အခုတလော
ဒေါ်အောင်ဆန်းစုကြည် လုပ်နေရတာကို ကြည့်ပြီး ကိုယ့်ကိုယ်ကိုယ် ရှက်စိတ်
အတော်ဝင်နေမိတယ်။ ဖေ့စ်ဘုတ်ပေါ်မှာ ဟိုအော်ဒီအော်လေး အော်နေမိတာ
(ဒါမလုပ်ရဘူးလို့ ပြောတာမဟုတ်၊ နည်းတာကိုပြောတာ) ကို ဘ၀ထင်ပြီး
ကိုယ်တာဝန်ကျေလှပြီ ထင်နေတာ။ ပြန်တွေးရင် အတော် လိုနေပါသေးတယ်။
ရိုးရိုးလေး ပြောရရင် ကျွန်တော်တို့ နိုင်ငံသားတွေ အကုန်လုံးနီးပါးက ကိုယ့်အိပ်မက်တွေ အကုန်လုံးကို အသက် ၇၀ကျော် အမယ်အိုကြီး ပခုံးပေါ်ကို ထိုးတင်လိုက်ကြတယ်။ ပြီးရင် ကိုယ့်တာဝန်ကင်းသလိုလိုနဲ့ ငါမဲပေးခဲ့တာပဲလေ ဆိုပြီး ဖြေတွေးတွေးလိုက်ကြတယ်။ ဒီအမယ်အိုကတော့ နိုင်သလောက် ဒရွတ်ဆွဲ ကြိုးစားသွားမှာပဲ။ တချက်မှ ညည်းညူမှာလည်း မဟုတ်ဘူး။ ဒါပေမယ့် ကျွန်တော်တို့က လိုနေသေးတာ။
တိုင်းပြည်အနေအထားက မဲပေးရုံနဲ့ ပြီးပြည့်စုံသွားမယ့် အနေအထားမဟုတ်ဘူး။ အစစအရာရာ ချွတ်ခြုံကျနေတာ။ ဒီကြားထဲက မေမေလုပ်လိမ့်မယ်ဆိုပြီး အမတ်တွေ လုပ်သမျှ လိုက်ကာကွယ်၊ လက်ခုပ်ထိုင်တီးနေရုံနဲ့ ဒီမိုကရေစီ အပင်ကြီး ဖူးပွင့်ဝေဆာလာတာ မြင်ချင်ရင် ရူးနေလို့ပဲ။
ကျွန်တော်တို့ တိုင်းပြည်တိုးတက်ဖို့ မပြောနဲ့။ ကိုယ့်ရပ်ကွက်ထဲမှာ ပြောင်းလဲဖို့ ဘယ်လောက်များ အားထုတ်ခဲ့ကြလို့လဲ။
အမှိုက်မပြစ်ဘူး။ ကိုယ့်အမှိုက်ကို အမှိုက်ပုံးထဲ ရှာထည့်တယ် ဆိုတာနဲ့ပဲ ကိုယ်တာဝန်ကျေပြီ ယူဆလိုက်ကြတယ်။ ပစ်သူတွေ အများကြီး ရှိနေတဲ့အရပ်၊ စည်ပင် အလာကျဲတဲ့ အရပ်မှာ ဒါ တာဝန်ကျေတာ မှန်ပေမယ့် အောင်မြင်တာ မဟုတ်ပါဘူး။ စည်ပင်မလာရင် ကိုယ့်ဘာသာ လှဲပေးဖို့ တွေးမိလား။ အမှိုက်ပစ်သူတွေကို မလုပ်ဖို့ စာရေးကပ်ဖူးလား။ စုပေါင်းအမှိုက်ရှင်းကြဖို့ လှုံ့ဆော်ဖူးလား။
ဒါတွေ ခင်ဗျား လုပ်နိုင်ပါတယ်။ ဘာလို့ မလုပ်လဲ။ အားမစိုက်ချင်လို့။ အကျယ်အကျယ် မပြောချင်လို့။ မထူးဖူးထင်လို့။
ဒီလိုနဲ့ပဲ တနိုင်ငံလုံး အမှိုက်ပုံထဲနေရတယ်။ မြောင်းပုပ်နံ့တွေ ရှူရတယ်။ ခြင်ကိုက်ခံရတယ်။
ကိုယ့်ခွန်အားကို အခု လုပ်နေတာထက် နှစ်ဆ စိုက်ထုတ် လုပ်ကြည့်စမ်းပါ။ ကွမ်းသွေးထွေးတဲ့သူကို ဆဲနေမယ့် အစား ကွမ်းသွေးနေရာတွေ လိုက်ဆေးတဲ့ကလေးကို ပိုပြီး ကျွန်တော် လေးစားတယ်။
ကျွန်တော်လည်း ပြင်ဆင်မယ်။ ပိုပြီး အပြုသဘောဆောင်တဲ့ ခွန်အားတွေစိုက်ထုတ်မယ်။ အသိပညာကို ပိုသုံးမယ်။ ပိုပြီး လေးလေးနက်နက် အားထုတ်မယ်။ အမေအိုကြီးကို တတ်စွမ်းသမျှကူမယ်။
မိတ်ဆွေတို့ရော :)
ဆရာ သက္ကမိုးညို
Photo.
