Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Wednesday, December 28, 2016

ကရင် ဆိုတာ



အောင်ကောင်းစံ added 4 new photos.

ကရင် ဆိုတာ
-------
ကရင်ဆိုတဲ့အမည်ဟာ မြန်မာတို့က ခေါ်ဝေါ်တဲ့ အမည်တာ ဖြစ်ပါတယ် ။ အမှန်မှာတော့အဲ့ဒီ့ကိစ္စနဲ့ပတ်သတ်လို့ အဓိပ္ပါယ်အရင်းအမြစ်ကို အတိအကျ မသိရှိကြပါဘူး ။ ယူဆထားကြတာကို ပြောရရင်တော့ ကမ်းယံဆိုတဲ့ ဝေါဟာရ ဗေါ်ညိုကျွန်းရှိ ဒယက်လူမျိုးတစ်မျိုးရဲ့ အမည်ဖြစ်တဲ့ ကယန်ဟူသော ဝေါ်ဟာရ တိဗက် မြန်မာ အစုဝင်တို့ တရုတ်ပြည်မှာရှိစဉ် ခေါ်ဝေါ်တဲ့ " ချန် " ဆိုတဲ့ အမည်ဝေါ်ဟာရကနေ ဆင်းသက်လာတဲ့ အမည်ဖြစ်လိမ့်မယ်လို့ ဒီလို ဆိုကြပါတယ်။ ကရင်တွေဟာ အမျိုးအလိုက် ခေါ်ဝေါ်တဲ့အမည်ရှိတဲ့အလျှောက် ကရင်နီတွေဟာ မိမိကိုယ်ကိုမိမိ ကယားဆိုပြီး ခေါ်ဝေါ်ကြပါတယ် ။ ကရင်ဝေါဟာရနဲ့ကယားဝေါဟာရဟာ နီးစပ်လျက်ရှိတယ် ။

ပုဂံကျောက်စာတို့မှာ ကရင်ဆိုတဲ့ ဝေါဟာရကို များစွာမတွေ့ရပေမယ့်လဲ စကြော တောင်သူ အစရှိတဲ့ အမည်ကိုတော့ ခပ်များများ တွေ့ရှိရပါတယ် ။ ပုဂံ ရွှေကျင်းချ ကျောက်စာမှ " ပုခြည်ခါဆီ ၃၈ l ကရင် ထမီပြောက် " လို့ ကရင်ထမီ ပြောက်ကို ဖေါ်ပြထားပါတယ် ။
ကရင်တွေ မျိုးကွဲသွားပုံကတော့ တောင်ပေါ် ကရင်နဲ့ ကွင်းကရင် လို့ ဆိုပြီး ၂ မျိုးရှိတာမှာ ကွင်းကရင်တို့မှာ စကော ၅ သိန်းကျော်ခန့်ရှိပြီး ပိုး ၅ သိန်းမျှနဲ့ ပအိုခေါ် တောင်သူထက်ဝက် တစ်သိန်းမျှ ပါဝင်ကြပါတယ် ။ တောင်ပေါ်ကရင်တွေမှာ ကယားခေါ် ကရင်နီ ဘွဲခေါ် ဘဂိုင် ပရဲ့ ကရင်ဖြူ ပဒေါင်း ဂဲခိုး ယင်းဘော် ယင်းတလဲ ဇယိန်း မော်နေဘွားနဲ့ ထက်ဝက်ကျော်တဲ့ ပအိုခေါ် တောင်သူတို့ ပါဝင်ကြပါတယ် ။ တောင်ပေါ်ကရင်တွေမှာ လူဦးရေ မများလှပါဘူး ။ ယိုးဒယားနိုင်ငံမှာရှိတဲ့ ကရင်တို့မှာ ပိုးနဲ့ ဘွဲခေါ် ဘဂိုင်အမျိုးများဖြစ်ကြပါတယ် ။ ယိုးဒယားနိုင်ငံ အနောက်ဘက်နဲ့ အနောက်တောင် တောင်ပေါ်များမှာတွေ့ရတဲ့ ကရင်တွေကတော့ မြန်မာနိုင်ငံကနေတဆင့် ရောက်လာကြသူများတာ ဖြစ်ပါတယ် ။
