Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Friday, December 1, 2017

ဆယ်ကျော်သက်ကလေးများ နဲ့ ဆွေးနွေးသင့်တဲ့ အချက် ( ၇ ) ချက်

ဆယ်ကျော်သက်ကလေးများ နဲ့ ဆွေးနွေးသင့်တဲ့ အချက် ( ၇ ) ချက်
++++++++++++++++++++++++++++++++++++++++++++

ကလေးများ ဆယ်ကျော်သက်အရွယ်ရောက်ရှိလို့လာပါပြီ။
လူပျိုပေါက် အပျိုပေါက် လေးတွေ ဖြစ်လာပြီ ဆိုပါတော့၊
ဟိုးအရင်နဲ့ မတူတော့ပဲ မိဘစကားကို သိပ်နားမထောင်တော့သလိုလို မိဘတိုင်းခံစားလိုက်ရတယ်။
သူတို့လေးတွေနဲ့ ဘယ်လိုဆက်ဆံရမလဲ၊ ဘာတွေပြောရင်ကောင်းမလဲ
သူ့တို့လေးတွေ ဘ၀ရဲ့ ပြောင်းလဲမှတ်ကို ရောက်ရှိလို့နေပါတယ်။
အချို့စကားတွေကို မိဘက သူတို့နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။
ကိုယ်မပြောရင် ပြောပြမယ့်လူ ရှိမှာ မဟုတ်ပါဘူး။
သူတို့လေးတွေနဲ့ ဆွေးနွေးသင့်တဲ့ အချက်( ၇ ) ချက်ကတော့…

၁။ ဦးတည်ချက်

လူဆိုတာ သိပ္ပံပညာရှင်ကြီးတို့လို၊ ကမ္ဘာသူဋ္ဌေးကြီးတို့ လို ဖြစ်ချင်တဲ့ ရည်ရွယ်ချက်ကြီးကြီးတွေ လိုအပ်ချင်မှ လိုအပ်မှာပါ။
ဒါပေမဲ့ ဘ၀ဦးတည်ချက်တော့ ပျောက်ဆုံးလို့ မရပါဘူး။
လူငယ်တွေတော်တော်များများ ဟာ ကိုယ်ကြီးလာရင် ဘာဖြစ်ချင်တယ်ဆိုတာ ပြောမပြတတ်ပါဘူး။ မိဘဖြစ်သူများက လမ်းကြောင်းပေးပြီး ဆွေးနွေးလို့ရပါတယ်။
ကိန်းဂဏန်းကိုနှစ်သက်တာလား၊ ဆက်ဆံရေးမှာ အားသန်တာလား၊
အနုပညာဘက်မှာ ပါရမီပါတာလား ဆိုတာ အရင်ကြည့်ပြီးတော့ အားသန်တဲ့ဘက်ကို ၀ါသနာပျိုးထောင် လမ်းကြောင်းပေးလို့ရပါတယ်။ ၀ါသနာကိုသိရရင် ဦးတည်ချက်ကို တဖြည်းဖြည်း ပျိုးထောင်ပေးသွားလို့ရပါတယ်။

၂။ ပညာသင်ကြားခြင်း

ကျောင်းမှာ ပညာသင်ကြားဖို့အဓိကပါ။
ပညာသင်ကြားခြင်းသက်သက်တော့ မဖြစ်သင့်ပါဘူး၊
ကျန်းမာရေးအတွက် အားကစား လေ့ကျင့်ရပါမယ်။
အတန်းဖော်တွေနဲ့ လုပ်ရှားမူပေါင်းစုံမှာ တက်ကြွစွာ ပါဝင်ရပါမယ်။
လူဆိုတာ အသက်၂၀ မှာ ပညာအရည်အချင်း ၊ ၃၀ မှာ လုပ်ရည်ကိုင်ရည် ၊ ၄၀ မှာအတွေ့အကြုံ၊ ၅၀ မှာ ဥစ္စာဓန၊ ၆၀ မှာလူမူရေးဝင်ဆန့်မူ နဲ့ ၇၀ နဲ့ ၈၀ မှာ ကျန်းမာရေးဟာ အဓိကကျပါတယ်။ ဒါတွေအားလုံး ဟာ ငယ်ရွယ်စဉ်ကစပြီး ကြိုးစားသွားသင့်ပါတယ်။

၃။ အနာဂါတ်

လူတစ်ဦးရဲ့အနာဂါတ်ဟာ ပညာဗဟုသုတ၊ အရည်အချင်း နဲ့ စိတ်နေစိတ်ထား တို့ကို အဓိက မူတည်ပါတယ်။ ပညာအရည်အချင်းကို အခုချိန်ကနေ စပြီးကောင်းကောင်းကြိုးစားရပါမယ်။ လုပ်ရည်ကိုင်ရည် နဲ့ဆိုင်တဲ့အရည်အချင်းကိုတော့ အတွေ့အကြုံ နဲ့ အလုပ်ကြိုးစားလေ့လာမူတို့က သင်ပေးသွားပါလိမ့်မယ်။ မှန်ကန်တဲ့စိတ်နေစိတ်ထားကို အခုချိန်မှ စပြီးပျိုးထောင်ပေးသွားရပါတယ်။ အပြုသဘောဆောင်တဲ့စိတ်၊ အကောင်းမြင်တတ်တဲ့စိတ်ဟာ ဘ၀တစ်ခုလုံးမှာ အခရာအကျဆုံးဖြစ်ပါတယ်။
အဆိုးမြင်တတ်တဲ့အကျင့်စွဲသွားရင် ဘ၀ခရီးမှာ ဘယ်လောက်ကောင်းတဲ့ အခွင့်ရေးပဲ လက်ကိုင်ထားပါစေ၊ သူက အဆိုးကြီးကြီးကို ရှာဖွေအပြစ်တင်ပြီး အခွင့်ကောင်းတွေကို လက်လွတ်ဆုံးရူံးသွားပါလိမ့်မယ်။ အကောင်းမြင်တတ်သူ ကျတော့ ဘယ်လိုအခြေအနေမျိုးပဲ ရောက်ရောက် အခွင့်အရေးရဲ့ အစအနကိုဖမ်းမိမှာပါပဲ။

