Followers အားေပးသူမ်ား အထူး အထူးပဲ ေက်းဇူးတင္ပါသည္။

✩✩ ✩ ✩ ✩ ✩ ✩သီခ်င္းခ်စ္သူ ✪ မွ ✪ သီခ်င္းခ်စ္သူသို႔✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ္႔ခ်စ္ AhMoon&အမြန္း AhNaing&အႏိုင္ AhNge&အငဲ Akuk Alex&အဲလက္စ္ AnnHellar&အန္ဟဲလာ Ar-T AungHtet&ေအာင္ထက္ AungLa&ေအာင္လ AungNaing&ေအာင္ႏိုင္ AungThu&ေအာင္သူ AungYin&ေအာင္ရင္ AuraLi&အာ္ရာလီ AyeChanMay&ေအးခ်မ္းေမ AyeTinChoShwe&ေအသင္ခ်ိဳေဆြ AyeWuttYiThaung&ေအးဝတ္ရည္ေသာင္း BaDin&ဗဒင္ Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန္ BoPhyu&ဘိုျဖဴ Breaky&ဘရိတ္ကီ BunnyPhyoe&ဘန္နီၿဖိဳး ChanChan&ခ်မ္းခ်မ္း ChanChann&ခ်မ္ခ်မ္း ChawSuKhin&ေခ်ာစုခင္ ChinSong&ခ်င္းသီခ်င္း ChitKaung&ခ်စ္ေကာင္း ChitThuWai&ခ်စ္သုေဝ ChoLayLung&ခ်ိဳေလးလုန္ ChoPyone&ခ်ိဳၿပံဳး ChristmasSong&ခရစၥမတ္သီခ်င္း CityFm Dawn&ဒြန္း DiraMore&ဓီရာမိုရ္ DoeLone&ဒိုးလံုး Dway&ေဒြး EainEain&အိန္အိန္း G.Latt&ဂ်ီလတ္ GaeGae&ေဂေဂး GirlLay&ဂဲ(လ္)ေလး Graham&ဂေရဟမ္ Group&အဖြဲ႔လိုက္ GuRawng&ကူးေရာင္ GyoGyar&ႀကိဳးၾကာ HanTun&ဟန္ထြန္း HaymarNayWin&ေဟမာေနဝင္း He`Lay&ဟဲေလး HlonMoe&လႊမ္းမိုး HlwanPaing&လႊမ္းပိုင္ HtamHkay&ထ်န္ေခး HTDTunYin&ဟသာၤတထြန္းရင္ HtetAung&ထက္ေအာင္ HtetHtetMyintAung&ထက္ထက္ျမင္႔ေအာင္ HtetSaung&ထက္ေလွ်ာင္း HtooEainThin&ထူးအိမ္သင္ HtooHtooSet&ထူးထူးဆက္ HtooL.Lin&ထူးအယ္လင္း HtunHtun&ထြဏ္းထြဏ္း HtunYati&ထြန္းရတီ IreneZinMarMyint&အိုင္ရင္းဇင္မာျမင္႔ J.LingMawng&ေဂလိန္းေမာင္း J.MgMg&ေဂ်ေမာင္ေမာင္ JarSan&ဂ်ာဆန္ JetSanHtun&ဂ်က္ဆန္ထြန္း JMe&ေဂ်းမီ KabarPhone&ကမၻာဖုန္း KaiZar&ကိုင္ဇာ KapyaBoiHmu&ကဗ်ာဘြဲ႔မွဴး KaungKaung&ေကာင္းေကာင္း KhaingHtoo&ခိုင္ထူး KhinBone&ခင္ဘုဏ္း khinMgHtoo&ခင္ေမာင္ထူး KhinMgToe&ခင္ေမာင္တိုး KhinSuSuNaing&ခင္စုစုႏိုင္ KhupPi&ခုပ္ပီး KKT&ေကေကတီ KoKoGyi&ကိုကိုႀကီး KoNi&ေကာ္နီ KyingLianMoong L.KhunYe&L.ခြန္းရီ L.LwinWar&L.လြန္းဝါ L.SengZi&L.ဆိုင္းဇီ LaShioTheinAung&လားရႈိးသိန္းေအာင္ LaWi&လဝီ LayLayWar&ေလးေလး၀ါ LayPhyu&ေလးျဖဴ LDKyaw&L.ဒီေက်ာ္ LiLiMyint&လီလီျမင္႔ LinNit&လင္းနစ္ LynnLynn&လင္းလင္း Madi&မဒီ MaNaw&မေနာ Marritza&မာရဇၨ MayKhaLar&ေမခလာ MaySweet&ေမဆြိ MayThu&ေမသူ MgThitMin&ေမာင္သစ္မင္း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင္းေဖ MinAung&မင္းေအာင္ Misandi&မိဆႏၵီ MMGospelSong&ခရစ္ယာန္ဓမၼေတး MMLoveSong&ျမန္မာသီခ်င္း MoMo&မို႔မို႔ MoonAung&မြန္းေအာင္ Music&ဂီတ Myanmar-Kid-Songs MyayPeYo&ေျမပဲယို MyoGyi&မ်ိဳးႀကီး MyoMyo&မ်ိဳးမ်ိဳး NangKhinZayYar&နန္းခင္ေဇယ်ာ Naung&ေနာင္ NawLiZar&ေနာ္လီဇာ NawNaw&ေနာေနာ္ NgeNgeLay&ငဲ႔ငယ္ေလး NiNiKhinZaw&နီနီခင္ေဇာ္ NiNiWinShwe&နီနီဝင္းေရႊ NO&ႏိုး NweYinWin&ႏြဲ႔ယဥ္ဝင္ NyanLinAung&ဥာဏ္လင္းေအာင္ NyiMinKhine&ညီမင္းခိုင္ NyiZaw&ညီေဇာ္ PannEiPhyu&ပန္းအိျဖဴ PanYaungChel&ပန္းေရာင္ျခယ္ Pb.ThanNaing&သန္းႏိုင္ PhawKa&ေဖာ္ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ္ PhyoGyi&ၿဖိဳးႀကီး PhyoKyawHtake&ၿဖိဳးေက်ာ္ထိုက္ PhyuPhyuKyawThein&ျဖဴျဖဴေက်ာ္သိန္း PhyuThi&ျဖဴသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည္ RainMoe&ရိန္မိုး RebeccaWin&ေရဗကၠာ၀င္း Ringo&ရင္ဂို SaiHteeSaing&စိုင္းထီးဆိုင္ SaiLay&စိုင္းေလး SaiSaiKhanHlaing&စိုင္းစိုင္းခမ္းလႈိင္ SaiSaiMaw&စိုင္းဆိုင္ေမာ၀္ SaiSan&ဆိုင္စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင္းဂၽြန္သင္ဇမ္း SalaiSunCeu&ဆလိုင္းဆြန္က်ဲအို SalaiThuahAung&ဆလိုင္းသႊေအာင္ SalaiZamLain&ဆလိုင္းသွ်မ္းလ်န္ SandyMyintLwin&စႏၵီျမင့္လြင္ SangPi&စံပီး SaungOoHlaing&ေဆာင္းဦးလႈိင္ SawBweHmu&စာဘြဲ႔မွဴး SawKhuSe&ေစာခူဆဲ She&သွ်ီ ShinPhone&ရွင္ဖုန္း ShweHtoo&ေရႊထူး SinPauk&ဆင္ေပါက္ SiThuLwin&စည္သူလြင္ SithuWin&စည္သူဝင္း SiYan&စီယံ Snare SoeLwinLwin&စိုးလြင္လြင္ SoeNandarKyaw&စိုးနႏၵာေက်ာ္ SoePyaeThazin&စိုးျပည္႔သဇင္ SoeSandarTun&စိုးစႏၵာထြန္း SoTay&ဆိုေတး SungTinPar&ဆုန္သင္းပါရ္ SuNit&ဆူးနစ္ TekatawAyeMg&တကၠသိုလ္ေအးေမာင္ ThangPaa&ထန္းပါး TharDeeLu&သာဒီးလူ ThawZin&ေသာ္ဇင္ ThiriJ.MgMg&သီရိေဂ်ေမာင္ေမာင္ Thoon&သြန္း TinGyanSong&သႀကၤန္သီခ်င္း TintTintTun&တင္႔တင္႔ထြန္း TinZarMaw&တင္ဇာေမာ္ TunEaindraBo&ထြန္းအိျႏၵာဗို TunKham&ထြဏ္းခမ္ TunTun&ထြန္းထြန္း TuTu&တူးတူး V.NoTun&V.ႏိုထြန္း WaiLa&ေဝလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင္းစုခိုင္သိန္း WyneLay&ဝိုင္းေလး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင္ YadanaOo&ရတနာဦး YairYintAung&ရဲရင္႔ေအာင္ YanAung&ရန္ေအာင္ YarZarWinTint&ရာဇာဝင္းတင္႔ YeTwin&ရဲသြင္ YummyRookie YuZaNa&ယုဇန YY&၀ိုင္၀ိုင္း Z.DiLa&Z.ဒီးလာ ZamNu&ဇမ္ႏူး ZawOne&ေဇာ္ဝမ္း ZawPaing&ေဇာ္ပိုင္ ZawWinHtut&ေဇာ္ဝင္းထြဋ္ ZawWinShing&ေဇာ္ဝင္းရွိန္ ZayYe&ေဇရဲ ZwePyae&ဇြဲျပည္႔
သီခ်င္းနားေထာင္ရန္ အေပၚက အဆိုေတာ္ နာမည္ Click ပါေနာ္

