Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Wednesday, December 28, 2016

ဖော်မလင်နှင့် လူသား အန္တရာယ်

ဖော်မလင်နှင့် လူသား အန္တရာယ်

ဖော်မလင်ဓာတုဆေးဝါးကို အသား ငါး၊ နို့နဲ့ နို့ထွက်ပစ္စည်းတွေ၊ လူသေကောင်တွေမပုပ်မသိုးစေဖို့ အသုံးပြုရာကနေ အခုနောက်ပိုင်းမှာ မုန့်တီ၊ မုန့်ဖတ်နဲ့ ပဲပြားတွေမှာပါ ဖော်မလင်ဆေးကို အသုံးပြုထားတာ တွေ့လာရပါတယ်။ ဒီလိုတွေ့ရှိခဲ့ရင် ၁၉၇၂ ပြည်သူ့ကျန်းမာရေးဥပဒေ၊ ၁၉၉၇ ခုနှစ်အမျိုးသား အစားအသောက် ဥပဒေ၊ စားသုံးသူကာကွယ်ရေးဥပဒေ သုံးရပ်ပါသတ်မှတ်ထားတဲ့အတိုင်း ထောင်ဒဏ် သုံးနှစ်ကနေ ငါးနှစ်အထိ ချမှတ်နိုင်ကြောင်းကိုလည်း သိရပါတယ်။ ဖော်မလင်ဟာ “လူသားတွေ ကင်ဆာဖြစ်စေတဲ့ပစ်္စည်း”လို့အမေရိကန်နိုင်ငံအမျိုးသား အဆိပ်အတောက် အစီအစဉ်က သတ်မှတ်ထားပေမယ့် မြန်မာနိုင်ငံနဲ့ တချို့နိုင်ငံတွေမှာ ဈေးပေါပြီး အလွယ်တကူရနေတဲ့ ဖော်မလင်ကို သုံးစွဲနေကြတယ်လို့ သိရပါတယ်။ တရုတ်၊ ဗီယက်နမ်၊ ထိုင်း၊ ဘင်္ဂလားဒေ့ရှ်နဲ့ အင်ဒိုနီးရှားနိုင်ငံတွေမှာ ခေါက်ဆွဲ၊ တိုဟူး၊ ကြက်သား၊ ဘီယာတွေမှာ ထည့်သွင်းအသုံးပြုကြောင်းသိရပါတယ်။ ဖော်မလင်ရဲ့ ဆိုးကျိုးတွေနဲ့ပတ်သက်ပြီး ဆရာဒေါက်တာ မြင့်သန်းထွန်း (ပြည်သူ့ကျန်းမာရေး)နဲ့တွေ့ဆုံမေးမြန်းခဲ့တာတွေကို ဖော်ပြပေးလိုက်ပါတယ်။

Q ဖော်မလင်ဆိုတာဘယ်လို ဓာတုဆေးဝါးလဲဆိုတာ ပြောပြပေးပါဆရာ။
A ဖော်မလင်ဆိုတာ ဖော်မယ်ဒီဟိုက် ရောထားတဲ့ ဆေးရည် ဖြစ်ပါတယ်။ ဖော်မယ်ဒီဟိုက်ဟာ သက်ရှိတိုင်းကို အဆိပ် ဖြစ်စေပါတယ်။ ဖော်မယ်ဒီဟိုက်ကို သစ်သား၊ စက္ကူနဲ့ အထည်အလိပ်စက်ရုံတွေမှာ သုံးပါတယ်။ စက်တွေက ထွက်တဲ့ အိတ်ဇောငွေ့တွေမှာလည်း ပါရှိပါတယ်။ကြိတ်သားနဲ့ ပြုလုပ်ထားတဲ့ပစ္စည်းတွေကို အပူချိန် များများပေးမိရင် ဖော်မယ်ဒီဟိုက်ဓာတ်ငွေ့ ထွက်လာပါတယ်။ အဲဒါကို ရေနဲ့ ရောလိုက်ရင် မပုပ်မသိုးဘဲ တာရှည်ခံတဲ့ ဖော်မလင်ကို ရရှိပါတယ်။

