✳ချားလ်ဒါဝင်✳
(ဆင့်ကဲပြောင်းလဲမှုဖြစ်စဉ်နှင့် လူသားမျိုးနွယ်တို့၏သမိုင်း )
✳Charles Darwin ✳
(Evolution and the story of our species)
ချားလ်ဒဝင်ဟာ အင်္ဂလိပ်လူမျိုး တိရစ္ဆာန်များနှင့်အပင်များ၏
သဘာဝကိုလေ့လာသူဖြစ်ပြီး ဘူမိဗေဒ လေ့လာသူတစ်ယောက်လည်း ဖြစ်ပါတယ်။
ဆင့်ကဲဖြစ်စဉ်သိပ္ပံပညာ၏ ဖခင်လည်းဖြစ်ပါတယ်။ ရှိရှိသမျှ သတ္တဝါတွေဟာ
ရှေပြေးသတ္တဝါများမှ ဆင်းသက်လာကြောင်းဖော်ထုတ်ခဲ့ ပြီး
Alfred Russel Wallace နှင့်အတူ သူ့သိပ္ပံသီအိုရီအား
လူထုရှေ့ထုတ်ပြခဲ့ပါတယ်။ ဒါဝင်ဟာ သူ့ဆင့်ကဲသီအိုရီအား သဘောတူလက်ခံရမည့်
သတ်သေများနှင့်အတူ ၁၈၅၉ ခုနှစ်တွင် ထုတ်ဝေခဲ့သော “On the Origin of
Species” သူ၏စာအုပ်အားထုတ်ဝေခဲ့ပါတယ် ။ ထိုစာအုပ်တွင် အစောပိုင်းသိပ္ပံနည်းဖြင့် လက်ခံမှုမရှိသည့် မျိုးနွယ်များအသွင်ပြောင်းလဲခြင်း ကိုကျော်ဖြတ်ကာထုတ်ဝေခဲ့ခြင်းဖြစ်ပါတယ်။ နောင် (၁၀) နှစ်ကျော်အကြာ ၁၈၇၀ ကျော်ခုနှစ်များတွင် သိပ္ပံလောကအဖွဲ့အစည်းများနှင့်
အခြားအဖွဲ့အစည်းများမှ ဆင့်ကဲပြောင်းလဲမှုအား စတင်လက်ခံလာကြပါတယ်။
ဒါပေမဲ့လည်း တော်တော်များများကတော့ ဖြေရှင်းချက်များကို
ပြိုင်ဆိုင်နေရင်းနဲ့သာ အချိန်ကုန်နေကြပါတယ်။ ၁၉၃၀ ခုနှစ်မှ ၁၉၅၀
ခုနှစ်အတွင်း ထွက်ပေါ်လာသော Modern Evolutionary Synthesis ကြောင့်သာ
ပြိုင်ဆိုင်မှုများရပ်တန့်သွားခဲ့ပါတယ်။ ပိုမိုအဆင့်မြင့်လေ့လာချက်များတွင် ဒါဝင်၏သိပ္ပံလေ့လာတွေ့ရှိချက်ဟာ ဘဝသိပ္ပံသီအိုရီအား စုစည်းပေးခဲ့သလို ဘဝအထွေထွေ (Diversity of Life) အား ရှင်းပြခဲ့ပါတယ်။
ဒါဝင်၏အစောပိုင်းစိတ်ဝင်စား မှုဖြစ်သည့်
သဘာဝအားလေ့လာမှုများဟာ အီဒင်ဘာ့ဂ်တက္ကသိုလ်မှ ဆေးပညာအား ပစ်ပယ်ခဲ့ပြီး
ရေနေကျောရိုးမဲ့သတ္တဝါ လေ့လာမှုများတွင် ကူညီခဲ့ပါတယ်။ ကန်ဘရစ်တက္ကသိုလ်တွင်
တက်ရောက်ခဲ့ခြင်းဟာ သူ့ရဲ့သဘာဝသိပ္ပံအပေါ် စိတ်ဝင်စားမှုအား
တွန်းအားပေးခဲ့ပါတယ်။ HMS Beagle သဘော်ပေါ်တွင် (၅) နှစ်အကြာ
ခရီးရှည်ထွက်ခဲ့ပြီးနောက် ဘူမိဗေဒသမားတစ်ယောက်ဖြစ်လာခဲ့ပြီး
Charles Lyell ၏ တူညီခြင်းအိုင်ဒီယာများအား ထောက်ပံ့ပေးခဲ့သလို
ဒါဝင်ရေးသားခဲ့သော “journal of the voyage” ဟာ ဒါဝင်အား
ကျော်ကြားတဲ့စာရေးဆရာအဖြစ် လူသိများစေခဲ့ပါတယ်။ ခရီးစဉ်အတွင်း
ဒါဝင်၏ရှာဖွေတွေ့ရှိချက်များနှင့် ကျောက်ဖြစ်ရုပ်ကြွင်းတွေဟာ ဒါဝင်အားအကြံအိုက်စေ၍ နောက်ပိုင်းတွင် အသေးစိတ်စုံစမ်းစစ်ဆေးမှုများပြုလုပ်ပြီး
၁၈၃၈ ခုနှစ်တွင် သူရွေးချယ်ထားတဲ့ သီအိုရီအား အကြံရခဲ့ပါတယ်။
သူ့အိုင်ဒီယာများအား အခြားသဘာဝလေ့လာသူများနှင့် ဆွေးနွေးခဲ့သော်လည်း
လေ့လာမှုများအတွက် အချိန်လိုအပ်ခဲ့ပြီး ဘူမိဗေဒအလုပ်များကိုသာ