၎။ မိမိကိုယ်မိမိ

ကျောင်းမှာ ဆရာတွေက ကိုယ့်အပေါ်အထူးကောင်းဖို့ တာဝန်မရှိသလို၊ အတန်းဖေါ်သူငယ်ချင်းတွေက ကိုယ့်အပ်ါကောင်းဖို့ ၀တ္တရား မရှိပါဘူး။ ဆရာကို ကိုယ်ကအရင်ရိုသေလေးစားရမှာဖြစ်သလို၊ သူငယ်ချင်းတွေကို ကိုယ်ကစိတ်ဝင်တစား အရင်ကောင်းဖို့လိုပါတယ်။ လောကမှာ မိဘကလွှဲလို့ ဘယ်သူမှ ကိုယ့်အပေါ်ကောင်းဖို့တာဝန်မရှိပါဘူး။
လူဆိုတာ ကိုယ်ကိုကို ဗဟိုပြုတဲ့စိတ်ဓါတ်မမွေးမြူသင့်ပါဘူး၊ ကိုယ်မရှိရင်လည်းကမ္ဘာကြီးကလည်ပတ်နေမှာပါပဲ။ ပြီးရင် ကိုယ့်ကိုကိုတော့ တန်ဖိုးထားသင့်ပါတယ်။ ကိုယ့်ကိုကို တန်ဖိုးထားတယ်ဆိုတာ ဗဟိုပြုတာနဲ့မတူပါဘူး။ ဗဟိုပြုတယ်ဆိုတာ ကိုယ့်ကိုအရေးပေးမှကြိုက်တာမျိုး၊ ကိုယ့်ကိုအလိုလိုက်မှ ကျေနပ်တာမျိုးကိုဆိုလိုတာပါ

၅။ သူငယ်ချင်း

သူငယ်ချင်းအပေါင်းအသင်းဆိုတာ ပေါင်းသင်းတတ်ဖို့ အလွန်လိုအပ်ပါတယ်။
ပေါင်းသင်းတတ်ရင် တစ်သက်လုံး အကျိုးရှိသွားတတ်သလို မပေါင်းသင်းတတ်ရင် ပျက်စီးသွားတဲ့အထိဖြစ်တတ်ပါတယ်။
ဖြစ်နိုင်ရင် ကိုယ့်ထက်တော်တယ်လို့ထင်ရတဲ့လူကို ရွေးပေါင်းသင့်ပါတယ်။
မှတ်ထားရမှာက သူငယ်ချင်းဒုက္ခရောက်ရင် လုံးဝ ၀င်ရောက်ကူညီရပါမယ်။ လူ့ရဲ့သဘောသဘာဝအရ အတူရယ်မောခဲ့တဲ့ သူငယ်ချင်းတွေကို မေ့ပျောက်လွယ်သလောက်၊ အတူငိုယိုခဲ့တဲ့ သူငယ်ချင်းတွေကိုတော့ တစ်သက်လုံးမှတ်မိနေတတ်ပါတယ်

ရ။ ကံကြမ္မာ

အစွမ်းကုန်ကြိုးစားရမှာက ကိုယ့်တာဝန်၊ အောင်မြင်တာ ဆုံးရူံးတာဆိုတာက ကံကြမ္မာလို့သဘောထားလို့ရပါတယ်။
လူတစ်ယောက်ဟာ အမြဲတမ်းမအောင်မြင်တတ်သလို၊ အမြဲတမ်းလည်းဆုံးရူံးမနေတတ်ပါဘူး။
အရေးကြီးတာက အောင်မြင်တဲ့အခါမှာ အသိစိတ်နဲ့ ၀င်ကြွားလိုစိတ်ကို ထိန်းကွပ်ရမှာဖြစ်ပြီး ကိုယ်ထက်သာတဲ့လူ၊ တော်တဲ့လူ လောကကြီးမှာ အများကြီးရှိနေသေးတယ် ဆိုတာ သတိရနေဖို့ လိုအပ်ပါတယ်။
ဆုံးရုူံးတဲ့အခါမှာလည်း သန်ခေါင်ထက်ညှင်မနက်ပါဘူး၊ အရင်တုံးက ကျော်ဖြတ်ခဲ့သလိုပဲ အခုဆက်ပြီးကျော်ဖြတ်နေရုံပါပဲ။ သန်ခေါင်ပြီးရင် မိုးလင်းလာစမြဲပါပဲလို့ အောက်မေ့နေဖို့ လိုပါတယ်။
ကောက်နူတ်ဘာသာပြန်ထားတဲ့ စာစုဖြစ်ပါတယ်။ ဖတ်ရူ့မိသူများအားလုံး လက်တွေ့အသုံးဝင်နိုင်ပါစေ။

Ref: Wechat

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။