Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Saturday, December 17, 2016

Magi ရဲ့လက်ဆောင်

နေတိုးနဲ့အေးမြတ်သူ ပါဝင်သရုပ်ဆောင်ထားတဲ့ "လက်ဆောင်" က ခပ်တိုတိုအဖြစ်ပြန်ရိုက်ထားတဲ့ ဇာတ်လမ်းဆိုတော့ ဝတ္ထုရဲ့အဓိကအချက်ကိုပဲ ယူပြီး ရိုက်ထားတာလို့ ထင်တယ်.. (ကျွန်မက ဇာတ်ကားစဆုံးကြည့်တာမဟုတ်ဘဲ .. သတင်းဗီဒီယိုထဲမှာပဲ ကြည့်မိတာမို့ပါ)။ ဝတ္ထုအစအဆုံးကတော့ အခုတင်လိုက်တဲ့ဝတ္ထုတိုလေးပါပဲ။ နိုင်ငံခြားကားတွေ ကူးရတာပျင်းသွားလို့ ကမ္ဘာ့ဂန္ထဝင်စာပေဘက်လှည့်လာသလား မပြောတတ်ပါဘူး.. :P ဖတ်ကြည့်ပါဦး.. ကမ္ဘာကျော် ဂန္ထဝင်စာရေးဆရာကြီးရဲ့ ဂန္ထဝင်ဆန်တဲ့ဝတ္ထုတိုလေးကို.....
.
Magi ရဲ့လက်ဆောင်

----------------------
၁ ဒေါ်လာနဲ့ ၈၇ပြား ဒါအကုန်ပါပဲ။ ဒါတောင်ပြား ၆ဝက တစ်ပြားပြားစေ့တွေဖြစ်နေတယ်။ ဒီပိုက်ဆံတွေကို ကုန်စုံဆိုင်သူဌေး၊ ဟင်းရွက်သည်နဲ့ အသားရောင်းသူတွေဆီကနေ တစ်ပြား၊ နှစ်ပြားစ မျက်နှာပြောင်တိုက်ပြီး ချွေတာစုထားတာဖြစ်တယ်။ ပိုက်ဆံတွေကို သုံးကြိမ်တိတိ Dellaရေတွက်ခဲ့လည်း ၁ဒေါ်လာနဲ့ ၈၇ပြားပဲဖြစ်နေတယ်။ မနက်ဖြန်ဆိုရင်ပဲ ခရစ္စမတ်ရောက်ပြီ။
.
စုတ်ပြတ်နေတဲ့ ကုတင်သေးလေးပေါ်မှောက်ချပြီး ငိုရုံကလွဲလို့ ဘာမှမတတ်နိုင်ခဲ့ဘူး။ ဒါကြောင့် Della ငိုခဲ့တယ်။ ဒါပေမယ့် ဘဝဆိုတာ ငိုကြွေးခြင်း၊ ရှိုက်ခြင်း၊ ပြုံးခြင်းဆိုတဲ့ ခံစားချက်တွေရှိပေမယ့် ရှိုက်ခြင်းက ပိုလွန်ကဲနေခဲ့တယ်။
.
ရှိုက်နေတဲ့ကြားက ဒီအိမ်ရှင်မ တဖြည်းဖြည်းငြိမ်သက်သွားတဲ့အခါ အိမ်ကို အရင်ကြည့်လိုက်ကြပါ။ အိမ်က တစ်ပတ်ကို ၈ဒေါ်လာပေးရတဲ့ ပရိဘောကပါအိမ်ဖြစ်တယ်။ ဒါပေမယ့် ဒါဟာသူတောင်းစားအိမ်နဲ့မခြားဘူး ဆိုတဲ့အသုံးထက် တခြားစကားလုံးနဲ့ ဖော်ပြဖို့ခဲယဉ်းခဲ့တယ်။
.
အိမ်အောက်ထပ်မှာ စာထည့်ပုံးတစ်ခုရှိခဲ့ပေမယ့် ဘယ်သူ့မှ စာမလာထည့်ခဲ့ဖူးဘူး။ လူခေါ်ဘဲလ်တစ်ခု ရှိတယ်ဆိုပေမယ့် ဘယ်သူမှ လာမနှိပ်ခဲ့ဖူးဘူး။ "Mr. James Dillingham Young" လို့ရေးထားတဲ့ နာမည်ကတ်တစ်ခုက အဲဒီမှာရှိနေခဲ့တယ်။
.
