Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Tuesday, December 20, 2016

သီချင်းရေးနည်း



Shinn Thant Kyaw to ဂစ်တာ ချစ်သူများ

သီချင်းရေးနည်း
--------------------------------------------------
သီချင်းတစ်ပုဒ်ရေးတဲ့အခါ (သို့မဟုတ်) အနုပညာပစ္စည်းတစ်ခုကို ဖန်တီးတဲ့နေရာမှာ "how to" ဆိုတာတွေနဲ့ တရားသေထုတ်လုပ်လို့ မရသော်ငြား ... အနုပညာရှင်တိုင်းမှာ "how to" ကိုယ်ပိုင်Technique ကိုယ်စီ ရှိကြတာချည်းပဲ ... စိတ်ခံစားမှုကို အသိစိတ်နဲ့ ချဉ်းကပ်သီကုံးခြင်းဖို့အတွက် နည်းစနစ်တွေကလည်း အများအပြားပါ ။
စု ၊ တု ၊ ပြု
---------------------------
ဘယ်အလုပ်မဆို ကျွမ်းကျင်ဖို့ ဒီအဆင့်၃ခု မလွဲမသွေလိုအပ်ပါတယ် ..

၁ ။ စုဆောင်းခြင်း ။
အတတ်ပညာ နည်းလမ်းတွေကို နားလည်တတ်ကျွမ်းသူတွေဆီမှာ ဆည်းပူးလေ့လာရမယ် ... ဝမ်းစာပြည့်အောင် ဖြည့်တင်းရမယ် ... သီချင်းရေးဖို့ တူရိယာတစ်ခုကို အဆင့်တစ်ခုအထိ တတ်ကျွမ်းသင့်တယ် ... ဂီတသီအိုရီ ၊ ရေးစပ်နည်းသီအိုရီတွေကို သင်ယူလေ့လာသင့်ပါတယ် ... စကားလုံးတွေ ဆွဲဆောင်အားကောင်းဖို့အတွက် စာများများဖတ်ဖို့လည်း လိုပါလိမ့်မယ် ..
၂ ။ တုပခြင်း ။
"Bad artists copy . Great artists steal." ဆိုတဲ့စကားရှိတယ် ... တုပခြင်း ဆိုတာ "အတုပြုလုပ်ခြင်း"ကိုပြောတာ မဟုတ်ပါဘူး .. "အတုယူတာ"ကို ရည်ညွှန်းတာပါ ... ခေတ်အဆက်ဆက်က အနုပညာရှင်တွေ ဘယ်လိုရေးစပ်တယ် .. ကိုယ့်ရှေ့ကနောင်တော်တွေ ဘယ်လိုသီကုံးတယ်ဆိုတာတွေလည်း လေ့လာဖို့ပါ ... သူများသီချင်းတွေနားထောင် .. ဖြစ်နိုင်ရင် ကော့ဒ် ၊ မယ်လိုဒီတွေကိုချရေး ၊ ဂရုတစိုက်တီးကြည့် ၊ ဆိုကြည့် ... ဘယ်နေရာမှာ ဘယ်လိုကွန့်လိုက်တာကို သတိထားကြည့် ... ။ ရလာမယ့်အကျိုးအမြတ်ကတော့ ရေးချလို့မကုန်ဘူး ... သူများသီချင်းတွေ တီးကြည့်ဆိုကြည့်ရင်း ... ဒီနေရာလေးမှာ ငါသာဆိုရင် ဘယ်လိုလုပ်လိုက်မှာ ... ဆိုတဲ့စိတ်ကူးတွေကပဲ ခင်ဗျားအတွက် သီချင်းသစ်တွေတိုးပွားစေမှာပါ ...
၃ ။ ပြုလုပ်ခြင်း (တီထွင်ခြင်း) ။
စုဆောင်းခြင်း ၊ တုပခြင်းတွေကို လုံလောက်စွာလေ့လာခဲ့ပြီးရင် ကိုယ်တိုင်ပြုလုပ်တီထွင်နိုင်ပြီ ... အတွေးရဲရဲ ၊ အရေးရဲရဲတွေကို မညှာတမ်းတာ ဖွင့်ချပေတော့ ။ ရေးသက်ရလာတာနဲ့ ခင်ဗျားရဲ့ how to ဆိုတဲ့ ကိုယ်ပိုင်Techniqueတစ်ခု ဖြစ်တည်လာပါလိမ့်မယ် ။
တစ်ချို့က အတတ်ပညာရှိပြီး အတွေးအားမကောင်းဘူး ။ တစ်ချို့ကျတော့ အတတ်ပညာမရှိပေမယ့် အတွေးအားကောင်းတယ် ... အတွေးကောင်းပေမယ့်လည်း သီချင်းတစ်ပုဒ်ကို ဘယ်လိုစတည်ရမှန်းမသိရင် (လမ်းကြောင်းမသိရင်) အဲဒီအတွေးထဲမှာပဲ လည်နေတတ်ပါတယ် ... ဒီဆောင်းပါးက အဲဒီလိုလူတွေအတွက် ရည်ရွယ်ပြီးရေးတာပါ ... သီအိုရီတွေ ကောင်တာပွိုင့်တွေ ဂရုတွေ လဟုတွေ မလိုပါဘူး ... (ဘာပဲပြောပြော ဖျက်ဆီးတယ်လို့တော့ မထင်စေချင်ပါ ... "လူပြိန်းသီချင်းရေးနည်း" ရယ်လို့လည်း ရက်ရက်စက်စက်အမည်မပေးလိုပါ ... ဒါကြောင့် "အလွယ်ဆုံးသီချင်းရေးနည်း" လို့ပဲ ခေါ်ကြပါစို့ ။ တစ်ချို့တွေလည်းတိုက်ဆိုင်ချင်မှ တိုက်ဆိုင်ပါလိမ့်မယ် ... တစ်စုံတစ်ယောက်အတွက် တစ်စုံတစ်ရာအကျိုးရှိရင် ကျွန်တော်ကျေနပ်ပြီ ...)