ကရင်များ ဖြစ်ပေါ်လာပုံနဲ့ မြန်မာနိုင်ငံတွင် ရောက်ရှိလာပုံကို ယုံကြည်ထားကြတာတော့ မူရင်းဒေသမှာ တိဗက် မြန်မာ အစုဝင်တို့ရဲ့ မူရင်း ဒေသပင်ဖြစ်ဟန်ရှိတယ်လို့ ဆိုတယ် ။ အချို့တိုင်းရင်းသားများ ဝင်ရောက်လာသလိုပါပဲ မြန်မာနိုင်ငံ အရှေ့မြောက် ဒေသဆီမှ သံလွင်မြစ်တစ်လျောက် ဝင်ရောက်လာခဲ့ဟန် တူပါတယ် ။ အချိန်များစွာ ပို၍ မစောစေကာမူ ကရင်တွေဟာ မြန်မာတွေထက် ဦးစွာ မြန်မာနိုင်ငံအတွင်းကို ရောက်ရှိနေကြသူများဖြစ်တယ် ။ ဝင်ရောက်လာတာမှာ ရှမ်းပြည် ကုန်းပြင်မြင့် အနောက်တောင်လောက်မှာ အခြေစိုက်ပြီးနောက် အခါအခွင့်နဲ့ လျော်ညီစွာ ထိုဒေသဆီမှ အနောက်တောင်ဘက်နဲ့ တောင်ဘက်ရှိ မြေပြန့်များကို တဖြေးဖြေး ဆင်းတက်နေထိုင်ခဲ့ကြတယ်လို့ ဒီလိုဆိုရမှာဖြစ်ပါတယ် ။
ပျူတို့ရဲ့ နိုင်ငံဖြစ်တဲ့ သရေခေတ္တရာ ပျက်ရခြင်းအကြောင်းကို ဖေါ်ပြရာမှာ ငစကောစစ်သည်များ လာပြီဆိုပြီး ထိတ်လန့်သောကြောင့် ဖြစ်သည်ဟု မြန်မာရာဇဝင်ကျမ်းမှာ ဆိုထားရာ ထို ငစာကော စစ်သည်တွေဟာ စကောကရင်များ ဖြစ်နိုင်ဖွယ်ရှိတယ်လို့ ဒီလိုဆိုပါတယ်။
ကရင်တို့ရဲ့ ယုံကြည်ကိုးကွယ်မှုအရ ကရင်တွေဟာ နတ်စားကြပါတယ် ။ ကြက်ရိုးထိုးတဲ့ဓလေ့ကို ယုံကြည်ကြတယ် ( ကြက်ရိုးထိုးခြင်း - ရှု ) ။ ခရစ်ယာန် သာသနာပြုဆရာတွေ ရောက်လာပြီးတဲ့နောက် လူများစု မြန်မာတို့ရဲ့ လျစ်လျူရှုခြင်းကို ခံရတဲ့ ကရင်အချို့ဟာ ခရစ်ယာန် ဝါဒ ဂိုဏ်းအမျိုးမျိုး ဆီကို ဝင်ရောက်လာကြပါတယ် ။ ကရင် ရှေးဟောင်း တေးများမှာဆိုရင် " ယွာ " လို့ ခေါ်တဲ့ ဘုရားရှိပုံ l ယွာ က ကမ္ဘာကို ဖန်ဆင်းပုံ l ကရင်တို့ရဲ့ ညီငယ်ဖြစ်တဲ့ လူဖြူတို့ဟာ မိမိတို့ထံကို ကျမ်းစာအုပ်များ ယူလာမည်လို့ ဆိုပြီး ကျမ်းစာအုပ်များ ရရှိလာတဲ့အခါ ကရင်တို့ ကြီးပွားတိုးတက်မယ်ဆိုတာတွေ ပါပါတယ်။
