ဂုဏ်ပြုခံရတဲ့ စင်ကာပူက ဘတ်စကားယာဉ်မှူးတစ်ဦး
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
စင်ကာပူ၊ ဒီဇင်ဘာ ၂၁
စင်ကာပူရှိ Tower Transit ဘတ်စကား ကုမ္ပဏီတစ်ခုမှ သူ့ရဲ့ ယာဉ်မှူးတစ်ဦးကို တစ်နှစ်တာအတွင်း အကောင်းဆုံးယာဉ်မှူးအဖြစ်ရွေးချယ်ပြီး
လန်ဒန်ခရီးစဉ် ပို့ပေးမယ့်အကြောင်း မနေ့က သတင်းတစ်ခုမှာ ဖတ်မိလိုက်ပါတယ်။
သူဟာ ဘတ်စကားနံပါတ် ၁၀၆ ကို မောင်းနှင်နေတဲ့ အသက် ၅၃ နှစ်အရွယ် မစ္စတာ
Vijaya Kumaran ဆိုသူ ယာဉ်မှူးတစ်ဦးပါ။ အလုပ်တာဝန်ဆိုတာထက် ပိုမိုကျော်လွန်ပြီး ဖော်ရွေတဲ့မျက်နှာနှင့် ခရီးသွားများ အဆင်ပြေအောင် တာဝန်ထမ်းဆောင်နိုင်ခဲ့သဖြင့် ဆုချီးမြှင့်ခြင်းခံရတာပါ။ သူဟာ မလေးရှားနိုင်ငံသားတစ်ဦးဖြ စ်ပြီး
စင်ကာပူနိုင်ငံမှာ အမြဲနေထိုင်ခွင့်ရထားသူ တစ်ဦးပါ။ Tower Transit
ဘတ်စကားလိုင်း ကုမ္ပဏီမှ ၅ ညအိပ် လန်ဒန်ခရီးစဉ်အတွက် လူနှစ်ယောက်စာ
အသွားအပြန်လေယာဉ်လက်မှတ်နှင့်
နေစားစရိတ်ငြိမ်း (စင်ကာပူဒေါ်လာ ၄၅၀၀ တန်) ချီးမြှင့်ပေးခဲ့တာပါ။
ဘတ်စကားကုမ္ပဏီဟာ ခရီးသည် ၆၀ ကျော်ထံမှ ယာဉ်မှူးအတွက် ရေးသားပေးပို့သော
ထောက်ခံစာများရရှိခဲ့ပြီး ယခုလို ချီးမြှင့်ခဲ့တာပါ။ ယာဉ်မှူးဟာ အသက် ၂၇
နှစ်ရွယ် technician တစ်ဦးဖြစ်တဲ့ သူ့ရဲ့ သားဖြစ်သူကိုလည်း လန်ဒန်
လေ့လာရေးခရီးစဉ်ကို ခေါ်သွားမယ်လို့ ဆိုပါတယ်။
Tower Transit ဘတ်စကား ကုမ္ပဏီဟာ လစဉ် လတိုင်း ယာဉ်မှူး ၁၀ ဦးကို ရွေးချယ်ပြီး ၅၀ ဒေါ်လာ သို့ ၁၀၀ ဒေါ်လာတန်ဘောင်ချာများနှင့် certificate များပေးအပ်ပြီး ယာဉ်မှူးကောင်း (၀န်ထမ်းကောင်း) ဆုများကို ချီးမြှင့်ပေးနေတာပါ။ နှစ်စဉ်နှစ်တိုင်း တစ်နှစ်တာ အကောင်းဆုံး ယာဉ်မှူးတစ်ဦးကိုရွေးချယ်ြ ပီး ယခုလို နိုင်ငံခြားခရီစဉ်မျိုး ပို့ဆောင်ပေးနေပါတယ်။
ရန်ကုန်မြို့ မှ ယာဉ်လိုင်းပိုင်ရှင်များမှလ ည်း ယခုလို အစီအစဉ်များ ရေးဆွဲချမှတ်ပြီး မိမိတို့ယာဉ်လိုင်းများမှ ယာဉ်မှူး၊ ယာဉ်နောက်လိုက်ကောင်းများကို ချီးမြှင့်သင့်ပါကြောင်း ရေးသားအကြံပြုလိုက်ရပါတယ်။ ဂုဏ်ပြုထိုက်သူကို ချီးမြှင့်ခြင်းဟာ မင်္ဂလာတစ်ပါး ဖြစ်ပါတယ်။
စလုံး Page
(စင်ကာပူနှင့်ပတ်သက်သော ဖတ်စရာ၊ မှတ်စရာဗဟုသုတများနှင့် Up-To-Date သတင်းများ စုစည်းတင်ပြမှု)
www.facebook.com/ SaloneCollection
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
စင်ကာပူ၊ ဒီဇင်ဘာ ၂၁
စင်ကာပူရှိ Tower Transit ဘတ်စကား ကုမ္ပဏီတစ်ခုမှ သူ့ရဲ့ ယာဉ်မှူးတစ်ဦးကို တစ်နှစ်တာအတွင်း အကောင်းဆုံးယာဉ်မှူးအဖြစ်ရေ
Tower Transit ဘတ်စကား ကုမ္ပဏီဟာ လစဉ် လတိုင်း ယာဉ်မှူး ၁၀ ဦးကို ရွေးချယ်ပြီး ၅၀ ဒေါ်လာ သို့ ၁၀၀ ဒေါ်လာတန်ဘောင်ချာများနှင့် certificate များပေးအပ်ပြီး ယာဉ်မှူးကောင်း (၀န်ထမ်းကောင်း) ဆုများကို ချီးမြှင့်ပေးနေတာပါ။ နှစ်စဉ်နှစ်တိုင်း တစ်နှစ်တာ အကောင်းဆုံး ယာဉ်မှူးတစ်ဦးကိုရွေးချယ်ြ
ရန်ကုန်မြို့ မှ ယာဉ်လိုင်းပိုင်ရှင်များမှလ
စလုံး Page
(စင်ကာပူနှင့်ပတ်သက်သော ဖတ်စရာ၊ မှတ်စရာဗဟုသုတများနှင့် Up-To-Date သတင်းများ စုစည်းတင်ပြမှု)
www.facebook.com/
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။