သုတဇုန် added 5 new photos.
ရေမရှိတဲ့နေရာမှာပေါက်တဲ့ ထူးထူးခြားခြား သစ်ပင်ကြီး
======================
အခုမြင်ရတဲ့ အပင်ဟာ ဘာရိန်းနိုင်ငံက Tree of Life လို့ခေါ်ပြီး အမြင့် ၃၂ပေခန့်ရှိတဲ့ ထူးဆန်းတဲ့ အပင်ကြီးတစ်ပင် ဖြစ်ပါတယ်။ ဘာလို့ ထူးခြားလဲဆိုတော့ ရေအရင်းအမြစ်မှ မရနိုင်တဲ့ သဲကန္တာရရဲ့အလယ်မှာ ပေါက်နေလို့ပါပဲ။ သဲပြင်ထုကလည်း ၂၅ မီတာတောင်ထူပါသတဲ့။ အဲဒီတော့ ဒီအပင်က လွဲလို့ တခြားဘာအပင်မှ မပေါက်ပါဘူး။
ရေမရှိပဲ နှစ်ပေါင်း ၄၀၀ ကျော် ဘယ်လိုရှင်သန်ခဲ့သလဲ ဆိုတာဟာ
သိပ္ပံပညာရှင်တွေကို ဦးနှောက်ခြောက်စေခဲ့ပါတယ်။ အပင်ရဲ့အမြစ်တွေဟာ ရေရှိတဲ့
နေရာအထိ ရှည်လျှားစွာပေါက်နေတာလို့ ခန့်မှန်းကြပေမယ့် လက်တွေ့တော့
သက်သေမပြနိုင်ခဲ့ကြပါဘူး။
နယ်ခံတွေကတော့ ဒီအပင်ကြီးဟာ သမ္မာကျမ်းစာထဲက ကမ္ဘာဦးအေဒင်ဥယျာဉ်ရှိခဲ့တဲ့နေရာလို့ ဒဏ္ဍာရီသဖွယ်ပြောဆိုနေကြပါတယ်။ ဒီအပင်ကြီးဟာ ဘာရိန်းနိုင်ငံက နိုင်ငံတကာခရီးသွားတွေကို အဓိကဆွဲဆောင်ထားပြီး နှစ်စဉ် ခရီးသွား ၅သောင်းခန့် လာရောက်လေ့ရှိတဲ့ နေရာလည်းဖြစ်ပါတယ်။
#သုတဇုန်
fb.com/thutazone
www.thutazone.com

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။