Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Sunday, December 18, 2016

BBC ကမ္ဘာ့အရေး မြန်မာ့အရေး ဆွေးနွေးခန်း ၌ အမေး အဖြေ များ ကောက်နှုတ်ချက်

 
 
ရခိုင်အရေးနဲ့ပတ်သက်ပြီးတော့ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်
ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ကိုင်တွယ် ဖြေရှင်းမှုကို အားလုံးက
ဝိုင်းပြီးအကူအညီပေးကြရန် ကိုဂျင်မီ မှ BBC ကမ္ဘာ့အရေး မြန်မာ့အရေး ဆွေးနွေးခန်း ၌ အမေး အဖြေ များ ကောက်နှုတ်ချက်
*****************************************************************
မေး- ကိုဂျင်မီ ခင်ဗျာ အဓိက ရခိုင်အခြေအနေကလေ ပြည်တွင်းမှာလည်း စုံစမ်းမှုတွေလုပ်နေတော့ ဒီလို အာဆီယံရဲ့စိုးရိမ်မှုတွေ ဘာကြောင့်
ထွက်ပေါ်လာတယ်လို့ ပြောနိုင်လည်းခင်ဗျာ့။

ဖြေ- ဒါ ဒေါ်အောင်းဆန်းစုကြည်က ခေါ်ပြီးရှင်းပြမယ်ဆိုတာ မြန်မာအစိုးရရဲ့ ပွင့်လင်းမြင်သာမှုကို ထုတ်ပြချင်တဲ့ သဘောပါပဲ။ တစ်ဖက်မှာလည်း
မကြာသေးခင်က နိုင်ငံတခုကနေပြီးတော့ ၀န်ကြီးချုပ်လုပ်တဲ့
သူကိုယ်တိုင် က သူ့ရဲ့ ပုဂ္ဂိုလ်ရေး နိုင်ငံရေးသြဇာ ထူထောင်လိုမှုနဲ့ သူကိုယ်တိုင် လမ်းပေါ်ထွက်ပြီး ဆန္ဒပြတဲ့ လုပ်ရပ်တွေက ဘာပဲဖြစ်ဖြစ် အာဆီယံတွင်းနိုင်ငံတွေနဲ့ ပတ်သက်ပြီးတော့ ဖြေရှင်းပုံနည်းလမ်းတွေ လွဲနေ
တယ်။ အဲဒီ လွဲမှား နေမှုအပေါ်မှာ ဒေါ်အောင်ဆန်းစုကြည် ကနေပြီးတော့ အာဆီယံနိုင်ငံတွေကို အာဆီယံအသိုက်အ၀န်းအနေနဲ့ မြန်မာပြည်မှာ
လက်ရှိအစိုးရရဲ့ ကိုင်တွယ်နေပုံတွေကို ရှင်းရှင်းလင်းလင်းသိမြင်အောင်လို့၊ ပွင့်လင်းမြင်သာမှုရှိ အောင်လို့ ခေါ်ယူရှင်းပြမယ်ဆိုတဲ့ သဘောလို့ ကျနော်အဲသလို နားလည်ပါတယ်။

မေး- ဒါပေမယ့်လို့ တချို့ဝေဖန်နေတာက အစိုးရတက်လာလို့ရှိရင် ဒီသူတို့
Independently သူတို့ စုံစမ်း စစ်ဆေးမှုတွေ၊ သတင်းမီဒီယာတွေ ၊
နိုင်ငံခြား NGO တွေ ကွင်းဆင်းလေ့လာခွင့်မရတဲ့အတွက် အစိုးရရဲ့ထုတ် ပြန်ချက်တွေကိုလည်းပဲ သိပ်ပြီးတော့ ယုံကြည်အားကိုးလို့ မရတဲ့အတွက် ဒီလို နိုင်ငံတကာက ဖိအားပိုပေး တယ်ဆိုတဲ့ သတင်းတွေလည်းပဲ
ထွက်တယ်လေ အဲသလိုကော မဖြစ်နိုင်ဘူးလား ကိုဂျင်မီ။