"Dillingham" ဆိုတဲ့နာမည်ကို အိမ်ကြီးရှင် အောင်မြင်ကြီးပွားတုန်းက ရေးကပ်ထားတာဖြစ်တယ်။ အဲဒီတုန်းက တစ်ပတ်ကို ဒေါ်လာ ၃ဝဝင်ငွေရှိခဲ့တယ်။ အခုတော့ ဒေါ်လာ၂ဝ အထိ လျော့ကျခဲ့ရလို့ "Dillingham" ဆိုတဲ့နာမည်လည်း မှုန်ဝါးဝါးဖြစ်သွားခဲ့တယ်။ "D"ကိုပဲအမှန်ယူပြီး အတိုချုံ့လိုက်ဖို့ သူတို့အသေချာ ဆုံးဖြတ်ခဲ့တယ်။ ဒါပေမယ့် "Mr. James Dillingham Young" အိမ်ပြန်ရောက်တိုင်း အခန်းထဲဝင်တာနဲ့ အခုပဲစာဖတ်သူတွေကို မိတ်ဆက်ပေးခဲ့တဲ့ Della (Mrs. James Dillingham Young) က သူ့ကို "Jim" လို့ခေါ်ပြီး ဖက်လဲတကင်း ပွေ့ဖက်တတ်တယ်။ ဒါကြောင့် ဒီနာမည်ဟာ အကောင်းဆုံးပဲလို့ ထင်ခဲ့ကြတယ်။
.
ငိုကြွေးပြီးနောက် Dellaက ပါးပြင်ပေါ်ပေါင်ဒါတွေပုတ်ပြီး ပြတင်းပေါက်ရှေ့ရပ်လိုက်တယ်။ မှုန်ဝါးဝါးခြံနောက်က မီးခိုးရောင်စည်းရိုးပေါ်မှာ လမ်းလျှောက်နေတဲ့ မီးခိုးရောင်ကြောင်တစ်ကောင်ကို တွေဝေငေးမော ကြည့်နေခဲ့တယ်။ မနက်ဖြန်ဆိုရင်ပဲ ခရစ္စမတ်ရောက်ပြီ။ သူ့ဆီမှာရှိတဲ့ ၁ဒေါ်လာ ၈၇ပြားနဲ့ "Jim" ကို လက်ဆောင်ဝယ်ပေးရမယ်။ လအတန်ကြာ သူကြိုးပမ်းစုဆောင်းခဲ့တဲ့ငွေကြေးက ဒီလောက်ပဲရှိခဲ့တယ်။ တစ်ပတ်ဒေါ်လာ၂ဝသုံးဖို့က မဖြစ်နိုင်ခဲ့ဘူး။ အသုံးစရိတ်က ခန့်မှန်းထားတာထက်များခဲ့တယ်။ ၁ဒေါ်လာ ၈၇ပြားနဲ့ပဲ Jim ကို လက်ဆောင်ဝယ်ပေးရတော့မယ်။ ပျော်စရာကောင်းတဲ့ သူ့အချိန်တွေကို အသုံးပြုပြီး Jimအတွက် လက်ဆောင်ကောင်းတစ်ခုဝယ်ပေးဖို့ သူကြိုးစားခဲ့တယ်။ ကောင်းမွန်ပြီး အဖိုးတန်၊ ရှားပါးတဲ့လက်ဆောင်တစ်ခု-- အနည်းဆုံးတော့ Jim မှာရှိတဲ့ ပစ္စည်းတစ်ခုခုနဲ့ လိုက်ဖက်မယ့် လက်ဆောင်မျိုးဖြစ်ရမယ်။
.
အခန်းရဲ့ ပြတင်းပေါက်နှစ်ခုကြားမှာ နံရံကပ်မှန်တစ်ချပ်ရှိတယ်။ တစ်ပတ် ၈ဒေါ်လာပေးရတဲ့အခန်းရဲ့ နံရံကပ်မှန်လည်းဖြစ်ချင်ဖြစ်မယ်။ သွက်လက်သေးငယ်တဲ့လူတစ်ယောက်က သူ့ကိုယ်သူ အလျားလိုက်မြင်ရတဲ့အရိပ်မှာ ဂရုတစိုက်ကြည့်မိခဲ့ရင် သူ့ရုပ်ရည်အတွက် တိကျတဲ့ထင်မြင်ချက်တစ်ခုတော့ သူရမယ်ထင်ပါတယ်။ Della က ခန္ဓာသေးသွယ်သူပါ။ ဒီလို အနုပညာကို သူနားလည်ထားပြီးဖြစ်တယ်။
.
ရုတ်တရက် ပြတင်းပေါက်ကနေ ချာခနဲသူလှည့်ပြီး မှန်ရှေ့မှာရပ်လိုက်တယ်။ သူမျက်လုံးတွေက အရောင်တောက်နေတယ်။ ဒါပေမယ့် စက္ကန့်(၂ဝ)အတွင်း သူ့မျက်နှာဖျော့တော့သွားတယ်။ ဆံပင်တွေကို ကပျာကယာ သူဖြည်ချလိုက်တယ်။ အကုန်လုံးဖြည်ချလိုက်တယ်။
.