လမ်းပြကြယ်ဖြူ မှထဲ့ထားပါသည်။
ရိုးရိုးလေး ပြောရရင် ကျွန်တော်တို့ နိုင်ငံသားတွေ အကုန်လုံးနီးပါးက ကိုယ့်အိပ်မက်တွေ အကုန်လုံးကို အသက် ၇၀ကျော် အမယ်အိုကြီး ပခုံးပေါ်ကို ထိုးတင်လိုက်ကြတယ်။ ပြီးရင် ကိုယ့်တာဝန်ကင်းသလိုလိုနဲ့ ငါမဲပေးခဲ့တာပဲလေ ဆိုပြီး ဖြေတွေးတွေးလိုက်ကြတယ်။ ဒီအမယ်အိုကတော့ နိုင်သလောက် ဒရွတ်ဆွဲ ကြိုးစားသွားမှာပဲ။ တချက်မှ ညည်းညူမှာလည်း မဟုတ်ဘူး။ ဒါပေမယ့် ကျွန်တော်တို့က လိုနေသေးတာ။
တိုင်းပြည်အနေအထားက မဲပေးရုံနဲ့ ပြီးပြည့်စုံသွားမယ့် အနေအထားမဟုတ်ဘူး။ အစစအရာရာ ချွတ်ခြုံကျနေတာ။ ဒီကြားထဲက မေမေလုပ်လိမ့်မယ်ဆိုပြီး အမတ်တွေ လုပ်သမျှ လိုက်ကာကွယ်၊ လက်ခုပ်ထိုင်တီးနေရုံနဲ့ ဒီမိုကရေစီ အပင်ကြီး ဖူးပွင့်ဝေဆာလာတာ မြင်ချင်ရင် ရူးနေလို့ပဲ။
ကျွန်တော်တို့ တိုင်းပြည်တိုးတက်ဖို့ မပြောနဲ့။ ကိုယ့်ရပ်ကွက်ထဲမှာ ပြောင်းလဲဖို့ ဘယ်လောက်များ အားထုတ်ခဲ့ကြလို့လဲ။
အမှိုက်မပြစ်ဘူး။ ကိုယ့်အမှိုက်ကို အမှိုက်ပုံးထဲ ရှာထည့်တယ် ဆိုတာနဲ့ပဲ ကိုယ်တာဝန်ကျေပြီ ယူဆလိုက်ကြတယ်။ ပစ်သူတွေ အများကြီး ရှိနေတဲ့အရပ်၊ စည်ပင် အလာကျဲတဲ့ အရပ်မှာ ဒါ တာဝန်ကျေတာ မှန်ပေမယ့် အောင်မြင်တာ မဟုတ်ပါဘူး။ စည်ပင်မလာရင် ကိုယ့်ဘာသာ လှဲပေးဖို့ တွေးမိလား။ အမှိုက်ပစ်သူတွေကို မလုပ်ဖို့ စာရေးကပ်ဖူးလား။ စုပေါင်းအမှိုက်ရှင်းကြဖို့
ဒါတွေ ခင်ဗျား လုပ်နိုင်ပါတယ်။ ဘာလို့ မလုပ်လဲ။ အားမစိုက်ချင်လို့။ အကျယ်အကျယ် မပြောချင်လို့။ မထူးဖူးထင်လို့။
ဒီလိုနဲ့ပဲ တနိုင်ငံလုံး အမှိုက်ပုံထဲနေရတယ်။ မြောင်းပုပ်နံ့တွေ ရှူရတယ်။ ခြင်ကိုက်ခံရတယ်။
ကိုယ့်ခွန်အားကို အခု လုပ်နေတာထက် နှစ်ဆ စိုက်ထုတ် လုပ်ကြည့်စမ်းပါ။ ကွမ်းသွေးထွေးတဲ့သူကို ဆဲနေမယ့် အစား ကွမ်းသွေးနေရာတွေ လိုက်ဆေးတဲ့ကလေးကို ပိုပြီး ကျွန်တော် လေးစားတယ်။
ကျွန်တော်လည်း ပြင်ဆင်မယ်။ ပိုပြီး အပြုသဘောဆောင်တဲ့ ခွန်အားတွေစိုက်ထုတ်မယ်။ အသိပညာကို ပိုသုံးမယ်။ ပိုပြီး လေးလေးနက်နက် အားထုတ်မယ်။ အမေအိုကြီးကို တတ်စွမ်းသမျှကူမယ်။
မိတ်ဆွေတို့ရော :)
ဆရာ သက္ကမိုးညို
Photo.
လမ်းပြကြယ်ဖြူ မှထဲ့ထားပါသည်။
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။