မြန်မာနိုင်ငံမှာ ဗြိတိသျှတို့ရဲ့ ပထမ နယ်ချဲ့စစ်အပြီး ရခိုင်နဲ့ တနင်္သာရီတို့ဟာ ဗြိတိသျှ လက်အောက်ကို ကျဆင်းသွားတာကြောင့် ခရစ်ယာန်သာသနာပြု လူဖြူများနဲ့ ပိုမို နီးကပ်သွား တွေ့ဆုံခဲ့ရပါတော့တယ် ။ ရှေးက တဘောင်အရ လာခြင်းဖြစ်တယ်လို့ ယုံကြည်ကြပြီး ကရင်တို့အတွက် ခရစ်ယာန် သာသနာပြုခြင်းဟာ အင်မတန် မြန်ဆန်ခရီးရောက်ခဲ့ပါတော့တယ် ။ မြန်မာနိုင်ငံတစ်ခုလုံးကို ဗြိတိသျှတို့ သိမ်းပိုက်ပြီးတဲ့နောက် ခွဲခြားအုပ်ချူပ်တဲ့ စနစ်အရ အုပ်ချုပ်လာခဲ့ရာမှာ ဗြိတိသျှတို့ဟာ ခရစ်ယာန်ဖြစ်လွယ်တဲ့ ကရင်တွေကို များစွာ အခွင့်အရေးတွေ ပေခဲ့တယ် ။ ခရစ်ယာန်သာသာနာပြုတို့မှာ အမေရိကန်မှ နှစ်ခြင်းသာသနာပြု l အင်္ဂလိပ်ရေဖျန်းသာသနာပြုနဲ့ ဗီးရင်ဂျီ သာသနာပြုတို့ပါဝင်ကြတယ် ။ စကောကရင်တို့မှာ အမေရိကန် နှစ်ခြင်းဂိုဏ်း ထွန်းကားပြီး တောင်ပေါ်ကရင်တို့မှာတော့ ဗရက်ဂျီဂိုဏ်း ထွန်းကားခဲ့ပါတယ် ။ ယုံကြည်မှု အသစ်အဆန်းဖြစ်တဲ့ ခရစ်ယာန်အယူအစ စတင်ရောက်ရှိလာတဲ့အခါ ကရင်ဦးရေ ၁၃၀၀၀၀၀ ကျော်မှာ ခရစ်ယာန်ကို ယုံကြည်သူက ၂၁၀၀၀၀ မျှသာရှိပါလေသေးတယ် ။ ကျန်တဲ့ ၁၁ သိန်းကျော်ကတော့ ဗုဒ္ဓဘာသာတွေနဲ့ နတ်ကိုးကွယ်သူတွေ ဖြစ်ပါတယ် ။
၁၈၆၆ ခုနှစ်မှာ ဘိုးပိုက်ဆံ ဆိုတဲ့ ကရင်အမျိုးသားတစ်ဦး ဗုဒ္ဓအယူဝါဒ l ခရစ်ယာန် အယူဝါဒနဲ့ ကရင်တို့ ရိုးရာကိုးကွယ်တဲ့ ယုံကြည်မှုတွေကနေ ကောင်းနိုးရာရာ တို့ စုပေါင်းပြီး ဘာသာသစ် တစ်ခု တီထွင်ခဲ့တယ် ။ အလားတူပဲ ကိုစံရီနဲ့ တောင်ငူမှ ခလီဘိုးပါးဆိုသူတွေလဲ ယုံကြည်မှုအသစ်တွေ တီထွင်ခဲ့ကြပါသေးတယ် ။