ဦးစားပေးလုပ်ဆောင်ခဲ့ပါတယ် ။ Alfred Russel Wallace မှဒါဝင်အား သူတို့နှစ်ယောက်၏ အိုင်ဒီယာများအားဖော်ပြထားတဲ့ စာတစ်စောင်ပေးပို့ခဲ့စဉ်အတွ င်း ၁၈၅၈ ခုနှစ်တွင် ဒါဝင်ဟာ သူ့သီအိုရီအားစတင်ရေးသားနြေ ပီဖြစ်ပါတယ်။
၁၈၇၁ ခုနှစ်တွင် “The Descent of Man, and Selection in Relation to sex”
၁၈၇၂ ခုနှစ်တွင် “The Expression of the Emotions in Man and Animals” ၁၈၈၁
ခုနှစ်တွင် “The formation of Vegetable Mould, through the Action of
Worms” တို့အားထုတ်ဝေခဲ့ပါတယ်။ ဒါဝင်အား လူ့သမိုင်းတစ်လျှောက်
လွှမ်းမိုးမှုအရှိဆုံးလူသားတစ်ယောက်အဖြစ် လက်ခံထားကြပါတယ်။
>>> ၁၈၀၉ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်
ချားလ်ရော့ဘက်ဒါဝင်အား ၁၈၀၉ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် Shropshire ဒေသရှိ Shrewsbury တွင်မွေးဖွားခဲ့ပါတယ်။ ချမ်းသာသည့်မိသားစုမှ ဆင်းသက်လာသူဖြစ်ပြီး မောင်နှမ ခြောက်ယောက်တွင် ငါးယောက်မြောက်ဖြစ်ပါတယ်။ ဒါဝင်ဟာ ငယ်စဉ်ကတည်းက ခရစ်ယာန်တစ်ယောက်အဖြစ် ကြီးပြင်းလာခဲ့သော်လည်း သူ့မိသားစုဟာ ပွင့်လင်းပြီး လက်ခံနိုင်သော အိုင်ဒီယာများအား အမြဲကြိုဆိုပါတယ်။ သူ့အဖိုးနှစ်ယောက်ဖြစ်တဲ့ Josiah Wedgewood (စက်မှုသမား၊ ကျွန်ဥပဒေအား ဆန့်ကျင်သူ) နှင့် Erasmus Darwin (Zoonomia စာအုပ်ရေးသားခဲ့သူ) တို့ဟာ ဒါဝင်အား အလင်းပြခဲ့သူနှစ်ယောက်ဖြစ်ပါတယ်။
>>> ၁၈၂၅ ခုနှစ်
ဒါဝင်ဟာ သူ့အဖေနှင့်အဖိုးခြေရာနောက် လိုက်၍
အီဒင်ဘာ့ဂ်တက္ကသိုလ်တွင် ဆေးပညာသင်ကြားခဲ့ပါတယ်။ သို့သော်လည်းပဲ ဆေးပညာအား
ကောင်းစွာလိုက်စားခဲ့ခြင်း မရှိပါဘူး။ ထုံဆေးထိုးပြီး
ကြမ်းတမ်းတဲ့ခွဲစိတ်မှုများမ ပြုလုပ်ခင်ထိ
တော်တော်ကြာ ဆေးပညာသင်ယူခဲ့ပါတယ်။ ဒါပေမဲ့ ကောင်းတဲ့အချက်ကတော့
အီဒင်ဘာ့ဂ်ဟာ ဗြိတိန်ရှိ သိပ္ပံပညာအားသင်ယူရန် အကောင်းဆုံးနေရာတစ်ခုဖြစ်တာ ပါပဲ။ အောက်စဖို့နှင့် ကန်ဘရစ်လိုမဟုတ်ဘဲ အီဒင်ဘာ့ဂ်ဟာ အခြေခံကျကျလွတ်လပ်စွာ တွေးခေါ်သူများအတွက် နေရာကောင်းတစ်ခုဖြစ်ခဲ့ပါတယ်။ ထိုထဲမှ ဒါဝင်ဟာ အခြားပြောကြားသူများ၏ အသွင်ပြောင်းနောက်ဆုံးသီအို ရီများအား နားထောင်ခဲ့ပါတယ်။ နောက်ပိုင်းတွင် ဆင့်ကဲပြောင်းလဲမှုဟု အမည်တွင်ခဲ့ပါတယ်။
>>> ၁၈၂၇ ခုနှစ်
ဆရာဝန်ဖြစ်ရေးမှ စွန့်ခွာကာ ဘုရားကျောင်းတစ်ခုတွင် အသက်မွေးဝမ်းကျောင်းအသစ်တစ် ခု
စတင်ရန်ဆုံးဖြတ်ခဲ့ပါတယ်။ အသက် ၁၈ နှစ်ရောက်ရှိသော်အခါ
ကန်ဘရစ်တက္ကသိုလ်တွင် ခရစ်ယာန်ဘာသာရေးသင်ယူရန် ထွက်လာခဲ့ပါတယ်။
ဘုရားသခင်အားယုံကြည်မှုရှိသော်လည်းပဲ ထိုဘာသာရေးလေ့လာမှုတွင် စိတ်ပါဝင်စားမှုနည်းခဲ့ပါတယ် ။ ခရစ်ယာန်ဘုန်းတော်ကြီးအဖြစ် လေ့ကျင့်နေစဉ်အတွင် သူအမှန်တကယ်စိတ်ဝင်စားမှုရှိ တဲ့
