Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Friday, December 23, 2016

ကော်ဖီကို မြန်မာ့ရိုးရာ ထန်းလျက်ရည်ဖြင့် တီထွင် ဖျော်စပ်သူ


Maung Maung Nyunt to Myanmar Breaking News

ကော်ဖီကို မြန်မာ့ရိုးရာ ထန်းလျက်ရည်ဖြင့် တီထွင် ဖျော်စပ်သူ
........................................
အသက် ၁၉နှစ်သာရှိသေးတဲ့ ယွန်းပန်းအိဟာ
Hilton နေပြည်တော် ဟိုတယ်မှာ ဖွင့်ထားတဲ့ စီမံခန့်ခွဲမှုသင်တန်းကို
တက်ရောက်နေတဲ့ သင်တန်းသူတစ်ဦးဖြစ်ပါတယ်။
တစ်နှစ်ခွဲခန့် ကြာမြင့်တဲ့ စီမံခန့်ခွဲမှုသင်တန်းကို စတက်ပြီး
၂ လအကြာမှာပဲ ဟိုတယ်တွင်း ကျင်းပတဲ့
F&B Masters 2016 ကိုဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။


F&B Masters 2016 မှာ ဝိုင်၊ ကော့တေး၊ ကိတ်နှင့်အချိုပွဲ၊ ဟင်းလျာနှင့်
ကော်ဖီဖျော်စပ်ခြင်း စတဲ့ ပြိုင်ပွဲ ငါးမျိုးထဲမှာ မိမိနှစ်သက်တဲ့
ကိုယ်ပိုင်စိတ်ကူးနဲ့ ကော်ဖီအမျိုးအစားအသစ်တွေကို
တီထွင်စမ်းသပ် ဖျော်စပ်ရတာကို သဘောကျတဲ့ အတွက်ကြောင့်
ကော်ဖီဖျော်စပ်ခြင်း ပြိုင်ပွဲကို ရွေးချယ်ခဲ့ပါတယ်။
ကော်ဖီ၊ နို့၊ ထန်းလျက်ရည် နှင့် ချောကလက်ကို အသုံးပြုပြီး
ဖျော်စပ်ထားတဲ့ ကော်ဖီရဲ့ အရသာကြောင့်သူဟာ ဒီဇင်ဘာ ၁၄ ရက်နေ့မှာ
ထိုင်းနိုင်ငံရှိ Millennium Hilton Bangkok မှာ ကျင်းပမယ့်
ဒုတိယအဆင့် ပြိုင်ပွဲမှာ ဝင်ရောက် ယှဉ် ပြိုင်ဖို့ရွေးခြယ်ခံခဲ့ရပါတယ်။
သူမရဲ့ ဟိုတယ်လုပ်ငန်းအပေါ်ဝါသနာ၊ ကော်ဖီဖျော် စပ်ခြင်းပြိုင်ပွဲ ဝင်ဖြစ်ပုံ နဲ့
ဟိုတယ်စီမံခန့်ခွဲမှု သင်တန်းကို တက်ရောက်ဖြစ်ပုံတွေကို မေးမြန်းထားပါတယ်။
ငယ်ဘဝသူ့စိတ်ကူး
.................
ကလေးဘဝတုန်းကတော့ တွေးခဲ့တဲ့ စိတ်ကူးအိမ်မက်တွေ အများကြီးရှိပါတယ်။
ဆရာဝန် တို့ အင်ဂျင်နီယာတို့ ဖြစ်ချင်ခဲ့တယ်။
ဒါပေမဲ့ Hotel Life ထဲဝင်ဖြစ်ခဲ့မယ်လို့ တစ်ခါမှ စိတ်ကူးမရှိခဲ့ပါဘူး။
ကျွန်မအစ်ကိုက Hotel Life ထဲဝင်သွားတယ်။ ပထမတော့ အဲဒီအလုပ်ကို
သဘောမကျဘူး။ တစ်နေကုန်မတ်တပ်ရပ်ပြီး လူတွေနဲ့ စကားပြောနေတာ
ပင်ပန်းလိုက်တာလို့ စိတ်ထဲမှာ ထင်မိတယ်။ နောက်တော့ ဧည့်သည်တွေကို
ဖော်ဖော်ရွေရွေနဲ့ ဝန်ဆောင်မှုပေးနေတဲ့ သူ့ကိုကြည့်ပြီး
