Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Sunday, December 25, 2016

❝ ဝန အကြောင်းတစေ့တစောင်း ❞


ဂီတအကြောင်း သောင်းပြောင်းထွေလာ added 9 new photos.

❝ ဝန အကြောင်းတစေ့တစောင်း ❞
✲ မွေးရပ်ဇာတိ ✲
ကျွန်တော့်ဇာတိက မြစ်ကြီးနားကပါ။ ကချင်ပြည်နယ်မှာမွေးတဲ့ ရှမ်း၊ ဗမာ။ ကျွန်တော့်မှာ ဂီတမျိုးရိုးလည်းမရှိဘူး။ ဂီတကိုချစ်လွန်းလို့သာကြိုးစားပြီးလုပ်တာပါ။ အမှန်ကတော့ ဖြစ်အောင် ကြိုးစားရင်းနဲ့ ရူးသွပ်ရင်းနဲ့ လုပ်မှန်းမသိ လုပ်နေရင်းနဲ့ပဲ ကိုယ့်ကိုယ်ကို ဂီတသမားဖြစ်မှန်းမသိ ဖြစ်နေတာ။ ကျွန်တော်တို့အိမ်က မြစ်ကြီးနားက လယ်ကွင်းထဲမှာဆိုတော့ ကွင်းထဲမှာ အော်တာပေါ့။ Practice ပဲလေ။ ဂီတအသိုင်းအ၀ိုင်းလည်းမရှိဘူးသူငယ်ချင်း
တွေကတော့ ခရစ်ယာန်တွေဆိုတော့ သူတို့ဘုရားကျောင်းသွားရင်ကျွန်တော်လိုက်သွားတယ်။

ငယ်လည်းငယ်သေးတော့၊ အတွေ့အကြုံလည်းမရှိသေးတော့ ဆိုလို့မရဘူး။ သူငယ်ချင်း Player တွေကတော့ ကချင်လူမျိုး ခရစ်ယာန်တွေ၊ ကျွန်တော်နဲ့ နီပွန်ကတော့ ရှမ်းဗမာ ဗုဒ္ဒဘာသာပေါ့။ ဒါပေမဲ့ သူငယ်ချင်းတွေအားလုံးက ခွဲခြားမှုမရှိဘူး။ ကျွန်တော် ဂစ်တာစကိုင်တာ အသက် ၁၃နှစ် လောက်မှာ။ အဲဒီအချိန်မှာ သီချင်းတွေကို သေချာခံစားတတ်နေပြီ။ အဲဒီမှာပဲ သူများသီချင်းတွေ နားထောင်ပြီး ကိုယ်ကိုယ်တိုင်သီချင်းတွေလုပ်ချင်လာတယ်။
✲ ဂီတအစ ✲
၂၀၀၉ ခုနှစ် ၁၂လပိုင်း ၂၅ ရက်နေ့၊ ခရစ္စမတ်နေ့မှာ ကျွန်တော်ရယ်၊ နီပွန်ရယ် Zing ဆိုတဲ့ Band လေးနဲ့ “One Hour” ဆိုပြီးတော့ ပထမဆုံးခွေလေး လုပ်ဖြစ်ခဲ့တယ်။ Zing အဖွဲ့အားလုံးက ကျွန်တော် တို့ မြစ်ကြီးနားမှာငယ်ငယ်ကတည်းကငယ်ပေါင်း
ကြီးဖော် သူငယ်ချင်းတွေချည်းပဲဆိုတော့ ၂၀၀၇မှာ စဖွဲ့လိုက်တာ။ အဲဒီခွေထဲမှာ အရှုံးနဲ့လူ၊မဆုံချင်တော့ဘူးအဲဒီသီချင်း၂ပုဒ်ပါ
