၂၆ ဒီဇင်ဘာ ၂၀၁၆နေ့ထုတ်သည်ဗွိုက်ဒေးလီး နေ့စဉ်သတင်းစာ
မွဲခဲ့ကြာရှည်မြန်မာပြည်
(မင်းဒင်)
(၁)
လွန်ခဲ့သောတစ်ဆယ့်နှစ်နှစ်ဝ န်းကျင်၊(၂၀၀၄)ခုနှစ်၊ကျွန် တော်ဘန်ကောက်တွင်အခြေချနိုင်ရန်ကြိုးပမ်းနေစဉ်ကာလဖြစ်၏ ။ကျွန်တော်တည်းခိုခဲ့သောနေရာမှာဘန်ကောက်မြို့၊ဆူခုန်ဗစ်(၄၉)လမ်းရှိ၊သင်္ဘောသားဟောင်းကိုကျော်စိုး(ယခုကွယ်လွန်) ပိုင်သည့်တည်းခိုခန်းငယ်တစ် ခုတွင်ဖြစ်သည်။
ထိုတည်းခိုခန်းနှင့်ကပ်လျက် တွင်၊ကိုကျော်စိုး၏ဇနီး(ထို င်းအမျိုးသမီး)
အမည်ဖြင့်၊ဖွင့်လှစ်ထားသည့် ၊လူသုံးကုန်၊စားသောက်ကုန်နှ င့်စုံစီနဖာရောင်း
သောဆဲဗင်းအလဲဗင်းဆိုင်ခွဲတစ်ခုရှိ၏။မူရင်းကုမ္ပဏီကြီးနှ င့်အကျိုးတူဖက်စပ်သဘောဖွင့် လှစ်ထားခြင်းဖြစ်ပြီး၊ဆဲဗင်းအလဲဗင်းဆိုင်တို့သည်(၂၄)နာ ရီ
ပတ်လုံးဖွင့်သည်။
ထိုစဉ်က၊ယင်းတည်းခိုခန်းသို့ ၊မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် ပါတီခေတ်၊၊
ဒုဝန်ကြီးဟောင်းတစ်ဦးရောက် ရှိတည်းခိုနေ၏။ဘန်ကောက်မှာေ ယာင် တိယောင်နဖြစ်နေသောကျွန်တော် သည်ဟိုသွားဒီသွားကိစ္စမှသည်၊
အရာခပ်သိမ်းအတွက်ကိုကျော်စိုးကိုသာအားကိုးပြုနေရသဖြင့် ၊ သူနှင့်တပူးတွဲတွဲရှိနေခဲ့သ ည်။
တစ်ခါသော်ကျွန်တော်နှင့်ကို ကျော်စိုးအတူရှိနေစဉ်၊အဆိုပါဒုဝန်ကြီးဟောင်း
နှင့်ကိုကျော်စိုးတို့၊စီးပွားရေးလုပ်ငန်းနှင့်ပတ်သက်၍ စကားစပ်မိကြသည်။
ဒုဝန်ကြီး၏စီးပွားရေးဆိုင်ရာစိတ်ကူးစိတ်သန်းကို၊သူ၏စကားရပ်များက
၊ဖော်ပြလျက်ရှိသည်။
“ကိုကျော်စိုးရေ၊ကိုယ်တိြု့ မန်မာပြည်မှာလည်း ဆဲဗင်းအလဲဗင်းဆိုင်လေးတွေ ဖွင့်နိုင်ရင် ကောင်းမယ်ကွ။မင်းဆိုင်ကိုကြ ည့်ရတာ အတောာ်တွက်ခြေ ကိုက်မဲ့သဘောရှိတယ်”
ကိုကျော်စိုးသည်၊ဒုဝန်ကြီးေ ဟာင်းအား၊တစ်ခွန်းတစ်ပါဒမျှ ခွန်းတုံ့မပြန်ဘဲ၊၊
ကျွန်တော့်ဘက်သို့လှည့်ကာသေ ရ်ာပြုံးပြုံးလိုက်သည်ကိုကျွန်တော်
ကောင်းစွာသတိချပ်မိလိုက်သည် ။
ထိုစဉ်က၊ကိုကျော်စိုးအဘယ်ြေ ကာင့်ထိုသို့ပြုံးလိုက်သည်ကိုကျွန်တော်
နားမလည်ရိုးအမှန်ဖြစ်၏။နောင်သော်ကိုကျော်စိုးက၊ယင်းသရော်ပြုံး၏
အဓိပ္ပါယ်ကိုကျွန်တော့်အားနှ စ်ကိုယ်ကြားအကျယ်တဝင့်ရှင်း ပြခဲ့သည်။
(၂)
“တို့တိုင်းပြည်မှာခက်နေတာက အဲဒါပဲကွ။ဒီဝန်ကြီးဟောင်းကဆဲဗင်း
အလဲဗင်းဆိုင်ဖွင့်တာကိုထမင်းစားရေသောက် လွယ်လွယ်လေးအောက်မေ့
နေတယ်။ဆဲဗင်းအလဲဗင်းဆိုင်တွေဟာ၊ထိုင်းနိုင်ငံရဲ့မြို့တိုင်းလိုလိုမှာရှိတယ်
။နိုင်ငံအတော်များများမှာဆိုင်ခွဲပေါင်းသိန်းချီ ပြီးဖွင့်ထားတယ်။
အလွန်တိကျတဲ့အဆင့်မြင့်နည်း ပညာတွေကိုသုံးထားတာကို
သူမသိ ရှာဘူး။ ဥပမာပြောရရင်ကွာ၊ကိုယ်တို့ဆိုင်ခွဲလေးဖွင့်ခွင့်ရဖို့၊ မူရင်းကုမ္ပဏီကြီးကို လျှောက် လွှာတင်တော့၊ အဲဒီကုမ္ပဏီက ကိုယ်စားလှယ်တစ်ယောက်ဟာ၊ ဒီနေရာကိုလာပြီး၊ ဒီနေရာကိုတစ်မိနစ်အတွင်းမှာ လူဘယ်နှယောက်ဖြတ်လျှောက် တယ်ဆိုတာကို၊(Timer)စက်ကလေး တစ်ခုနဲ့၊တစ်နေကုန်လာထိုင်ြ ပီး