လူသားတိုင်း ရှင်သန်နေထိုင်ရာ ဘ၀ကိုယ်စီ ... ခံစားတတ်တဲ့နှလုံးသားကိုယ်စီ ရှိတယ် ... လူနှင့်ပတ်သတ်တဲ့ လောကဓံ ၊ ခေတ် ၊ ဝန်းကျင် ၊ အတွေးအခေါ် ကိုယ်စီရှိတယ် ။ အဲဒါတွေရဲ့ ကောင်းခြင်းဆိုးခြင်းတွေကို ကြုံတွေ့ခံစားကြရမှာလည်း မလွဲပဲ ... အထူအပါး ကွာကောင်းကွာပေမယ့် လူတိုင်းခံစားဖူးကြ ... ခံစားတတ်ကြတယ် ။ ဒါတွေဟာ အနုပညာပစ္စည်းတစ်ခုအဖြစ် ပြောင်းလဲဖို့ အထောက်အပံ့တွေပါပဲ ။ သာမာန်လူတွေက သူတို့ရဲ့ခံစားချက်ကို ပုံဖော်သီကုံးဖို့ စိတ်မကူးဘူး အားထုတ်လေ့မရှိဘူး ... အနုပညာဓာတ်ခံရှိသူတွေကျတော့ သူတို့ခံစားချက်ကို ပုံဖော်သီကုံးပြီး တစ်စုံတစ်ရာအနုပညာပစ္စည်းအဖြစ် ပြောင်းလဲဖန်တီးဖို့ အားထုတ်တယ် ... ခင်ဗျားလည်း ... အဲဒီလိုခံစားချက် ၊ အဖြစ်အပျက်လေးတွေကို ကိုယ်ပိုင်သီချင်းတစ်ပုဒ်အဖြစ် ပြောင်းလဲချင်တဲ့သူ ဆိုပါတော့ ...
သီချင်းတစ်ပုဒ်ကို ဘယ်လိုဖန်တီးမလဲ ... ???
အကောင်းဆုံးကတော့ သိသင့်တတ်သင့်တဲ့ ပညာတွေကိုတော့ လေ့လာဆည်းပူးဖို့လိုတာပေါ့ ... ဒါပေမယ့် တစ်ချို့က ဆည်းပူးလေ့လာဖို့ အကြောင်းအမျိုးမျိုးနှင့် အခြေအနေမပေးတာရှိမယ် .. တစ်ချို့ကျတော့ ဘာမှကြီးကြီးကျယ်ကျုယ်မမျှော်မှန်းပါဘူး ကိုယ့်ခံစားချက်လေးတွေကို ကိုယ်ပိုင်သီချင်းအဖြစ်ပြောင်းလဲပြီး ပီတိဖြစ်မယ် ... တစ်ချို့လည်း ဖြစ်ချင်ပါလျက် ဖန်တီးရတဲ့အခါ အခက်အခဲတွေရှိမယ် ...
ဥပမာ - မယ်လိုဒီနှင့်စာသားနှစ်ကြောင်းလောက်ကို ခေါင်းတစ်ခုလုံးအုံခဲပြီးမှ ထွက်လာတာမျိုးလည်းရှိမယ် ... Verse တစ်ပိုဒ်ရေးပြီး ဘယ်လိုမှ ရှေ့ဆက်မရတာမျိုးလည်း ရှိမယ် ... အမျိုးမျိုးပေါ့ ။ အဲဒီအခက်အခဲတွေကို ကျွန်တော်နားလည်တယ် ... ကျွန်တော်ကိုယ်တိုင်လည်း ကြုံတွေ့ခဲ့ရတယ် ... အဲဒီအခက်အခဲတွေကို ရုန်းထွက်ကျော်လွှားဖို့ အချိန်အတော်ကြာလည်း ပေးဆပ်ခဲ့ရတယ် ။ ဒါကြောင့် ခင်ဗျားတို့ ကျွန်တော့်လို မခက်ခဲရအောင် ခေါင်းမစားရအောင် ကျွန်တော်လုပ်လေ့လုပ်ထရှိတဲ့ သီချင်းရေးပုံရေးနည်းတစ်ချို့ကို မျှဝေပေးခြင်းပါ ... ကျွန်တော့်အတွက်တော့ အသုံးဝင်တဲ့ လမ်းကြောင်းတိုလေးတွေပေါ့ ...
သွားနေကျလမ်းကြောင်းများ ...
--------------------------------------------
၁ ။ သံစဉ်အရင်ရှာ - စာသားနောက်မှထည့်
၂ ။ စာသားအရင်ရေး - သံစဉ်နောက်မှရှာ
၃ ။ သံစဉ်စာသား တစ်ပြိုင်တည်းရေး ....
သီချင်းတစ်ပုဒ်ကိုဖန်တီးတဲ့အခါ ဒီနည်း၃မျိုးကိုပဲ အခါအားလျော်စွာ သုံးစွဲပါတယ် ... အဲဒီအတွက် ကျွန်တော့်မှာ သီချင်းရေးတဲ့ (အမျိုးအစားမတူတဲ့) စာအုပ်၃အုပ်ရှိတယ် ...
စာအုပ် ၁ ။ သံစဉ်အတိုအစတွေရေးဖို့ ...
စာသားရေးတာကတော့ အကြောင်းမဟုတ်ပေမယ့် သံစဉ်ရေးဖို့ကျတော့ နုတ်မတတ်ရင် အခက်အခဲရှိတယ် ... ဒါပေမယ့် နည်းပညာခေတ်ကြီးက ခင်ဗျားတို့ကို အရာရာအဆင်သင့်ဖြစ်စေပါတယ် ။ နုတ်မရေးတတ်လည်း သံစဉ်တွေစိတ်ကူးထဲပေါ်လာတဲ့အခါ ရီကော်ဒါ ၊ ဖုန်း ၊ လပ်တော့နှင့်ဖြစ်ဖြစ် အသံဖမ်းထားလို့ရတယ် ။ စိတ်ကူးတွေ သံစဉ်တွေထွက်လာရင် မလွတ်တမ်းအသံဖမ်းထားလိုက်ပါ ... တစ်ခါတစ်လေ အမှတ်တမဲ့ထွက်လာတဲ့စိတ်ကူးတွေက ထိုင်စဉ်းစားတာထက် ပိုကောင်းတတ်တယ်မဟုတ်လား ... အဲဒီသံစဉ်လေးတွေပြန်နားထောင်ရင်း ဘယ်လိုစာသား ၊ အကြောင်းအရာမျိုးနှင့်လိုက်ဖက်မယ် ရေးနိုင်မယ်ဆိုတာ ပြန်စဉ်းစားနိုင်တယ် ....
စာအုပ် ၂ ။ စာသား ၊ အကြောင်းအရာတွေရေးဖို့ ...