တယ်။အဲဒီမှာပရိသတ်တွေကသီချင်းကိုသိတယ်၊ လူကို မသိဘူး။ အဲဒီခွေလေးကတော့ မြစ်ကြီးနားက ပရိသတ်တွေ လက်ခံခဲ့တဲ့ ခွေလေးပေါ့။ အဲဒီကနေ ၂၀၁၂ မှာ ကမ္ဘာပျက်တော့မယ်ဆိုတဲ့ကောလာဟလတွေထွက်တော့ အဲဒီအချိန်မှာ အဲဒီခံစားချက်နဲ့ပဲ အဲဒီလိုပြောတဲ့သူတွေကိုသရော်ထားတဲ့သီချင်းခွေ “၂၀၁၂”ဆိုပြီး အောင်းအောင်နဲ့ထွက်တယ်။ ဒုတိယခွေမှာကျတော့ အနီးဆုံးလူ သီချင်းပါတယ်။ အဲဒီကနေ ၂၀၁၃အကုန် ၂၀၁၄အကူးမှာကျွန်တော့်ရဲ့တစ်ကိုယ်တော်ခွေ “အသင့်ဖြစ်ထားတယ်” ခွေ ထွက်ခဲ့ပါတယ်။
✲ အနီးဆုံးလူအကြောင်း ✲
တစ်ကိုယ်တော်ခွေထွက်ပြီးနောက်မှာ Bo Bo Entertainment ကလုပ်တဲ့ ၃နှစ်ပြည့်မှာ ကျွန်တော့်ရဲ့ ၂၀၁၂ ခွေထဲက အနီးဆုံးလူသီချင်းကို ပြန်သုံးဖြစ်တယ်။ အဲဒါပြီးတော့ ဦးလှဌေးတို့ မာစတာကလည်း အနီးဆုံးလူသီချင်းကိုပဲ Un-plugged လုပ်မယ်ဆိုပြီး ထပ်ထည့်ဖြစ်တယ်။
✲ စိတ်ကူးလေးပါပဲ ✲
ဒီသီချင်းကကျွန်တော်ချောငယ်အတွက်ရေးပေးတဲ့သီချင်းပါ။သူမြစ်ကြီးနားမှာခွေလုပ်နေတဲ့အ
ချိန် ကျွန်တော့်ဆီမှာ သီချင်းလာကြည့်တော့ သူ့ကိုသီချင်း ၃ပုဒ်ရောင်းလိုက်တယ်။ သူကလည်းမြစ်ကြီးနားကပဲဆိုတော့သူ့ကိုရန်ကုန်မှာဆင်းပြီးခွေလုပ်ဖို့ အကြံပေးဖြစ်တယ်။ သူ့ခွေလုပ်တော့ကျွန်တော့်ကိုသီချင်းလာအပ်တော့ စိတ်ကူးလေးပါပဲသီချင်းကို နောက်ဆုံးရေးပေးလိုက်တယ်။ အဲဒါရေးပြီးကတည်းက သူ့ကိုကျွန်တော်တစ်ခါ
တည်း အဲဒီသီချင်းပေါက်ပြီဆိုပြီးတော့ ပြောလိုက်တယ်။ ကျွန်တော်ဂစ်တာတီးပြီး ဆိုထားတာကလည်း သူ့ကိုရေးပေးပြီးတော့ ကျွန်တော်အကြမ်းဆိုပြထားတာကို သူငယ်ချင်းက video ရိုက်ပြီး Youtube မှာ တင်လိုက်တာ။
✲ သီချင်းရေးခြင်းပညာ ✲
Music နဲ့ ပတ်သက်ပြီးတော့ ကျွန်တော့်အတတ်ပညာက ပညာသင်အဆင့်ပဲရှိတာပါ။ အဲဒါကြောင့် ကျွန်တော်ဖန်တီးတဲ့သီချင်းက အတတ်ပညာပိုင်းနဲ့ ပတ်သက်လို့ သိပ်ပြီးပြောင်မြောက်စွာမရှိပေမဲ့ အနုပညာကို ရူးသွပ်စွာနဲ့ အရိုးသားဆုံးခံစားပြီး ခံစားလို့ရသမျှရေးထားတာပါ။ ကျွန်တော်ရေးတဲ့ သီချင်းတွေက ကျွန်တော့်ကိုသူများက အပ်ပြီးရေးတာရှားတယ်။ ကျွန်တော်ရေးပြီးသားသီချင်းတွေထဲကပဲပေးလိုက်တာများတယ်။ ဘာလို့လဲဆိုတော့ Major