မှတ်သွားတယ်။နောက်ပြီးဆိုင် ခွဲတွေလိုက်နာရမဲ့စည်းမျဉ်း စည်းကမ်း
စာချုပ်တစ်ထပ်ကြီးကို၊သဘောတူလက်မှတ်ထိုးပြီးမှဖွင့်ခွင့်ရတာကွ။
ဒါတောင်အခါအားလျော်စွာစစ်ဆေးရေးအဖွဲ့တွေလာလာစစ်သေးတယ်။
ဒီဆိုင်တွေအားလုံးဟာကုမ္ပဏီရုံးချုပ်အပြင်၊ဆိုင်အချင်းချင်း၊ဘဏ်၊
လျှပ်စစ်ဌာန၊လေကြောင်းကုမ္ပဏီတွေအပါအဝင်၊ အစိုးရရုံးအသီးသီးကို ကွန်ပြူတာစနစ်နဲ့ချိတ်ဆက်ထားတာကွ။မြန်မာပြည်မှာ၊ ဖွင့်မယ်ဆိုရင်တောင်လျှပ်စစ်မီးတောင်မှန်မှန်မလာတာ၊ ဘယ်မှာဖြစ်နိုင်ပါ့မတုန်း။လျှပ်စစ်မီးရတယ်ထားပါဦး။
ကွန်ပြူတာကျွမ်းကျင်တဲ့၊ဆက် ဆံရေးပြေပြစ်တဲ့ဝန်ထမ်းတွေလိုတယ်။
အရေးအကြီးဆုံးကတော့နိုင်ငြံ ခားရင်းနှီးမြှုပ်နှံမှုဥပေ ဒပဲ။သူ့ဆိုင်ကရတဲ့
အမြတ်သူ့နိုင်ငံပြန်ယူမသွား နိုင်ရင်၊ဘယ်မအေ့လင်က၊ဒီလို ဆိုင်တွေ
လာဖွင့်ပါ့မတုန်းကွာ။တကယ်တော့တို့တိုင်းပြည်အဖက်ဖက်က၊
ဆုတ်ယုတ်နေတာဟာ၊တိုင်းပြည်ေ ခါင်းဆောင်တွေဈေးမရောင်း တတ်လို့ပဲကွ”
(၃)
ရိုးရိုးသားသားဝန်ခံရလျှင်ထိုစဉ်က ကိုကျော်စိုး၏ရှင်းလင်းပြော ပြချက်အား၊ ဂဏသေချာ စွာကျွန်တော်နားမလည်ခဲ့ချေ။ သို့သော်၊ထိုင်းနိုင်ငံတောင်ပိုင်း ဖူးခက်မြို့တွင်၊ဈေးဆိုင်င ယ်လေးတစ်ဆိုင်ဖွင့်လှစ်၍၊ဆယ်နှစ်ကျော်အခြေချ
နေထိုင်ပြီးချိန်တွင်ကား၊ဖူးခက်မြို့ရှိ၊ ဈေးကြီးများ၊လမ်းဘေးဆိုင်၊ အိမ်ဆိုင်၊
ရက်သတ္တတစ်ပတ်တွင်သုံးရက်ဖွင့်သောဈေးနေ့ ဆိုင်တန်းများ ၊ဈေးပွဲတော်များသာမက၊ပြည်ပ နိုင်ငံများမှလာရောက်ရင်းနှီးမြှုပ်နှံကြသည့် (Lotus)၊(Central)၊(Robinso n)၊(Jancylon)၊(Makro)စသည့်
ကုန်တိုက်ကြီးများသို့၊အ ကြိမ်ပေါင်းများစွာဈေးဝယ်ထွက်မိသည့်အခါ၊ ကိုကျော်စိုးဆိုလိုခဲ့သော အချက်ကိုပြက်ပြက်ထင်ထင်သိမြ င်ခဲ့လေတော့သည်။
ကျွန်တော်တို့တိုင်းပြည်သည် ၊ဈေးရောင်းဈေးဝယ် မတတ်သော၊ ကုန်သွယ်မှုအလုပ်နှင့် မယဉ်ပါး သောနိုင်ငံပါတကား။ထိုသို့သောနိုင်ငံမျိုး ဆင်းရဲတွင်း နက်နေခဲ့သည်မှာ၊ဆန်းကြယ်လှသ ည်မဟုတ်ချေ။
ထိုင်းနိုင်ငံသည်အဆင့်မီတိုးတက်ထွန်းကားသည့်တိုင်းပြည် မဟုတ်သေး
သော်ငြား၊မြန်မာပြည်နှင့်နှိုင်းစာလျှင်၊ကုန်သွယ်ခြင်း အခန်းကဏ္ဍ၌အတော်ပင်
ခရီးပေါက်နေသည်ကို၊အ ထင်အရှားတွေ့မြင်ရသည်။
ဆဲဗင်းအလဲဗင်းလိုဆိုင်မျိုး မှာပင်လေယာဉ်လက်မှတ်ဝယ်ယူ နိုင်သည်။ လျှပ်စစ်ခွန်၊တယ်လီဖုန်းခွန်၊စသည်တို့ကိုမိနစ်ပိုင်းအတွင်းလျင်မြန်စွာေ
ပးသွင်း နိုင်သည်။ခေတ်မီကုန်တိုက်ကြီးများတွင်နံနံပင်၊ငရုတ်သီး စိမ်း