Hotel Life ကို စိတ်ဝင် စားလာပါတယ်။ ဒါကြောင့်မလေးရှားနိုင်ငံ
Berjaya University College of Hospitality ကျောင်းမှာ
Hospitality ဘာသာရပ် နဲ့ နှစ်နှစ်ခွဲတက်ခဲ့ပြီး ဒီပလိုမာ ရခဲ့ပါတယ်။
အဲဒီကျောင်းရောက်တော့ Hospitality ရဲ့ နယ်ပယ်ဟာ
အလွန်ကျယ်ပြန့်တာကို သိလာရတယ်။ သူ့နယ်ပယ်မှာ
ဟိုတယ်၊ စားသောက်ဆိုင် နဲ့ လေကြောင်းလိုင်းသာမက
ခရီးသွားလာရေးလုပ်ငန်းနဲ့ ပတ်သက်တဲ့ စတဲ့
customer service ဆိုင်ရာ လုပ်ငန်းတွေ ပါတာကိုတွေ့ပါတယ်။
ကိုယ်က လူတွေနဲ့ ပြောဆိုဆက်ဆံရတာကို သဘောကျတယ်။
ကိုယ်ဝန်ဆောင်မှု ပေးလိုက်တာကို တစ်ဖက်လူက
သဘောကျ ကျေနပ်သွားရင် ပီတိဖြစ်တော့
ဟိုတယ်လိုင်းဘက်လိုက်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
Hilton Nay Pyi Taw ဟိုတယ်ရဲ့ စီမံခန့်ခွဲမှုသင်တန်း တက်ဖြစ်ပုံ
..........................
စီမံခန့်ခွဲမှုသင်တန်းက တစ်နှစ်ခွဲကြာမြင့်ပါတယ်။
ဟိုတယ်တစ်ခုလုံး စီမံခန့်ခွဲ ပုံတွေကို လက်တွေ့သင်ပေးတာပါ။
ဟိုတယ်မှာ လက်တွေ့ လုပ်ကိုင်နေတဲ့ လူကြီးတွေက
သင်ကြားတော့ အမြင်လည်းပိုကျယ်လာပါတယ်။
Hilton ဟိုတယ်က Brand တစ်ခုဖြစ် တဲ့အတွက် ဒီဟိုတယ်က ပို့ချတဲ့
သင်တန်းကို တက်ဖြစ်တာလည်း ဖြစ်ပါတယ်။
ပထမ ၆ လမှာတော့ ဟိုတယ်တစ်ခုလုံးမှာ ရှိတဲ့ဌာန အားလုံး
ဘယ်လို လည်ပတ်နေသလဲဆိုတာ လိုက်လေ့လာရပါတယ်။
အောက်ခြေဌာန အပါအဝင် ဌာနအကုန်လုံးကို လိုက်လေ့လာရ ပါတယ်။
နောက် ၆လမှာတော့ Operational ဌာနတွေဖြစ်တဲ့ Food and Beverages ၊
Housekeeping နဲ့ Front Office အဲဒီသုံးမျိုးထဲက
ကိုယ်အနှစ်သက်ဆုံးအထူးပြု တစ်မျိုးကို ရွေးချယ်လေ့လာရမှာဖြစ်ပြီး
ရွေးချယ်လိုက်တဲ့ဌာနမှာ ၃လ အဲဒီရွေးချယ် ထားတဲ့ ဌာနနဲ့သက်ဆိုင်ရာ ဌာနမှာ
၃လ စီခွဲထားပါတယ်။ နောက်ဆုံး ၆ လမှာတော့ ရွေးချယ်ထားတဲ့အထူးပြု
တစ်မျိုးတည်းကိုပဲအခြား Hilton ဟိုတယ် တစ်ခုမှာ
cross training အနေနဲ့လေ့လာရမှာပါ။
ကျွန်မက Front Office ကို နှစ်သက်တဲ့အတွက် အဲဒါကိုပဲ
အထူးပြုသင်ယူမယ်လို့ ဆုံးဖြတ်ထားပါတယ်။
F&B Masters 2016
.....................
Hilton ဟိုတယ်က F&B Masters ပြိင်ပွဲကို တစ်နှစ်တစ်ခါ ကျင်းပပါတယ်။
