ကမ္ဘာအရက်ရောဆုံးအားကစားသမား စီရော်နယ်ဒို
စီရော်နယ်ဒိုလို့ပြောလိုက်ရ င် မသိသူမရှိဘူး။ အသက် ၃၁ နှစ်အရွယ် အရင်မန်ယူကစားသမားဟောင်း၊ အခုရီရယ်မက်ဒစ်ရယ်တိုက်စစ်မှူးနဲ့ပေါ်တီဂူအသင်းခေါင်းဆောင်။ ကမ္ဘာကျော်ဘောလုံးသမား၊ ကွင်းထဲမှာပရိသတ်ကိုဖမ်းစား လို့မ၀ဘူး။
ကွင်းပြင်မှာ ပရိသတ်ကို ဖမ်းစားနိုင်တဲ့ ဘောလုံးသမား။ အခုလည်း
ကမ္ဘာသူကမ္ဘာသားတွေရဲ့ အသည်းနှလုံးကို သိမ်းပိုက်လိုက်ပြန်ပြီ။
လက်ရှိမှာ ကိုယ်အကြိုက်ဆုံး ဘောလုံးသမားဖြစ်တဲ့ ရော်နယ်ဒိုက အခုလိုစိတ်ဓာတ်မြင့်မြတ်တာသိရတော့ ပိုလို့တောင် အားပေးမိပါတယ်။
နဂိုကတည်းက အလှူအတန်းရက်ရောတဲ့ ရော်နယ်ဒိုက အခုလည်း ဆီရီးယားကလေးငယ်တွေအတွက် အစားအစာ၊ အ၀တ်အစားနဲ့ ဆေးဝါးတွေ ရက်ရက်ရောရောလှူခဲ့တယ်။ ဒါ့အပြင် ဆီရီးယားအလက်ပိုမြို့ကို အာဆတ်စစ်တပ်က ရုရှားအကူအညီနဲ့ ပိတ်ဆို့ဗုံးကြဲနေချိန် ပြည်သူတွေကိုအားပေးတဲ့ ဗီဒီယိုတစ်ခုတင်ခဲ့တယ်။
ဗီဒီယိုထဲမှာ ရော်နယ်ဒိုက “ဒီဗီဒီယိုက ဆီရီးယားကလေးငယ်တွေအတွက်ပါ။
မင်းတို့တတွေအရမ်းကို ထိခိုက် ခံစားခဲ့ရပြီးပြီဆိုတာ ငါသိပါတယ်။ ငါကတော့
သိပ်ကိုနာမည်ကြီးတဲ့ ဘောလုံးသမားတစ်ယောက်ပါ။ ဒါပေမဲ့ မင်းတို့လေးတွေကသာ
တကယ့်သူရဲကောင်းတွေဖြစ်ပါတယ်။
မျှော်လင့်ချက်မမဲ့ပါနဲ့။ ကမ္ဘာကြီးက မင်းတို့နဲ့အတူရှိပါတယ်။ ငါတို့တတွေ
မင်းတို့ကို အလေးထား ဂရုစိုက်ပါတယ်။ ငါမင်းတို့နဲ့အတူရှိပါတယ်” လို့
ပြောခဲ့တယ်။
ရော်နယ်ဒိုရဲ့ ဒိတ်ဒိတ်ကြဲ လူသိများထင်ရှားတဲ့ အလှူအတန်းတွေကို တစ်ချက်လောက် ငှဲ့စောင်းကြည့်ကြစို့။
(၁) ဂါဇာကလေးငယ်တွေအတွက် ယူရို ၁.၅ သန်းလှူဒါန်း
ပါလက်စတိုင်း ဂါဇာက ကျောင်းတွေပြန်လည်တည်ဆောက်ေ ရးနဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်းေ တွအတွက် ယူရို ၁.၅ သန်းလှူခဲ့တာပါ။ ၂၀၁၁ ခုနှစ်မှ သူဆွတ်ခူးရရှိခဲ့တဲ့ ရွှေဖိနပ်ကို လေလံတင်ခဲ့ပြီး ရတဲ့ငွေကို လှူခဲ့တာဖြစ်ပါတယ်။
(၂) ဆူနာမီကူညီရေး