စသည်တို့ကအစ၊ဝယ်ယူနိုင်သည်ကိုထောက်ရှု၍ ၊ပြည်တွင်းသီးနှံ စိုက်ပျိုးထုတ်လုပ်မှုကိုပါ ၊ ကျွဲကူးရေပါသဘောအကျိုးပြုလျ က်ရှိနေ သည်ကိုကျွန်တော်သတိချပ်မိသည်။
ဖူးခက်သည်ပင်လယ်တွင်းမှကျွန်းဖြစ် သည့်အားလျော်စွာ၊ အရင်းမစိုက်လှေထိုးလိုက်သော အဆင့်မြင့်ကုန်သွယ်နည်းတစ်မျိုးဖြ
စ်သည့်ခရီးသွားလုပ်ငန်းမှာက မ္ဘာကျော်နေလေပြီ။
လက်ရှိကျွန်တော်တို့တိုင်ြး ပည်နှင့်နှိုင်းယှဉ်လျှင်ဆီ နှင့်ရေလိုကွာခြားနေလေ
သည်။ထိုင်းနိုင်ငံထက်အဆပေါင်းများစွာသာယာလှပသောပင်လယ်
ကမ်းခြေများ၊ကျွန်းစုများရှိသည့်၊မြန်မာပြည်၌ခရီးသွားလုပ်ငန်းကို
တွင်ကျယ်ဖွံ့ဖြိုးအောင်၊ယနေ့ တိုင်စွမ်းဆောင် နိုင်ခြင်းမရှိသေးချေ။
(၄)
ဈေးရောင်းဈေးဝယ်ခြင်းကား၊ သမိုင်းဦးဘုံမြေခေတ်ပစ္စည်း ချင်းဖလှယ်သည့်
စနစ်ဖြင့်စတင်ခဲ့၍၊လူတို့၏ကုန်လုပ်ဆက်ဆံရေးသမိုင်းတွင် အဓိကအကျဆုံး၊
အရေးကြီးဆုံးဟုဆိုနိုင်သည်။ ဥရောပတိုက်သားတို့သည်ရှေးခေ တ်
ပဝေသဏီကပင်၊အိန္ဒိယ၊ဂျပန်၊တရုတ်စသည့် ကမ္ဘာ့အရှေ့ဖျားနိုင်ငံ များသို့ကုန်သွယ်ရန်အလို့ငှာ၊မြင်းစီးအုပ်စုကြီးဖွဲ့လျ က်တော အထပ်ထပ်တောင်အသွယ်သွယ်ကို၊ြ ဖတ်ကျော်ခဲ့ကြသည်။သားရဲတိရစ္ဆာန်တို့၏ဘေးရန်ကြောင့်၊မသေ မပျောက်လိုရာခရီးပေါက်သူအလွ န်နည်းသည်။
(၁၅)ရာစုသို့ရောက်သော်ဗတ်စကိုဒဂါးမားသည်အာဖရိကတောင်ဖက် စွန်းရှိ
ဂွတ်ဟုပ်အငူ(Cape of Good Hope)ကိုတွေ့ရှိ၍ကမ္ဘာ့အရှေ့ ဖျားသို့ သွားနိုင်သည့်ပင်လယ်ရေလမ်းေ ကြာင်းအတိုင်း၊ကုန်သွယ်မှု ပြုကြပြန်သည်။
လေမုန်တိုင်းနှင့်လှိုင်းတံ ပိုးအန္တရာယ်အပြင်၊ပျင်းရိငြီးငွေ့ဖွယ်ကောင်း
လောက်အောင်ရှည်လျားဝေးလံသဖြ င့်၊အိန္ဒိယသို့တိုတောင်းသော ခရီးကိုကြံဆခဲ့ကြရာ၊မြေထဲပင်လယ်နှင့်ပင်လယ်နီကိုဖြတ်ကာ ၊
စူးအက်တူးမြောင်းကိုအောင်မြ င်စွာဖောက်လုပ်ခဲ့ကြပြန်သည် ။
(သမိုင်းမှတ်တမ်းများအရ၊အရူးအိပ်မက်ဟုထင်ရဖွယ်ရှိသည့်နိုင်းမြစ်နှင့်
ပင်လယ်နီအကြားတူးမြောင်းတစ် ခုကိုအီဂျစ်ပြည်တွင်ဖာရိုဘု ရင်များ
လက်ထက်တွင်၊အကောင်အထည်ဖော်ရ န်ကြံစည်ခဲ့ဖူး၏။ရောမဧကရာဇ်
ထရာဂျန်လက်ထက်တွင်၊နိုင်းမြ စ်နှင့်ပင်လယ်နီအကြား တူးမြောင်းတစ်ခုကို၊အမှန်တက ယ်ပင်ဖောက်လုပ်နိုင်ခဲ့ဖူး၏ ။ သို့သော်နွေရာသီတွင်နိုင်ြး မစ်၏ဒီရေကျလွန်းသဖြင့်၊၎င်းတူး မြောင်းကို
စွန့်လွှတ်ခဲ့ရသည်။ပြင်သစ်ဘု ရင်နပိုလီယံ၏လက်ထက်တွင်လည်း ၊
စူးအက်ကုန်းကျဉ်းဒေသတွင်တူး မြောင်းတစ်ခုဖောက်လုပ်ရန်၊အ င်ဂျင်နီယာ
တစ်ဦးစေလွှတ်၍၊တိုင်းထွာတွက်ချက်ခဲ့ဖူး၏။လုပ်သားအင်အား
တစ် သောင်း၊လေးနှစ်တာကာလနှင့်ကု န်ကျငွေပေါင်တသန်းခွဲခန့် ကုန်ကျမည်ဟုခန့်မှန်းခဲ့သော ကြောင့်ယင်းအစီအ စဉ်ကိုလက်လျော့ ခဲ့သည်။ဤကားစကားချပ်)
အဆင့်မြင့်နည်းပညာများကြောင့်ပြားခဲ့လေသောကမ္ဘာကြီးတွင် ၊မည်မျှဝေး