ဒီစာအုပ်ထဲမှာတော့ ကိုယ်ရေးချင်တဲ့အကြောင်းအရာ ၊ ခံစားချက် ၊ စကားလုံးတွေကို ရေးတယ် ... အကြမ်းအားဖြင့် ခေါင်းစဉ်တစ်ခု ၊ အကြောင်းအရာတစ်ခုကို တစ်မျက်နှာလောက်ရေးချလိုက်တယ် ... တစ်ခါတစ်လေ ခေါင်းစဉ်တပ်မရတဲ့ .. ဘာမှန်းမသိတဲ့ခံစားချက်တွေလည်း ရှိတယ် ... အစီအစဉ်ကျချင်မှကျလိမ့်မယ် ... ပြေပြစ်ချင်မှ ပြေပြစ်မယ် ... ရေးပစ်လိုက်ပါ .. ကဗျာရေးနေတာ ၊ ဝတ္ထုရေးနေတာမဟုတ်ပါဘူး ... သီချင်းတစ်ပုဒ်အတွက် အကြောင်းအရာ ၊ စိတ်ကူးစကားလုံးတွေ စုနေတာပါ ... အဲဒီစာအုပ်မှာမှ ညာဘက်ခြမ်းမှာ ခေါင်းစဉ်တပ် ၊ အကြောင်းအရာဇာတ်လမ်းတွေရေးပြီး ... ဘယ်ဘက်ခြမ်းမှာ ဆက်စပ်တဲ့စကားလုံး နိမိတ်ပုံတွေကို ရေးပါတယ် ... (နောက်ပိုင်းမှာ အသေးစိတ်ရှင်းပေးပါမယ်)
စာအုပ် ၃ ။ သံစဉ်စာသား တစ်ပြိုင်တည်းရေးဖို့ ...
စိတ်ကူးအရမ်းကောင်းလွန်းတဲ့အခါမျိုးမှာ သံစဉ်စာသားတစ်ခါတည်းထွက်လာတဲ့အခါ ဒီစာအုပ်မှာရေးပါတယ် ... သာမာန်အားဖြင့်တော့ သံစဉ်တွေရေးထားတဲ့စာအုပ်-၁ နှင့် စာသားတွေရေးထားတဲ့စာအုပ်-၂ ကိုဖွင့်ပြီး စိတ်ကူးကြည့်တယ် .. တွဲစပ်ကြည့်တယ် ... ဒီနည်းဖြင့်လည်း သီချင်းကောင်းတွေရနိုင်ပါတယ် ...
ကြိုတင်ပြင်ဆင်ခြင်း ....
-----------------------------
အမှတ်တမဲ့ထွက်လာတဲ့ စိတ်ကူးသံစဉ်စာသားတွေဟာ ထိုင်တွေးနေတာထက် ပိုကောင်းသလို ... ကြိုတင်ပြင်ဆင်ပြီးလည်း သီချင်းကောင်းတစ်ပုဒ် ဖြစ်နိုင်တယ် ... 'စကားလုံး'တိုင်းမှာ 'အသံ'ရှိတယ် ... စကားလုံးတွေကို ရေရွတ်ရင်းပဲ ပေါ်လာတဲ့သံစဉ်တွေနှင့် သီချင်းကောင်းတစ်ပုဒ် ဖြစ်သွားနိုင်ပါတယ် ... ဒီနည်းဟာ အလွန်ပဲအသုံးဝင်ပါတယ် ... ကျွန်တော်လုပ်လေ့ရှိတာက စာအုပ်ညာဘက်ခြမ်းမှာ ခေါင်းစဉ်တပ်ပြီး အကြောင်းအရာတွေကို ရေးချတယ် .. ဘယ်ဘက်ခြမ်းမှာတော့ နိမိတ်ပုံစကားလုံးတွေကို ရေးချတယ် ... ညာဘက်ခြမ်းမှာ အကြောင်းအရာ ၊ ဇာတ်လမ်းကိုရေးချတဲ့အခါ သိပ်ပြီးတော့ စဉ်းစားစရာမလိုပါဘူး .. စကားလုံးတွေလည်း သိပ်ပြီးလှပအောင် ဂရုစိုက်မနေဘူး ... တစ်မျက်နှာပြည့်အောင် ရေးချလိုက်တယ် ... ပြီးမှ နိမိတ်ပုံဘက်ခြမ်းမှာ အစားထိုးရနိုင်မယ် စကားလုံးတွေ ချရေးလိုက်တယ် ... နောက်ဆုံး အဲဒီ၂မျက်နှာကိုကြည့်ပြီး သံစဉ်တွေစဉ်းစားမယ် ... ဒါပါပဲ ...
ဖိုနက်တစ်ပြဿနာ ...
-------------------------------
ကျွန်တော့်အတွက်ကတော့ စာသားရေးတဲ့ စာအုပ် ၂ က အတော်အရေးကြီးတယ်ဗျ ... ညာဘက်-အကြောင်းအရာ ၊ ဘယ်ဘက်-နိမိတ်ပုံ .. စာမျက်နှာ၂ခုလုံးပေါ့ ... ကျွန်တော်တို့မြန်မာစကားမှာ ဖော့သံဖိသံတွေများတယ် ... ဘာသာစကားတိုင်းမှာ ဖော့သံဖိသံတွေရှိပေမယ့် မြန်မာစကားမှာကျတော့ အဲဒီအသံက အဓိပ္ပာယ်ပြောင်းသွားနိုင်တယ် ... အောက်ကမြစ်ပါတာနှင့် မပါတာ ၊ ဝစ်စပေါက်ပါတာနှင့် မပါတာ အဓိပ္ပာယ်အများကြီး ကွာခြားတယ် ...
လက်တွေ့စမ်းကြည့်ရအောင် ။ အင်္ဂလိပ်စကား "I love you" နှင့် မြန်မာစကား "အိပ်မက်လေး"ကို ယှဉ်ပြီးသံစဉ်ထည့်ကြည့်မယ် ...
"I love you" ကို သံစဉ်ထည့်မယ် ...
သံစဉ်-၁ ။ ဒိုရေမီ(123) = အိုင်လဗ်ဗျူးးး
သံစဉ်-၂ ။ ရေမီးဒို(231) = အိုင်လဗ်ဗျူ
သံစဉ်-၃ ။ မီးရေးဒို(321) = အိုင်းးးလဗ်ဗျူ ....