အခုလက်ရှိ James Dillingham Young တို့လင်မယားမှာ ဂုဏ်ယူဝင့်ကြွားစရာ ပစ္စည်းတစ်ခုစီရှိခဲ့ကြတယ်။ တစ်ခုက ဘိုးဘွားစဉ်ဆက်ကတည်းက လက်ဆင့်ကမ်းလာတဲ့ Jimရဲ့ ရွှေနာရီနဲ့ နောက်တစ်ခုက Dellaရဲ့ ဆံကေသာဖြစ်တယ်။ တကယ်လို့ Sheba ဘုရင်မက မျက်နှာချင်းဆိုင်က တိုက်မှာနေခဲ့ရင် တစ်နေ့နေ့မှာ Della က သူ့ဆံပင်တွေကို ပြတင်းပေါက်မှာ ဖြန့်လှန်းထားလိုက်မယ်။ သူ့ဆံပင်ကြောင့် ဘုရင်မရဲ့ အဖိုးတန်လက်ဝတ်ရတနာတွေ တန်ဖိုးလျော့သွားဖို့ဖြစ်တယ်။ ဘုရင် Solomonသာ သူ့ရတနာတွေရဲ့တံခါးစောင့်ဖြစ်ခဲ့ရင် သူ့ရှေ့ရောက်တာနဲ့ Jim က သူ့ရွှေနာရီကိုထုတ်ပြခဲ့ရင် ဘုရင် Solomon မနာလိုဖြစ်မှာ သေချာတယ်။
.
လက်ရှိမှာတော့ Della က လှပတဲ့ဆံပင်တွေကို သူ့ပတ်ပတ်လည်မှာ ဖြန့်ခင်းထားတယ်။ ဆံပင်က အရောင်လက်လက်နဲ့ လှိုင်းတွေထလို့ အညိုရောင်ရေတံခွန်နဲ့ တူနေခဲ့တယ်။ သူ့ဆံပင်တွေက သူ့အတွက်ဝတ်ရုံရှည်တစ်ခုလို ဒူးဆစ်အထိရှည်လျားခဲ့တယ်။ အဲဒီနောက် ကတုန်ကယင်နဲ့ ဆံပင်တွေကို သူအလျှင်အမြန်ဖြီးသင်လိုက်တယ်။ ပြီးတော့ နေရာမှာတင် မလှုပ်မယှက်နဲ့ တစ်မိနစ်လောက် ရပ်နေလိုက်တယ်။
.
ဟောင်းနွမ်းစုတ်ပြတ်တဲ့ အနီရောင်ကြမ်းခင်းပေါ် မျက်ရည်တွေ တစ်စက်၊ နှစ်စက် စီးကျသွားခဲ့တယ်။
.
အညိုရောင် အနွေးထည်ဟောင်းကို ဝတ်ပြီး အညိုရောင်ဦးထုပ်ဟောင်းကို သူဆောင်းလိုက်တယ်။ ဂါဝန်ကိုမပြီး မျက်လုံးအိမ်စပ်မှာ လက်လက်ထနေတဲ့ မျက်ရည်တွေနဲ့ အခန်းထဲကနေ လမ်းမပေါ်သူထွက်လာခဲ့တယ်။
.
"Mrs. Sofronie ဆံပင်အမျိုးမျိုးရောင်းဝယ်သည်" ဆိုတဲ့ ဆိုင်းဘုတ်တစ်ခုရှေ့မှာ သူရပ်လိုက်တယ်။ လှေကားပေါ် သူပြေးတက်ခဲ့လို့ ပင့်သက်တွေဖိုလှိုက်နေတယ်။ ဆိုင်ပိုင်ရှင်က အဝလွန်ပြီး ဖြူရော်လွန်းနေတယ်။ နှင်းခဲတွေလို အေးစက်နေတယ်။ "Sofronie" ဆိုတဲ့ နာမည်နဲ့ လုံးဝမလိုက်ဖက်လှဘူး။
.
"ကျွန်မရဲ့ ဆံပင်တွေကို ဝယ်မှာလား" Della က မေးတယ်။
.
"ဝယ်တယ်။ ဦးထုပ်ကိုချွတ်လိုက်ပါ.. မင်းဆံပင်တွေကို ငါကြည့်ဦးမယ်"
.
အညိုရောင်ရေတံခွန်က ဖွားခနဲကျလာတယ်။
.
"ဒေါ်လာ(၂ဝ)" ဆိုင်ရှင်က တစ်ဘက်ကပြောရင်း တစ်ဘက်က သူ့ဆံပင်တွေကို ကောက်ကိုင်လိုက်တယ်။
.