သည့်ခရီးပင် ဖြစ်စေ၊တမဟုတ်ခြင်းရောက်နို င်သည့်လေယာဉ်ပျံများ၊ဝေဟင်
တွင်ဥဒဟိုလူးလာဆန် ခတ်နေသော၊ယနေ့ခေတ်တွင်ပင်၊ စူးအက်တူးမြောင်းသည်ကမ္ဘာ့အေ ရှ့နှင့်အနောက်ကုန်သွယ်မှုအ တွက်
အဓိကအသက်သွေးကြောဖြစ်နေသည်မှာငြင်း၍မရသောအချက်ဖြစ်၏။
ထိုသို့ခေတ်အဆက်ဆက်ကျားကုတ် ကျားခဲကြိုးပမ်းမှုများကြော င့်ပင်ဥရောပ
တိုက်သားတို့သည်ကုန်သွယ်ခြင်းအရာတွင်ကမ္ဘာ့အရှေ့ဖျားနို င်ငံများထက်
အဆပေါင်းများစွာသာလွန်တိုးတ က်ခဲ့ရခြင်းဖြစ်လေသည်။ကုန်သွယ်ခြင်းနှင့်
တစ်ဆက်တည်းတွင်၊ပစ္စည်းအသစ်အ ဆန်းတီထွင်ထုတ်လုပ်ခြင်းလည်း
ပါဝင်လာပြန်သည်။
နောက်တစ်ဆင့်အနေဖြင့်အဆင့်ြ မင့်နည်းပညာများပါတိုးတက်လာ ခဲ့ပြန်သည်။
မျက်မှောက်ကာလ၌ဂျပန်၊ကိုးရီးယား၊စင်္ကာပူ၊ထိုင်းတို့သာမက ၊ဗီယက်နမ်
ကဲ့သို့နိုင်ငံများပင်လျှင် ကုန်သွယ်ခြင်းအတတ်ကိုဥရောပနိုင်ငံများနှင့်
ရင်ပေါင်တန်းနိုင်အောင်ကြိုးစားအားထုတ်လျက်ရှိရာ၊အတော် အသင့်
ခရီးရောက်နေကြလေပြီ။ဂျပန်၊စ င်္ကာပူတို့မှာကမ္ဘာ့အဆင့်ကိုမီနေချေပြီ။
(၅)
ဤနေရာ၌မြန်မာတို့ညံ့ဖျင်းသည်၊လုံ့လဥဿဟနည်းပါးသည်ဟုကျွ န်တော်
ဆိုလိုချင်သည်မဟုတ်ချေ။မျက် မှောက်ခေတ်ကိုကမ္ဘာကြည့်ကြည့် မြင်နိုင်ရန်
သာရည်ရွယ်လိုရင်းဖြစ်၏။ပဒေသ ရာဇ်ခေတ်တွင်မြန်မာတို့သည်စ စ်ပွဲများဖြင့်သာအချိန်ကုန် လွန်ခဲ့ပြီး၊ကမ္ဘာကြီး ကိုမျက်ခြေပြတ်ခဲ့လေသည်။
အင်္ဂလိပ်မြန်မာစစ်ပွဲနှစ်ကြိ မ်ဖြစ်ပြီးနောက်မင်းတုန်းမင်း၊သီပေါမင်းလက်ထက်တို့တွင် ၊အမျှော်အမြင်ရှိသောပုဂ္ဂိုလ်များဖြစ်သည့်ကနောင်မင်းသား ကြီး
၊ယောအတွင်းဝန်ဦးဖိုးလှိုင် ၊စသူတို့သည်၊ခေတ်မီသောမြန်မာဘုရင့်နိုင်ငံ
အဖြစ်၊ရည် မျှော်အားထုတ်ခဲ့ကြပါ၏။
ကင်းဝန်မင်းကြီးခေါင်းဆောင် သောသံတမန်အဖွဲ့သည်၊ပြင်သစ်၊ အင်္ဂလန်
အစရှိသည့်နိုင်ငံများသို့သွားရောက်ကာ၊ကမ္ဘာကြီးကိုအမီလိုက်နိုင်
ရန်ကြိုးပမ်းခဲ့ကြပါသေး၏။ သို့သော်နန်းတွင်းအရှုပ်အထွေးနှင့်အင်္ဂလိပ်တို့၏ခြေသွက် မှုတို့ကြောင့်၊
တစ်တိုင်းပြည်လုံးအင်္ဂလိပ်ကျွန်ဖြစ်ခဲ့ကာ၊(၁၈)ရာစုဝန်းကျင်တွင်
အင်္ဂလန်၌ပေါ်ပေါက်ခဲ့သည့်စက်မှုတော်လှန်ရေးနှင့်အဆက်ပြတ် ကင်းကွာ
ခဲ့သောကြောင့်၊ခေတ်မီနိုင်ငံများ၏နည်းပညာ ကျွန်ဖြစ်ခဲ့ရသည်မှာ ယနေ့ထက်တိုင်ဖြစ်လေသည်။
သူ့ကျွန်ဘဝကလွတ်မြောက်ချိန် တွင်လည်း ကမ္ဘာကြီးကိုအမီလိုက်နိုင်ရန် အားထုတ်ခဲ့ကြ ပါ၏။အင်္ဂလိပ်တို့၏ကုန်သွယ်ရေးနည်းနာများကိုမှီးလျက်၊ အချိန်ကာလတစ်ခုအထိနိုင်ငံတကာအဆင့်မီကုန်သွယ်နိုင်ခဲ့သော်ငြား၊
စစ်တပ်မှအာဏာသိမ်းကာ၊ကုန်သည်ကြီးများ၏လုပ်ငန်းမှန်သမျှ ပြည်သူပိုင်
သိမ်းခဲ့သဖြင့်မြန်မာပြည်သည်ဆင်းရဲတွင်းထဲမှာပင်တဝဲလည် လည်
ရှိနေခဲ့သည်။
မြန်မာပြည်မတိုးတက်ရသည့်အြေ ကာင်းများတွင်အဓိကအချက်မှာ