ကရင်တို့ရဲ့ နှစ်သစ်ကူးနေ့ကတော့ ရှေးပဝေဏသီကတည်းက ရှိခဲ့တာဖြစ်တယ် ။ကရင်အမျိုးသားတို့ရဲ့ နှစ်သစ်ကူးနေ့မှာ ပြာသိုလဆန်း တစ်ရက်နေ့ဖြစ်ပါတယ် ။ စာပေဘာသာစကားနဲ့ ပတ်သတ်လို့ ခရစ်ယာန် သာသနာပြုများမရောက်မီကပင် ကရင်လူမျိုးတို့ အနက်မှ ပအို့တောင်သူတို့မှာ ကိုယ်ပိုင်စာပေတွေ ရှိနေခဲ့ပါပြီ ။ ၁၈၃၀ ပြည့်နှစ်လောက်က ဒေါက်တာဝိတ်ခေါ် အမေရိကန် နှစ်ခြင်းသာသနာပြု ဆရာတစ်ယောက်ဟာ ဂျိုင်းမြစ်ဝှမ်းမှာရှိတဲ့ ကရင်အမျိုးသားတို့ကို ခရစ်ယာန်အယူဝါဒဟောပြနေစဉ်မှာပဲ စကောကရင်စကားကို စာနဲ့ ရေးထွင်းခဲ့တယ် ။ရေးသားရာမှာတော့ မြန်မာအက္ခရာကိုသာ အသုံးပြုခဲ့တာဖြစ်ပါတယ် ။ အဲ့ဒီလိုတွေကြောင့် ခရစ်ယာန်အယူဝါဒဆိုင်ရာကျမ်းများမှာ စကောကရင်ဘာသာနဲ့ ပေါ်ပေါက်လာခဲ့တော့ပါတယ် ။
၁၈၄၁ ခုနှစ်မှာ ဒေါက်တာမေဆင်ခေါ် အမေရိကန် သာသနာပြုဆရာဟာ ထားဝယ်မြို့မှာ မိုးသောက်ကြယ် ဆိုပြီး စကောကရင် သတင်းစာတစ်စောင်ကို စတင် ထုတ်ဝေခဲ့တယ် ။အဲ့ဒီ့ သတင်းစာကို ဂျပန်တို့ မြန်မာနိုင်ငံအတွင်းကို ဝင်ရောက်တိုက်ခိုက်တဲ့အထိတိုင် နှစ် ၁၀၀ နီးပါး ထုတ်ဝေခဲ့ပါတယ် ။ ပိုးကရင်စာကို စတင် တီထွင်သူမှာတော့ မစ္စတာ ဗရေတန်ဖြစ်ပြီး ၁၈၄၀ ပြည့်နှစ်လောက်က စတင်အသုံးပြုခဲ့တာဖြစ်တယ် ။
ဆိုခဲ့ပြီးတဲ့အတိုင်း ကရင်စကားမှာ တိဗက် မြန်မာအစုဝင် ဖြစ်ပြီး စကားအားလုံးမှာ တစ်လုံးခြင်းရဲ့ အဓိပ္ပါယ်ရှိကြပါတယ်။ပြောဆိုရာမှာ အာလုပ်သံပါပြီး အသံမာတယ်။ ကရင်စကားတို့မှာ တပြေးညီ တူညီချက်ရှိကြပါသော်လဲ ကွင်းကရင်အချင်းချင်း တောင်ပေါ်ကရင်အချင်းချင်း ကွင်းကရင်နဲ့ တောင်ပေါ်ကရင် တို့ အချင်းချင်း အမျိုးမတူပဲ မိမိတို့ ဘာသာစကားအရ နားလည်ရန် အလွန်ခဲရင်းလှပါတယ် ။ ကရင်စကားမှာ မြန်မာ ရခိုင် ထားဝယ် အင်းသား စကားတို့လို ဘာသာမတူ အသံကွဲမဟုတ်ပဲ အခြေခံတူသော်လဲ ဘာသာကွဲနေတဲ့ စကားမျိုးဖြစ်တယ်လို့ ဒီလို ဆိုနိုင်ပါတော့တယ် ။
ဗဟုသုတ ရရှိနိုင်ကြပါစေ
အစဉ်လေးစားလျက်
Credit : မူရင်းတင်သူ

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။