"ကျွန်မကို ပိုက်ဆံမြန်မြန်ပေးပါ" Della က ပြောတယ်။
.
ဟော... အဲဒီနောက် နှစ်နာရီဆိုတဲ့အချိန်က အတောင်ပေါက်သလို ပျော်ပျော်ရွှင်ရွှင် ပျံသန်းသွားခဲ့တယ်။ ဒီလို စဉ်းလဲတဲ့အသုံးအနှုန်းကို ဂရုမစိုက်ပါနဲ့။ Della တစ်ယောက် တစ်ဆိုင်ဝင်တစ်ဆိုင်ထွက်နဲ့ Jimအတွက် လက်ဆောင်ကိုရှာဖွေနေခဲ့တယ်။
.
နောက်ဆုံးတော့ တခြားလူအတွက်မဟုတ်ဘဲ Jimအတွက် အထူးပြုလုပ်ထားတဲ့လက်ဆောင်ကို သူတွေ့ခဲ့တယ်။ အဲဒီပစ္စည်းလေးကို ဆိုင်တွေတိုင်းမှာ သူရှာမတွေ့ခဲ့ဘူး။ ပစ္စည်းက ရွှေဖြူနဲ့လုပ်ထားတဲ့ ရိုးရိုးနာရီကြိုးလေးတစ်ချောင်းဖြစ်တယ်။ ပန်းတွေထွင်ထားသေးတယ်။ တစ်ခြား အရည်အသွေးရှိတဲ့ပစ္စည်းလို အပေါ်ယံအဆင်တန်ဆာနဲ့ မွမ်းမံအလှပြထားတာမျိုး မဟုတ်ဘူး။ နာရီကြိုးလေးက ရွှေနာရီနဲ့ လိုက်ဖက်လိမ့်မယ်။ နာရီကြိုးကိုတွေ့တာနဲ့ Jimအတွက်ပဲဖြစ်ရမယ်ဆိုတာကို Della သိခဲ့တယ်။ ကြိုးက Jim အတိုင်း တည်ငြိမ်ပြီး အဖိုးတန်တယ်။ (၂၁)ဒေါ်လာနဲ့ ကြိုးကိုသူဝယ်ပြီး အိမ်ကိုခပ်သုတ်သုတ်ပြန်ခဲ့တယ်။ ပိုက်ဆံက (၈၇)ပြားသာ ကျန်တော့တယ်။ ရွှေနာရီကို ဒီကြိုးတပ်လိုက်ပြီးရင် ဘယ်နေရာမှာပဲဖြစ်ဖြစ် Jimက နာရီလေးကို ရှက်ကိုးရှက်ကန်း ထုတ်စရာမလိုဘဲ အချိန်ကြည့်လို့ရနိုင်ပါပြီ။
.
နာရီက ဘယ်လောက်ပဲအဖိုးတန်ခန့်ညားလည်း သားရေအိတ်ဟောင်းနဲ့ပဲ ထည့်ခဲ့ရလို့ တစ်ခါတလေအချိန်ကို Jimခိုးကြောင်ခိုးဝှက်ကြည့်ခဲ့ရတယ်။
.
အိမ်ပြန်ရောက်ပြီးနောက် သူ့ရဲ့စိတ်လှုပ်ရှားပျော်ရွှင်မှုက လိမ္မာဆင်ခြင်တဲ့အသွင် ပြောင်းသွားတယ်။ ဂက်စ်ကိုထွန်းညှိပြီး ဆံပင်ကောက်တံနဲ့ ချစ်စိတ်ကြောင့်ပျက်စီးသွားတဲ့ အရာကို ပြုပြင်နေခဲ့တယ်။ ဒါဟာ ကြီးမားတဲ့ ဝတ္တရားတစ်ခုဖြစ်တယ်။ ချစ်လှစွာသော မိတ်ဆွေတို့--- ဒါဟာ ကြီးမားမြင့်မြတ်တဲ့ ဝတ္တရားတစ်ခုဖြစ်တယ်။
.
မိနစ်(၄ဝ)အတွင်းမှာ သူ့ခေါင်းကဆံပင်တွေ ခေါင်းသားနဲ့တစ်ထပ်တည်းကပ်ပြီး တွန့်လိမ်နေတယ်။ ကျောင်းပြေးတဲ့ ကောင်လေးတစ်ယောက်နဲ့ တူနေခဲ့တယ်။ မှန်ထဲကနေ သူ့ကိုယ်သူ ဟိုလှည့်ဒီလှည့် ဂရုတစိုက်ကြည့်နေခဲ့တယ်။
.