အင်ဒိုနီးရှား အာချေးမှာ ၂၀၀၄ ခုနှစ် မြေငလျင်နဲ့ ဆူနာမီဒဏ်ခံခဲ့ရပြီးနောက် ပြန်လည်ထူထောင်ရေးလုပ်ငန်းစ ဉ်တွေအတွက် ရန်ပုံငွေကောက်ခံတဲ့ကမ်ပိန်းမှာ တက်ကြွစွာ ပါဝင်လှုပ်ရှားခဲ့ပါတယ်။
(၃) လျော်ကြေးငွေအားလုံးကို လှူဒါန်း
၂၀၀၈ မှာ ဗြိတိသျှ အတင်းအဖျင်းသတင်းစာတစ်စောင် ကို အသားရေဖျက်မှုနဲ့ ဒိုလေးက တရားစွဲခဲ့ပြီး အနိုင်ခဲ့ရပါတယ်။ သူအနိုင်ရသမျှငွေအားလုံးကို
သူ့ဇာတိပေါ်တူဂီက ပရဟိတအဖွဲ့တစ်ဖွဲ့ကို လှူဒါန်းလိုက်ပါတယ်။
အဲဒါပြီးတစ်နှစ်အကြာမှာ သူ့မိခင်ကိုဆေးကုပေးခဲ့တဲ့ ပေါ်တူဂီဆေးရုံတစ်ခုက
ကင်ဆာဌာနကို ဒေါ်လာ ၁၆၅၀၀၀ လှူဒါန်းခဲ့ပါတယ်။
(၄) ၂၀၁၂ ခုနှစ်မှာ ကျောရိုးမကင်ဆာခံစားနေရတဲ့ အသက် ကိုးနှစ်အရွယ် ကနေရီကျွန်းသူလေးတစ်ယောက်ရဲ့  ကုသမှုအတွက် ငွေကြေးထောက်ပံ့ခဲ့ပါတယ်။
(၅) ကိုယ်တိုင်ကိုယ်ကျပါဝင်ဆောင်ရွက်
လူသိများထင်ရှားတဲ့ ပရဟိတ NGO တွေဖြစ်တဲ့ “Aid Still Required”, Cahonas Scotland, Save the Children, UNICEF and “World Vision” တို့အပါအ၀င် တခြား အဖွဲ့အစည်းအများအပြားကို သန်းနဲ့ချီတဲ့ဒေါ်လာတွေသာမက ရန်ပုံငွေကောက်ခံရဖို့အတွက် လည်း တက်ကြွစွာ ပါဝင်လှုပ်ရှားပေးခဲ့ပါတယ်။
(၆) နီပေါငလျင်
မကြာသေးခင်က ဖြစ်သွားတဲ့ နီပေါမြေငလျင်အတွက်လည်း စီရော်နိုဒိုက ယူရို ခုနှစ်သန်း လှူဒါန်းခဲ့ပါတယ်။
(၇) ဦးနှောက်ဝေဒနာရှင် ကလေးငယ်အတွက် ယူရို ၆ သောင်း လှူဒါန်း
Cortical Dysplasia လို့ခေါ်တဲ့ ရှားပါးဦးနှောက်ဝေဒနာတစ်မျိုးခံစားနေရသူ
၁၀ လသားအရွယ်ကလေးငယ်လေးကို လှူဒါန်းဖို့အတွက် ရော်နယ်ဒိုက သူ့ရဲ့အင်္ကျီနဲ့
ဖိနပ်တေကွကို လေလံတင်ခဲ့ပြီး ရရှိတဲ့ ယူရို ၆သောင်းကို လှူလိုက်တာပါ။
ဒါ့အပြင် သူ့ရဲ့နောက်ထပ်အင်္ကျီနဲ့ဖိနပ်ကိုလည်း လက်ဆောင်ထပ်ဆင့်ပေးပို့ခဲ့ပါတယ်။ ခွဲစိတ်မှုအပြီး ဆေးခန်းရက်ချိန်းတစ်ခါပြရင် ကုန်ကျမယ့် ဒေါ်လာ ၈၀၀၀ ကိုလည်း ကျခံဖို့ တာဝန်ယူခဲ့ပါသေးတယ်။
၂၀၁၂ ခုနှစ်မှာလည်း အသက် ၉ နှစ်အရွယ် ကင်ဆာခံစားနေရတဲ့ သူ့ပရိသတ်လေး တစ်ယောက်ကိုလည်း ကူညီခဲ့ပါသေးတယ်။
