#သေမင်းပွဲစားမှ ကမ္ဘာ့အကျိုး ထမ်းရွက်သူ
၁၈၆၄ ခုနှစ်ကပါ။ လူတစ်ယောက်ဟာ ဒိုင်းနမိုက်ဆိုတဲ့ ပေါက်ကွဲစေနိုင်တဲ့ ပစ္စည်းကို တီထွင်လိုက်တယ်။ တနေ့ သူ့စက်ရုံထဲမှာ တခြားပေါက်ကွဲစေနိုင်တဲ့ ဗုံးတွေ စမ်းသပ်နေရင်း ပေါက်ကွဲမှုကြီး ဖြစ်ပွားတယ်။ စက်ရုံက အလုပ်သမား ၄ ယောက်နဲ့ သူ့ညီပါ သေဆုံးသွားကြတယ်။
နောက်တနေ့ထုတ်သတင်းစာတွေမှာ "ဒိုင်းနမိုက်ဘုရင် ကွယ်လွန်ခြင်း" နဲ့ "သေမင်းပွဲစား သေဆုံးခြင်း"လို့ ခေါင်းစဉ်တပ်ထားတဲ့ သတင်းတွေကို
ရေးသားဖေါ်ပြကြတယ်။ ဒါပေမဲ့ သေဆုံးသူနာမည်ဟာ သူ့ညီနာမည် မဟုတ်ဘဲ သူ့နာမည်
ဖြစ်နေတယ်။ သတင်းစာတွေက သူ့ညီသေတာကို သူသေတယ်ထင်ပြီး ရေးလိုက်တာပါ။
ပထမတော့ သူ အံ့အားသင့်သွားတယ်။ သူ့ကို သေပြီဆိုပြီး ရေးထားကြလို့ပါ။ နောက်တော့ ဒေါသထွက်လာတယ်။ သတင်းစာက နမော်နမဲ့ ရေးလိုက်တာကို မကျေနပ်လို့ပါ။ နောက်ဆုံးမှာ သူထိတ်လန့်သွားတယ်။ သူသာ မနေ့က သေသွားခဲ့ရင် လူတွေက သူ့ကို အမြဲတမ်း အဲဒီလို နာမည်ဆိုးနဲ့ပဲ အမှတ်ရသွားတော့မယ်။ ဒါဆို သူ့သားသမီး မြေး မြစ်တွေဟာ အဲဒီနာမည်ဆိုးရဲ့ ဆိုးကျိုးကို ခံစားသွားရတော့မယ်။ ဒီလို အဖြစ်မျိုး မကြုံရအောင် သူ တစ်ခုခု လုပ်မှ ဖြစ်တော့မယ်လို့ တွေးမိလိုက်တယ်။
အဲဒီနေ့က စပြီး သူဟာ ကမ္ဘာကြီးကောင်းရာကောင်းကြော င်းအတွက် တစ်ခုခုလုပ်ဖို့ ဆုံးဖြတ်လိုက်တယ်။ သူ့ရဲ့ အိမ်ခြံမြေတွေကို ရောင်းချလိုက်ပြီး ရတဲ့ ငွေတွေနဲ့ ရန်ပုံငွေတစ်ရပ်ထူထောင်တယ်။
အဲဒီရန်ပုံငွေတွေနဲ့ သိပ္ပံပညာ၊ စာပေထူးခွန်သူတွေနဲ့
ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် ကြိုးပမ်းသူတွေကို ဆုတွေချီးမြှင့်တယ်။ အဲဒီဆုကို
နိုဘယ်လ်ဆုလို့ ခေါ်တယ်။ ရန်ပုံငွေထူထောင်သူ (သို့မဟုတ်) တချိန်က
ဒိုင်းနမိုက်ဘုရင်၊ သေမင်းပွဲစားလို့ နာမည်ကျော်ကြားခဲ့သူဟာ အဲဖရက်နိုဘယ်လ်
(၁၈၃၃- ၁၈၉၆) ဖြစ်ပါတယ်။
အဲဖရက်နိုဘယ်လ်ကို ယနေ့လူတွေဟာ ကမ္ဘာကြီးကို အကျိုးပြုသူအဖြစ် ချီးကျူးနေကြတယ်။ သူဟာ နာမည်ဆိုးနဲ့ သေမသွားချင်လို့ သူ့ကိုယ်သူ ပြုပြင်ဖို့ ဆုံးဖြတ်လိုက်တယ်။ ဆုံးဖြတ်လိုက်တော့လည်း တခဏချင်း ပြင်လို့ ရခဲ့တာပါပဲ။