သိပ်ပြီးကွာခြားမှုမရှိပါဘူး ... (စကားကတ်ပြီးပြောရင်တော့ရတာပေါ့) ... ဒါပေမယ့် အဓိပ္ပာယ်ပြောင်းသွားလောက်အောင် ထိခိုက်မှုမရှိဘူး ... (အဲဒါကြောင့် ... တစ်ခါတစ်လေ အဖြူကောင်တွေကို မနာလိုဘူး .. ) :/
"အိပ်မက်လေး" ကို သံစဉ်ထည့်မယ် ...
သံစဉ်-၁ ။ ဒိုရေမီ(123) = အိမ်မက်လေး ( အိပ်မဟုတ် အိမ်)
သံစဉ်-၂ ။ ရေမီးဒို(231) = အိပ်မက်လေ ( အိပ်မဟုတ် အိမ်) ဝစ်စပေါက်သံပျောက်သွားပါပြီ ... "လေး"ဆိုတဲ့ ဝစ်စပေါက်သံကို မရတော့ပါဘူး ... အဲဒါကြောင့် "လေ" (သို့မဟုတ်) "တွေ" "နေ" "ရှည်" စတဲ့ စကားလုံးတစ်ခုခုကို ပြောင်းရပါတော့မယ် ...
ဥပမာ - ရေးချင်တာက "လရောင်ဖြာတဲ့ အိမ်မက်လေး"
ရေးနိုင်တာက -
"အစိုပြန်နေတဲ့ အိပ်မက်လေ"
"အရောင်ပြယ်ခဲ့ အိပ်မက်တွေ"
"နာကျင်စွာနှင့် အိပ်မက်နေ"
"အဆုံးအစမဲ့ အိပ်မက်ရှည်" ... စသည်ဖြင့်ပေါ့ .... အခန့်မသင့်ရင် ရှေ့ကရေးခဲ့တာတွေပါ အဓိပ္ပာယ်ပြောင်းရပါတော့မယ် ...
သံစဉ်-၃ ။ မီးရေးဒို(321) = အိပ်မက်လေ (အိမ်မဟုတ် အိပ်) ၊ တွေ ၊ နေ ၊ ရှည် .... (ကျန်တာတွေတော့ အပေါ်ကအတိုင်းပါပဲ)
အကြောင်းအရာ ၊ ဇာတ်လမ်းရေးပြီးတဲ့အခါ နိမိတ်ပုံ ၊ ဆက်စပ် ၊ ဆင်တူယိုးမှားစကားလုံးတွေကိုလည်း ရေးသားစုဆောင်းသင့်ပါတယ် ...
ဥပမာ - ညာဘက်ခြမ်းမှာ "ရမ္မက်သားကောင်" ဆိုတဲ့ခေါင်းစဉ်တစ်ခုတပ်လိုက်တယ် .. စိတ်ကူးစာသားတွေကို အစီအစဉ်မရှိရေးပစ်လိုက်တယ် ...
"မင်းနှုတ်ခမ်းပါးမှာ ယစ်မူးတဲ့ည ... ဘာကိုမှသတိမရ .. စကြစဠာထဲလွတ်ကျ ... ချွေးစက်တွေစိုရွှဲသွား ... ခဏလေးနားပါရစေလား .. တဝုန်းဝုန်းလှိုင်းဒဏ်ကြားမှာ ... ငါတို့ပေါင်းစည်းသွား .... "
ပေါက်ကရတွေရေးလိုက်တာ တစ်မျက်နှာပြည့်သွားပြီဆိုပါတော့ .. ဘယ်ဘက်မှာ အတွန့်တပ်ပြီး ထပ်ကွန့်ပါမယ် ...
" ယစ်မူး = ရမ္မက် = ချိုမြိန်မီးတောက် ၊ တဖြောက်ဖြောက်မိုးခါးရေ ၊ ထွက်ပေါက်မဲ့ပင်လယ် ၊ ပြိုကျသွားတံတိုင်းများ(ထိန်းချုပ်မှု) ...
စကြဝဠာ = ပကတိတရား ၊ အသိခက်သောအရှိတရား ၊ အနှိုင်းမဲ့-ကျယ်ဝန်းခြင်း ၊ အနားသတ်မဲ့-တစ်စုံတစ်ရာ ၊ လျို့ဝှက်သောဆွဲအားများ ၊ စနစ်တကျအားပြိုင်ခြင်း ၊ ရှင်သန်ခြင်းရဲ့မိခင် .... "
အဲလို တွေးမိသမျှ ဆက်စပ်နေတဲ့စကားလုံးတွေ ရေးချလိုက်ပါတယ် ... တစ်ခါတစ်လေ ပြောင်းပြန်တွေရေးချင်လည်း ရေးတာပေါ့ ... စိတ်ကူးပေါ်မှာပဲမူတည်တယ် ... ပြီးတော့မှ ဘယ်ဘက်နှင့် ညာဘက်ကို တလှည့်စီပြန်ကြည့်ရင်း စကားလုံးကောင်း ဝါကျကောင်းတွေ စိတ်ကူးနိုင်သလောက် ထပ်ပြီးတော့ ထွက်လာနိုင်ပါသေးတယ် ... ဘယ်ညာစာသားတွေပြည့်စုံလို့ သံစဉ်တစ်ခုနှင့်တွဲစပ်တဲ့အခါ သံစဉ်စာသားတပြိုင်တည်းရေးတာထက် ပိုပြီးလွယ်ကူတယ် ... သီချင်းကောင်းတစ်ပုဒ်ဖြစ်ဖို့ အခွင့်အရေးပိုများတယ် ... ဒါကြောင့် စာအုပ်-၂ဟာ ကျွန်တော့်အတွက် ပိုအရေးကြီးတယ်လို့ ပြောခြင်းပါ ...
အကြောင်းအရာပုံစံ၂မျိုး ...