က သီချင်းဆိုတာ၊ Minor က သီချင်းရေးတာဆိုတော့လေ။ တချို့က ကျွန်တော့် ဆီလာတယ်။ သူတို့လိုချင်တဲ့အကြောင်းအရာကို ကျွန်တော့်ကိုပြောပြတယ်။ အဲဒီမှာ သူ့ vocal ကို ကျွန်တော်နားထောင်တယ်။ ကျွန်တော့်မှာရှိတဲ့ သီချင်းတွေထဲက ကျွန်တော့်သီချင်းဆိုပြတယ်။ စာအုပ်ကိုပြတယ်။ အဲဒီထဲကနေမှ သူတို့ကြိုက်တဲ့သီချင်းကို ယူတယ်။ သီချင်းရေးတာတွေက အခုတော့ အရင်ကထက် ပိုပြီး ကျဲသွားတယ်ပြောရမယ်။ အရင်ကကျတော့ ခေါင်းထဲမှာ ဘာမှမရှိဘူးလေ။ သီချင်းရေးမယ်၊ တီးမယ်၊ ဆိုမယ် ဒါပဲရှိတာ။ အရင်တုန်းကဆို ကိုယ့်အခန်းထဲဝင်လိုက်တာနဲ့ ဂစ်တာတီးမယ်၊ သီချင်းရေးမယ် ဒါပဲရှိတာလေ။ အခုကျတော့ တခြား Pressure တွေကလည်းရှိလာပြီး ပင်ပန်းတာနဲ့ အိပ်ပျော်သွားတာများတော့ သီချင်းရေးတာလည်း နည်းနည်းကျဲသွားတယ်။
✲ လွှမ်းမိုးခဲ့သူများ ✲
ကျွန်တော်သီချင်းတွေ စခံစားတတ်တဲ့ အချိန်၊ ဂစ်တာကိုင်ပြီး တီးခဲ့တဲ့အချိန်မှာ အရမ်းကြိုက်ခဲ့သူတွေက ၀ိုင်ဝိုင်း၊ ဂရေဟမ် သူတို့သီချင်းတွေ အရမ်းကြိုက်ခဲ့တာ။ အဲဒီတုန်းကဆို ကလေးဝလုံးရေးသလိုပဲ ကိုယ်တီးတတ်တဲ့သီချင်းလေးတွေကို တီးတယ်။ နောက်ပိုင်း တဖြည်းဖြည်းနဲ့ ကြိုးစားတီးရင်းကနေ ကိုလေးဖြူတို့သီချင်းတွေဘက် တီးလာတယ်။ ၇တန်း၊ ၈တန်းလောက်မှာ Rock ကို ခံစားတတ်လာတယ်။
✲ အခက်အခဲများနဲ့ ခြေလှမ်း ✲
ကျွန်တော်ရန်ကုန်ကို ထွက်လာခဲ့တဲ့ အချိန်မှာ အရင်ဆုံးမိသားစုနဲ့ အတူနေမှုကို စွန့်လွှတ်ခဲ့ရတယ်။ အဓိကက အမေပေါ့။ အမေ့ရဲ့ စိတ်ပူပန်မှုတွေ၊ မျက်ရည်တွေကို ကျောခိုင်းပြီးတော့ ထွက်လာခဲ့ရတယ်။ ကိုယ်လုပ်ချင်တာကိုလုပ်ခွင့်ရဖို့အတွက် ဖြစ်ချင်တဲ့စိတ်က ရှိနေတော့ ရန်ကုန်ကိုလာတယ်၊ နေစရာ၊ စားစရာ၊ အားကိုးစရာ ဘယ်သူမှမရှိဘူး။ ကိုယ့်စိတ်ထဲမှာ ဂီတကို ရူးသွပ်တဲ့စိတ်နဲ့ ဖြစ်ချင်တဲ့စိတ်ပဲရှိတယ်။ မြစ်