Facebook မွာ ဖတ္ခ်င္ရင္ Like တစ္ခ်က္ေလာက္ နဲ႔ အားေပးႏိုင္ပါသည္

Thursday, December 22, 2016

ကိုယ့္ကားရဲ႕ စြမ္းေဆာင္ရည္ကို အသစ္က်ပ္ခၽြတ္လို ျဖစ္ေနေစဖို႔ လုပ္သင့္တဲ့ ၅ ခ်က္

 
တျခားစက္ပစၥည္းေတြ၊ အီလက္ထေရာနစ္ ပစၥည္းေတြလိုပဲ ကားတစ္စီးဟာ ဝယ္လုိက္ၿပီ ဆိုတာနဲ႔ အသစ္က်ပ္ခၽြတ္ မဟုတ္ေတာ့ဘဲ အေဟာင္းစာရင္း ဝင္သြားမွာပါပဲ။ အသံုးမ်ားလာေလေလ ကားရဲ႕ စြမ္းေဆာင္ရည္လည္း က်ေလေလေလ ျဖစ္လာပါလိမ့္မယ္။ ဒါေပမဲ့ စနစ္တက် ကိုင္တြယ္ထိန္းသိမ္းတတ္ရင္ေတာ့ မိုင္ေထာင္ေသာင္းခ်ီ ေမာင္းႏွင္ၿပီး ျဖစ္တဲ့တိုင္ ကားရဲ႕ အင္ဂ်င္ စြမ္းေဆာင္ရည္က အသစ္တစ္စီးလို လတ္ဆတ္ေနႏုိင္ပါတယ္။ ကိုယ့္ကားရဲ႕ စြမ္းေဆာင္ရည္ကို အသစ္လို ျဖစ္ေနေစခ်င္ရင္ေတာ့ သတိျပဳ လုိက္နာသင့္တဲ့ ဒီအခ်က္ ၅ ခုကို မ်က္ကြယ္မျပဳထားဖုိ႔ အေရးႀကီးပါတယ္။
 
