်သည်ဟု ယုံကြည်လျက် ဆေးပညာကို လုံးဝစွန့်လွှတ်ခဲ့လေသည်။
မက္ကစီကိုစီးတီးတွင် ကက်စထရိုညီနောင်နှစ်ဦးနှင့် တွေ့ပြီး အမေရိကန်မှကျောထောက်နောက်ခံပြုထားသည့် ကျူးဘားအာဏာရှင် ဘတစ်စတာ အား ပြောက်ကျားစစ်ဖြင့် ဆန့်ကျင်ဖြုတ်ချရာတွင် အဓိကနေရာမှ ပါဝင်သူဖြစ်လာလေသည်။ ကျူးဘားတော်လှန်ရေးတွင် ကတ်စထရိုတို့အနိုင်ရပြီး ပေါ်ပေါက်လာသည့်ကျူးဘားအစိုးရသစ်တွင် အာဂျင်တီးနားမှ ချီဂွေဗာရာသည် အဓိကကျသည့် နေရာသို့ရောက်လာလေ သည်။ ဂုဏ်ထူးဆောင်ကျူးဘားနိုင်ငံသား အဖြစ် ဂုဏ်ပြုသတ်မှတ်ခြင်းခံရလေသည်။
ကျူးဘားနိုင်ငံ၏ တစ်နိုင်ငံလုံးစာတတ်မြောက်ရေး လှုပ်ရှားမှုကိုဦးဆောင်သူ၊ နိုင်ငံတော်ဗဟိုဘဏ် ဥက္ကဌ၊ ကျူးဘားလက်နက်ကိုင် အဖွဲ့အစည်းအားလုံး၏ အကြံပေးအရာရှိချုပ်၊ ကျူးဘားနိုင်ငံ၏ ဆိုရှယ်လစ် ၀ါဒကို ကိုယ်စားပြုလျက် တစ်ကမ္ဘာလုံးလှည့်လည်သွားလာခဲ့သည့် သံတမန်စသည့် အထင်ကရနေရာများ တွင် ပါဝင်ဆောင်ရွက်ခဲ့သည်။ ၁၉၆၂၊ကျူးဘား နူးကလီးယား ထိပ်ဖူးတပ် ဒုံးလက်နက်အရေးအခင်းတွင် အဓိကကျသူတစ်ဦးဖြစ်လာလေသည်။ ထိုတင်မက ပြောက်ကျားစစ်နည်းဗျူဟာကို ပါရဂူမြောက်တတ် ကျွမ်းပြီး ကျမ်းကြီးကျမ်းကိုင်ပြုစုနိုင်သူလည်းဖြစ်သည်။
၁၉၆၅တွင် ကျူးဘားမှထွက်ခွာပြီး မပြီးဆုံးသေးသော အရင်းရှင်တော်လှန်ရေးများအတွက်ခြေလှမ်းဆန့်ခဲ့သည်။ ဘိုလီဗီးယားနိုင်ငံတွင် ရှိနေစဉ် အမေရိကန်မှ ထောက်ပံ့ပေးထားသည့် ဘိုလီးဗီးယားစစ်တပ်၏ ဖမ်းဆီးခြင်းကို ခံရပြီး ၁၉၆၇၊အောက်တိုဘာလ ၉ရက်၊အသက် ၃၉နှစ်အရွယ်တွင် ပစ်သတ်ခံရသည်။
ချီဂွေဗားရားအားပစ်သတ်ခါနီးမှာ ဘိုလီးဗီးယားစစ်သားတစ်ဦးက
“ဘယ်နှယ့်လဲ ကိုယ့်လူ၊ ဘယ်လိုအသက်ရှင်ရမလဲ ကြံစည်နေတာလား။”ဟုမေးသည်ကို
“ငါအသက်ရှင်ဖို့ ကြံနေတာမဟုတ်ဘူးကွ။
ဒီတော်လှန်ရေးကြီးကိုဘယ်လိုရှင်သန်အောင် ဆက်လုပ်ရမလဲ စဉ်းစားနေတာ။”
ဟုပြန်ဖြေခဲ့သည်။သူ့ကို သတ်ပစ်ဖို့အမိန့်ပေးခြင်းခံရသည့်တပ်ကြပ်ကြီးတီရန်အား
“ငါ့ကိုပစ်သတ်ဖို့ မင်းလာတာမဟုတ်လား။ ပစ်လေကွာ။သူရဲဘောကြောင်နေတာလား။”
ဟုပြောခဲ့သည်။ ချီဂွေဗားရားသည် သေနတ်ဖြင့် ကိုးချက်အပစ်ခံရပြီးကျဆုံးခဲ့သည်။ မကွယ်လွန်မီလပိုင်းအလိုတွင် ကမ္ဘာ့တိုက်ကြီးသုံးတိုက် ညီလာခံတွင် သည်လို မိန့်ခွန်းပြောခဲ့သည်။
“သေခြင်းတရားကို မတုန်လှုပ်ပါနဲ့။ ရဲရဲကြီးကြိုဆိုလိုက်ပါ။ ကျွန်တော်တို့ တိုက်ပွဲများဆီကငိုသံတွေကို သက်ဆိုင်သူတွေကြားပါစေ။ ကျွန်တော်တို့ရဲ့သေနတ်တွေကို လက်ဆင့်ကမ်းကိုင်စွဲ မယ့်နောက်လူငယ်တွေ ပေါ်လာရင်ကျေနပ်ပြီ။”
သံလွင်ရောင်စစ်စိမ်းအကျီကို ၀တ်ပြီး ဘယ်ရီဦးထုပ်ကိုဆောင်းလျက် ပါးသိုင်းမွေး၊ မုတ်ဆိတ်မွေး ထူလပျစ်နှင့် ရိုက်ကူးထားသည့် “ချီ”၏ဓာတ်ပုံမှာ “ကမ္ဘာ့အကျော်ကြားဆုံး ဓာတ်ပုံ” အဖြစ်သတ်မှတ်ခြင်း ခံရသည်။ လက်ဝဲစွန်းရောက် တော်လှန်ရေးသမားများ၏ သူရဲကောင်းကြီး အဖြစ်သာမက လူအများ၏ အာဇာနည်သူရဲကောင်း အိုက်ကွန်အဖြစ်သတ်မှတ်ခြင်းခံရသူဖြစ် ပါသည်။ တိုင်းမ်မဂ္ဂဇင်း၏ ၂၀ရာစု အထင်ရှားဆုံးပုဂ္ဂိုလ် ၁၀၀တွင် ပါဝင်သည်။
EX - ABSDF Blog မှ

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။