---------------------------------------
ကျွန်တော်တွေးလေ့ ရေးလေ့ရှိတဲ့ပုံစံ ၂မျိုးရှိတယ် ... story (ဇာတ်လမ်းတစ်ခုကို ခြုံငုံပြီးရေးတယ်) ၊ moment ( အခိုက်အတန့်ကို ဖွဲ့နွဲ့ရေးတယ်) .. အဲဒီ၂မျိုးပါပဲ ... သူနဲ့ကိုယ်နဲ့ တွေ့ကြ ချစ်ကြ ခွာပြဲကြတဲ့ story ရေးမလား ... ကိုယ့်ရည်းစားက တခြားတစ်ယောက်ရဲ့ ကားထဲပါသွားတဲ့ moment ရေးမလား ... ပုံသေတော့မရှိဘူး ... moment ရေးနေရင်း story ဖြစ်သွားတတ်သလို . story တည်နေရင်း moment တစ်ခုမှာ focus ဝင်သွားတာလည်း ရှိတယ် ... ဘယ်လိုပဲဖြစ်ဖြစ် လမ်းကြောင်းမှာမျောသွားရင် စိတ်ကူးတွေ စကားလုံးထွက်လာတာပေါ့ဗျာ ... စတည်ဖြစ်ဖို့ပဲ အရေးကြီးပါတယ် ...
ခပ်ရဲရဲတွေးပြီး ခပ်ရဲရဲရေးချပစ်လိုက်ပါ ...
------------------------------------------------
အချုပ်အနှောင်ကင်းစွာ တွေးသင့်တယ် ... လွတ်လပ်ပွင့်လင်းတဲ့စိတ်လို့ပြောမလား ... ပေါ့ပေါ့ပါးပါးပဲပြောမလား ... ခင်ဗျားရင်ထဲမှာ အမှန်တကယ်ပေါ်ပေါက် ခံစားရတာကို လွတ်လွတ်လပ်လပ် ပေါ့ပေါ့ပါးပါး ရဲရဲဝံ့ဝံ့ရေးချလိုက်ပါ ... သူများတွေကြိုက်ပါ့မလား .. နားလည်ပါ့မလား ... စာသားတွေက နှပ်ချီးတွဲလောင်းနဲ့ .. သံစဉ်ကြီးက တောကျလိုက်တာ ... အဲဒါတွေသိပ်မစဉ်းစားပါနဲ့ ... လတ်တလောခေါင်းထဲကထွက်လာတာတွေကို စုဆောင်းဖို့သာအဓိကပါ ... နောက်ဆုံးအချောသတ်ဆိုတဲ့ အဆင့်ရောက်တော့မှ အားလုံးပြန်ညှိနိုင်တယ် ... တစ်ခါတစ်လေလည်း လွယ်ကူရိုးရှင်းတဲ့သံစဉ်စာသားတွေဟာ မှော်ဆန်စွာလှပနေတာ တွေ့ရတတ်တယ် ... အဲဒီတော့ ကျွန်တော်တို့ ရိုးရိုးလေးပဲ စဉ်းစားကြတာပေါ့ဗျာ ... ဘယ်ဂီတတက္ကသိုလ် ၊ ဘယ်ဆရာသမားကမှ သီချင်းတစ်ပုဒ်ကို ခက်ခက်ခဲခဲဖန်တီးဖို့ မပြောပါဘူး ... အရင်ဆုံး အရိုးရှင်းဆုံးကိုပဲ ဖန်တီးခိုင်းတာပါ ... နောက်တော့မှ အတွေ့အကြုံ ၊ အတတ်ပညာအရ ထပ်ပြီးကွန့်ကြတာပါ ... ။
သီချင်းပုံစံအမျိုးမျိုး ...
------------------------------------------
သီချင်းတစ်ပုဒ်မှာ အဆိုနှင့်ပတ်သတ်တဲ့ -
Verse = သာမာန်အဆိုပိုဒ်
Chorus = သံပြိုင်ပိုဒ် (အားကောင်း ၊ တစ်ပုဒ်လုံးရဲ့အနှစ်ချုပ်)
Pre:Chorus = သံပြိုင်ပိုဒ်အကြို
Bridge = မူကွဲ၊သံစဉ်ကွဲပိုဒ်
Musicပိုင်းနှင့်ပတ်သတ်လို့ကတော့
Intro = မိတ်ဆက်တေးသွား
Outro = နှုတ်ဆက်တေးသွား
Solo / music = တေးသွားပိုဒ် စတာတွေရှိပါတယ် ...
မူကွဲတွေကတော့ တစ်ချို့က Pre:Chorus ကို Bridge လို့ခေါ်တယ် ... Bridge ကို Chorus2 လို့ခေါ်တယ် ... ခေါ်ချင်သလိုခေါ် သိပ်အရေးမကြီးဘူး ... အရေးကြီးတာက ခင်ဗျားရေးတဲ့သီချင်းက နားထောင်သူရဲ့စိတ်ကို စွဲဆောင်နိုင်ဖို့ပဲ ... Pre:Chorus ဆိုတာလည်း သီချင်းတိုင်းမှာ မလိုအပ်ဘူး ... Verse နှင့် Chorus ကြားမှာ ဟာနေတဲ့အခါမျိုး ၊ တိုတောင်းတဲ့Verseမျိုး ၊ အသံနိမ့်လွန်းတဲ့Verseမှ အသံမြင့်လွန်းတဲ့Chorusကို တက်သွားတဲ့အခါမျိုး .... စတဲ့အခြေအနေတွေမှာ လိုအပ်ရင်ထည့်သွင်းနိုင်တယ် ... Bridge လည်း ထို့အတူပါပဲ ... Verse-chorus-Verse-Chorus ရိုးအီလွန်းတဲ့အခါ Chorus-Bridge-Solo (သို့မဟုတ်) Solo-Bridge-Chorus စသည်ဖြင့် သုံးစွဲနိုင်တယ် ... Bridge ကိုတော့ ထူးထူးခြားခြားဖန်တီးစေချင်တယ် ... ရိုးစင်းတဲ့ Verse-Chorus တွေကို ထူးခြားတဲ့ Bridgeတစ်ခုထည့်ပေးလိုက်ရင် သီချင်းရဲ့အရသာကြွတက်လာနိုင် ... မယုံနိုင်အောင် ပြောင်းလဲသွားနိုင်ပါတယ် ...
