Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Tuesday, December 20, 2016

ကလေးကို မှန်ကန်စွာ ချီးကျူးတတ်ပါသလား

 
 
ကလေးကို မှန်ကန်စွာ ချီးကျူးတတ်ပါသလား
===========================

ကလေးကို ချီးကျူးရမယ်။ အသိအမှတ်ပြုရမယ်လို့ ကျနော်တို့ ခဏခဏ ကြားဖူးကြပါလိမ့်မယ်။ ကျနော်ကိုယ်တိုင်လည်း ချီးကျူးတာနဲ့ ပတ်သက်လို့ facebook မှာ အကြိမ်ကြိမ် ရေးသားဖူးပါတယ်။ မှန်ပါတယ်၊ ကလေးကို မှန်ကန်စွာ ချီးကျူးတတ်ဖို့လိုပါတယ်။ ချီးကျူးတဲ့ ပုံစံမှားယွင်းသွားရင် ကလေးကို ထိခိုက်နိုင်ပါတယ်။ ကလေးကို ဘယ်လိုချီးကျူးသင့်ပါသလဲ၊ စမ်းစစ်ကြရအောင်...

၁။ မွေးရာပါ အရည်အသွေးကို မချီးကျူးပါနှင့်

လှပတာတို့၊ ဥာဏ်ကောင်းတာတို့ ဆိုတာဟာ မွေးရာပါဖြစ်တာများပါတယ်။ အဲဒါတွေ မချီးကျူးသင့်ဘူးလို့ ပညာရှင်များက ဆိုကြပါတယ်။ သမီးလေး အရမ်းချစ်စရာကောင်းတယ် အရမ်းလှတယ်ဆိုပါစို့၊ အဲဒါကို သမီးလေး အရမ်းလှတယ်။ အရမ်းချစ်စရာကောင်းတယ်လို့ ခဏခဏ ချီးကျူးမိရင် ကလေးဟာ သူ့ကိုယ်သူ လှတယ်ဆိုပြီးတော့မှ အလှဘက်ကို စိတ်ဝင်စားသွားရင် ကလေးရဲ့ ပညာရေးအတွက်ဖြစ်ဖြစ် အခြားတိုးတက်ကြီးပြင်းတဲ့ ဘက်မှာဖြစ်ဖြစ် ထိခိုက်သွားနိုင်ပါတယ်။ လှတာကို ချီးကျူးချင်ရင်တောင်မှ “ သမီးလေးပြုံးရင် အရမ်းလှတာပဲ၊ အရမ်းကျက်သရေရှိတယ်” ဆိုတာမျိုးကို ပြောင်းလဲပြောဆိုသင့်ပါတယ်
“ သားသူများထက် ဥာဏ်ကောင်းတယ်။ နည်းနည်းလေးပိုကြိုးစားလိုက်ရင် အဆင့်တော်တော်တက်လာမှာ” လို့ သားဖြစ်သူကို ချီးကျူးလိုက်ရင် ကလေးဟာ သူ့ကိုယ်သူ ဥာဏ်ကောင်းတယ်၊ နည်းနည်း လေးပဲ ကြိုးစားဖို့ လိုတယ်ဆိုတာ အသိဝင်သွားစေနိုင်ပါတယ်။

၂။ ချီးကျူးတာ ရိုးသားဖို့ လိုပါတယ်။

ကလေးများကို ချီးကျူးတဲ့နေရာမှာ ရိုးသားဖို့ လိုအပ်ပြီး လက်တွေ့ကျဖို့လိုပါတယ်။ ကလေးများဟာ မိဘများထင်ထားတာထက် ပိုပြီးထက်မြက်နေတတ်ပါတယ်။ ဥပမာ ကလေးကို တော်စေချင်တာနဲ့ပဲ ကလေးကို အရမ်းတော်တာ၊ အရမ်းထက်မြက်တာ စသည်ဖြင့် အကောင်အထည် ပြစရာ မရှိပဲ ချီးကျူးတာမျိုး ရှောင်ရှားသင့်ပါတယ်။