ဇီဝဗေဒအားအား လေ့လာရန်အချိန်များစွာ ရရှိခဲ့ပါတယ်။
အချိန်တော်တော်များများကို ပိုးတောင်မာများစုဆောင်း၍ စိမ့်မြေပေါ်တွင်
လမ်းလျှောက်ကာ ကုန်ဆုံးခဲ့ပါတယ်။ ၁၈၃၁ ခုနှစ်တွင် ဘွဲ့ရရှိခဲ့ပြီး
ခရစ်ယာန်ဘုန်းကြီးအဖြစ် လုပ်ကိုင်ခဲ့ခြင်းမရှိဘဲ တစ်သက်မှာတစ်ခါသာ
ရနိုင်တဲ့အခွင့်အရေးအား ဆုတ်ကိုင်ခဲ့ပါတယ်။
>>> ၁၈၃၁ ခုနှစ်
ဒါဝင်၏ကန်ဘရစ်တက္ကသိုလ်မှ ဆရာ၏ ထောက်ခံမှုဖြင့် ကမ္ဘာပတ်မည့် HMS BEAGLE သဘော်ပေါ်တွင် လိုက်ပါခွင့်ရရှိခဲ့ပါတယ်။ ငါးနှစ်ကြာပြီးနောက် ဒါဝင်ဟာ ကမ္ဘာ့တိုက်ကြီး (၄) တိုက်အားရောက်ရှိခဲ၍ ကမ်းဆင်းရာနေရာများတွင် သတ္တဝါမျိုးနွယ်များစုဆောင်း ခြင်း၊ ထိုဒေသ၏ မြေခံရေခံများအား လေ့လာခြင်းတို့ ပြုလုပ်ခဲ့ပါတယ်။ ဘာအလုပ်မှ လုပ်စရာမရှိလျှင် စာများဖတ်ထပ်ထပ်ကာဖတ်နေခဲ့ပါတယ်။ Charles Lyell ၏ထုတ်ဝေထားတဲ့စာအုပ် Principles of Geology ဟာ ဒါဝင့်အပေါ်များစွာလွှမ်းမိုး ခဲ့ပါတယ်။ ထိုခရီးစဉ်အတွင်းမှာပဲ ဒါဝင်ဟာ ဆိုးရွားတဲ့ပင်လယ်မူးခြင်းခံခဲ့ရပြီး နာမကျန်းမှုများရှိခဲ့ပါတယ်။
>>> ၁၈၃၅ ခုနှစ်
HMS Beagle ဟာ တောင်အမေရိကမှ ထွက်ခွာလာပြီးနောက် အီကွေဒေါကမ်းမှ မိုင်ပေါင်း (၆၀၀) ကွာဝေးသည့် Galapagos ကျွန်းများတွင် ငါးပတ်အကြာရပ်နားခဲ့ပါတယ်။ Galapagos ကျွန်းစုငယ်တွေဟာ သေးငယ်သည့်မီးတောင်ငယ်များစုစည်းစွာ တည်ရှိနေခြင်းဖြစ်ပါတယ်။ လူများယုံကြည်သကဲ့သို့ Galapagos မှာ ဒါဝင် ရှာဖွေတွေ့ရှိမှုကြီးကြီးမား မားမရှိခဲ့ပါဘူး။ ထိုကျွန်းစုတွေတွင် စာမျိုးနွယ်ဝင်ဌက်ငယ်တစ်မျိုး
(ဖင့်စာ)၊ ကုန်းလိပ်၊ အမေရိကန်မြေလူးဌက် တို့အားလေ့လာခဲ့သော်လည်းပဲ
ပြီးပြည့်စုံသည့် အချက်အလက်များအား ရရှိခဲ့ခြင်းမရှိခဲ့ပေ။ သို့ပေမဲ့
အတည်တကျအချက်အလက်များအား စုဆောင်းနိုင်ခဲ့ပါတယ်။
>>> ၁၈၃၈ ခုနှစ်
ငါးနှစ်တာခရီးပြီးဆုံးသည့်ေ နာက် အိမ်သို့ပြန်လာ၍ စုဆောင်းခဲ့သော သတ္တဝါမျိုးနွယ်ဝင်များအား သူ့သူငယ်ချင်းဇီဝဗေဒပညာရှင် များအား ပြသခဲ့ပြီး ခရီးစဉ်တစ်လျှောက်တွေ့ကြုံမှုများအား စာအုပ်စတင်ရေးသားခဲ့ပါတယ်။ အင်းအားပြင်းပြသော အသိတရားတစ်ခု ဒါဝင့်ရင်ထဲ့သို့ရောက်ရှိခဲ့ ပါတယ်။ တိရစ္ဆာန်တွေဟာ ပတ်ဝန်းကျင်နှင့်သဟဇာတဖြစ်ေ အာင်နေနိုင်လျှင် ပိုမိုရှင်သန်နိုင်ကြောင်းေ တွ့ရှိခဲ့ပါတယ်။ ဆင့်ကဲပြောင်းလဲမှုဟာ ဒါဝင်ပြောဆိုတဲ့ “Natural Selection” ကြောင့်ဖြစ်ပေါ်ခဲ့ခြင်းဖြစ် ပါတယ်။
သူ့အတွေးအခေါ်များဟာ ခရစ်ယာန်ဘာသာအမြင်အရ ကွဲလွဲများစွာရှိခဲ့၍
အတွေးအခေါ်နှင့် ယုံကြည်မှုကြားတွင် ရုန်းကန်ခဲ့ပါတယ်။ သူ့အဖိုးလည်း