ဖြေ - ကျနော်ကတော့ အဲသလို မယူဆဘူးခင်ဗျာ့။ ဘာလို့လည်းဆိုတော့ ဒီပြဿနာက အမှန်အတိုင်းပြော မယ်ဆိုလို့ရှိရင် ဒီနိုင်ငံတကာက သတင်းမီဒီယာတွေ ကိုယ်တိုင်ကိုကလည်း ကျနော်တို့ သတင်းအလွဲအမှားတွေ နဲ
့ ၀ါဒဖြန့်ချီထားတာကိုလည်း ကျနော်တို့ ဒါ သတိပြုမိတယ်။ ဒါတော်တော်
ကြာပါပြီ။ ၂၀၁၂ ခုနှစ် ကျနော် ဥရောပတိုက်ခရီးစဉ်ထဲကိုက
Dramatize လုပ်ပြီးတော့ ဗုဒ္ဓဘာသာတွေက မူဆလင်တွေကို နှိပ်စက်
နေတယ်ဆိုတဲ့ပုံစံမျိုးနဲ့ ၀ါဒဖြန့်ချီနေတယ်။ ဒါလည်း တဖြည်းဖြည်းနဲ့တော့ ပေါ်လာပါပြီ ဒီအခြေအနေတွေက သတင်းမီဒီယာတွေအားလုံးကိုလည်း ကျနော်တို့က လက်ခံပြီးတော့ ဒီမှာ ကိုယ်လိုသလို စုံစမ်းကြဆိုရင် သူတို့ လိုတဲ့ပုံဖေါ်မှာလည်း ဒါရှိနိုင်သေးတာကိုးဗျာ့။ ဒါပေမယ့် သေချာတာတခုကတော့ အများပြည်သူက ယုံကြည် စိတ်ချရတဲ့ ပြည်တွင်းပြည်ပယုံကြည်စိတ်ချရတဲ့ ယုံကြည်မှုရှိနိုင်မလား မစ်စတာ ကိုဖီအာနန် လို ပုဂ္ဂိုလ်မျိုးပေါ့။ အဲဒီ ပုဂ္ဂိုလ်မျိုးကို အကြံပေးကော်မရှင် ဥက္ကဌလုပ်ပြီး သွားလာစေလွှတ်မှု
တွေရှိနေတာပဲ။ နောက်ပြီး UN ကလည်း လေ့လာမှုတွေရှိနေတာပဲ။
လိုအပ်လို့ရှိရင် ဒီထက်မက ပိုပြီးတော့ ပွင့်လင်းမြင်သာတဲ့ ပုံစံနဲ့ ဖြေရှင်း မယ့် အစိုးရမျိုးပါ။ ဒါကိုတော့ ကျနော်တို့ ယုံကြည်ပြီးသားပါ။ အဲတော့ အခု အာဆီယံအသိုက်အ၀န်းက ဘာဖြစ်လည်းဆိုတော့ ကျနော်တို့ မိသားစု အာဆီယံပုံစံနဲ့ဖြေရှင်းရမယ့် ကိစ္စတွေရှိနေတဲ့ကိုး။ အဲဒါကို တချို့
နိုင်ငံတွေက အာဆီယံပုံစံမျိုး မဟုတ်ပဲနဲ့ သံတမန်မဆံတဲ့ ပုံစံတွေနဲ့
ကိုင်တွယ်နေမယ်၊ ၀ါဒဖြန့်ချီမှုတွေရှိ နေတယ်။ အဲဒီအတွက် ဒါကိုရှင်းပြ
မယ့် သဘောပါပဲ၊ အဲသလိုပဲ ကျနော်မြင်ပါတယ်။

မေး- ရိုဟင်ဂျာလို့ ခေါ်တဲ့ လူမျိုးစုတစုက ဘာသာရေး၊ လူမျိုးရေး မုန်းတီးမှုတွေ မဖြစ်အောင် အာဆီယံအနေနဲ့ ပဲဖြစ်ဖြစ်၊ ကမ္ဘာအနေနဲ့ပဲဖြစ်ဖြစ်
ဝိုင်းပြီးတော့ အဖြေရှာမယ်လို့ သူတို့ကြိုးပမ်းတာတွေရှိနိုင်တယ်လေ။ အထူးသ ဖြင့် မစ်စတာ ကာဝီ ဆိုတဲ့ ပုဂ္ဂိုလ်က ဒီ ရှူရာလင်ကွာရာရီ ယူနီဗာစတီက ဘာပြောလဲဆိုရင် မလေးရှားနိုင်ငံ ၀န်ကြီးချုပ်ကတဲ့
ဒီ သူ့ရဲ့ နိုင်ငံရေးမှာ ဘာသာရေးကို အမြတ်ထုတ်လိုက်တဲ့ အတွက်
မူဆလင်(၆၀)ရာခိုင်နှုန်း ရှိတဲ့ ဒီ အာဆီယံအဖွဲ့ကြီးက ကိုင်တွယ်တာ
မတတ်လို့ရှိရင် ကွဲသွားနိုင်တယ်လို့ပြောတယ်။ အာဆီယံကွဲသွား
နိုင်တယ်ဆိုတဲ့ အထိတောင်မှ တချို့ပညာရှင်တွေက စိုးရိမ်တယ်လေ။ အဲဒီဟာအပေါ်မှာကော ကိုဂျင်မီ တို့ အနေနဲ့ ဘယ်လိုမြင်တွေ့ရသလဲ။