ဂီတပိုင်းနှင့်ပတ်သတ်လို့ကတော့ လှပတဲ့ Intro , Outro , Solo တွေမဖန်တီးနိုင်ရင် (သို့မဟုတ်) သီချင်းမှာမလိုအပ်ရင်တော့ မထည့်တာပိုကောင်းပါလိမ့်မယ် ... သမာရိုးကျတွေပဲ တာဝန်ကျေ အချိန်ဆွဲပြီးတီးထားတဲ့ Soloတစ်ပုဒ်ဟာ နားထောင်သူကို နားအုံဖြတ်ရိုက်လိုက်တာနဲ့ အတူတူပဲ ... တစ်ချို့သီချင်းတွေ တွေ့ဖူးမှာပါ ... Verse , Chorus မှာနားထောင်ကောင်းသလောက် Solo , Music တွေကျရင် ရုပ်ပျက်ဆင်းပျက်နိုင်လွန်းတယ် ... ဆီတဝင်းဝင်း သဲတရှပ်ရှပ်လေးပေါ့ ... ဒါကြောင့် Music ပိုင်းကို ဖန်တီးတဲ့အခါ လက်လွတ်စပယ်မလုပ်သင့်ပါ ... အားလုံးစုပေါင်းတိုင်ပင်ကြပြီး သီချင်းရဲ့tasteနဲ့ လိုက်ဖက်တဲ့ သံစဉ်မျိုးကို ဖန်တီးသင့်ပါတယ် ...
အတွေ့များတဲ့ သီချင်းပုံစံတစ်ချို့ကတော့ ...
Verse-Chorus-Verse-Chorus-Solo-Verse-Chorus
Verse-Chorus-Verse-Chorus-Solo-Chorus-Chorus
Verse-Pre:-Chorus-Verse-Pre:-Chorus-Solo-Pre:-Chorus
Verse-Verse-Chorus-Verse-Solo-Chorus-Bridge-Chorus
Chorus-Verse-Verse-Chorus-Bridge-Solo-Verse-Chorus ... မရေမတွက်နိုင်အောင် အများကြီးရှိပါတယ် ... ခင်ဗျားရဲ့သီချင်းဟာ Verse အားကောင်းလား ။ Chorus အားကောင်းလား ။ Bridge/Intro/solo/Outro ထည့်သင့်လား ဘယ်နေရာမှာထည့်မလဲ စတာတွေတော့ သီချင်းရဲ့အရသာကိုကြည့်ပြီး ဆုံးဖြတ်ရပါမယ် ....
ဘောင်အတွင်း လွတ်လပ်စွာဆန့်တန်းခြင်း ... (အလွယ်သီချင်းရေးခြင်း)
#################################################
အပေါ်ကရေးခဲ့တဲ့ အကြောင်းအရာတွေအားလုံးဟာ အချိန်အတိုင်းအတာတစ်ခုလိုအပ်ပါတယ် ... အဲဒီနည်းတွေလည်း လေ့ကျင့်သွားမယ် ... ဒါပေမယ့် သီချင်းတစ်ပုဒ်ကို အခုချက်ချင်းရေးချင်တယ်ဆိုရင် ဒီနည်းအတိုင်း ရေးနိုင်ပါတယ် .. (အခုမှစတာ ... :D )
အဆင့်-၁ - အကြောင်းအရာ ၊ ဇာတ်လမ်း စာသားများကိုရေးခြင်း (၁၀မိနစ်)
အဆင့်-၂ - နိမိတ်ပုံ ၊ ဆက်စပ်စကားလုံးများကိုရေးခြင်း (၁၀မိနစ်)
အဆင့်-၃ - chords ရှာဖွေခြင်း ၊ စာသားများကို လိုက်ဖက်သံစဉ်ရှာဖွေခြင်း (၁၀မိနစ်)
အဆင့်-၄ - Chorus / hook များ သတ်မှတ်ရှာဖွေခြင်း (၁၀မိနစ်-၂၀မိနစ်)
အဆင့်-၅ - အချောသတ်ခြင်း ၊ ဖြည့်စွတ်ခြင်း (၁၀မိနစ်-၂၀မိနစ်)
ဒီနည်းအတိုင်းရေးလိုက်ရင် တစ်နာရီအတွင်းမှာ သီချင်းတစ်ပုဒ်ဖြစ်သွားပါလိမ့်မယ် ... ကောင်းခြင်း ၊ ညံ့ခြင်းကတော့ စိတ်ကူး ၊ အတွေ့အကြုံပေါ်မှာ မူတည်မှာပေါ့ ... အသေးစိတ် ထပ်ရှင်းပြပါမယ် ...
အဆင့် ၁ နှင့် ၂ ကတော့ စာအုပ်၂အကြောင်းအနေနှင့် အပေါ်မှာရေးပေးခဲ့ပြီးဖြစ်ပါတယ် ... ထပ်မရှင်းတော့ပါဘူး ...
အဆင့်-၃ နှင့် ၄ ကို အဆင့်တွေခွဲထားပေမယ့် တစ်ခါတစ်လေ တပြိုင်တည်းရေးဖြစ်တာတွေလည်းရှိပါတယ် ...
အဆင့်-၃ - စာအုပ်၂ကို ရေးထားတဲ့စာသားတွေကိုကြည့်ပြီး ဒီသီချင်းဟာ နူးညံ့မလား ပေါက်ကွဲမလား နှေးမလား မြန်မလား countryလား popလား rockမလား punkမလားဆိုတာ စဉ်းစားရပါမယ် ... သာမာန်အားဖြင့် ပေါက်ကွဲသီချင်းဆိုရင် မြန်ပြီး အလွမ်းသီချင်းဆိုရင် နှေးတက်ပေမယ့် ဒီနေ့လို အာရုံခံစားမှုများပြားလွန်းတဲ့ မော်ဒန်ခေတ်ကြီးထဲမှာ ပုံသေတွက်လို့ မရတော့ဘူး ... တစ်ခါတစ်လေ ကျားလိုက်သလိုလွမ်းပြီး ပျင်းတွဲတွဲအတွင်းကြေ ပေါက်ကွဲတာတွေလည်း ရှိတာပဲ ... မယ်လိုဒီထွက်လာမှပဲ ဆုံးဖြတ်ရတာပါ ... အခုတော့ အကြမ်းဆုံးဖြတ်ကြည့်မယ်ဗျာ ... စာသားတွေကအလွမ်းဆန်ဆန်ဆိုပါတော့ ... tempo အလယ်အလတ်နှင့် အနှေးစတိုင်ရေးစပ်မယ်ဗျာ ...