အသွင်ပြောင်းခြင်းအားရေးသား ခဲ့၍ ဝိုင်းပယ်ခြင်းခံခဲ့ရခြင်းေ ကြာင့် ဒါဝင်ကြောက်ရွံ့နေခဲ့ပါတယ်။ လူထုအားမချပြခင် သက်သေများပိုမိုစုဆောင်းဖို့  ဆုံးဖြတ်ခဲ့ပါတယ်။
>>> ၁၈၅၁ ခုနှစ်
၁၈၅၁ ခုနှစ်တွင် ဒါဝင်၏ (၁၀) နှစ်သမီး Anne ဖျားနာပြီး ဆုံးပါးသွားခဲ့ပါတယ်။ ဒါဝင်လည်း ဖျားနာခဲ့ပြီး မူးဝေအော့အန်မှုများစွာ ဆက်တိုက်ဖြစ်ခဲ့ပါတယ်။ ဖျားနာမှုဟာလည်း ဒါဝင့်အတွက် တစ်ဘဝလုံးဖြစ်ပျက်နေခဲ့ပါတယ်။ အိမ်မှာပဲ နှစ်အတော်အကြာဖျားနာခဲ့ပြီး သူ့ဇနီးအီမာမှပြုစုပေးခဲ့ပါ တယ်။ သမိုင်းပညာရှင်တွေကတော့ ဒါဝင်ဘာ့ကြောင့်ဖျားနာခဲ့သလဲဆိုတာ ဖြေရှင်းချက်များစွာပြုလုပ် ခဲ့ပါတယ်။ တချို့က ဌက်ဖျားလို့သုံးသပ်ခဲ့ကြပြီး အခြားသူတွေကတော့ စိတ်ဖိစားမှုများပြားခဲ့ခြင်းကြောင့်ဟု ပြောဆိုခဲ့ကြပါတယ်။ သူ့ရဲ့သီအိုရီအသစ်ထုတ်ပြတဲ့ အချိန်တွင် သူ့ကျန်းမာရေးပိုမိုဆိုးရွားခဲ့ပါတယ်။
>>> ၁၈၅၈ ခုနှစ်
၁၈၅၈ ခုနှစ် နွေရာသီတွင် ဆင့်ကဲပြောင်းလဲမှုသီအိုရီအတွက် ဒါဝင် စကားလုံးပေါင်း ၂ သိန်းခွဲခန့်ရေးသားခဲ့သော်လ ည်း လူထုအားထုတ်ပြခဲ့ခြင်းမရှိေ ပ။
ဒါပေမဲ့ စာတစ်စောင်ဟာ ဒါဝင်အားထိုသီအိုရီကို လူထုအားချပြဖို့
တွန်းအားပေးခဲ့ပါတယ်။ Alfred Russel Wallace ဟာ ဒါဝင်အား
အားကျသူတစ်ယောက်ဖြစ်ပြီး Beagle Voyage အား အားကျကာ Wallace
ခရီးစတင်ထွက်ခွာခဲ့ပါတယ်။ Natural Selection အားတွေ့ရှိကာ
လူထုရှေ့ထုတ်ပြဖို့ ဒါဝင်၏အကြံဥာဏ်အား အလိုရှိခဲ့ပါတယ်။ ဒါဝင်ဟာ သူသာ
Wallace ထက်နောက်ကျပြီးလူထုရှေ့ထုတ် ပြလျှင် Credits အားလုံး Wallace စီရောက်သွားမှာကို မလိုလားပါဘူး။ ဒါပေမဲ့ Wallace ဟာနိုင်ငံပြင်ပသို့ရောက်နြေ ပီး အဆက်အသွယ်ပြတ်နေခဲ့ပါတယ်။ ဒါဝင်ဟာ သူ့ကိုယ်တိုင်အတွက်သာမက Wallace အတွက်ပါစဉ်းစားရပါတော့တယ်။
>>> ၁၈၅၈ ခုနှစ် ဇူလိုင်လ
နောက်ဆုံးတွင် ဒါဝင်ဟာ သူ့ဆင့်ကဲဖြစ်စဉ်သီအိုရီအား Natural Selection ကိုအခြေပြု၍ လူထုအားထုတ်ပြခဲ့ပါတယ်။ ထိုသို့ချပြရာတွင် Wallace ၏ကြိုးစားမှုကိုလည်း အသိအမှတ်ပြုအောင်ပြုလုပ်ခဲ့ ပါတယ်။ ဒါဝင်၏ သီအိုရီအား Linnean Society သို့ချပြခဲ့ပါတယ်။ တော်တော်များများဆွေးနွေးပြီးနောက်
ဒါဝင်ဟာ သူ့စာရွက်စာတမ်းတွေအား ဆွဲထုတ်ခဲ့ပြီး Wallace စာရွက်စာတမ်းတွေ
ချပြခဲ့ပါတယ်။ Wallace ပြန်လာသောအခါ ဒါဝင်သူ့အပေါ် မျှတစွာဆက်ဆံခဲ့မှုအား
လက်ခံခဲ့ပါတယ်။ အသက် (၁၈) လအရွယ် သားကူးစက်အဖျားရေဂါတစ်ခုကြောင့် သေဆုံးခဲ့ပါတယ်။
>>> ၁၈၅၉ ခုနှစ် နိုဝင်ဘာလ
သံသရာများစွာရှိနေသော်လည်းပဲ ဒါဝင်ဟာသူ့ရဲ့ ဆင့်ကဲဖြစ်စဉ်သီအိုရီအသစ်အား ချပြခဲ့ပါတယ်။ ထိုစာအုပ်ဟာ ကမ္ဘာ့တန်ဖိုးအရှိဆုံးသောစာအုပ်များထဲက တစ်အုပ်ဖြစ်လာခဲ့ပါတယ်။ ဒါဝင်ဟာ ထိုစာအုပ်အားရေးနေစဉ်ဟာ Living in Hell (ငရဲတွင်အသက်ရှင်နေထိုင်သကဲ့ သို့)