၁။ ဆီေတြ၊ ဝိုင္ေတြစစ္ပါ
ကားတစ္စီး အဆင္ေခ်ာေခ်ာ ေမာင္းႏွင္ဖုိ႔အတြက္ လုပ္ငန္းပိုင္းေရာ၊ ဖြဲ႕စည္းပံုပါ ကြဲျပားတဲ့ အရည္အမ်ိဳးမ်ိဳးကို သင့္ေတာ္သလို အသံုးျပဳဖုိ႔ လုိပါတယ္။ အင္ဂ်င္ဝိုင္၊ ဘရိတ္ဆီ၊ အင္ဂ်င္ကူးလန္႔အရည္၊ ဂီယာဆီ အစရွိတာမ်ိဳးေတြေပါ့။ ပံုမွန္ဆိုရင္ေတာ့ ကားတစ္စီးရဲ႕ လမ္းညႊန္စာအုပ္မွာ မိုင္ေပါင္းႏွစ္ေသာင္း ေမာင္းၿပီးတိုင္း ဒီအရည္ေတြ တစ္ႀကိမ္စစ္ဖို႔ ေထာက္ခံထားပါလိမ့္မယ္။ ဒါေပမဲ့ ကိုယ္တိုင္က အေျခအေနေပးရင္ ေပးသလို စစ္ေဆးၿပီး လိုအပ္သလို ဆီေတြ၊ ဝိုင္ေတြ လဲလွယ္တာ၊ အသစ္ျဖည့္တာေတြ လုပ္ေပးေနရင္ ကားရဲ႕ ကိရိယာ အစိတ္အပိုင္းေတြအတြက္ ေကာင္းက်ိဳး ျဖစ္ထြန္းမွာပါ။
 
၂။ ပစၥည္းေကာင္းသံုးပါ
အင္ဂ်င္ဝိုင္တို႔၊ ဘရိတ္ဆီတို႔ ျဖည့္ၿပီဆိုရင္ ကိုယ့္ကားအတြက္ အကိုက္ညီဆံုး အမ်ိဳးအစားကို ေသခ်ာေရြးခ်ယ္ပါ။ ေစ်းေပါတာကို လိုက္မရွာဘဲ အရည္အေသြးကို ဦးစားေပးပါ။ သင့္ေတာ္မွန္ကန္တဲ့ အင္ဂ်င္ဝိုင္ဟာ အင္ဂ်င္ရဲ႕ သက္တမ္းကို ထိထိေရာက္ေရာက္ ဆြဲဆန္႔ေပးႏုိင္ပါတယ္။ တျခားလိုအပ္တဲ့ ကားအစိတ္အပိုင္းေတြ ဆိုရင္လည္း အရည္အေသြး ေကာင္းမြန္တာကို ရွာေဖြသင့္ပါတယ္။
 
၃။ ကားကို ေလ့က်င့္ခန္း လုပ္ေပးပါ
လူေတြ က်န္းမာေရးအတြက္ ေလ့က်င့္ခန္း လုပ္သလို ကားအင္ဂ်င္ကိုလည္း လုပ္ေပးရပါမယ္။ မနက္ေစာေစာမွာ ဘယ္ကိုမွ မသြားခင္ ကားစက္ကို အနည္းဆံုး စကၠန္႔ ၃၀ ေလာက္ ႏိႈးထားတာမ်ိဳးက ကားအတြက္ ေသြးပူေလ့က်င့္ခန္း သေဘာပါပဲ။ ကမာၻ႕ဆြဲငင္အားေၾကာင့္ ေန႔လယ္နဲ႔ ညေနပိုင္းေတြမွာ ကားရဲ႕ ဆီေတြ၊ ဝိုင္ေတြနဲ႔ တျခား အစိတ္အပိုင္း တခ်ိဳ႕ဟာ ေအာက္ဘက္ကို က်ေနတတ္ပါတယ္။ ဒါက သဘာဝပါ။ မနက္ပိုင္း စက္ကို ျပန္ႏိႈးေပးထားတဲ့အခါ အဲဒီလို ေနရာေ႐ြ႕ေနတာေတြ ပံုမွန္အေနအထား ျပန္ျဖစ္သြားပါတယ္။ ပိုက္ထဲမွာ ဆီေတြျပန္တက္လာတာမ်ိဳး ျဖစ္လာပါလိမ့္မယ္။ ပံုမွန္ အေလ့အက်င့္ လုပ္ေပးဖို႔ အသင့္ေတာ္ဆံုး ကိစၥလုိ႔ ဆိုႏုိင္ပါတယ္။
 