၁ - ခင်ဗျားကြိုက်တဲ့ (ရေးစပ်ချင်တဲ့ပုံစံ) သီချင်းတစ်ချို့ရဲ့ ကော့ဒ်တွဲတွေကို ရေးချလိုက်ပါ ... (မယ်လိုဒီခိုးတာမဟုတ်ပါဘူး ... ကော့ဒ်တွဲအိုင်ဒီယာယူတာပါ ... စု၊တု၊ပြု ရဲ့ တုပခြင်းမှာရေးပေးခဲ့ပြီးပါပြီ)
၂ - အရင်ဆုံးတိုတောင်းပြီး ရိုးရှင်းတဲ့ကော့ဒ်တွဲတွေကိုပဲ ရွေးပါ ... (နောက်ထပ်ဖြည့်လို့ရပါတယ်)
၃ - ရွေးထားတဲ့ကော့ဒ်တွဲတွေကို အကြိမ်ကြိမ်တီးခတ်ပြီး စိတ်ကြိုက်မယ်လိုဒီရတဲ့အထိ ညည်းဆိုကြည့်ပါ ..
၎ - ရလာတဲ့သံစဉ်ကို စာအုပ်ထဲကစာသားတွေနှင့် တွဲစပ်ကြည့်ပါ ... တစ်ခါတစ်ရံ စကားလုံးရဲ့တောင်းဆိုမှုကြောင့် မယ်လိုဒီနုတ်ပြောင်းသွားတဲ့အခါ ကော့ဒ်တွဲမှာအံဝင်ခွင်ကျ ဖြစ်ချင်မှဖြစ်ပါလိမ့်မယ် ... စကားလုံးပြောင်းချင်ပြောင်း မပြောင်းရင် ကော့ဒ်ပြောင်းပစ်လိုက်ပါ .. အိုင်ဒီယာသစ်ပေါ့ :D .. တစ်ခါတစ်ရံလည်း စာသားတွေကနေ မယ်လိုဒီထွက်နေတတ်ပါတယ် ... အဲဒီအခါ ပေါ်လာတဲ့မယ်လိုဒီကို ကော့ဒ်စမ်းပြီးထည့်လိုက်ပေါ့ ... ဒါလည်းကိုယ်ပိုင်စစ်စစ်ပေါ့ ... ကော့ဒ်တွဲကိုတီးခတ်ညည်းဆိုတဲ့အခါ ခင်ဗျားကိုယ်တိုင်ကော့တွဲမှာ လွတ်လပ်စွာမျောပါနေလိုက်ပါ ... အနှောင်အဖွဲ့ အမျှော်စိတ်ကင်းကင်းနှင့် တီးဆိုလိုက်ပါ ...
အဆင့် -၄ - တီးဆိုလို့ရတဲ့ သံစဉ်စာသားတွေမှာ ဘယ်အပိုဒ်က Verse ၊ ဘယ်အပိုဒ်က Chorus လုပ်မယ်ဆိုတာ စဉ်းစားရတော့မယ် ... ပုံမှန်အားဖြင့် Chorusဆိုတာ သီချင်းခေါင်းစဉ်ကို ကိုယ်စားပြုတဲ့ သီချင်းတစ်ပုဒ်လုံးရဲ့ အနှစ်ချုပ်လိုဖြစ်နေရမှာပေါ့ ... တိုတောင်းပြီး အဓိပ္ပာယ်ပြည့်ဝမယ် ထပ်တလဲလဲဆိုလို့ကောင်းမယ်ဆိုရင် hit ဖြစ်တဲ့ chorus တစ်ခု ရပြီလို့သာမှတ်လိုက်တော့ ... (ကိုယ်ရေးတာ ကိုယ်ကြိုက်ရင်ပြီးရောပေါ့ ... နော့ ) :D
အဆင့် - ၅ - သီချင်းတစ်ပုဒ်လုံးနီးပါးပုံပေါ်လာတဲ့အခါ အချောသတ်ပါတော့မယ် ... တစ်ပုဒ်လုံးကိုခြုံပြီး ပြန်လည်သုံ့သပ်ပါတော့မယ် ... အဲဒီမှာဖြစ်တတ်လေ့ရှိတဲ့ပြဿနာတစ်ချို့ကို ဖြေရှင်းရတော့မယ် ...
ဖြစ်တတ်လေ့ရှိတဲ့ပြဿနာတစ်ချို့
--------------------------------------------------
၁ - သံစဉ်တွေစွဲဆောင်မှုမရှိဘူး ....
များသောအားဖြင့် မယ်လိုဒီရိန့်ခ်ျ(range)ကျဉ်းရင် ဖြစ်တတ်ပါတယ် ... အဲဒီအခါ သံစဉ်တွေကို နိမ့်သင့်တဲ့နေရာနှိမ့်မယ် မြင့်သင့်တဲ့နေရာမြှင့်မယ် . verseကနေ chorusသွားတာ မပြေပြစ်ဘူး အဆင်မပြေဘူးဆိုရင် Pre:chorus ကိုထည့်သင့်ရင်ထည့် . စကားလုံးကာရန်မိမိ အချိတ်အဆက်မိမိပြောင်းမယ် . ကော့ဒ်ကြောင်လေးတွေ အစားထိုးဖို့ ကြိုးစားမယ် (မေဂျာကော့ဒ်ကို မေဂျာဆဲဗင်းပြောင်းသလို ၊ မိုင်နာကော့ဒ်ကို ဒိုမိနန့်ဆဲဗင်းပြောင်းသလို) စသည်ဖြင့် သံစဉ်/စာသားပြောင်းသင့်တဲ့နေရာတွေကို ပြောင်းခြင်းဖြင့် ဖြေရှင်းနိုင်ပါတယ် ...
၂ - Chorus က ငေါင်ကြောင်ကြောင်ဖြစ်နေတယ်
စာသားအားနည်းတဲ့အခါ ၊ verse နှင့် chorus သံစဉ်နိမ့်မြင့်သိပ်မကွာခြားတဲ့အခါ ဖြစ်တတ်ပါတယ် ... အဲဒီအခါ Verse ကိုအသံနှိမ့် (ဒါမှမဟုတ်) Chorus ကိုအသံမြှင့် ၊ Pre:Chorus ထည့်သင့်ရင်ထည့် ရပါမယ် ... အပေါ်မှာပြောခဲ့သလို Chorus ဆိုတာ တိုတောင်းပြီး အဓိပ္ပာယ်ပြည့်ဝရမယ် .. ခေါင်းစဉ်ရဲ့အနှစ်ချုပ်ဖြစ်ရပါမယ် ... အဓိကစာသားတွေ verseထဲရောက်နေရင် ပြန်ယူသုံးလိုက်ပါ .. verseအတွက် စာသားသစ်ပြန်ရှာလိုက်ပါ ... ဒီလိုလည်းဖြေရှင်းနိုင်ပါတယ် ...