ဖြစ်ကြောင်း ဖွဲ့ဆိုခဲ့ပါတယ်။ သူ့အဖိုးကဲ့သို့ ဝိုင်းပယ်ခြင်းခံရပြီး
ဂုဏ်ဒြပ်များကျဆင်းမှာ ကြောက်ရွံ့နေခဲ့ပါတယ်။ ခရစ်ယာန်ကျောင်းမှ
ခက်ထန်သောဝေဖန်မှုများရရှိခဲ့ ပြီး
အခြားသတင်းဌာနများမှ ဝေဖန်မှုများစွာ ရရှိခဲ့ပါတယ်။ လူတော်တော်များဟာ
“လူမျိုးနွယ်စုဟာ လူဝံ၊ မျောက်ဝံမျိုးနွယ်မှ ဆင့်ကဲဆင်းသက်လာတယ်” အဆိုအား
တုန်လှုပ်ခဲ့ကြပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် လူတချို့ကတော့ ဒါဝင်ဆီက
ဆင့်ကဲဖြစ်စဉ် သက်သေတွေကို နားထောင်ချင်ခဲ့ကြပါတယ်။
>>> ၁၈၆၀ ခုနှစ် ဇွန်လ
ဒါဝင်ဟာ သူ့ဆင့်ကဲဖြစ်စဉ်အကြောင်းများကို
လူထုထဲတွင် ကာကွယ်ရန် ဝန်လေးနေခဲ့ပါတယ်။ ဒါပေမဲ့ ငယ်ရွယ်တဲ့ ဇီဝဗေဒပညာရှင်
Thomas Huxley မှ ဒါဝင်ဘက်မှ ကာကွယ်ပြောဆိုခဲ့ပါတယ်။ ၁၉ ရာစုမှာ
သိပ္ပံပညာရှင်များ ဆွေးနွေးပွဲတွေက လူတော်တော်များကို ဆွဲဆောင်နိုင်ပြီး
ဆင့်ကဲဖြစ်စဉ်အကြောင်းငြင်း ခုံပြိုင်ပွဲများကတော့ လူစိတ်ဝင်စားမှုများစွာရရှိခဲ့ပါတယ်။
Huxley ရဲ့အကျော်ကြားဆုံး ထိပ်တိုက်တွေ့ဆုံမှုဟာ အဆင့်မြင့်သိပ္ပံ
ဗြိတိန်အဖွဲ့အစည်း ဆွေးထွေးပွဲတွင် ဖြစ်ပါတယ်။ လူအများ ခရစ်ယာန်ဘုရားနှင့်
သိပ္ပံပညာရပ်တို့၏ အားပြိုင်မှုအား တွေ့ရှိခဲ့ပါတယ်။ Huxley နှင့် Bishop
Samuel Wilberforce တို့၏ ထိပ်တိုက်ရင်ဆိုင်ငြင်းခုံခဲ့ကြပါတယ်။ နောက်ဆုံးတွင် နှစ်ဖက်လုံးမှ အောင်နိုင်ကြောင်းကြေညာခြဲ့ ကပါတယ်။ ထိုငြင်းခုံမှုဟာ ဒါဝင်အား သမိုင်းဝင်လူသားတစ်ယောက်အဖြ စ် သတ်မှတ်ခြင်းခံခဲ့ရပါတယ်။
>>> ၁၈၆၂ ခုနှစ်
ဒါဝင်ဟာ အနေနီးတဲ့အမျိုးတွေ အချင်းချင်းလင်ယူသားမွေး မပြုလုပ်ဖို့ သတိပေးစာရေးသားခဲ့ပါတယ်။ သူကိုယ်တိုင်လည်းပဲ မောင်နှမဝမ်းကွဲနှင့် သူထားသော်ကြောင့် သူ့လက်ထပ်မှုအားလည်း စိုးရိမ်ခဲ့ပါတယ်။ ဒါဝင်နှင့် သူ့ညီမဝမ်းကွဲ အမ်မာဟာ ကလေး (၁၀) ယောက်မွေးဖွားခဲ့ပြီး ဒါဝင်ဟာသစ္စာရှိတဲ့ ယောင်္ကျားတစ်ယောက်အဖြစ်နေထို င်ခဲ့ပါတယ်။ လင်မယားနှစ်ယောက်ဟာ သားတစ်ယောက်နှင့် သမီးနှစ်ယောက်ဆုံးရှုံးသွာြး ပီးနောက် တခြားကလေးတွေအားလည်း အဖျားရောဂါများမှ သက်သာလာအောင် ပြုစုခဲ့ရပါတယ်။ ဒါဝင်ဟာ သစ်ခွပန်းများအား မျိုးအချင်းချင်းမျိုးပွားလျှင် ကျန်းမာသန်စွမ်းခြင်းမရှြိေ ကာင်း သိရှိခဲ့ပြီးဖြစ်ပါတယ်။ ထို့ကြောင့် မိမိအမျိုးမိသားစုအထဲမှ ညီမဝမ်းကွဲအားယူမိခဲ့သဖြင့် အစဉ်အမြဲစိုးရိမ်ခဲ့ပါတယ်။ ၁၈၇၁ ခုနှစ် သန်းခေါင်စာရင်းအား ဝမ်းကွဲအချင်းချင်းယူခြင်းအ ပေါ်မေးခွန်းထုတ်ခဲ့သော်လည်း ငြင်းပယ်ခြင်းခံခဲ့ရပါတယ်။ ဘုရင်မ ဗစ်တိုးရီးယား သူ့မောင်ဝမ်းကွဲနှင့် လက်ထပ်ခဲ့ခြင်းဟာလည်းပဲ ဒါဝင်အတွက်ရင်ဆိုင်စရာတစ်ခု ဖြစ်ခဲ့ပါတယ်။