"တကယ်လို့ Jimက ငါ့ကိုတစ်ချက်ကြည့်ပြီး မသတ်ခဲ့ရင်" သူ့ကိုယ်သူ ရေရွတ်လိုက်တယ်။ "နောက်တစ်ခေါက်ကြည့်ပြီး ငါဟာ Coneyကျွန်းက သီချင်းသည်နဲ့တူတယ်လို့ ပြောလိမ့်မယ်။ ဒါပေမယ့် ငါဘာလုပ်ရမလဲ-- ဟင်း... (၁)ဒေါ်လာနဲ့(၈၇)ပြားပဲရှိခဲ့တာ ငါဘာလုပ်နိုင်မှာလဲ"
.
(၇)နာရီထိုးချိန်မှာ သူကော်ဖီကျိုပြီး အသားတွေအသင့်ကြော်နိုင်အောင် ဒယ်အိုးကို မီးဖိုပေါ်တင်ထားလိုက်တယ်။
.
Jim ကအချိန်မှန် ပြန်လာလေ့ရှိတယ်။ Della က နာရီကြိုးကို လက်ဖဝါးထဲထည့်ထားပြီး တခါးဝနဲ့အနီးဆုံး စားပွဲထောင့်ပေါ် ထိုင်နေလိုက်တယ်။ တအောင့်နေတော့ လှေကားထစ်ကခြေသံကို သူကြားလိုက်တယ်။ စိတ်လှုပ်ရှားလွန်းလို့ သူ့မျက်နှာတွေ အရောင်လွင့်နေခဲ့တယ်။ နေ့တစ်နေ့ရဲ့ ရိုးရှင်းတဲ့ကိစ္စတချို့ကို နှုတ်ဆိတ်ဆုတောင်းတတ်တဲ့အကျင့် သူ့မှာရှိတယ်။ အခုချိန်မှာ သူတိုးတိုးလေး ဆုတောင်းမိတယ်။
.
"ဘုရားသခင်.... တပည့်တော် လှပနေသေးတယ်လို့ သူထင်ပါစေ"
.
တံခါးဖွင့်ပြီး Jim ဝင်လာတယ်။ ပြီးတော့ တံခါးကိုပြန်ပိတ်လိုက်တယ်။ Jimက ပိန်သေးပြီး အရမ်းတည်ကြည်တယ်။ သနားစရာ သူငယ်လေးပါပဲ။ အခုမှ အသက်(၂၂)ပဲရှိသေးပေမယ့် ကြီးလေးတဲ့ အိမ်ထောင့်တာဝန်ကို သူထမ်းထားရတယ်။ အနွေးထည်အသစ် သူလိုအပ်သလို လက်အိတ်လေးတောင် သူမရှိခဲ့ရှာဘူး။
.
အခန်းရဲ့တံခါးဘေးမှာ Jimရပ်နေတယ်။ တောကြက်ကို အနံ့ရသွားတဲ့ အမဲလိုက်ခွေးလို မလှုပ်မယှက်ရပ်နေတယ်။ သူ့မျက်လုံးနှစ်လုံးက Della ကိုယ်ပေါ်ကနေ မရွှေ့ဘူး။ အဲဒီအကြည့်ကို Della နားမလည်လောက်အောင် ကြက်သီးမွှေးညှင်းတွေ ထစေခဲ့တယ်။ ဒေါသထွက်တာလည်း မဟုတ်သလို အံ့သြတာလည်း မဟုတ်ဘူး။ မကျေနပ်တာလည်း မဟုတ်သလို ကြောက်ရွံ့တာလည်း မဟုတ်ဘူး။ သူခန့်မှန်းထားတဲ့ စိတ်ထိခိုက်လှုပ်ရှားတဲ့အကြည့်မျိုး တစ်ခုမှမဟုတ်ခဲ့ဘူး။ ဒီလိုပဲ Della ကို စူးစိုက်ပြီးကြည့်နေခဲ့တယ်။
.
Dellaက ခါးလေးတစ်ချက်တွန့် စားပွဲပေါ်ကခုန်ချပြီး သူ့ဆီလျှောက်သွားလိုက်တယ်။
.
"Jim ဒါလင်...." သူခေါ်လိုက်တယ်။
.
"ငါ့ကို အဲဒီလို စိုက်မကြည့်ပါနဲ့။ ငါဆံပင်တွေ ဖြတ်ရောင်းလိုက်တယ်။ နင့်ကိုသာ လက်ဆောင်တစ်ခုခုမပေးရရင် ဒီခရစ္စမတ်ကို ငါဘယ်လိုမှ ဖြတ်သန်းလို့ရမှာမဟုတ်ဘူး။ ဆံပင်တွေက ပြန်ရှည်တတ်တာမို့ နင်စိတ်မဆိုးဘူး မဟုတ်လား။ ငါဒီလိုမလုပ်လို့ မဖြစ်ခဲ့လို့ပါ။ ငါ့ဆံပင်တွေက အရှည်မြန်ပါတယ်။ "Merry Christmas!" လို့ ကောင်းချီးပေးရအောင် Jim။ ငါတို့ပျော်ရွှင်ပါစေ။ နင့်အတွက် ဘယ်လောက်လှပ၊ ဘယ်လောက်ကောင်းတဲ့ပစ္စည်းကို ငါဝယ်ခဲ့သလဲဆိုတာ နင်မှန်းတောင်မမှန်းနိုင်ဘူး မဟုတ်လား"
.