Q ဖော်မလင်ရဲ့အစွမ်းသတ္တိကို ပြောပြပါဆရာ။
A ဖော်မလင်ဟာ အသားတွေကို တောင့်တင်း ခိုင်မာစေပါတယ်။ သူရဲ့ ဓာတ်သတ္တိက အသားဓာတ်ဖြစ်တဲ့ ပရိုတင်းကိုမပျက်အောင် အဓိကလုပ်တာ၊ မပုပ်မသိုးအောင် ထိန်းသိမ်းထားနိုင်တဲ့အစွမ်းသတ္တိလည်းရှိတယ်။ အလွယ်တကူ အငွေ့ပြန်နိုင်ပြီး ရေထဲမှာ ပျော်ဝင်နိုင်ပါတယ်။ ကာဗွန်ဒြပ်ပေါင်း ဖြစ်ပြီး သွေးလှည့်ပတ်မှုထဲမှာ ၀င်ရောက် အန္တရာယ်ပေးနိုင်ပါတယ်။

Q ဖော်မလင်ကို အသုံးပြုခွင့် ပိတ်ထားတဲ့ နိုင်ငံတွေကော ရှိပါသလားဆရာ။
A ဖော်မလင်ကို အမေရိကန်၊ အင်္ဂလန်နဲ့ ဥရောပနိုင်ငံတွေမှာ အသုံးပြုခွင့်ပိတ်ထားပါတယ်၊ မြန်မာနဲ့ တရုတ်နိုင်ငံမှာတော့ ဆက်လက်သုံးစွဲနေကြပါတယ်။

Q ဖော်မလင်ကိုဘယ်လိုနေရာမှာ အသုံးပြုပါသလဲဆရာ။
A ဖော်မလင်ကို လူသေကောင်တွေ မပုပ်မသိုးအောင် စီမံတဲ့ နေရာမှာ သုံးပါတယ်။ ဒါ့အပြင် ခန္ဓာကိုယ်အင်္ဂါ အစိတ်အပိုင်း နမူနာတွေကို မပုပ်မသိုး အောင် ဆေးစိမ်ရမှာလည်း အသုံးပြုပါ တယ်။

Q ဖော်မလင်ကို ပြည်တွင်းမှာ အစားအသောက်နဲ့ ပတ်သက်ပြီး ဘယ်လိုနေရာတွေအသုံးပြုနေသလဲဆိုတာ သိပါရစေ ဆရာ။
A ဖော်မလင်ကို စားသောက်ကုန်များ ဖြစ်တဲ့ မုန့်ဟင်းခါးဖတ်၊ မုန့်တီဖတ်၊ နန်းကြီးဖတ်၊ ပဲပြား၊ ချက်နို့ဆီနဲ့ နွားနို့တွေမှာ သုံးနေတာကို တွေ့ရတယ်။ နွားနို့တွေကို ခရီးဝေးပို့ရာမှာ ကြာရှည်ခံအောင် ထည့်သုံးတယ်။ အသား၊ ငါးနဲ့ ပင်လယ်စာတွေ အအေးခန်းမလုံလောက်တာကြောင့် ရေခဲရိုက်ပြီး တာရှည်ခံစေတဲ့ ဖော်မလင်ကို သုံးတယ်၊ သစ်သီးတွေကို ကြာရှည်ခံအောင်၊ သဘာဝအတိုင်း မှည့်တယ်လို့ ထင်အောင် စတဲ့ နေရာတွေမှာ သုံးပါတယ်။ အသီးတွေကို အင်းဆက်ပိုးတွေ မကပ်နိုင်အောင် စွမ်းဆောင်နိုင်ပါတယ်။ အသီးတွေ အရောင်မွဲနေပေမယ့်လည်း မပုပ်မသိုးအောင် ဖော်မလင်က ကူညီပေးတယ်။ ဖော်မလင်ပါတဲ့ အသီးတွေကို စားသုံးမိရင် အသက်ရှူလမ်းကြောင်း၊ အစာအိမ်အူလမ်းကြောင်း၊ နှလုံးနဲ့ အာရုံကြောကို ထိခိုက်ပြီး သေဆုံးနိုင်ပါတယ်။

Q တခြားဘယ်နေရာတွေမှာကော အသုံးပြုပါသလဲဆရာ။
A စားသောက်ကုန်တွေအပြင် ဟင်းသီးဟင်းရွက်တွေမှာလည်း သုံးတာကို တွေ့ရတယ်။ ဝေးလံခေါင်ပါးတဲ့ အရပ်ဒေသတွေကနေ မြို့ကြီးတွေကို ဟင်းသီးဟင်းရွက်တွေ သယ်လာရာမှာ ကြာရှည်ခံအောင်သုံးပါတယ်။ နောက်ပြီး တချို့ သနပ်ခါးအရည်ဘူးတွေနဲ့ အနှစ်ဘူးတွေမှာ ဖော်မလင်ထည့်သုံးလို့ အရေပြားယားယံတာနဲ့ အရေပြားကင်ဆာကိုဖြစ်စေပါတယ်။ သနပ်ခါးတုံးကို ကျောက်ပျဉ်မှာ သွေးလိမ်းတဲ့ ဓလေ့ကပဲ ပိုကောင်းပါတယ်။