ဈေးရောင်းဈေးဝယ်မတတ်ခြင်း သည်အဓိကကျသည်ဟုကျွန်တော်မြင်သည်။
စစ်ဝါဒီတို့သည်၊ဓာတ်ငွေ့၊ကျွန်းသစ်၊တွင်းထွက်သယံဇာတတို့ ကိုသူခိုးဈေးနှင့်
ရောင်းသည်သာမက၊တစ်တိုင်းပြည်လုံးကိုပါချရောင်းပစ်သည်အထိ
မိုက်လုံးကြီးခဲ့ကြသည်။
အကယ်၍သာကမ္ဘာ့အဆင့်မီဈေးရော င်းတတ်ခဲ့လျှင်၊အုပ်ချုပ်ခဲ့ လေကြသော
စစ်မင်းများလည်းသည့်ထက်မကချ မ်းသာကြွယ်ဝနိုင်မည်။တိုင်း ပြည်လည်း သည်လောက်ချွတ်ခြုံမကျနိုင်ေ ချ။
ယခု(၂၀၁၆)ခုနှစ်တွင်မြန်မာနိုင်ငံ၌ပြည်သူရွေးချယ်သောပြ ည်သူ့အစိုးရ
တက်လာချေပြီ။ကျွန်တော်တို့အားလုံးကုန်သွယ်ခြင်းတည်းဟူေ သာ
ဈေးရောင်းဈေးဝယ်အတတ်တွင်၊ ကမ္ဘာကြီးကိုအမီလိုက်ရမည့်
အချိန်ကာလဖြစ်၏။
(၆)
မကြာမီက၊အာဏာစွန့်ခဲ့ရသည့်ဗိုလ်ချုပ်ကြီးများလက်ဝယ်တွင်၊မြောက်များ
လှသော၊ငွေကြေးဓနဥစ္စာများရှိ နေရာ၊ထိုငွေကြေးတို့ဖြင့်၊သ မ္မာအာဇီဝ
၊ခေတ်မီစီးပွားရေးလုပ်ငန်းများထူထောင်လုပ်ကိုင်နိုင်ခဲ့ သော်၊
တိုင်းပြည်ပြန်လည်ထူထောင်ရေးတွင်အထိုက်အလျောက်အကျိုးရှိရာ၏။
ထိုသို့ကုန်သွယ်ခြင်း၊ဈေးေ ရာင်းဈေးဝယ်ခြင်းနှင့်တစ်ဆ က်တည်းပင်
၊ပြည်တွင်းတွင်အသုံးပြုရန်လ ည်းကောင်း၊ပြည်ပနိုင်ငံများ သို့ တင်ပို့နိုင်သောပစ္စည်းမျိုး စုံထုတ်လုပ်သည့်အခန်းကဏ္ဍကိုလ ည်း၊ မလွဲမသွေအရှိန်မြှင့်တင်နို င်ရာ၏။ထို့အတူပြည်တွင်းပြည် ပဈေးကွက်အတွက် လယ်ယာသီးနှံစိုက်ပျိုးထုတ်လုပ်မှုကိုလည်း၊အဓိကနေရာမှပံ့ ပိုးပေးနိုင်
ပေလိမ့်မည်။
လက်ရှိအစိုးရသည်နိုင်ငံတကာမှ၊လာရောက်ရင်းနှီးမြှုပ်နှံ နိုင်သည့်
၊ခေတ်နှင့်လျော်ညီသည့်ဥပဒေများကိုပြင်ဆင်ပြဋ္ဌာန်းပေးလျက်ရှိ၏။
ထိုဥပဒေများကိုအခါအားလျော်စွာ၊လိုအပ်ချက်ရှိလေတိုင်းပြ င်ဆင်
ထုတ်ပြန်ပေးလျက်ရှိ၏။ယင်းအေ ခြအနေမျိုးမှာပင်၊အဆိုပါပုဂ္ဂိုလ်တို့
အနေဖြင့်၊သိက္ခာတရားရှိသောကု န်သွယ်မှုများကိုလုပ်ကိုင်ရ န်လူစွမ်း
လူစမရှိကြ ချေ။
ပို၍ဆိုးသည်ကား၊ကိုယ်ကျင့်တ ရားရှိသည့်စီးပွားရေးကိုမလု ပ်တတ်သည့်
အပြင်၊တလွဲဆံပင်ကောင်းလျက်၊ မူးယစ်ဆေးဝါးကိစ္စများတွင်ပါ ဝင်
ပတ်သက်ကာ၊ငွေမည်းကို ငွေဖြူဖြစ်လာအောင်ဖန်တီးခြင်းဖြင့်၊
မိုက်တွင်းဆက်၍နက်နေကြခြင်း ပေတည်း။
ကုန်သွယ်ခြင်းအတတ်ကျွမ်းကျင်လိမ္မာမှုမရှိသောတိုင်းနိုင်ငံသည်
အဘယ်မှာလျှင်တိုးတက်နိုင်ပါ အံ့နည်း။ငွေကြေးဥစ္စာမည်မျှပ င်ကြွယ်ဝစေ
ကာမူ၊ကိုယ်ကျင့်သိက္ခာနှင့်ကိုယ်ချင်း စာတရားကင်းမဲ့သူတို့၏ ဘဝသည်၊ မည်သို့လျှင်အဓိပ္ပါယ်ရှိပါအံ့နည်း။ထိုသို့သောသူအများစု ရှိနေသည့်
တိုင်းပြည်သည်၊အဘယ်မှာလျှင် ကြွယ်ဝချမ်းသာနိုင်ပါမည်နည်း။
(၇)
ထို့ပြင်တဝခေတ်ပြောင်းနေပြီ ဆိုလေသည့်ကျွန်တော်တို့တိုင်းပြည်တွင်ကား၊
စားသောက်ကုန်ရောင်းချသည့်နေ ရာတွင်ပင်၊ကျန်းမာရေးနှင့်