၃ - စာသားတွေ ကလေးဆန်မယ် (သို့မဟုတ်) စိတ္တဇဆန်မယ် အချိတ်အဆက်မမိဘူး
စာသားတွေကလေးဆန်နေရင် စာအုပ်ဘယ်ဘက်ခြမ်းက နိမိတ်ပုံတွေကို ပြောင်းပြီးသုံးကြည့်ပါ .. ကာရန်ကိုဦးစားပေးပြီး စကားလုံးရှာကြည့် အစားထိုးကြည့်ပါ ... ။ စိတ္တဇဆန်မယ် အချိတ်အဆက်မမိဘူးဆိုတာတော့ နိမိတ်ပုံတွေသုံးလွန်း တင်စားလွန်းရင်ဖြစ်တတ်ပါတယ် . လျော့သင့်တဲ့နေရာလေးကိုလျော့လိုက်ပါ . စာအုပ်-၂ ညာဘက်ခြမ်းက ရိုးရိုးstory line စာသားတွေကို ပြောင်းသုံးကြည့်ပါ ... ။
၎ - သံစဉ် ၊ စာသားအားလုံးကျေနပ်တယ် ... ဒါပေမယ့် ဘာလိုနေမှန်းမသိဘူး
ဒါဆိုရင်တော့ အတီးပြဿနာဖြစ်ဖို့များတယ် ... ကျွမ်းကျင်နားလည်တဲ့ အတီးသမားတွေနှင့် တိုင်ပင်ကြည့်ပါ ... ခင်ဗျားရဲ့ကော့ဒ်တွဲမှာ ထောက်နေဟာနေတဲ့နေရာမှာ ကော့ဒ်ဖြည့်သင့်ရင်ဖြည့် တီးလုံးဖြည့်သင့်ရင်ဖြည့် ... ။ Rock style တွေမှာဆိုရင် chord / vamp အစား riff တစ်ခုဖန်တီးပြီးအစားထိုး ... စသည်ဖြင့် ဟာနေတဲ့သီချင်းတစ်ပုဒ်ကို ကြွတက်အောင်ပြုလုပ်နိုင်တယ် ...
ဥပမာ - ကျွန်တော့်ရဲ့ mid tempo rock သီချင်းတစ်ပုဒ်ရဲ့ Riff စဉ်းစားပုံက ဒီလိုပါ ...
B major key
step-1- ll B _ _ _ l E _ _ _ ll
step-2- ll B _ _ .A l _ .E _ _ ll
step-3- ll B 11 15# .A l .7b .E .4 45# ll or ll 1 11 15# .7b l .7b .4 .4 45# ll
ကော့ဒ်၂ခုသာပါတဲ့ ကော့ဒ်တွဲလေးကို Riffတစ်ခုအဖြစ်ပြောင်းပစ်လိုက်တာပါ ... မယ်လိုဒီပြောင်းစရာမလိုဘဲ သီချင်းကြွတက်သွားပါတယ် .
တစ်ချို့က အတွန့်တက်ကောင်းတက်မယ် ... အနုပညာဖန်တီးတဲ့နေရာမှာ ဒီလိုဘောင်တွေ ၊ ပုံစံတွေနှင့်လုပ်ရသလား ... စစ်မှန်ပါ့မလား လွတ်လပ်ပါ့မလားပေါ့ .. ဒီဘောင်တွေဟာ ပန်းတိုင်သွားမယ့် လမ်းကြောင်းတွေပါ ... သတ်မှတ်ထားတဲ့ဘောင် အချိန်အတွင်းမှာ အလျင်အမြန်တွေးခေါ်နိုင်ဖို့ ၊ အတွေးအခေါ်စွမ်းရည်မြင့်တက်ဖို့ ၊ လွတ်လပ်စွာတွေးခေါ်တတ်ဖို့အတွက် နည်းစနစ်တွေလည်း ဖြစ်တယ် ... ဒီနည်းအတိုင်း သီချင်း၅ပုဒ်လောက်ရေးပြီးရင် ... အချိန်အကန့်အသတ်မရှိ ငူငူကြီးငေါင်ပြီးတွေးတာထက် .. သတ်မှတ်ချိန်အတွင်း အလျင်အမြန်တွေးပြီးရေးချတာ ... ဘယ်ဟာပိုလွတ်လပ်ကြောင်း ခင်ဗျားကိုယ်တိုင်သိလာလိမ့်မယ် ... ဒါကြောင့်လည်း ဘောင်အတွင်း လွတ်လပ်စွာဆန့်တန်းခြင်း လို့အမည်ပေးခဲ့တာပါ ... လမ်းကြောင်းတွေပေးထားပေမယ့် ခင်ဗျားတို့အဆင်ပြေသလို ကိုယ်တိုင်တီထွင်လည်းရပါတယ် ... ကိုယ်အဆင်ပြေဖို့အရေးကြီးတာပဲ ဟုတ်ဖူးလား ...
ဒီလောက်ဆိုသီချင်းတစ်ပုဒ်ကို အလွယ်ဖန်တီးနိုင်ကြလိမ့်မယ်ထင်ပါတယ် ...
ခင်ဗျားတို့အတွေးက လွတ်လပ်စွာသီးပွင့်မယ့် မှော်ဆန်တဲ့သံစဉ်စာသားလေးတွေကို မျှော်လင့်ပါတယ် ...
နောက်ဆုံးအကြံပေးချင်တာတော့ ... တကယ်ကို ဂီတအနုပညာလောကဝင်မယ့် ညီအစ်ကိုတွေဆိုရင်တော့ ဒီလောက်နည်းစနစ်လောက်နှင့်မကျေနပ်ဘဲ သိသင့်လေ့လာသင်ယူသင့်တဲ့ ပညာရပ်တွေကို မဖြစ်မနေသင်ယူဖို့ အကြံဥာဏ်ပေးရင်း ... စကားလက်ဆောင်တစ်ခု ပါးလိုက်ပါရစေ ... ။
သီချင်းတစ်ပုဒ်ဖန်တီးရတာလွယ်ပါတယ် ....
ဒါပေမယ့် ....
သီချင်းကောင်းတစ်ပုဒ်ဖြစ်ဖို့တော့ ခက်လိမ့်မယ် ...
Win Ko
(4.Jan.2014)

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။