ကြီးနားမှာပဲနေမယ်ဆိုရင် ဂီတကိုသေသေချာချာ လုပ်နိုင်မှာမဟုတ်ဘူး။ ဒါကြောင့် ရန်ကုန်ကိုတက်လာတယ်။ နောက် ပြန်လှည့်ချင်တဲ့ ခြေလှမ်းတွေ၊ စိတ်တွေရှိနေရင်တောင် သိက္ခာအကျမခံဘူးဆိုတဲ့ စိတ်နဲ့ ရှေ့ဆက်သွားတယ်။ ကျွန်တော်ပြန်လှည့်သွားရင် ကျွန်တော့်ပတ်ဝန်းကျင်မှာ မျိုးနဲ့ရိုးနဲ့ သိက္ခာကျမယ်ဆိုတဲ့စိတ်၊ အဲဒီမာနကတော့ ရှိတယ်။ ဘာကြောင့်လည်းဆိုတော့ အိမ်ကိုကတိပေးခဲ့ဖူးတယ်လေ။ ကျွန်တော်က ကိုးတန်းနဲ့ကျောင်းထွက်ခဲ့တာ။ အမေက ဘွဲ့ဓာတ်ပုံကပ်ချင်တာ။ ကျွန်တော့်ကို မွေးချင်း ငါးယောက်ထဲမှာ ငယ်ငယ်ကဆို ကျောင်းမှာဆိုလည်း စာအတော်ဆုံး၊ ဥာဏ်အကောင်းဆုံးဆိုပြီး မှန်းထားတာ။ ကျွန်တော်ကိုးတန်းကျောင်းထွက်တော့ အမေငိုတယ်။ အဲဒီတုန်းက ကျွန်တော်အမေ့ကို ကတိပေးခဲ့တာက အမေဖြစ်စေချင်တဲ့ ဘွဲ့ဓာတ်ပုံတွေ မကပ်
ရပေမဲ့ ကျွန်တော်ဖြစ်ချင်တဲ့ အဆိုတော်ပုံတော့ အမေကပ်ရစေမယ်ပေါ့။ ၂၀၀၇- ၂၀၀၈ ကတည်းက ရန်ကုန်ကိုလာလိုက်၊ လမ်းစမရှိဘူးဆို ပြန်သွားလိုက်လုပ်တာ။ ရန်ကုန်မှာလည်း နာဂစ်ဖြစ် လိုက်၊ ပြဿနာတွေဖြစ် လိုက်နဲ့ဆိုတော့ နေလို့မရဘူးလေ။ အဲဒီတော့ ပြန်ရင်လည်း အမေ့ကို ကျွန်တော်အပြီးပြန်လာတာမဟုတ်ဘူး အလည်လာတာ အဲဒီလိုမျိုးပြောတာ။ အမေလည်း ဂီတကို ခံစားတတ်တယ် ဒါပေမဲ့ ဒီအလုပ်ကအာမခံချက်မရှိ ဘူးပေါ့။ ကိုယ့်ရဲ့ပါရမီနဲ့ ကိုယ်ဘယ်လောက်တတ်လဲ၊ ခံစားတတ်လဲဆိုတာ အမေ မသိဘူးလေ။ နေ့ရှိသရွေ့ ဂစ်တာပဲတီးနေတယ်ဆိုတော့ အမေက ဆူလာတာပေါ့။ ကိုယ်လည်းခံစားရတော့ ကြိုးစားမယ်ဆိုတဲ့ စိတ်တစ်ခုတည်းနဲ့ပဲ အမေ့ကို ကျွန်တော်ပြောတယ်။ ကျွန်တော့်ကို ဘယ်သူမှ အားမပေးရင်နေပါ အမေအားပေးတာတစ်ခုတည်းနဲ့တင်ရပြီလို့ပြောလိုက်တယ်။ အဲဒီမှာ အမေ့ရဲ့ခွင့်ပြုချက်ကို တရားဝင်ရသွားပြီး အမေ့ရဲ့လက်ခုပ်သံကို ကျွန် တော်ကြားခွင့်ရကတည်းက ကျန်တဲ့ ရင်ဆိုင်ရမယ့်အခက်အခဲအားလုံးကို အမေ့ရဲ့မေတ္တာတစ်ခုတည်းနဲ့ ကျော်လွှားနိုင်ခဲ့တာပါ။
✲ ပြောင်းလဲလာတဲ့ခံစားချက် ✲