၄။ ျပင္ပကိုယ္ထည္ကိုလည္း ဂ႐ုစိုက္
အင္ဂ်င္ေကာင္းဖို႔ ျပင္ပကိုယ္ထည္ကို ဂ႐ုစိုက္ရမယ္ဆိုတာ တစ္မ်ိဳးေတာ့ ျဖစ္ေနတယ္။ ဒါေပမဲ့ ကားကိုယ္ထည္မွာ ဖေယာင္းသြင္းထားတာမ်ိဳးက ဆားဖဲြ႕စည္းမႈ ျဖစ္ႏုိင္ေျခကို ဟန္႔တားၿပီး ကားစက္ကိရိယာေတြထဲ ျပင္ပ အမိႈက္သ႐ိုက္ အမႈန္အမႊားေတြ မဝင္ေအာင္လည္း တားဆီးေပးပါတယ္။ ၿပီးေတာ့ ကားေအာက္ပိုင္းမွာ ဆားေပါက္ႏုိင္တဲ့ အေျခအေနေတြကို ပံုမွန္ စနစ္တက် ေဆးေၾကာေပးသင့္ပါတယ္။
 
၅။ စမတ္က်က် ေမာင္းႏွင္ပါ
ကားကို ခပ္ျဖည္းျဖည္း စေမာင္းဖုိ႔၊ ဘရိတ္ကို တတ္ႏုိင္သမွ် ျဖည္းျဖည္းအုပ္ဖုိ႔ ဆိုတာေတြက ေျပာစရာ မလုိတဲ့ ကိစၥေတြပါ။ အတတ္ႏုိင္ဆံုး ေျပျပစ္တဲ့ လမ္းေတြကို ေရြးခ်ယ္တာ၊ ခ်ိဳင့္ခြက္ေတြကို ေရွာင္တာကလည္း အင္ဂ်င္ကို အထိမနာေအာင္ ညႇာတာရာ ေရာက္ပါတယ္။ ကိုယ့္ကားကို ခ်စ္ခ်စ္ခင္ခင္ ယုယုယယ ဂ႐ုစိုက္ၿပီး စည္းနဲ႔ကမ္းနဲ႔ ေမာင္းႏွင္တာမ်ိဳးက ကားရဲ႕ သက္တမ္းကို ပိုၿပီး ရွည္ရွည္ၾကာၾကာ အသံုးျပဳေစႏုိင္မွာ ျဖစ္ပါတယ္။
 