>>> ၁၈၆၉ ခုနှစ်
မျိုးနွယ်တွေရဲ့မူလ ပထမ (Origin of Species) စာအုပ်မှာ ကမ္ဘာ့အရောင်းရဆုံးစာအုပ်တစ် အုပ်ဖြစ်ခဲ့ပြီး များစွာပြင်ဆင်ရေးသားမှုများ ရှိခဲ့ပါတယ်။
ပြင်ဆင်ချက်အသစ်တိုင်းတွင် ဒါဝင်ဟာ သူ့ငြင်းခုံမှုများအား
အားဖြည့်ခဲ့ပါတယ်။ ဝေဖန်မှုတွေအား တုံ့ပြန်ခြင်းအားဖြင့်
သူ့ဟာပိုမိုသန်မာလာခဲ့ပါတယ် ။
(၅) ကြိမ်မြောက် ပြင်ဆင်ချက်တွင် “survival of the fittest”
အပိုဒ်အားဖော်ပြခဲ့ပါတယ်။ ထိုအပိုဒ်အား အတွေးအခေါ်ပညာရှင် Herbert Spencer
စီမှဌားယူခဲ့ပါတယ်။ ထိုအပိုဒ်ဟာ “natural selection”
နှင့်တူညီခြင်းမရှိခဲ့ပေ။ ဒါဝင်ဟာသူ့ကိုယ်သူ ဘုရားအားသံသယရှိသူဖြစ်ကြောင်း Huxley မှပြောကြားခဲ့ပါတယ်။
>>>၁၈၇၁ ခုနှစ် ဖေဖော်ဝါရီလ
သူ့ရဲ့ “Orgin of Species” စာအုပ် ထုတ်ပြီးနှစ်များစွာကြာပြီး နောက်
ဒါဝင်ဟာသူတစ်ချိန်က အနည်းငယ်သာချပြခဲ့သော သူ့အိုင်ဒီယာများ ပြည်သူများအား
ချပြဖို့ ဆန္ဒများရှိခဲ့ပါတယ်။ “The Descent of Man” စာအုပ်ဟာ
ခရစ်ယာန်ဘာသာအတွက် ပြိုင်ဆိုင်မှုတစ်ခုဖြစ်ပါတယ်။ လူထုကြားတွင် ထွက်ပြပြောဆိုတာကြာမြင့်ခဲ့ ပြီးနောက် သူ့ရေးသားဖော်ပြချက်များအား
လူအများထောက်ခံခဲ့ကြပါတယ်။ Victorian Society အဖွဲ့အစည်းကတော့
လူသားမျိုးနွယ်တွေဟာ လူဝံ၊ မျောက်ဝံ မျိုးနွယ်တွေမှ
ဆင့်ကဲပြောင်းလဲခြင်းဖြစ်ြေ ကာင်းကို
လက်ခံခြင်း၊ လက်မခံခြင်း ကွဲပြားနေခဲ့ပါတယ်။ ဒါပေမဲ့
လူအများလေးစားမှုရှိတဲ့ တွေးခေါ်သူတွေဟာ “Darwinists”
ဒါဝင်အားထောက်ခံနေသူများ ဖြစ်ခဲ့ကြပါတယ်။
>>> ၁၈၈၂ ခုနှစ် ဧပရယ်လ ၁၉ ရက်
ဒါဝင်ဟာ အဖျားရောဂါနှင့်ပင် ဒုက္ခရောက်ဆဲဖြစ်ပါတယ်။ ဒါဝင်ကတော့ သေဆုံးသွားသည်အထိ ဆက်လက် လေ့လာမှုများပြုလုပ်ခဲ့ပါတယ် ။ သူသေဆုံးချိန်တွင် သူ့ဇနီးနှင့် သစ္စာရှိသောသူငယ်ချင်းအချို့ သာရှိခဲ့ပါတယ်။
သူ့တို့နှစ်ဦး ကိုးကွယ်ဘာသာချင်း တူညီခြင်းမရှိတော့တောင်မှ သူမသေဆုံးခင်
နောက်ဆုံးလများတွင် အမ်မာမှကောင်းမွန်စွာပြုစုခဲ့ပါတယ်။ လူအများအပေါ်သူ့လွှမ်းမိုးမှုများ
ကျဆင်းသွားမှုများအား နားလည်သဘောပေါက်ပြီးနောက် သူ့အိမ်နောက်ဖေး
မြေကွက်လပ်အား “the sweetest place on Earth” (ကမ္ဘာမြေကြီးပေါ်တွင်
အချိုမြိန်ဆုံးသောနေရာ) ဟုဖွဲ့ဆိုခဲ့ပါတယ်။ အနိုင်မခံအရှုံးမပေးတဲ့ Huxley
အပါအဝင် ဒါဝင်အားထောက်ခံသူတွေတွင် အိမ်နောက်ဖေးပန်းခြံတည်ဆောက်ရန် စိတ်ကူးခဲ့ကြပါတယ်။ ဒါဝင်အား Westminster Abbey တွင်မြုပ်နှံခဲ့ပါတယ်။
Translated by NHA
========================== ===============
EMG Marketing Group's Digital Social Media Services