ငယ်ငယ်တုန်းကဆိုရင် အဆိုတော်ဖြစ်အောင်လုပ်မယ်။ အောင်မြင်အောင် ကြိုးစားမယ်ဆိုတဲ့ စိတ်ပဲရှိတယ်။ အခုကျတော့ တဖြည်းဖြည်းနဲ့ ဂီတရဲ့နက်ရှိုင်းတဲ့ တန်ဖိုးတွေကို သိလာတဲ့အချိန်မှာ ကိုယ့်ကိုယ်ကို ဂီတနဲ့ပတ်သက်ရင် ဂီတကျွန်တစ်ယောက်လို မြင်လာတယ်။ ညကျရင် ဂစ်တာကို ရှိခိုးပြီးမှ အိပ်တယ်။ ပြောင်းလဲလာတာက ဂီတမရှိရင် ကျွန်တော်မရှိတော့ဘူးဆိုတဲ့စိတ်။ ငယ်ငယ်တုန်းကဆို ဂစ်တာကြီးထမ်းပြီး လမ်း
လျှောက်ရတာ၊ လူအထင်ကြီးတာကို သဘောကျတယ်။ အခုကျတော့ ဂစ်တာကိုကိုင်ပြီးလမ်းလျှောက်ရမှာ အားနာလာတယ်။ ကျွန်တော်က ဂစ်တာကိုင်ပြီး လမ်းလျှောက်ခွင့်မရှိတော့ဘူးလေ။ အဲဒီလိုစိတ်တွေ ပြောင်းလဲခံစားလာရတယ်။
✲ အောင်မြင်မှု ✲
ကျွန်တော် တစ်ယောက်တည်းအတွက်ဆိုရင်တော့ ကျွန်တော်ရှိုးဆိုတဲ့အချိန်မှာ ပရိသတ်ကျေနပ်တဲ့အထိ အကောင်းဆုံး ဖျော်ဖြေနိုင်ပြီးတော့ ပရိသတ်သတ်လက်ခုပ်သံကြားရတဲ့အထိ ကိုယ့်အလုပ်ကိုယ်ကို ပီပြင်စွာအပြောင်မြောက်ဆုံးလုပ်နိုင်တဲ့အခါ၊ လုပ်ပြီးသွားတဲ့အခါမှာ အောင်မြင်တယ်လို့ ခံစားရတယ်။ ကျွန်တော့်ကိုကျွန်တော် အမြဲဆုံးမတဲ့ စကားတစ်ခွန်းက “၀န ဂီတကို နင် ခမ်းနားတဲ့ဘ၀အဆင်းနဲ့ ခပ်ပြင်းပြင်းလက်ခုပ်သံတွေကိုယူပြီး ပြန်ပေးမယ့်မင်းရဲ့သီချင်း အမှောင်လောက်မှ မလင်းရင် မင်းစားတဲ့ထမင်း အပင်းပဲ” အဲဒီစကားလိုပဲ ခံယူပါတယ်။
✲မဟုတ်မခံစိတ်နဲ့ ✲
ကျွန်တော်က အရမ်းချစ်တတ်တယ်၊ အရမ်းလည်းမုန်းတတ်တယ် ပြီးရင်အရမ်းလည်း ခံစားတတ်တယ်။ ကိုယ့်ကိုယ်ကို အရမ်းခံစားလွန်းတဲ့ လူတစ်ယောက်လို့ ခံစားရတယ်။ ဘယ်လောက်ပဲ အသိတရားရှိရှိ သတိလက်လွတ်သွားတဲ့အချိန်ဆိုရင်တော့ လူဆိုတာ အမှားတွေ့တတ်တယ်လေ။ အဓိက ကိုယ့်ရဲ့အမှားကို ကိုယ်မြင်တတ်ဖို့ပဲ လိုပါတယ်။ ကိုယ့်ရဲ့အမှားကိုမြင်မှ အမှန်ကို ပြင်နိုင်မှာလေ။ ကိုယ့်ရဲ့ အမှားကို အမှားလို့မမြင်ချင်ယောင်ဆောင်နေရင် ကြာလာတဲ့အခါမှာ အမှားကိုမှားမှန်းမသိတဲ့ အကန်းတစ်ကောင်လို ဖြစ်သွားမှာလေ။ အဲဒီတော့ ကျွန်တော့်ဘက်က မှားမှန်းသိရင် တောင်းပန်ဖို့ ၀န်မလေးဘူး။ တောင်းပန်