"နင် ဆံပင်တွေကို ဖြတ်ပစ်လိုက်ပြီ.. ဟုတ်လား" အားယူပြီး Jimကမေးတယ်။ မျက်စိရှေ့မှာ မြင်နေရတဲ့အရာကို သူဘယ်လိုအကြံထုတ် စဉ်းစားခဲ့လည်း နားမလည်ဖြစ်နေခဲ့တယ်။
.
"ဖြတ်ပြီး ရောင်းလိုက်တယ်" Dellaက ပြောတယ်။
.
"ဘယ်လိုပဲဖြစ်ဖြစ် အရင်ကလိုပဲ ငါ့ကို နင်ကြိုက်တယ်မဟုတ်လား၊ ဆံပင်ရှည်မရှိလည်း ငါကငါပဲ မဟုတ်လား"
.
Jim က အခန်းကို ကျီးကန်းတောင်းမှောက် ဝေ့ပတ်ကြည့်လိုက်တယ်။
.
"နင့်ဆံပင်တွေ မရှိတော့ဘူးလို့ နင်ပြောနေတာလား" လူအ,တစ်ယောက်လို Jim ထပ်မေးနေပြန်တယ်။
.
"ရှာမနေနဲ့ ... နင့်ကိုပြောပြမယ်။ ဆံပင်တွေကို ငါရောင်းလိုက်ပြီ--- ရောင်းပစ်လိုက်ပြီ။ မရှိတော့ဘူး။ ဒီညက ခရစ္စမတ်အကြိုည.. လူကောင်းလေးရဲ့..။ ငါ့ကိုကောင်းကောင်းမွန်မွန် ဆက်ဆံပါ။ ဒါတွေက နင့်အတွက်ပါ။ ငါ့ဆံပင်တွေ ရေတွက်လို့ ရနိုင်လောက်တယ်" Della က ပြောတယ်။ အဲဒီနောက် ရုတ်တရက် သူသိမ်မွေ့လာပြီး "ဒါပေမယ့် နင့်အပေါ်ထားတဲ့ ငါ့ရဲ့ချစ်ခြင်းတွေ ဘယ်သူမှ မရေတွက်နိုင်ဘူး။ အသားတွေ ကင်လိုက်ရတော့မလား Jim"
.
Jim က မေ့နေရာက လန့်နိုးလာတဲ့သူတစ်ယောက်လို Dellaကို ရင်ခွင်ထဲ တင်းတင်းကျပ်ကျပ် ဆွဲပွေ့ထားလိုက်တယ်။
.
ဒီအချိန်မှာ သိပ်မလောနဲ့.... အချိန်(၁ဝ)စက္ကန့်လောက်ယူပြီး သိပ်အရေးမကြီးတဲ့ ကိစ္စတချို့ကို တခြားရှုထောင့်ကနေ ကျွန်တော်တို့ကြည့်ရအောင်... အိမ်လခ တစ်ပတ်မှာ(၈)ဒေါ်လာ ဒါမှမဟုတ် တစ်နှစ်မှာ ဒေါ်လာတစ်သန်း --- ဒါဘာများကွာခြားလို့လဲ... သင်္ချာပညာရှင်နဲ့ အသိဉာဏ်ရှိသူက သင့်ကိုအဖြေမှားတွေ ပေးလိမ့်မယ်။ Magiက အဖိုးတန်လက်ဆောင်ကို သယ်ဆောင်လာခဲ့ပေမယ့် အဲဒီအရာက သူတို့ကြားမှာ ရှားပါးနေခဲ့တယ်။ ဒီလိုခိုင်မာတဲ့စကားကို အောက်မှာရှင်းပြပါလိမ့်မယ်။
.
Jimက အနွေးထည်အိတ်ကပ်ထဲ အထုပ်ကိုထုတ်ပြီး စားပွဲခုံပေါ်ပစ်တင်လိုက်တယ်။
.