နက်ဖြန် သင်သေသွားရင် သင့် သားသမီး၊ ဆွေမျိုး၊ ပတ်ဝန်းကျင်က သင့်ကို ဘယ်လိုလူမျိုးအနေနဲ့ အမှတ်ရသွားကြမလဲ။ စဉ်းစားပါ။ သေချာတာကတော့ သင်ဟာ သင့်ကို လူဆိုးလူညစ်၊ လူလိမ်လူညာ၊ လူယုတ်မာ၊ လောကကြီးမှာ မရှိသင့်သူတစ်ယောက်အနေနဲ့ အမှတ်ရမသွားစေချင်ပါဘူး။ ဒါဆိုရင် သင်ဟာ ကောင်းတဲ့ လူတစ်ယောက်အနေနဲ့ အမြဲတမ်း အမှတ်ရစေဖို့ ပြုပြင်မယ်ဆိုရင် အချိန်မှီပါသေးတယ်။ ပြုပြင်ဖို့ မခက်ပါဘူး။ အဲဖရက်နိုဘယ်လ်ကို နမူနာယူပါ။
ဗန်းမော်သိန်းဖေ
၂၈-၁၂-၂၀၁၆
၁၈၆၄ ခုနှစ်ကပါ။ လူတစ်ယောက်ဟာ ဒိုင်းနမိုက်ဆိုတဲ့ ပေါက်ကွဲစေနိုင်တဲ့ ပစ္စည်းကို တီထွင်လိုက်တယ်။ တနေ့ သူ့စက်ရုံထဲမှာ တခြားပေါက်ကွဲစေနိုင်တဲ့ ဗုံးတွေ စမ်းသပ်နေရင်း ပေါက်ကွဲမှုကြီး ဖြစ်ပွားတယ်။ စက်ရုံက အလုပ်သမား ၄ ယောက်နဲ့ သူ့ညီပါ သေဆုံးသွားကြတယ်။
နောက်တနေ့ထုတ်သတင်းစာတွေမှာ
ပထမတော့ သူ အံ့အားသင့်သွားတယ်။ သူ့ကို သေပြီဆိုပြီး ရေးထားကြလို့ပါ။ နောက်တော့ ဒေါသထွက်လာတယ်။ သတင်းစာက နမော်နမဲ့ ရေးလိုက်တာကို မကျေနပ်လို့ပါ။ နောက်ဆုံးမှာ သူထိတ်လန့်သွားတယ်။ သူသာ မနေ့က သေသွားခဲ့ရင် လူတွေက သူ့ကို အမြဲတမ်း အဲဒီလို နာမည်ဆိုးနဲ့ပဲ အမှတ်ရသွားတော့မယ်။ ဒါဆို သူ့သားသမီး မြေး မြစ်တွေဟာ အဲဒီနာမည်ဆိုးရဲ့ ဆိုးကျိုးကို ခံစားသွားရတော့မယ်။ ဒီလို အဖြစ်မျိုး မကြုံရအောင် သူ တစ်ခုခု လုပ်မှ ဖြစ်တော့မယ်လို့ တွေးမိလိုက်တယ်။
အဲဒီနေ့က စပြီး သူဟာ ကမ္ဘာကြီးကောင်းရာကောင်းကြော
အဲဖရက်နိုဘယ်လ်ကို ယနေ့လူတွေဟာ ကမ္ဘာကြီးကို အကျိုးပြုသူအဖြစ် ချီးကျူးနေကြတယ်။ သူဟာ နာမည်ဆိုးနဲ့ သေမသွားချင်လို့ သူ့ကိုယ်သူ ပြုပြင်ဖို့ ဆုံးဖြတ်လိုက်တယ်။ ဆုံးဖြတ်လိုက်တော့လည်း တခဏချင်း ပြင်လို့ ရခဲ့တာပါပဲ။
နက်ဖြန် သင်သေသွားရင် သင့် သားသမီး၊ ဆွေမျိုး၊ ပတ်ဝန်းကျင်က သင့်ကို ဘယ်လိုလူမျိုးအနေနဲ့ အမှတ်ရသွားကြမလဲ။ စဉ်းစားပါ။ သေချာတာကတော့ သင်ဟာ သင့်ကို လူဆိုးလူညစ်၊ လူလိမ်လူညာ၊ လူယုတ်မာ၊ လောကကြီးမှာ မရှိသင့်သူတစ်ယောက်အနေနဲ့ အမှတ်ရမသွားစေချင်ပါဘူး။ ဒါဆိုရင် သင်ဟာ ကောင်းတဲ့ လူတစ်ယောက်အနေနဲ့ အမြဲတမ်း အမှတ်ရစေဖို့ ပြုပြင်မယ်ဆိုရင် အချိန်မှီပါသေးတယ်။ ပြုပြင်ဖို့ မခက်ပါဘူး။ အဲဖရက်နိုဘယ်လ်ကို နမူနာယူပါ။
ဗန်းမော်သိန်းဖေ
၂၈-၁၂-၂၀၁၆
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။