ညီညွတ်မှုရှိအောင်မစ်ီမံနို င်ကြသေးချေ။ကုန်သွယ်မှုအတွက်
ဝန်ဆောင်ပေးရန်အခရာကျသည့်ဌာ နတိုင်းလိုလိုတွင်၊လာဘ်ပေး လာဘ်ယူ၊အကျင့်ပျက်ခြစားမှုများရှိနေဆဲဖြစ်သည်။
ကုန်တိုက်တစ်ခုထဲသို့ဝင်သွားလျှင်ဝင်လာသည့်ဈေးဝယ်သူကို
အရောင်းစာရေးများက“ဝယ်နိုင် လို့လား”ဟူသောအဓိပ္ပါယ်ပါသည့် 
အကြည့်ဖြင့်ကြည့်သည်။ဘဏ်စာေ ရးမကဘဏ်ပိုင်ရှင်လေသံဖြင့်
မောက်မာသည်။ခေတ်ဟောင်းကစရို က်ဆိုးတွေမပျောက်သေး။
ကမ္ဘာလှည့်ခရီးသွားများအဖြစ် ရောက်လာသူများမှာလည်း၊သူတို့ ငွေကို
မြန်မာပြည်တွင်သုံးစွဲချန်ထားပစ်ခဲ့ရန်၊နေရာတိုင်း၌အရန်သင့်ငွေသွင်းငွေ
ထုတ်စက်မရှိ။ဘဏ်စနစ်သည် ခေတ်မမီသေးချေ။
ထိုအခြေအနေများနှင့်၊စစ်အာဏာရှင်ဟောင်းတို့လက်တွင်ရှိေ နသော
တရားမဝင်ငွေ ကြေးများ၊၎င်းတို့ကျောထောက်နော က်ခံပြုထားသည့်၊
ဧရာမမူးယစ်ဆေးဝါးဈေးကွက်ကြီးပေါင်းစပ်လိုက်သည့်အခါ၊မြ န်မာပြည်
တွင်းဆုံးကျအောင်မွဲတေခဲ့ရသ ည်မှာအလွန်သဘာဝကျသည်။
ကျွန်တော်တို့တိုင်းပြည်ဆင်းရဲတွင်းမှလွတ်မြောက်ရန်လက် ရှိအစိုးရသည်
တရားမဝင်ငွေကြေးများ၊မူးယစ် ဆေးဝါးကိစ္စများကိုအဓိကထားဇောင်းပေး
ကိုင်တွယ်ရပေလိမ့်မည်။တစ်ပြိုင်နက်တည်းတွင်၊ကျွန်တော်တို့တိုင်းပြည်အား
ဈေးရောင်းဈေးဝယ်တတ်ကျွမ်း သည့်နိုင်ငံအဖြစ်သို့၊ပြောင်းလဲပစ်ကြရပေ
လိမ့်မည်။
လိုရင်းကိုဆိုရလျှင်ပြည်သူလူထုအားစနစ်တကျဈေးရောင်းတတ် အောင်
၊လေ့ကျင့်သင်ကြားပေးရပေဦးမ ည်။ဈေးရောင်းနိုင်အောင်လည်းအစိုးရ
အနေဖြင့်၊လိုအပ်ချက်များကို ဖြည့်ဆည်းပေးရပေလိမ့်မည်။ပြ ည်သူတို့
အနေ ဖြင့်လည်း၊ပြည်တွင်းတွင်ကြီးပွားချမ်းသာနေသောလူမျိုးခြား၊
ဘာသာခြားတို့၏ရောင်းရေးဝယ်တာနည်းနာများကို အတုယူသင့်လေသည်။
နိဂုံးအားဖြင့်ကုန်သွယ်ခြင်းတည်းဟူသောဈေးရောင်းဈေးဝယ်အတတ်သည်
တိုင်းပြည်တစ်ခု၏နိုင်ငံရေး ၊စစ်ရေး၊စီးပွားရေး၊လူမှုရေး၊ဘဏ်လုပ်ငန်း၊
လယ်ယာစိုက်ပျိုးရေးကဏ္ဍ၊စက်မှုလက်မှုလုပ်ငန်း၊စသည်တို့နှ င့်
တိုက်ရိုက်ပတ်သက်ယှက်နွယ်လျ က်ရှိလေရာ၊ယင်းအတတ်ပညာကို
မတတ်သရွေ့၊ကျွန်တော်တို့နို င်ငံသည်မွဲသထက်မွဲကာအမွဲသံသ ရာ
ရှည်ကြာနေပေလိမ့်ဦးမည်ဟု၊တိုင်းပြည်သို့ကျွန်တော်အသိ ပေးလိုသည်။ ။
မွဲခဲ့ကြာရှည်မြန်မာပြည်
(မင်းဒင်)
(၁)
လွန်ခဲ့သောတစ်ဆယ့်နှစ်နှစ်ဝ
ထိုတည်းခိုခန်းနှင့်ကပ်လျက်
အမည်ဖြင့်၊ဖွင့်လှစ်ထားသည့်
သောဆဲဗင်းအလဲဗင်းဆိုင်ခွဲတစ
ပတ်လုံးဖွင့်သည်။
ထိုစဉ်က၊ယင်းတည်းခိုခန်းသို
ဒုဝန်ကြီးဟောင်းတစ်ဦးရောက်
အရာခပ်သိမ်းအတွက်ကိုကျော်စု
တစ်ခါသော်ကျွန်တော်နှင့်ကို
နှင့်ကိုကျော်စိုးတို့၊စီးပ
ဒုဝန်ကြီး၏စီးပွားရေးဆိုင်ရ
၊ဖော်ပြလျက်ရှိသည်။
“ကိုကျော်စိုးရေ၊ကိုယ်တိြု့
ကိုကျော်စိုးသည်၊ဒုဝန်ကြီးေ
ကျွန်တော့်ဘက်သို့လှည့်ကာသေ