၃။ “ ရလဒ်” ထက် “ ကာလ”ကို ပိုမိုဦးစားပေးချီးကျူးပါ

ကလေးများရဲ့ ပြောင်းလဲမူ၊ ကျိုးစားလာမူ ကို မိဘများ အထူးသတိပြုပါ။ ပြောင်းလဲမူ အကောင်းဘက် ဦးတည်တိုင်း အသိအမှတ်ပြုပေးပါ။ ချီးကျူးပေးပါ။“ ရလဒ်” ထက် “ ကာလ”ကို ပိုမိုဦးစားပေးချီးကျူးပေးပါ။ ဥပမာ ကလေးက အတန်းထဲမှာ ပထမရလို့ ချီးကျူးတာထက် ကလေးရဲ့ ကျိုးစားမူကို အလေးထားချီးကျူးပေးပါ။ ကလေးပထမရတာကို ချီးကျူးရင် ကလေးကနောင်တကြိမ်မှာ ပထမ မရလိုက်လို့ မချီးကျူးမိရင်ဖြစ်ဖြစ်၊ ချီးကျူးမူ ပေါ့သွားရင်ပဲဖြစ်ဖြစ်၊ ကလေးစိတ်ထိခိုက်သွားစေနိုင်ပါတယ်။

၎။ သူများနဲ့ ခိုင်းနိုင်းပြီး မချီးကျူးပါနှင့်

ဥပမာ “ သားဒီထက်နည်းနည်းပိုကြိုးစားရင် မောင်မောင်ဝါကို ကျော်တက်သွားမှာ” ဆိုတဲ့ချီးကျူးမူမျိုးကို ရှောင်ရှားပါ။ ကလေး မှန်မှန်ကန်ကန် ကြီးပြင်းတိုးတက်ဖို့ ဘယ်သူထက်တော်မှ၊ ဘယ်သူ့ကို ကျော်မှ ဆိုတဲ့ အတွေးအခေါ်မျိုး ကလေးအတွေးထဲ မ၀င်မိပါစေနှင့်။

၅။ ချီးကျူးမူ အားလုံး ကလေးအပေါ် ကျရောက်ပါစေ။

“ ဖေ့ဖေ့ က သားဘော်လုံးသမားကောင်းဖြစ်တာ အရမ်းဂုဏ်ယူတာ” “သမီးလေးစာတော်တော့ မေမေ့ ကသူငယ်ချင်းတွေကြားမှာ အရမ်းမျက်နာပွင့်တာ” စတဲ့ ချီးကျူးမူမျိုးဟာ ကလေးလုပ်သမျှ ဖေဖေမေမေအတွက်လို ဖြစ်နေတယ်။ တကယ်လို့ အကြောင်းတစ်ခုခုကြောင့် တစ်ကြိမ်တစ်ခါ လောက် ချေချော်လက်ချော် ဖြစ်တတ်တာမို့ မိဘများအတွက်ဆိုပြီး ကလေးရဲ့ နုနယ်တဲ့စိတ်နှလုံးသားကို ၀န်ပိစေတတ်ပါတယ်။ ဒါကြောင့် မို့လို့ အထက်ပါစကားမျိုးအစား “ သားဘော်လုံးသမားကောင်းဖြစ်တာ သားအဲဒီအတွက် အရမ်းဂုဏ်ယူရမှာ” ၊ “ သမီးစာတော်တာ သမီးအနာဂတ်အတွက် အရမ်းပွင့်လန်းမှာ” စသည်ဖြင့် ပြောင်းလဲ ချီးကျူးသင့်ပါတယ်။

၆။ ချီးကျူး မူ အတတ်နိုင်ဆုံး တိကျပါစေ။

“ သမီးပန်းချီ အရမ်းကောင်းတယ်။” လို့ ချီးကျူးတာထက် “ သမီးဆွဲတဲ့ ပန်းကလေး အရမ်းအသက်ဝင်တယ်။” ဆိုတဲ့ချီးကျူးမူမျိုးက ပိုမို ထိရောက်တတ်ပါတယ်။ “ သားဘောလုံးကန်အရမ်းကောင်းတာ” လို့ ပြောဆိုတာထက် “ သားဂိုးသွင်းတာ အရမ်းကောင်းတယ်။ ရှေ့တန်းကောင်းတစ်ယောက်ဖြစ်နိုင်တယ်။” လို့ ချီးကျူးရင် ကလေးတိုးတက်မူအတွက် ပိုမို ထိရောက်နိုင်တယ်လို့ ပညာရှင်များက ညွန်ပြထားပါတယ်။
သင်ကောသင့်ကလေးကို ဘယ်လိုချီးကျူးပါသလဲ။ သင့်ချီးကျူးနည်းကော မှန်ကန်ပါရဲ့လား။

Ref: WeChat

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။