Ref: Gizmo
 
Unicode
 
ကိုယ့်ကားရဲ့ စွမ်းဆောင်ရည်ကို အသစ်ကျပ်ချွတ်လို ဖြစ်နေစေဖို့ လုပ်သင့်တဲ့ ၅ ချက်
 
တခြားစက်ပစ္စည်းတွေ၊ အီလက်ထရောနစ် ပစ္စည်းတွေလိုပဲ ကားတစ်စီးဟာ ဝယ်လိုက်ပြီ ဆိုတာနဲ့ အသစ်ကျပ်ချွတ် မဟုတ်တော့ဘဲ အဟောင်းစာရင်း ဝင်သွားမှာပါပဲ။ အသုံးများလာလေလေ ကားရဲ့ စွမ်းဆောင်ရည်လည်း ကျလေလေလေ ဖြစ်လာပါလိမ့်မယ်။ ဒါပေမဲ့ စနစ်တကျ ကိုင်တွယ်ထိန်းသိမ်းတတ်ရင်တော့ မိုင်ထောင်သောင်းချီ မောင်းနှင်ပြီး ဖြစ်တဲ့တိုင် ကားရဲ့ အင်ဂျင် စွမ်းဆောင်ရည်က အသစ်တစ်စီးလို လတ်ဆတ်နေနိုင်ပါတယ်။ ကိုယ့်ကားရဲ့ စွမ်းဆောင်ရည်ကို အသစ်လို ဖြစ်နေစေချင်ရင်တော့ သတိပြု လိုက်နာသင့်တဲ့ ဒီအချက် ၅ ခုကို မျက်ကွယ်မပြုထားဖို့ အရေးကြီးပါတယ်။
 
၁။ ဆီတွေ၊ ဝိုင်တွေစစ်ပါ
ကားတစ်စီး အဆင်ချောချော မောင်းနှင်ဖို့အတွက် လုပ်ငန်းပိုင်းရော၊ ဖွဲ့စည်းပုံပါ ကွဲပြားတဲ့ အရည်အမျိုးမျိုးကို သင့်တော်သလို အသုံးပြုဖို့ လိုပါတယ်။ အင်ဂျင်ဝိုင်၊ ဘရိတ်ဆီ၊ အင်ဂျင်ကူးလန့်အရည်၊ ဂီယာဆီ အစရှိတာမျိုးတွေပေါ့။ ပုံမှန်ဆိုရင်တော့ ကားတစ်စီးရဲ့ လမ်းညွှန်စာအုပ်မှာ မိုင်ပေါင်းနှစ်သောင်း မောင်းပြီးတိုင်း ဒီအရည်တွေ တစ်ကြိမ်စစ်ဖို့ ထောက်ခံထားပါလိမ့်မယ်။ ဒါပေမဲ့ ကိုယ်တိုင်က အခြေအနေပေးရင် ပေးသလို စစ်ဆေးပြီး လိုအပ်သလို ဆီတွေ၊ ဝိုင်တွေ လဲလှယ်တာ၊ အသစ်ဖြည့်တာတွေ လုပ်ပေးနေရင် ကားရဲ့ ကိရိယာ အစိတ်အပိုင်းတွေအတွက် ကောင်းကျိုး ဖြစ်ထွန်းမှာပါ။
 
၂။ ပစ္စည်းကောင်းသုံးပါ
အင်ဂျင်ဝိုင်တို့၊ ဘရိတ်ဆီတို့ ဖြည့်ပြီဆိုရင် ကိုယ့်ကားအတွက် အကိုက်ညီဆုံး အမျိုးအစားကို သေချာရွေးချယ်ပါ။ စျေးပေါတာကို လိုက်မရှာဘဲ အရည်အသွေးကို ဦးစားပေးပါ။ သင့်တော်မှန်ကန်တဲ့ အင်ဂျင်ဝိုင်ဟာ အင်ဂျင်ရဲ့ သက်တမ်းကို ထိထိရောက်ရောက် ဆွဲဆန့်ပေးနိုင်ပါတယ်။ တခြားလိုအပ်တဲ့ ကားအစိတ်အပိုင်းတွေ ဆိုရင်လည်း အရည်အသွေး ကောင်းမွန်တာကို ရှာဖွေသင့်ပါတယ်။
 