ကောင်းစွာသတိချပ်မိလိုက်သည်
ထိုစဉ်က၊ကိုကျော်စိုးအဘယ်ြေ
နားမလည်ရိုးအမှန်ဖြစ်၏။နောင
အဓိပ္ပါယ်ကိုကျွန်တော့်အားနှ
(၂)
“တို့တိုင်းပြည်မှာခက်နေတာက
အလဲဗင်းဆိုင်ဖွင့်တာကိုထမင်
နေတယ်။ဆဲဗင်းအလဲဗင်းဆိုင်တေ
။နိုင်ငံအတော်များများမှာဆု
အလွန်တိကျတဲ့အဆင့်မြင့်နည်း
သူမသိ ရှာဘူး။ ဥပမာပြောရရင်ကွာ၊ကိုယ်တို့ဆ
မှတ်သွားတယ်။နောက်ပြီးဆိုင်
စာချုပ်တစ်ထပ်ကြီးကို၊သဘောတ
ဒါတောင်အခါအားလျော်စွာစစ်ဆေ
ဒီဆိုင်တွေအားလုံးဟာကုမ္ပဏီရ
လျှပ်စစ်ဌာန၊လေကြောင်းကုမ္ပဏ
ကွန်ပြူတာကျွမ်းကျင်တဲ့၊ဆက်
အရေးအကြီးဆုံးကတော့နိုင်ငြံ
အမြတ်သူ့နိုင်ငံပြန်ယူမသွား
လာဖွင့်ပါ့မတုန်းကွာ။တကယ်တေ
ဆုတ်ယုတ်နေတာဟာ၊တိုင်းပြည်ေ
(၃)
ရိုးရိုးသားသားဝန်ခံရလျှင်ထ
နေထိုင်ပြီးချိန်တွင်ကား၊ဖူ
ရက်သတ္တတစ်ပတ်တွင်သုံးရက်ဖွင
ကုန်တိုက်ကြီးများသို့၊အ ကြိမ်ပေါင်းများစွာဈေးဝယ်ထ
ကျွန်တော်တို့တိုင်းပြည်သည်
ထိုင်းနိုင်ငံသည်အဆင့်မီတို
သော်ငြား၊မြန်မာပြည်နှင့်နှ
ခရီးပေါက်နေသည်ကို၊အ ထင်အရှားတွေ့မြင်ရသည်။
ဆဲဗင်းအလဲဗင်းလိုဆိုင်မျိုး
ပးသွင်း နိုင်သည်။ခေတ်မီကုန်တိုက်ကြ
စသည်တို့ကအစ၊ဝယ်ယူနိုင်သည်က
ဖူးခက်သည်ပင်လယ်တွင်းမှကျွန
စ်သည့်ခရီးသွားလုပ်ငန်းမှာက
လက်ရှိကျွန်တော်တို့တိုင်ြး
သည်။ထိုင်းနိုင်ငံထက်အဆပေါင
ကမ်းခြေများ၊ကျွန်းစုများရှ
တွင်ကျယ်ဖွံ့ဖြိုးအောင်၊ယနေ
(၄)
ဈေးရောင်းဈေးဝယ်ခြင်းကား၊
စနစ်ဖြင့်စတင်ခဲ့၍၊လူတို့၏က
အရေးကြီးဆုံးဟုဆိုနိုင်သည်။
ပဝေသဏီကပင်၊အိန္ဒိယ၊ဂျပန်၊တရ
(၁၅)ရာစုသို့ရောက်သော်ဗတ်စက
ဂွတ်ဟုပ်အငူ(Cape of Good Hope)ကိုတွေ့ရှိ၍ကမ္ဘာ့အရှေ့
လေမုန်တိုင်းနှင့်လှိုင်းတံ
လောက်အောင်ရှည်လျားဝေးလံသဖြ
စူးအက်တူးမြောင်းကိုအောင်မြ
(သမိုင်းမှတ်တမ်းများအရ၊အရူ
ပင်လယ်နီအကြားတူးမြောင်းတစ်
လက်ထက်တွင်၊အကောင်အထည်ဖော်ရ
ထရာဂျန်လက်ထက်တွင်၊နိုင်းမြ
စွန့်လွှတ်ခဲ့ရသည်။ပြင်သစ်ဘု
စူးအက်ကုန်းကျဉ်းဒေသတွင်တူး
တစ်ဦးစေလွှတ်၍၊တိုင်းထွာတွက
တစ် သောင်း၊လေးနှစ်တာကာလနှင့်ကု
အဆင့်မြင့်နည်းပညာများကြောင
သည့်ခရီးပင် ဖြစ်စေ၊တမဟုတ်ခြင်းရောက်နို
တွင်ဥဒဟိုလူးလာဆန် ခတ်နေသော၊ယနေ့ခေတ်တွင်ပင်၊ စူးအက်တူးမြောင်းသည်ကမ္ဘာ့အေ
အဓိကအသက်သွေးကြောဖြစ်နေသည်မ
ထိုသို့ခေတ်အဆက်ဆက်ကျားကုတ်
တိုက်သားတို့သည်ကုန်သွယ်ခြင
အဆပေါင်းများစွာသာလွန်တိုးတ
တစ်ဆက်တည်းတွင်၊ပစ္စည်းအသစ်အ
ပါဝင်လာပြန်သည်။
နောက်တစ်ဆင့်အနေဖြင့်အဆင့်ြ
မျက်မှောက်ကာလ၌ဂျပန်၊ကိုးရီ
ကဲ့သို့နိုင်ငံများပင်လျှင်
ရင်ပေါင်တန်းနိုင်အောင်ကြို
ခရီးရောက်နေကြလေပြီ။ဂျပန်၊စ
(၅)
ဤနေရာ၌မြန်မာတို့ညံ့ဖျင်းသည
ဆိုလိုချင်သည်မဟုတ်ချေ။မျက်
သာရည်ရွယ်လိုရင်းဖြစ်၏။ပဒေသ
အင်္ဂလိပ်မြန်မာစစ်ပွဲနှစ်ကြိ