ဖြေ- ကျနော်ကလည်း အဲဒါကိုပြောချင်တာ။ နောက်ဆုံး နည်းတွေပေါ့ဗျာ။ အာဏာကို လက်ကိုင်ထားဖို့ အတွက် နောက်ဆုံးနည်းလမ်းတွေသုံးတာပေါ့ဗျာ။ နောက်ဆုံး ဘာသာရေး လူမျိုးရေး ဆိုတာ အာဏာ လက်
ကိုင်တာပေါ့၊ ဒါနောက်ဆုံးနည်းလမ်းပဲ သူအသုံးပြုလိုက်တာ။ အဲဒါက မသင့်တော်တဲ့ လုပ်ရပ်ဗျာ့။ နောက်တစ်ချက်က ကျနော်တို့ အမြဲပြောပါ
တယ်။ ကျနော်တို့ဟာ လူ့အခွင့်အရေးချိုးဖောက်မှုနဲ့ ပတ်သက်ပြီး ကျနော်တို့နားအလည်ဆုံးပါ။ ကျနော်တို့က ခံစားရဆုံးပါ။ ကျနော်တို့က လူ့အခွင့်အရေးချိုးဖောက်မှုနဲ့ ပတ်သက်လို့ ဘယ်တော့မှ လက်ခံမှာမဟုတ်ဘူး။ ဒါပေမယ့် ရခိုင်ကိစ္စက ကျနော်တို့ လူ့အခွင့်အရေးချိုးဖောက်မှု တခုထဲနဲ့
ကြည့်လိုက်မရဘူးဗျာ့။ ဒါ နိုင်ငံတော်အချုပ်အခြာအာဏာကိစ္စဖြစ်လာ
တယ်။ ရိုဟင်ဂျာဆိုတဲ့ စကားလုံးသုံးလိုက်တာနဲ့ ဘာပြဿနာမှ ရှင်းလို့မရဘူး။ ဒါ အသေအချာပဲ။ ကျနော်တို့လည်း အဲဒါဆို သဘော မတူဘူး။
အဲတော့ အဲမှာ ရှိတဲ့သူတွေကို သူတို့က ဘာဖြစ်ချင်တာလဲ။ ဒါကို အဓိကထား မေးခွန်းထုတ်ရလိမ့်မယ်။ ကျနော်တို့က သေချာတာတခုကတော့ဗျာ ကျနော်တို့တိုင်းပြည်မှာ Citizen Ship နဲ့ Nationality ကွဲတယ်။
ဒါကတော့ အားလုံးသိပြီးသားပဲ။ ကျနော်တို့မှာ နိုင်ငံသားတိုင်းဟာ
တိုင်းရင်းသားမဟုတ်ဘူး။ ဒါပေမယ့် တိုင်းရင်းသားတိုင်းဟာ နိုင်ငံသား
ဖြစ်တယ်။ အဲတော့ ကျနော်တို့က လူမျိုးတစ်မျိုးကို တိုင်းရင်းသား လို့ပေးလိုက်တာ နဲ့ အကုန်လုံးကို ကျနော်တို့က နိုင်ငံသားပေးရမှာ။ အဲတော့
ဒါ မဖြစ်နိုင်ဘူး။ ဒီ ဘင်ဂါလီ အရေးကိစ္စဟာ သဘောတူလို့မရဘူး။ နောက်တခုက ဘာလဲဆိုတော့ ကျနော်တို့မှာ ၁၉၈၂ ခုနှစ် ဥပဒေရှိတယ်။ အဲဒီ ဥပဒေနဲ့ ကျနော်တို့ ဖြေရှင်းလို့ရတယ်။ နိုင်ငံသားခေါင်းစဉ်အောက်မှာပဲ ကျနော်တို့ရှင်းတာ ဟာ အဲဒါ ပိုပြီးတော့ သဘာဝကျလိမ့်မယ်။ အဲတော့
ဒီ အာဆီယံပဲဖြစ်ဖြစ်၊ ဒီအနောက်နိုင်ငံပဲဖြစ်ဖြစ် ရိုဟင်ဂျာ ကန်ပိန်းကို
မလုပ်သင့် မလုပ်ထိုက်ပဲ လုပ်နေတဲ့ သူတွေပဲဖြစ်ဖြစ် ကျနော်တို့ နိုင်ငံဟာ အခုမှ အပြောင်းအလဲ ကို သွားနေရတဲ့ နိုင်ငံပါ။ အဲတော့ အဲဒီနိုင်ငံမှာ ထပ်ပြီးတော့ ပြဿနာတွေ မကြီးလာအောင် မလုပ်သင့်ဘူးလို့ သတိပေးမယ်။ ဥပဒေကြောင်းအရလည်း ဖြေရှင်းနိုင်တဲ့ နည်းလမ်းတွေရှိပါတယ်။
ဥပဒေကြောင်းအရ ဖြေရှင်းနိုင်တဲ့ နည်းလမ်းတွေနဲ့ပဲ ကျနော်တို
့ ကြိုးစားစေချင်တယ်။ အဲဒီနည်းသားလျှင် အာဆီယံလည်း ကျနော်တို
့ ဥပဒေနည်းလမ်းအရ ဖြေးရှင်းနိုင်ဖို့ အာဆီယံကလည်း တိုက်တွန်းသင့်တယ်လို့ ကျနော် အဲသလိုမြင်ပါတယ်။

