သူဟာ သင်္ဘော ကုမ္ပဏီတစ်ခုရဲ့
အရောင်းကိုယ်စားလှယ် တစ်ယောက် ဖြစ်တယ်။ ဒါပေမယ့် သူဟာ တကယ်တမ်း ရေဒီယို
သတင်း ကြေငြာသူတစ်ယောက် ဖြစ်ချင်တာ။
အဲဒီတော့ ဖြစ်ချင်ရာ ဖြစ်ဆိုပြီး အလုပ်ထွက်
လိုက်ပါတယ်။ ပြီးတော့ “All India Radio” အသံလွှင့် ဌာနမှာ
အလုပ်သွားလျှောက်ခဲ့တယ်။ ဒါပေမယ့် သူ့အသံဟာ ကြေငြာသူ တစ်ယောက် ဖြစ်ရအောင်
မကောင်းပါဘူး ဆိုပြီးတော့ အငြင်းခံလိုက်ရတယ်။
ဒါပေမယ့်လည်း ဝန်ထမ်းဟောင်းလေးဟာ
ဇွဲမလျှော့ဘူး။ ရုပ်ရှင်လောကထဲကို ဝင်ကြည့်ပြန်တယ်။ ဒီမှာလည်း အင်တာဗျူးမှာ
အငြင်းခံရတယ်။ အရပ်ရှည်တဲ့သူ့ကို ဘယ်သူမှ မလိုချင်ကြပါဘူး။
ဒါပေမယ့်လည်း သူဟာ ဇွဲမလျှော့သေးဘူး။ ရုပ်ရှင်တွေထဲ ပါချင်လွန်းလို့ မရရတဲ့နေရာကနေ ဝင်ရိုက်တယ်။ မအောင်မြင်ဘူး။
နောက်ဆုံး နေစရာမရှိတဲ့အတွက်ကြောင့်
သူ့ဆရာဆိုလည်းဟုတ် သူငယ်ချင်း ဆိုလည်း ဟုတ်တဲ့ ဟာသ သရုပ်ဆောင် တစ်ယောက်
အိမ်မှာ လိုက် ကပ်နေရ ရှာတယ်။
ရုပ်ရှင် ၁၂ ကားဆက်တိုက် အရှုံးချည့်ပဲ။ စုတ်ပြတ်သတ်နေတာ။ သို့သော် အဲဒီ ဝန်ထမ်းဟောင်း လေးဟာ အားမလျှော့ခဲ့ပါဘူး။
ဒီကနေ့…. သူဟာ လန်ဒန်မှာရှိတဲ့ ဖယောင်းရုပ်ထု ပြတိုက်ထဲအထိ ထည့်အပြခံရတဲ့ အာရှရဲ့ ပထမ ဆုံးသော ရုပ်ရှင် သရုပ်ဆောင် ဖြစ်ခဲ့ပြီ။
၂၀၀၁ ခုနှစ်က အီဂျစ်မှာ ကျင်းပတဲ့ အလက်ဇန်းဒရီးယား ရုပ်ရှင်ပွဲတော်မှာ “ရာစုနှစ်ရဲ့ အကောင်းဆုံး မင်းသား သရုပ်ဆောင်” ဆုကို ရခဲ့ပြီ။
“Die Hard” ရုပ်ရှင်မင်းသားကြီး ဘရုစ်ဝီလီကတောင် သူ့ကို “ဟောလီးဝုဒ်က ကြယ်ပွင့်တွေထက် ခမ်းနားသူ” လို့ သမုတ်ခဲ့ပြီးပြီ။
သရုပ်ဆောင်လုပ်ခါစက ရူပီး တစ်ထောင်လောက်
မစို့မပို့ရခဲ့တဲ့ သူဟာ အခုဆိုရင် ဇာတ်ကား တစ်ကားကို ရူပီး
သန်း ထောင့်လေးရာကျော် နဲ့ ရိုက်နေပါပြီ။
Forbes မဂ္ဂဇင်းရဲ့ ကမ္ဘာ့အချမ်းသာဆုံး
ဘောလီးဝုဒ် ရုပ်ရှင်မင်းသား လေးယောက်စာရင်းထဲ တစ်ယောက် အပါအဝင် ဖြစ်သွားတဲ့
အဲဒီ ကာလကတ္တားက ဝန်ထမ်းဟောင်းလေးက ကျွန်တော်တို့ ငယ်ငယ်ကထဲက
အသည်းစွဲခဲ့ကြတဲ့ မင်းသားကြီး “အမီတာဘဂျမ်း” ဖြစ်ပါတယ်။
အောင်မြင်မှုလမ်းဆိုတာ ဘယ်တော့မှ မဖြောင့်တန်းပါဘူး။ ခလုတ်တိုက်မယ် လဲမယ်။ ခနခန လဲမယ်။ လဲသလောက်ပြန်ထနေဖို့ အရေးကြီးတယ်။
မပျံနိုင်တော့ဘူးလား။ ပြေးပါ။ မပြေးနိုင်တော့ဘူးလား။ လျှောက်ပါ။ မလျှောက်နိုင်တော့ဘူးလား။
တွားသွားပါ။ ခင်ဗျား ဘာပဲလုပ်နေ လုပ်နေ ရှေ့ကိုတော့ ရောက်နေရမယ်။ ဒါမှ
ခင်ဗျား မျှော်လင့်ချက် တွေဟာ အကောင်အထည်ပေါ်လာလိမ့်မယ် ဆိုတာကို
မင်းသားကြီး အမီတာဘဂျမ်းက ကောင်း ကောင်းကြီး သက်သေပြသွားပါတယ်။
#kyawnge
© 2016 MhatSuKyan
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။