"ငါ့ကို အထင်မမှားနဲ့ Della... နင် ဆံပင်ပဲညှပ်ညှပ် မျက်နှာပဲပြင်ပြင် ဒါမှမဟုတ် ခေါင်းပဲလျှော်လျှော်... ဒီကမ္ဘာပေါ်မှာ ဘယ်အရာကမှ ဇနီးအပေါ်ထားတဲ့ ငါ့ချစ်ခြင်းကို လျော့နည်းစေမှာမဟုတ်ဘူး။ ဒါပေမယ့် အဲဒီအိတ်ထဲကအရာကို မြင်တာနဲ့ ခုနားက ငါဘာကြောင့် ကြောင်တီးကြောင်တောင် ဖြစ်ခဲ့သလဲဆိုတာကို နင်သဘောပေါက်လိမ့်မယ်"
.
ဖြူဖွေးတဲ့လက်ညှိုးလေးနဲ့ ချည်ထားတဲ့ကြိုးကိုဖြည်ပြီး စက္ကူထုပ်ကို Della သွက်သွက်လက်လက် ဆွဲဖြည်လိုက်တယ်။ တစ်ဆက်တည်းမှာ အံ့သြဝမ်းသာတဲ့အသံက... အလို.... မိန်းမတစ်ယောက်ရဲ့ မချုပ်တည်းနိုင်တဲ့ မျက်ရည်နဲ့ ငိုရှိုက်သံအသွင်ကို ရုတ်တရက်ပြောင်းသွားခဲ့ပြီး အရှင်သခင်ယောက်ျားရဲ့နှစ်သိမ့်မှုကို လိုအပ်လာခဲ့တယ်။
.
စားပွဲခုံပေါ်က ခေါင်းဘီး--- ခေါင်းဘီးတစ်စုံ၊ ဘေးသုံး၊ နောက်သုံး၊ အစုံညီခေါင်းဘီးတစ်စုံက စားပွဲပေါ်မှာရှိနေခဲ့တယ်။ အဲဒီခေါင်းဘီးက ဟိုးအရင် Broadwayက ဘီရိုတစ်ခုမှာ Dellaမြင်ခဲ့ပြီး အရမ်းလိုချင်ခဲ့တဲ့အရာဖြစ်တယ်။ ဒီလှပတဲ့ဘီးတွေက လိပ်ခွံစစ်စစ်တွေနဲ့ လုပ်ထားတာဖြစ်ပြီး ရတနာတွေနဲ့ အနားကွပ်ထားတယ်။ ဘီးရောင်က သူဖြတ်လိုက်တဲ့ သူ့ဆံပင်အရောင်နဲ့ အရမ်းလိုက်ဖက်တယ်။ ဒီခေါင်းဘီးအစုံက တန်ဖိုးကြီးမှန်း သူသိတယ်။ လိုချင်တောင့်တခဲ့ပေမယ့် ပိုင်ဆိုင်ရမယ်လို့ တစ်ခါမှ မမျှော်လင့်ရဲခဲ့ဘူး။ အခုတော့ သူ့အတွက်ဖြစ်နေခဲ့ပြီ။ ဒါပေမယ့် ဒီလိုအဖိုးတန်ဘီးကို ပန်ဆင်ခွင့်ရဖို့ မျှော်လင့်ခဲ့တဲ့ လှပတဲ့ဆံပင်က မရှိခဲ့တော့ပါဘူး။
.
ဒါပေမယ့် ဘီးကို သူ့ရင်ခွင်မှာ ထည့်ထားလိုက်တယ်။ တအောင့်ကြာမှာ မျက်ရည်တွေဝေဝါးနေတဲ့ မျက်လုံးအစုံနဲ့ ပြုံးရယ်ပြီးပြောလိုက်တယ်။
.
"ငါ့ဆံပင်တွေ အရှည်မြန်ပါတယ် Jim"
.
အဲဒီနောက် Della ဟာ အပူထိသွားတဲ့ ကြောင်တစ်ကောင်လို ထခုန်ပြီးအော်တယ်။
.
"အိုး.... အိုး..."
.
သူရဲ့လှပတဲ့လက်ဆောင်ကို Jim မတွေ့ရသေးဘူး။ လက်ဝါးကို ခပ်မြန်မြန်လေးဖြန့်ပြီး Jim ရှေ့ဆန့်လိုက်တယ်။ ထိုင်းမှိုင်းတဲ့အဖိုးတန်ပစ္စည်းပေါ်မှာ Della ရဲ့ပျော်ရွှင်မှုနဲ့ တက်ကြွမှုတွေ လင်းလက်နေခဲ့တယ်။
.
"လှတယ်မဟုတ်လား.. Jim... မြို့အနှံ့ရှာခဲ့ပြီးမှ ရလာတာ။ နောက်ဆိုရင် နင်နေ့တိုင်း အချိန်ကို အခါတစ်ရာကြည့်လို့ရပြီ။ ငါ့ကိုနာရီလေးပေး.. နာရီနဲ့တွဲထားတဲ့ပုံကို ငါကြည့်ချင်လို့ပါ"
.
