တကယ်လို့ သင် ဂူဂဲလ်ဝန်ဆောင်မှုက ရှာဖွေကြည့်ရှုခဲ့ထားတဲ့ သတင်းအချက်အလက်တွေအတွက် အနည်းငယ် စိုးထိတ်မှုရှိပါက အောက်ပါ ဒေတာအချက်အလက်တွေနဲ့ history တွေ ရှင်းလင်းနည်း လမ်းညွန်ချက်အတိုင်း လိုက်နာဆောင်ရွက်ပါ။
· ပထမဦးဆုံး သင့် Google history နဲ့ ဒေတာအချက်အလက်တွေ ရှာဖွေဖို့ ပင်မစာမျက်နှာကို သွားပါ။
နောက် မိမိကြည့်ချင်တဲ့ ဒေတာကို ရွေးပါ။
ဒီလိုပြုလုပ်နိုင်ဖို့အတွက် စာမျက်နှာရဲ့ ဘယ်ဘက်အပေါ်ထောင့် line ၃ ခုကို နှိပ်ပါ။ web and app activity ၊ voice and activity ၊ device information ၊ location history ၊ YouTube watch history ၊ YouTube search history စတဲ့ ရွေးချယ်စရာတွေ တွေ့ရပါလိမ့်မယ်။
တစ်ခုကို ရွေးချယ်ပြီးနောက် ဒီ service ဝန်ဆောင်မှုမှာ မိမိနဲ့ပတ်သက်တဲ့အချက်အလက် ဘာတွေ ရှိသလဲ ဖတ်ကြည့်ပါ။
အဲဒီသတင်းအချက်အလက်တွေ ရှင်းပစ်ချင်လား၊ မရှင်းပစ်ချစ်ဘူးလားဆိုတာ ဆုံးဖြတ်ဖို့ လိုအပ်ပါတယ်။
တကယ်လို့ အဲဒီ သတင်းအချက်အလက်နဲ့ ဒေတာအချက်အလက်တွေ ဖျက်ချင်ပါက စာမျက်နှာရဲ့ ညာဘက်အပေါ်ထောင့်က အစက်ကလေး ၃ခုကို နှိပ်ရပါမယ်။ "Delete" ရွေးပါ။
အချက်အလက်တွေ ဘယ်လောက်ထိ ရှင်းချင်လဲ ဆုံးဖြတ်နိုင်ပါတယ်။
Today ၊ yesterday နဲ့ advanced ၊ 4 weeks သို့မဟုတ် all time ကနေ ရွေးနိုင်ပါတယ်။ ပြီးတော့ ရွေးချယ်စရာတွေ select လုပ်ပြီး ရှင်းပစ်ပါ။ History နဲ့ ဒေတာအချက်အလက်တွေ ပျောက်သွားပါလိမ့်မယ်။
Ref: popsugar
မှ... http://www.trend.com.mm/2016/12/23/tech-11234
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။