* စိတ်ဓာတ်ကြောင့်ဘဝမသေစေနဲ့ *
=======================
အမြင့်ဆုံးကို တက်ချင်တယ်ဆိုပြီး သုံးဆင့်တက်လို့
တဆင့်မျှ ပြန်ကျရုံနဲ့ ငါတက်မနိုင်တော့ဘူးလို့ စိတ်ဓာတ်ကို ပစ်ချလိုက်ရင် အောက်ဆုံးထိ ပြန်ရောက်သွားနိုင်တယ်
မနက်ဖြန်ဆိုတဲ့ ခရီးကို သွားချင်တယ်
အကြောင်းကြောင်းကြောင့် မရောက်ခဲ့လို့ ငါမရောက်
နိုင်တော့ဘူးလို့ မျှော်လင့်ချက်တွေ စွန့်လွှတ်လိုက်ရင်
သင့်အတွက် မနက်ဖြန်ဆိုတာ ပျောက်သွားနိုင်တယ်
မာရသွန် ပြိုင်ပွဲမှာ ပြေးချင်တယ်
လမ်းတဝက်မှာ မှောက်ကြရုံနဲ့ ငါဆုံးပြီးလို့ သတ်မှတ်ပြီး
ဆက်မပြေးတော့ရင် ပန်းတိုင် ဘယ်မှာလဲဆိုတာတောင်
သင်သိနိုင်တော့မည် မဟုတ်ပါ
တဆင့်ကျတိုင်း အောက်မရောက်သေးဘူး
မနက်ဖြန် ဆိုတာလည်း မကုန်ခမ်းသေးဘူး
တချက်လဲတိုင်းလည်း သင်မရူံးသေးဘူး
မရခင် ကုန်ဆုံးပြီးလို့ လွယ်လွယ်တွေးတတ်တာ
လူတယောက်ရဲ့ပျော့ညံ့တဲ့ စိတ်ဓာတ်ပါ
ကိုယ့်ကိုကိုယ် လူတကာရဲ့အောက်မှာ နေရတိုင်း
ကိုယ်က နိမ့်ကျတဲ့လူလို့ ယူဆသတ်မှတ်လိုက်လျှင်
ကိုယ်က မပြိုင်ခင်ရူံးတဲ့ အရူံးသမားပဲ
အပြင်လွှာဆိုတဲ့ သိက္ခာကို အောက်မှာထားချင်ထားပါ အတွင်းသားဖြစ်တဲ့ စိတ်ဓာတ်ကိုတော့ ဘယ်တော့မှ
အောက် မရောက်စေနဲ့
စိတ်ဓာတ်ကျနေတဲ့ လူတယောက်ဟာ ဘဝသေနေတဲ့
လူတယောက်ပါပဲ ကိုယ့်ဘဝ ကိုယ်မသေချင်ရင်တော့
အရိုးကျေကျေ အရည်ခမ်းခမ်း ဆက်လက်ပြီးတော့
ကြိုးပမ်း သွားကြပါ ။
_________
လေးစားစွာဖြင့်
#ကျွဲကျောင်းသား(သံပုရာ)

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။