၊ယောအတွင်းဝန်ဦးဖိုးလှိုင်
အဖြစ်၊ရည် မျှော်အားထုတ်ခဲ့ကြပါ၏။
ကင်းဝန်မင်းကြီးခေါင်းဆောင်
အစရှိသည့်နိုင်ငံများသို့သွ
ရန်ကြိုးပမ်းခဲ့ကြပါသေး၏။ သို့သော်နန်းတွင်းအရှုပ်အထေ
တစ်တိုင်းပြည်လုံးအင်္ဂလိပ်ကျ
အင်္ဂလန်၌ပေါ်ပေါက်ခဲ့သည့်စက်မ
ခဲ့သောကြောင့်၊ခေတ်မီနိုင်င
သူ့ကျွန်ဘဝကလွတ်မြောက်ချိန်
စစ်တပ်မှအာဏာသိမ်းကာ၊ကုန်သည
သိမ်းခဲ့သဖြင့်မြန်မာပြည်သည
ရှိနေခဲ့သည်။
မြန်မာပြည်မတိုးတက်ရသည့်အြေ
ဈေးရောင်းဈေးဝယ်မတတ်ခြင်း
စစ်ဝါဒီတို့သည်၊ဓာတ်ငွေ့၊ကျ
ရောင်းသည်သာမက၊တစ်တိုင်းပြည
မိုက်လုံးကြီးခဲ့ကြသည်။
အကယ်၍သာကမ္ဘာ့အဆင့်မီဈေးရော
စစ်မင်းများလည်းသည့်ထက်မကချ
ယခု(၂၀၁၆)ခုနှစ်တွင်မြန်မာန
တက်လာချေပြီ။ကျွန်တော်တို့အ
ဈေးရောင်းဈေးဝယ်အတတ်တွင်၊
အချိန်ကာလဖြစ်၏။
(၆)
မကြာမီက၊အာဏာစွန့်ခဲ့ရသည့်ဗ
လှသော၊ငွေကြေးဓနဥစ္စာများရှိ
၊ခေတ်မီစီးပွားရေးလုပ်ငန်းမ
တိုင်းပြည်ပြန်လည်ထူထောင်ရေ
ထိုသို့ကုန်သွယ်ခြင်း၊ဈေးေ
၊ပြည်တွင်းတွင်အသုံးပြုရန်လ
ပေလိမ့်မည်။
လက်ရှိအစိုးရသည်နိုင်ငံတကာမ
၊ခေတ်နှင့်လျော်ညီသည့်ဥပဒေမ
ထိုဥပဒေများကိုအခါအားလျော်စ
ထုတ်ပြန်ပေးလျက်ရှိ၏။ယင်းအေ
အနေဖြင့်၊သိက္ခာတရားရှိသောကု
လူစမရှိကြ ချေ။
ပို၍ဆိုးသည်ကား၊ကိုယ်ကျင့်တ
အပြင်၊တလွဲဆံပင်ကောင်းလျက်၊
ပတ်သက်ကာ၊ငွေမည်းကို ငွေဖြူဖြစ်လာအောင်ဖန်တီးခြင
မိုက်တွင်းဆက်၍နက်နေကြခြင်း
ကုန်သွယ်ခြင်းအတတ်ကျွမ်းကျင
အဘယ်မှာလျှင်တိုးတက်နိုင်ပါ
ကာမူ၊ကိုယ်ကျင့်သိက္ခာနှင့်က
တိုင်းပြည်သည်၊အဘယ်မှာလျှင်
(၇)
ထို့ပြင်တဝခေတ်ပြောင်းနေပြီ
စားသောက်ကုန်ရောင်းချသည့်နေ
ညီညွတ်မှုရှိအောင်မစ်ီမံနို
ဝန်ဆောင်ပေးရန်အခရာကျသည့်ဌာ
ကုန်တိုက်တစ်ခုထဲသို့ဝင်သွာ
အရောင်းစာရေးများက“ဝယ်နိုင်
အကြည့်ဖြင့်ကြည့်သည်။ဘဏ္စာေ
မောက်မာသည်။ခေတ်ဟောင်းကစရို
ကမ္ဘာလှည့်ခရီးသွားများအဖြစ်
မြန်မာပြည်တွင်သုံးစွဲချန်ထ
ထုတ်စက်မရှိ။ဘဏ်စနစ်သည် ခေတ်မမီသေးချေ။
ထိုအခြေအနေများနှင့်၊စစ်အာဏ
တရားမဝင်ငွေ ကြေးများ၊၎င်းတို့ကျောထောက်နော
ဧရာမမူးယစ်ဆေးဝါးဈေးကွက်ကြ
တွင်းဆုံးကျအောင်မွဲတေခဲ့ရသ
ကျွန်တော်တို့တိုင်းပြည်ဆင်
တရားမဝင်ငွေကြေးများ၊မူးယစ်
ကိုင်တွယ်ရပေလိမ့်မည်။တစ်ပြ
ဈေးရောင်းဈေးဝယ်တတ်ကျွမ်း
လိမ့်မည်။
လိုရင်းကိုဆိုရလျှင်ပြည်သူလ
၊လေ့ကျင့်သင်ကြားပေးရပေဦးမ
အနေဖြင့်၊လိုအပ်ချက်များကို
အနေ ဖြင့်လည်း၊ပြည်တွင်းတွင်ကြီ
ဘာသာခြားတို့၏ရောင်းရေးဝယ်တ
နိဂုံးအားဖြင့်ကုန်သွယ်ခြင်
တိုင်းပြည်တစ်ခု၏နိုင်ငံရေး
လယ်ယာစိုက်ပျိုးရေးကဏ္ဍ၊စက်မှ
တိုက်ရိုက်ပတ်သက်ယှက်နွယ်လျ
မတတ်သရွေ့၊ကျွန်တော်တို့နို
ရှည်ကြာနေပေလိမ့်ဦးမည်ဟု၊တ
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။