(၈) UEFA က ချီးမြှင့်တဲ့ချက်လက်မှတ်ကို နိုင်ငံတကာကြက်ခြေနီအဖွဲ့ ICRC သို့ လှူဒါန်း
စီရော်နယ်ဒိုနဲ့ UEFA တို့ဟာ ICRC ကို ယူရို ၁ သိန်းလှူဒါန်းခဲ့ပါတယ်။ အဲဒီငွေကြေးက မြေမြှုပ်မှိုင်းဒဏ်ကြောင့် ကိုယ်လက်အင်္ဂါထိခိုက်ချို့ယွ င်းခဲ့ရသူ အာဖဂန်နစ္စတန်က ပြည်သူတွေအတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းေ တွမှာ သုံးဖို့ပါတဲ့။
(၉) သွေးပုံမှန်လှူနေသူမို့ ဆေးမင်ကြောင် တက်တူးမထိုးပါ။
သူ့ခန္ဓာကိုယ်မှာ တခြားဘော်လုံးသမားတွေလို တက်တူးလှလှတွေမရှိဘူး။ ဘာကြောင့်လဲဆိုတော့ တစ်နှစ်ကို နှစ်ကြိမ်သွေးလှူနေလို့ပါတဲ့ ။ ဒါ့အပြင် သူ့ရဲ့အသင်းဖော်ကစားသမားတစ် ယောက်ရဲ့သားကိုလည်း ရိုးတွင်းချဉ်ဆီ လှူဒါန်းပေးခဲ့ပါသေးတယ်။
(၁၀) ၂၀၁၅ ခုနှစ်အတွက် အရက်ရောဆုံး အားကစား
ဂျွန်ဆီနာ၊ ဆရီနာဝီလျံ၊ နေမာဂျူနီယာတို့ကိုကျော်ဖြတ်ပြီး စီရော်နယ်ဒိုဟာ ၂၀၁၅ ခုနှစ်အတွက် အရက်ရောဆုံးဘောလုံးသမားအဖြစ် နံပါတ် (၁) နေရာချိတ်ခဲ့ပါတယ်။
စီရော်နယ်ဒိုဟာ တခြားသောလူမှုရေးကိစ္စတော်တော်များများမှာလည်း တက်ကြွစွာ ပါဝင်လှုပ်ရှားသူပါ။ မကြာခဏဆိုသလို ဆေးရုံတွေသွားပြီး အားပေးတယ်၊ သူပိုင်ပစ္စည်းတွေကိုလှူဒါန်းတယ်။ လူသားချင်းစာနာကူညီတတ်ပြီး လူသားပီသတဲ့ စီရော်နယ်ဒိုကို လေးစားလျက်။
Ref: sportsgoogly, ronaldocr7
(စတီဗင်)
စီရော်နယ်ဒိုလို့ပြောလိုက်ရ
လက်ရှိမှာ ကိုယ်အကြိုက်ဆုံး ဘောလုံးသမားဖြစ်တဲ့ ရော်နယ်ဒိုက အခုလိုစိတ်ဓာတ်မြင့်မြတ်တာသ
နဂိုကတည်းက အလှူအတန်းရက်ရောတဲ့ ရော်နယ်ဒိုက အခုလည်း ဆီရီးယားကလေးငယ်တွေအတွက် အစားအစာ၊ အ၀တ်အစားနဲ့ ဆေးဝါးတွေ ရက်ရက်ရောရောလှူခဲ့တယ်။ ဒါ့အပြင် ဆီရီးယားအလက်ပိုမြို့ကို အာဆတ်စစ်တပ်က ရုရှားအကူအညီနဲ့ ပိတ်ဆို့ဗုံးကြဲနေချိန် ပြည်သူတွေကိုအားပေးတဲ့ ဗီဒီယိုတစ်ခုတင်ခဲ့တယ်။
ဗီဒီယိုထဲမှာ ရော်နယ်ဒိုက “ဒီဗီဒီယိုက ဆီရီးယားကလေးငယ်တွေအတွက်ပါ။
ရော်နယ်ဒိုရဲ့ ဒိတ်ဒိတ်ကြဲ လူသိများထင်ရှားတဲ့ အလှူအတန်းတွေကို တစ်ချက်လောက် ငှဲ့စောင်းကြည့်ကြစို့။