EMG Marketing Group လူကြီးမင်းတို့၏ လုပ်ငန်းများကို Facebook တွင် ပိုမိုနာမည်ရ အောင်မြင်လာစေရန် ၀န်ဆောင်မှုပေးနေသော Marketing Agency တစ်ခုဖြစ်ပါသည်။ လူကြီးမင်းတို့၏ Facebook Page များကို ဝန်ဆောင်မှုပေးရာတွင် အခြား Facebook Page များထက် လူအများကြား ပျံ့နှံ့စေရန်လုပ်ဆောင်ပေးရုံသာမက
Like အရေအတွက်ကို ပိုမိုတိုးပွားအောင် လုပ်ဆောင်ပေးခြင်း၊ Facebook နှင့်
ပူးပေါင်းပြီး ကြေငြာများထည့်ပြီး Promote လုပ်ပေးခြင်း၊ Graphic Design
များကို ရေးဆွဲပေးခြင်း၊ Comment Reply နှင့် Message Response များကို
အချိန်နှင့်တပြေးညီ ပြန်ကြားပေးခြင်း၊ လူကြီးမင်းတို့၏ Facebook Page တွင်
အမှန်တကယ်သုံးစွဲသူများနှင့် အချိတ်အဆက်မိစေရန် Campaign Idea များထုတ်ပေးပြီး ပိုမိုလူသိများအောင် ပြုလုပ်ပေးခြင်း စသည်တို့ကို စိတ်တိုင်းကျဝန်ဆောင်မှုပေး နေပါသည်။ သင်တို့၏လုပ်ငန်းများ အရှိန်အဟုန်မြှင့် အောင်မြင်ရန်အတွက် EMG Marketing Group နှင့် အတူတကွ ပူးပေါင်းဆောင်ရွက်လိုက်ပါ။
(Hotline: 09-977-977-877)
EMG Marketing Group
No.116G, Sein Lei Kan TharStreet,
Near YUFL @ University Avenue,Kamayut Tsp, Yangon, MyanmarContact: 09977977877, 01537547, 01524399
Email: emg@emgmm.com
Facebook: www.facebook.com/ emg.marketing.mm
(ဆင့်ကဲပြောင်းလဲမှုဖြစ်စဉ်န
✳Charles Darwin ✳
(Evolution and the story of our species)
ချားလ်ဒဝင်ဟာ အင်္ဂလိပ်လူမျိုး တိရစ္ဆာန်များနှင့်အပင်များ၏
ဒါဝင်၏အစောပိုင်းစိတ်ဝင်စား
>>> ၁၈၀၉ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်
ချားလ်ရော့ဘက်ဒါဝင်အား ၁၈၀၉ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် Shropshire ဒေသရှိ Shrewsbury တွင်မွေးဖွားခဲ့ပါတယ်။ ချမ်းသာသည့်မိသားစုမှ ဆင်းသက်လာသူဖြစ်ပြီး မောင်နှမ ခြောက်ယောက်တွင် ငါးယောက်မြောက်ဖြစ်ပါတယ်။ ဒါဝင်ဟာ ငယ်စဉ်ကတည်းက ခရစ်ယာန်တစ်ယောက်အဖြစ် ကြီးပြင်းလာခဲ့သော်လည်း သူ့မိသားစုဟာ ပွင့်လင်းပြီး လက်ခံနိုင်သော အိုင်ဒီယာများအား အမြဲကြိုဆိုပါတယ်။ သူ့အဖိုးနှစ်ယောက်ဖြစ်တဲ့ Josiah Wedgewood (စက်မှုသမား၊ ကျွန်ဥပဒေအား ဆန့်ကျင်သူ) နှင့် Erasmus Darwin (Zoonomia စာအုပ်ရေးသားခဲ့သူ) တို့ဟာ ဒါဝင်အား အလင်းပြခဲ့သူနှစ်ယောက်ဖြစ်ပ
>>> ၁၈၂၅ ခုနှစ်
ဒါဝင်ဟာ သူ့အဖေနှင့်အဖိုးခြေရာနောက်
>>> ၁၈၂၇ ခုနှစ်
ဆရာဝန်ဖြစ်ရေးမှ စွန့်ခွာကာ ဘုရားကျောင်းတစ်ခုတွင် အသက်မွေးဝမ်းကျောင်းအသစ်တစ်
>>> ၁၈၃၁ ခုနှစ်
ဒါဝင်၏ကန်ဘရစ်တက္ကသိုလ်မှ ဆရာ၏ ထောက်ခံမှုဖြင့် ကမ္ဘာပတ်မည့် HMS BEAGLE သဘော်ပေါ်တွင် လိုက်ပါခွင့်ရရှိခဲ့ပါတယ်။ ငါးနှစ်ကြာပြီးနောက် ဒါဝင်ဟာ ကမ္ဘာ့တိုက်ကြီး (၄) တိုက်အားရောက်ရှိခဲ၍ ကမ်းဆင်းရာနေရာများတွင် သတ္တဝါမျိုးနွယ်များစုဆောင်း