မေး- ဒီ မြန်မာနိုင်ငံမှာ ရိုဟင်ဂျာလို့ပြောနေတဲ့ လူမျိုးတွေအပေါ်မှာ
လူ့အခွင့်အရေးချိုးဖောက်တယ်၊ ရွာတွေ မီး ရှို့တယ်၊ နောက်တခါ Human right အဖွဲ့ကလည်း အသေးစိတ် ဂြိုလ်ထုဓါတ်ပုံတွေနဲ့ စွပ်စွဲတာပေါ့လေ။ အဲဒီဟာက တဖြည်းဖြည်းကျယ်ပြန့်လာတဲ့ အခါကြတော့
နိုင်ငံတကာကပါ ၀င်ပြီးတော့ အကြံပေးရတဲ့ အဆင့် တွေရောက်လာ
တယ်။ ကျနော်တို့ တိုင်းပြည်က သွားနေတဲ့ ပြဿ နာကို ကိုင်တွယ်ပုံ
ကိုင်တွယ်နည်းကကော ဘယ်လောက်ထိ လက်တွေ့ကြလဲ၊
ဘယ်လောက်ထိ ပကတိဖြစ်ရပ်မှန်နဲ့ နီးစပ်လဲ ကိုဂျင်မီ ပြောပြပါလား။

ဖြေ- တကယ်တော့ လွန်ခဲ့တဲ့ လေးငါးနှစ်ထဲ က Internationl issue
ကဖြစ်နေတာ၊ ဒါကြီးကိုအကြောင်းပြပြီးတော့ ကျနော်တို့ လူ့အခွင့်
အရေးကော်မရှင် မှာလည်း အကြိမ်ကြိမ်ဆုံးဖြတ်ချက်ချ ရှုံ့ချမှုတွေလုပ်ခဲ့
တယ်။ ဒီနှစ်မှာမှ ဒါလျော်သွားတာပေါ့နော်။ နိုင်ငံတကာမှာ တဖက်က
ဝါဒဖြန့်ချီမှုတွေကတော့ တော်တော်လေးကို ပြင်းပြင်းထန်ထန်လုပ်ထား
ပြီးပြီ။ အလိမ်အလှည့်တွေ ကတော့ အများကြီးပေါ့ဗျာ။ အဲတော့ ဒါပေမယ့် ကျနော်ယုံကြည်တာ တခုကတော့ အခုအချိန်မှာ နိုင်ငံတကာ က
မီဒီယာတွေကော ၊ နိုင်ငံတကာကခေါင်းဆောင်တွေကောက အခုလက်ရှိ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ဖြေ
ရှင်းနေတဲ့ အချိန်မှာ သူတို့ ၀ိုင်းပြီးကူညီဖို့တော့ လိုတယ်ဗျာ့။ ဘာလို့လည်းဆိုတော့ ရိုးရိုးသားသားနဲ့ မှန်မှန်ကန်ကန်ဖြေရှင်းမှာ၊ ဒါကတော့ သေချာတယ်။ ငြိမ်းငြိမ်းချမ်းချမ်း နည်းလမ်းကို အသုံးပြုပြီးတော့လည်း ဖြေရှင်းမှာ ၊ ဥပဒေဘောင်ထဲကလည်း ဖြေရှင်းမှာ၊ ဒီနည်းလမ်းကို ပဲ အသုံးပြုမှာသေချာတဲ့အတွက် ဒါကိုလည်း နိုင်ငံတကာက ပုဂ္ဂိုလ်တွေကော၊ ကျနော်တို့ အားလုံးပေါ့ သူကို့ ၀ိုင်းပြီးတော့ ကူညီပါ၊ အဲဒါကိုပဲ ကျနော်တောင်းခံချင်ပါတယ်။

ဓါတ်ပုံ- မောင်သိန်း(ဒဿနိက)
၁၇.၁၂.၂၀၁၆
.
Credit... TheinHtein

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။