၃။ ကားကို လေ့ကျင့်ခန်း လုပ်ပေးပါ
လူတွေ ကျန်းမာရေးအတွက် လေ့ကျင့်ခန်း လုပ်သလို ကားအင်ဂျင်ကိုလည်း လုပ်ပေးရပါမယ်။ မနက်စောစောမှာ ဘယ်ကိုမှ မသွားခင် ကားစက်ကို အနည်းဆုံး စက္ကန့် ၃၀ လောက် နှိုးထားတာမျိုးက ကားအတွက် သွေးပူလေ့ကျင့်ခန်း သဘောပါပဲ။ ကမ္ဘာ့ဆွဲငင်အားကြောင့် နေ့လယ်နဲ့ ညနေပိုင်းတွေမှာ ကားရဲ့ ဆီတွေ၊ ဝိုင်တွေနဲ့ တခြား အစိတ်အပိုင်း တချို့ဟာ အောက်ဘက်ကို ကျနေတတ်ပါတယ်။ ဒါက သဘာဝပါ။ မနက်ပိုင်း စက်ကို ပြန်နှိုးပေးထားတဲ့အခါ အဲဒီလို နေရာရွေ့နေတာတွေ ပုံမှန်အနေအထား ပြန်ဖြစ်သွားပါတယ်။ ပိုက်ထဲမှာ ဆီတွေပြန်တက်လာတာမျိုး ဖြစ်လာပါလိမ့်မယ်။ ပုံမှန် အလေ့အကျင့် လုပ်ပေးဖို့ အသင့်တော်ဆုံး ကိစ္စလို့ ဆိုနိုင်ပါတယ်။
 
၄။ ပြင်ပကိုယ်ထည်ကိုလည်း ဂရုစိုက်
အင်ဂျင်ကောင်းဖို့ ပြင်ပကိုယ်ထည်ကို ဂရုစိုက်ရမယ်ဆိုတာ တစ်မျိုးတော့ ဖြစ်နေတယ်။ ဒါပေမဲ့ ကားကိုယ်ထည်မှာ ဖယောင်းသွင်းထားတာမျိုးက ဆားဖွဲ့စည်းမှု ဖြစ်နိုင်ခြေကို ဟန့်တားပြီး ကားစက်ကိရိယာတွေထဲ ပြင်ပ အမှိုက်သရိုက် အမှုန်အမွှားတွေ မဝင်အောင်လည်း တားဆီးပေးပါတယ်။ ပြီးတော့ ကားအောက်ပိုင်းမှာ ဆားပေါက်နိုင်တဲ့ အခြေအနေတွေကို ပုံမှန် စနစ်တကျ ဆေးကြောပေးသင့်ပါတယ်။
 
၅။ စမတ်ကျကျ မောင်းနှင်ပါ
ကားကို ခပ်ဖြည်းဖြည်း စမောင်းဖို့၊ ဘရိတ်ကို တတ်နိုင်သမျှ ဖြည်းဖြည်းအုပ်ဖို့ ဆိုတာတွေက ပြောစရာ မလိုတဲ့ ကိစ္စတွေပါ။ အတတ်နိုင်ဆုံး ပြေပြစ်တဲ့ လမ်းတွေကို ရွေးချယ်တာ၊ ချိုင့်ခွက်တွေကို ရှောင်တာကလည်း အင်ဂျင်ကို အထိမနာအောင် ညှာတာရာ ရောက်ပါတယ်။ ကိုယ့်ကားကို ချစ်ချစ်ခင်ခင် ယုယုယယ ဂရုစိုက်ပြီး စည်းနဲ့ကမ်းနဲ့ မောင်းနှင်တာမျိုးက ကားရဲ့ သက်တမ်းကို ပိုပြီး ရှည်ရှည်ကြာကြာ အသုံးပြုစေနိုင်မှာ ဖြစ်ပါတယ်။
 
Ref: Gizmo
 http://7daycars.com/story/1076

No comments:

Post a Comment

မိတ္ေဆြ...အခ်ိန္ေလးရရင္ blogg မွာစာလာဖတ္ပါေနာ္
ဗဟုသုတ ရနိုင္တယ္။