ပြိုင်ပွဲက အချက်အပြုတ်ဖြစ်စေ အဖျော်ယမကာနဲ့ ပတ်သက်ပြီး
အမြဲတမ်း အသစ်အဆန်းတွေ တီထွင်ချင်တဲ့ စိတ်ကူးကောင်းကောင်းရှိတဲ့
လူငယ်တွေကို မြေတောင်မြှောက်ပေးချင် တဲ့ ရည်ရွယ်ချက်နဲ့ ကျင်းပတာပါ။
ရေပြီးရင် ဒုတိယအနှစ်သက်ဆုံးကတော့ ကော်ဖီပါ။
ကော်ဖီကို နှစ်သက်တဲ့အတွက် ကော်ဖီနဲ့ ပတ်သက်ပြီး
စာအုပ်တွေထဲမှာ အများကြီး လေ့လာဖူးပါတယ်။ ကော်ဖီ အကြောင်းဟာ
ကျယ်ပြန့်ပြီး အလွန်စိတ်ဝင်စားဖို့ ကောင်းပါ တယ်။ ပြိုင်ပွဲမှာ
ကော်ဖီအဖျော်ပြိုင်ပွဲလည်းပါတဲ့ အတွက် ဝင်ပြိုင်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
ကော်ဖီဖျော်စပ်ပြီး ယှဉ်ပြိုင်ရတဲ့ ပြိုင်ပွဲအတွေ့အကြုံ လုံးဝမရှိပါဘူး။
သတ်မှတ်ထားတဲ့ ၁၀ မိနစ်အတွင်းမှာ ကော်ဖီ ၉ခွက်ဖျော်ခိုင်းပါတယ်။
Espresso ၃ ခွက်၊ Capuccino ၃ ခွက်နဲ့ ကိုယ်ပိုင်တီထွင်ထားတဲ့
ကော်ဖီ ၃ ခွက်နဲ့ ပြိုင်ရတာပါ။ မြန်မာမှုပြုတဲ့အနေနဲ့
ထန်း လျက်ရည်ကိုအသုံးပြုပြီး ကိုယ်ပိုင်တီထွင်ထားတဲ့ကော်ဖီနဲ့
ဝင်ပြိုင်ခဲ့ပါတယ်။ ကော်ဖီ တစ်လွှာ၊ နို့တစ်လွှာနဲ့ ထန်းလျက်ရည်တစ်လွှာ
အပေါ်က ချောကလက်နဲ့ ပုံဖော်ထားတဲ့ ကော်ဖီကို အကြိမ်ကြိမ်စမ်းသပ်ပြီး
ဝင်ပြိုင်ခဲ့တာ အရွေးခံခဲ့ရပါတယ်။ နောက်တစ်ဆင့်ပြိုင် ပွဲကိုတော့
ထိုင်းနိုင်ငံက Millennium Hilton Bangkok မှာ သွားပြိုင်ရမှာပါ။
ခံယူချက်
............
မည်သူမဆို စိတ်နှစ်မြှုပ်ပြီးအကောင်းဆုံး လုပ်ကိုင်မယ်ဆို
အောင်အောင်မြင်မြင် လုပ်နိုင်မယ်လို့ ယုံကြည်ပါတယ်။
မဖြစ်ဖြစ်အောင် လုပ်မယ်ဆိုတဲ့ စိတ်နဲ့ အလုပ်အပေါ်မှာ
စိတ်နှစ်မြှုပ်ပြီးလုပ်မယ်ဆို ဖြစ်ကိုဖြစ်နိုင်တယ်ဆိုတာ ပြောချင်ပါတယ်။
အနာဂတ်မျှော်မှန်းချက်
......................
Front Office ကိုစိတ်ဝင်စားတဲ့ အတွက် ဒါကိုပဲ ဆက်လုပ်ဖြစ်မှာပါ။
ငယ်သေးတော့ ပညာတွေ အများကြီးဆက်လေ့လာဦးမှာပါ။
ကော်ဖီကို ချစ်မြတ်နိုးတဲ့အတွက် ကော်ဖီ နဲ့ ပတ်သက်တာတွေကို လည်း
ဆက်လက်ဆည်းပူးနေဦးမှာပါ။ တစ်နေ့မှာ အခွင့်အရေး ရရင်တော့
ကိုယ်ပိုင် ကော်ဖီဆိုင်တစ်ဆိုင် ဖွင့်ချင်ပါတယ်။
...........................
မေးမြန်းသူဇွန်ပန်းပွင့်
For Food Magazine

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။