Q ဖော်မလင်ပါတဲ့ အစားအသောက်တွေကို ကြာရှည်စွာ ပမာဏများများ စားသုံးမိရင် ကျန်းမာရေးအတွက် ဆိုးကျိုးတွေက ဘာတွေဖြစ်နိုင်ပါသလဲ ဆရာ။
A ပြင်းထန်စွာ ဗိုက်အောင့်မယ်၊ အော့အန်မယ်၊ သတိလစ်မေ့မြောနိုင်တယ်။ကျောက်ကပ်ပျက်စီးမယ်၊ ဒါတင်မက မျိုးရိုးဗီဇဆိုင်ရာရောဂါတွေ ဖြစ်စေပြီး အသက်အန္တရာယ်ဆုံးရှုံးတဲ့အထိ ဖြစ်နိုင်ပါတယ်။

Q ဖော်မလင်ကိုအသုံးပြုတဲ့ လုပ်ငန်းခွင်တွေမှာ ရှိတဲ့သူတွေကကော ကျန်းမာရေး ဘယ်လိုထိခိုက်နိုင်ပါသလဲ ဆရာ။
A ဖော်မလင်အသုံးပြုတဲ့ လုပ်ငန်းခွင်တွေမှာ ကြာရှည်စွာ ရှူရှိုက်မိတာကြောင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါတွေနဲ့ ကင်ဆာဖြစ်စေနိုင်ပါတယ်။ လေထုအဆိပ်သင့်ပြီး မျက်စိနဲ့ အရေပြား ထိခိုက်နိုင်ပါတယ်။ ခေါင်းကိုက်တာ၊ လည် ချောင်းနာတာ၊ အသက်ရှူရခက်တာတွေ ဖြစ်တတ်ပါတယ်။ ဖော်မယ်ဒီဟိုက်အသုံး ပြုတဲ့အခန်းမှာ နေထိုင်ရင် မျက်ရည်ပူကျတတ်တယ်၊ မျက်လုံးနီရဲလာတယ်၊ အသက်ရှူကျပ်နိုင်ပါတယ်။ ကလေးတွေမှာဆိုရင် ပန်းနာရင်ကျပ်ရောဂါစွဲကပ်နိုင်ပါတယ်။

Q ဘယ်လိုကင်ဆာရောဂါတွေ ဖြစ်နိုင်ပါသလဲဆရာ။
A ဖော်မလင်ဟာ ကာစီနိုဂျင်လို့ ခေါ်တဲ့ကင်ဆာဖြစ်စေတဲ့ အရာဖြစ်ပါတယ်။အစာအိမ်ကင်ဆာ၊ အူမကြီးကင်ဆာ၊ အရေပြားကင်ဆာနဲ့ အသည်းခြောက်ပြီး အသည်းကင်ဆာတွေ ဖြစ်နိုင်ပါတယ်။

Q ကျန်းမာရေးအတွက် ဆိုးကျိုးများစွာ ဖြစ်စေတဲ့ ဖော်မလင်နဲ့ပတ်သက်ပြီး ပြည်သူတွေအတွက် အကြံပြုစကား ပြောပေးပါဆရာ။
A ဖော်မလင်ကြောင့် ကျန်းမာရေး ထိခိုက်တတ်တာကို လူတိုင်း သိစေချင်တယ်။ မြန်မာနိုင်ငံမှာ အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မြို့တော် စည်ပင်သာယာရေးကော်မတီနဲ့ တိုင်း၊ ပြည်နယ် စည်ပင်သာယာရေးအဖွဲ့တွေနဲ့ ကျန်းမာရေး ပညာပေးတဲ့ အဆင့်ပြုလုပ်ပါတယ်။ မလိုက်နာရင် အရေးယူဖော် ထုတ်ရပါမယ်။ ဒါကြောင့် စားသောက် ကုန်ထုတ်လုပ်သူတွေ၊ ရောင်းချသူတွေ အနေနဲ့ ဖော်မလင်ကို အသုံးမပြုသင့် ကြောင်းနဲ့ စားသုံးသူတွေကလည်း သတိ နဲ့ စားသုံးသင့်ပါတယ်လို့ အကြံပြုချင်ပါတယ်။

ဒေါက်တာမြင့်သန်းထွန်း (ပြည်သူ့ကျန်းမာရေး)

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။