(၁) ဂါဇာကလေးငယ်တွေအတွက် ယူရို ၁.၅ သန်းလှူဒါန်း
ပါလက်စတိုင်း ဂါဇာက ကျောင်းတွေပြန်လည်တည်ဆောက်ေ
(၂) ဆူနာမီကူညီရေး
အင်ဒိုနီးရှား အာချေးမှာ ၂၀၀၄ ခုနှစ် မြေငလျင်နဲ့ ဆူနာမီဒဏ်ခံခဲ့ရပြီးနောက် ပြန်လည်ထူထောင်ရေးလုပ်ငန်းစ
(၃) လျော်ကြေးငွေအားလုံးကို လှူဒါန်း
၂၀၀၈ မှာ ဗြိတိသျှ အတင်းအဖျင်းသတင်းစာတစ်စောင်
(၄) ၂၀၁၂ ခုနှစ်မှာ ကျောရိုးမကင်ဆာခံစားနေရတဲ့ အသက် ကိုးနှစ်အရွယ် ကနေရီကျွန်းသူလေးတစ်ယောက်ရဲ
(၅) ကိုယ်တိုင်ကိုယ်ကျပါဝင်ဆောင
လူသိများထင်ရှားတဲ့ ပရဟိတ NGO တွေဖြစ်တဲ့ “Aid Still Required”, Cahonas Scotland, Save the Children, UNICEF and “World Vision” တို့အပါအ၀င် တခြား အဖွဲ့အစည်းအများအပြားကို သန်းနဲ့ချီတဲ့ဒေါ်လာတွေသာမက ရန်ပုံငွေကောက်ခံရဖို့အတွက်
(၆) နီပေါငလျင်
မကြာသေးခင်က ဖြစ်သွားတဲ့ နီပေါမြေငလျင်အတွက်လည်း စီရော်နိုဒိုက ယူရို ခုနှစ်သန်း လှူဒါန်းခဲ့ပါတယ်။
(၇) ဦးနှောက်ဝေဒနာရှင် ကလေးငယ်အတွက် ယူရို ၆ သောင်း လှူဒါန်း
Cortical Dysplasia လို့ခေါ်တဲ့ ရှားပါးဦးနှောက်ဝေဒနာတစ်မျ
၂၀၁၂ ခုနှစ်မှာလည်း အသက် ၉ နှစ်အရွယ် ကင်ဆာခံစားနေရတဲ့ သူ့ပရိသတ်လေး တစ်ယောက်ကိုလည်း ကူညီခဲ့ပါသေးတယ်။
(၈) UEFA က ချီးမြှင့်တဲ့ချက်လက်မှတ်ကိ
စီရော်နယ်ဒိုနဲ့ UEFA တို့ဟာ ICRC ကို ယူရို ၁ သိန်းလှူဒါန်းခဲ့ပါတယ်။ အဲဒီငွေကြေးက မြေမြှုပ်မှိုင်းဒဏ်ကြောင့် ကိုယ်လက်အင်္ဂါထိခိုက်ချို့ယွ
(၉) သွေးပုံမှန်လှူနေသူမို့ ဆေးမင်ကြောင် တက်တူးမထိုးပါ။
သူ့ခန္ဓာကိုယ်မှာ တခြားဘော်လုံးသမားတွေလို တက်တူးလှလှတွေမရှိဘူး။ ဘာကြောင့်လဲဆိုတော့ တစ်နှစ်ကို နှစ်ကြိမ်သွေးလှူနေလို့ပါတဲ
(၁၀) ၂၀၁၅ ခုနှစ်အတွက် အရက်ရောဆုံး အားကစား
ဂျွန်ဆီနာ၊ ဆရီနာဝီလျံ၊ နေမာဂျူနီယာတို့ကိုကျော်ဖြတ
စီရော်နယ်ဒိုဟာ တခြားသောလူမှုရေးကိစ္စတော်တော
Ref: sportsgoogly, ronaldocr7
(စတီဗင်)
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။