ရတာကို မကြိုက်လို့လည်း အစကတည်းက အမှားလည်း မလုပ်ဖြစ်အောင်သတိထားတယ်။ ကျွန်တော်က အရမ်းဒေါသကြီးတဲ့ လူတစ်ယောက်ပါ။ မဟုတ်မခံပေါ့။ ငယ်ငယ်တုန်းကဆို ကိုယ့်ကိုလုပ်သွားရင် အဲဒါကိုမှတ်ထားပြီး ကလဲ့စားချေချင်တယ်။ ကျွန်တော့်အပေါ် ရက်စက်ခဲ့တဲ့သူတွေကို သိမ်မွေ့တဲ့နူးညံ့မှုနဲ့ ကလဲ့စားချေတတ်ပါတယ်။ အခုနောက်ပိုင်းကျတော့ အသက်အရွယ်ရလာတာလည်း ပါတာပေါ့ ဒေါသထွက်တယ်ဆိုရင်တောင် အဲဒီဒေါသကို ထိန်းပြီးမှ ကိုယ့်ကိုယ်ကို ပြန်သုံးသပ်တယ်။ ဒီနေ့ဒေါသကိုထိန်းနိုင်တဲ့အတွက် အရမ်းပျော်တယ်ဆိုပြီး ကိုယ့်ကိုယ်ကိုနိုင်တဲ့သူ ဖြစ်အောင် အသိတရားနဲ့ နေလိုက်ပါတယ်။
✲ ပရိသတ်အပေါ်ထားတဲ့စိတ် ✲
ကျွန်တော်စင်ပေါ်တက်လိုက်တယ်ဆိုရင် အကြောင်းတရားအရသာကျွန်တော်စင်ဆောက်ထားတဲ့အပေါ်နေနေရတာဒါပေမဲ့ကျွန်တော့်ရဲ့
နှလုံးသားတစ်ခုလုံးကပရိသတ်တွေရဲ့အောက်မှာပါ။ပရိသတ်တွေဆိုတာကျွန်တော့်ရဲ့ထမင်း
ရှင်ပါ။ ကျွန်တော်အဖြစ်ချင်ဆုံးဘ၀ဖြစ်တဲ့ အမေ့ကိုလုပ်ကျွေးခွင့်ရတဲ့ ဘ၀ကိုလည်း သူတို့ပဲပေးထားတာပါ။ကျွန်တော့်ကိုတီးတဲ့
လက်ခုပ်သံကဘယ်တော့မှသိက္ခာမကျစေရဘူးဆိုတဲ့ စိတ်နဲ့ ကျေးဇူးပြန်ဆပ်ချင်ပါတယ်။ ကျွန်တော်အရိုးသားဆုံးနဲ့ သီချင်းတွေရေး၊ သီချင်းတွေဆိုပြီး ကျွန်တော့်ရဲ့ဝနဆိုတဲ့ဘ၀ကို နောက်ဆုံးထွက်သက်အထိ ရှင်သန်သွားမှာပါ။ကျွန်တော့်ရဲ့နောက်ထပ်တစ်ကိုယ်တော်ခွေ“တရားသဖြင့်”အတွက် လုပ်နေတာကျွန်တော့်ရဲ့မွေးနေ့နိုဝင်ဘာ
ထွက်နိုင်အောင်လုပ်ပေမဲ့ကြားထဲမှာရေဘေးအတွက်လုပ်ဖြစ်သွားတော့ခွေဘက်ကိုမလှည့်ဖြစ်ဘူးဖြစ်သွားတယ်။ နောက်အကျဆုံး ၂၀၁၆ မှာထွက်နိုင်အောင် ကြိုးစားမှာပါ။
Credit - People Magazine
×××××××××××××××××××××××××××
ZING - ONE HOUR
https://my.pcloud.com/publink/show…
ဝန+ အောင်းအောင် (2012)
https://www.dropbox.com/s/pxxiuv1qjcy…/2012%20%28ZING%29.zip
အသင့်ဖြစ်ထားတယ်
https://www.mediafire.com/…/1v5ppc6gvqv…/ဝန_-အသင့်ဖြစ်ထားတယ်
#ဂီတအကြောင်း_သောင်းပြောင်းထွေလာ

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။