>>> ၁၈၃၅ ခုနှစ်
HMS Beagle ဟာ တောင်အမေရိကမှ ထွက်ခွာလာပြီးနောက် အီကွေဒေါကမ်းမှ မိုင်ပေါင်း (၆၀၀) ကွာဝေးသည့် Galapagos ကျွန်းများတွင် ငါးပတ်အကြာရပ်နားခဲ့ပါတယ်။ Galapagos ကျွန်းစုငယ်တွေဟာ သေးငယ်သည့်မီးတောင်ငယ်များစ
>>> ၁၈၃၈ ခုနှစ်
ငါးနှစ်တာခရီးပြီးဆုံးသည့်ေ
>>> ၁၈၅၁ ခုနှစ်
၁၈၅၁ ခုနှစ်တွင် ဒါဝင်၏ (၁၀) နှစ်သမီး Anne ဖျားနာပြီး ဆုံးပါးသွားခဲ့ပါတယ်။ ဒါဝင်လည်း ဖျားနာခဲ့ပြီး မူးဝေအော့အန်မှုများစွာ ဆက်တိုက်ဖြစ်ခဲ့ပါတယ်။ ဖျားနာမှုဟာလည်း ဒါဝင့်အတွက် တစ်ဘဝလုံးဖြစ်ပျက်နေခဲ့ပါတယ
>>> ၁၈၅၈ ခုနှစ်
၁၈၅၈ ခုနှစ် နွေရာသီတွင် ဆင့်ကဲပြောင်းလဲမှုသီအိုရီအတ
>>> ၁၈၅၈ ခုနှစ် ဇူလိုင်လ
နောက်ဆုံးတွင် ဒါဝင်ဟာ သူ့ဆင့်ကဲဖြစ်စဉ်သီအိုရီအား
>>> ၁၈၅၉ ခုနှစ် နိုဝင်ဘာလ
သံသရာများစွာရှိနေသော်လည်းပ
>>> ၁၈၆၀ ခုနှစ် ဇွန်လ
ဒါဝင်ဟာ သူ့ဆင့်ကဲဖြစ်စဉ်အကြောင်းမျ
>>> ၁၈၆၂ ခုနှစ်
ဒါဝင်ဟာ အနေနီးတဲ့အမျိုးတွေ အချင်းချင်းလင်ယူသားမွေး မပြုလုပ်ဖို့ သတိပေးစာရေးသားခဲ့ပါတယ်။ သူကိုယ်တိုင်လည်းပဲ မောင်နှမဝမ်းကွဲနှင့် သူထားသော်ကြောင့် သူ့လက်ထပ်မှုအားလည်း စိုးရိမ်ခဲ့ပါတယ်။ ဒါဝင်နှင့် သူ့ညီမဝမ်းကွဲ အမ်မာဟာ ကလေး (၁၀) ယောက်မွေးဖွားခဲ့ပြီး ဒါဝင်ဟာသစ္စာရှိတဲ့ ယောင်္ကျားတစ်ယောက်အဖြစ်နေထို
>>> ၁၈၆၉ ခုနှစ်
မျိုးနွယ်တွေရဲ့မူလ ပထမ (Origin of Species) စာအုပ်မှာ ကမ္ဘာ့အရောင်းရဆုံးစာအုပ်တစ်
>>>၁၈၇၁ ခုနှစ် ဖေဖော်ဝါရီလ
သူ့ရဲ့ “Orgin of Species” စာအုပ် ထုတ်ပြီးနှစ်များစွာကြာပြီး
>>> ၁၈၈၂ ခုနှစ် ဧပရယ်လ ၁၉ ရက်
ဒါဝင်ဟာ အဖျားရောဂါနှင့်ပင် ဒုက္ခရောက်ဆဲဖြစ်ပါတယ်။ ဒါဝင်ကတော့ သေဆုံးသွားသည်အထိ ဆက်လက် လေ့လာမှုများပြုလုပ်ခဲ့ပါတယ်
Translated by NHA
==========================
EMG Marketing Group's Digital Social Media Services
EMG Marketing Group လူကြီးမင်းတို့၏ လုပ်ငန်းများကို Facebook တွင် ပိုမိုနာမည်ရ အောင်မြင်လာစေရန် ၀န်ဆောင်မှုပေးနေသော Marketing Agency တစ်ခုဖြစ်ပါသည်။ လူကြီးမင်းတို့၏ Facebook Page များကို ဝန်ဆောင်မှုပေးရာတွင် အခြား Facebook Page များထက် လူအများကြား ပျံ့နှံ့စေရန်လုပ်ဆောင်ပေးရ
(Hotline: 09-977-977-877)
EMG Marketing Group
No.116G, Sein Lei Kan TharStreet,
Near YUFL @ University Avenue,Kamayut Tsp, Yangon, MyanmarContact: 09977977877, 01537547, 01524399
Email: emg@emgmm.com
Facebook: www.facebook.com/
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။