Della ပြောသလို Jimမလုပ်တဲ့အပြင် ကုလားထိုင်ပေါ် လဲအိပ်လိုက်တယ်။ လက်နှစ်ဘက်ကို ခေါင်းအောက်ထိုးထည့်ပြီး ပြုံးနေခဲ့တယ်။
.
"Della.. ခရစ္စမတ်လက်ဆောင်ကို တစ်နေရာမှာထားပြီး ငါတို့သိမ်းထားလိုက်ရအောင်။ အဖိုးတန်ကောင်းမွန်လွန်းလို့ အခုချိန်မှာ အသုံးမလိုသေးဘူး။ ရွှေနာရီကို ငါရောင်းလိုက်တယ်။ ရောင်းရတဲ့ပိုက်ဆံနဲ့ နင့်အတွက် ခေါင်းဘီးဝယ်လိုက်တယ်။ ကဲ...အခု အသားတွေ သွားကင်လိုက်တော့"
.
********
စာဖတ်သူတွေ သိတဲ့အတိုင်း **Magiက ပညာရှိဖြစ်တယ်။ ဉာဏ်အမြော်အမြင်ကြီးမားတဲ့ ပညာရှိတွေဖြစ်တယ်။ သူတို့က လက်ဆောင်တွေကိုယူလာပြီး မြင်းတင်းကုတ်မှာမွေးဖွားခဲ့တဲ့ Jesusကို ပေးခဲ့တယ်။ ခရစ္စမတ်လက်ဆောင်ပေးတဲ့ ဓလေ့ကိုထွင်ခဲ့ကြတယ်။ သူတို့ကပညာရှိတွေဖြစ်လို့ သူတို့ရဲ့လက်ဆောင်ကလည်း အမြော်အမြင်ရှိတဲ့ လက်ဆောင်တွေဖြစ်တယ်ဆိုတာ သံသယရှိစရာမလိုပါဘူး။ တကယ်လို့ ပစ္စည်းနှစ်ခုတူညီခဲ့ရင် အဲဒီပစ္စည်းတွေကိုလဲလှယ်နိုင်တဲ့ အခွင့်အရေးလည်းရှိခဲ့ပါတယ်။
.
ဒီနေရာမှာ တိုက်ခန်းမှာနေကြတဲ့ လူနှံ့လူအလေး နှစ်ယောက်အကြောင်းကို ကျွန်တော်ခပ်တုံးတုံး မိတ်ဆက်ထားပြီဖြစ်တယ်။ သူတို့နှစ်ယောက်ဟာ အသိဉာဏ်နည်းစွာ တစ်ဘက်သားအတွက် သူတို့အိမ်မှာရှိတဲ့ အဖိုးတန်ဆုံးအရာကို စတေးခဲ့ကြတယ်။
.
ဒါပေမယ့် အခုခေတ်မှာ ထက်မြက်ဉာဏ်ရှိတဲ့လူတွေကို ကျွန်တော်နောက်ဆုံး စကားတစ်ခွန်းပြောချင်ပါတယ်။ လက်ဆောင်ပေးတဲ့လူနှစ်ယောက်က အထက်မြက်ဆုံးဖြစ်တယ်။ လက်ဆောင်ပေးပြီး လက်ဆောင်ပြန်လက်ခံသူ လူနှစ်ယောက်ကလည်း အထက်မြက်ဆုံးဖြစ်တယ်။ ဘယ်နေရာမှာဖြစ်ဖြစ် သူတို့က အထက်မြက်ဆုံးဖြစ်တယ်။ သူတို့က Magi ဖြစ်တယ်။
------
** Magi(n) (Singular Magus) ပညာရှိကြီးများ။
(ခရစ်တော်ဖွားမြင်ပြီးနောက် အရှေ့တိုင်းမှ ရောက်လာပြီးလျှင် ခရစ်တော်သူငယ်ကိုဖူးမြော်သော ပညာရှိကြီးသုံးဦး)
-- တက်တိုး အင်္ဂလိပ်-မြန်မာ အဘိဓါန်
.
မူရင်းရေးသားသူ---O. Henry The Gift Of The Magi
ကျွန်မဘာသာပြန်ထားတာ ထောက်နေမယ် ဒါမှမဟုတ် မရှင်းလင်းဘူးဆိုရင် ပိုအဆင်ပြေအောင် အင်္ဂလိပ်လိုဖတ်ကြည့်နိုင်ပါတယ် -- https://www.auburn.edu/~vestmon/Gift_of_the_Magi.html
-----
နိုင်းနိုင်းစနေ (Thursday, December 24, 2009)

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။