နှိမ့်ချခြင်းရဲ့အနုပညာ
နှိမ့်ချခြင်း (Humility) ဆိုတာ မာနကင်းခြင်းကိုဆိုလိုတာဖြစ်ပါတယ်။ လူအောက်ကျို့တာမဟုတ်ပါဘူး။ တစ်ခါတစ်လေ တစ်ခုခုအတွက် အောက်ကျို့ပေါင်းလိုက်ရတာမျိုးရှိတတ်ပါတယ်။ ဒါဟာစစ်မှန်တဲ့ နှိမ့်ချခြင်းမျိုးမဟုတ်ပါဘူး။ အပေးအယူသဘောဆန်ပါတယ်။ ဒီလိုမျိုးနှိမ့်ချခြင်း ဟာ ရေရှည်ခံတဲ့ဆက်ဆံရေးမျိုးမဟုတ်ပါဘူး။ အခြေအနေတစ်ရပ်ကြောင့်နှိမ့် ချသူဟာ. .အခြေအနေတစ်ရပ်ပေးရင်မောက်မာပါလိမ့်မယ်။
နှိမ့်ချတတ်ခြင်းဟာချစ်ခင်ဖွယ်ကောင်းပါတယ်။ ဥပမာ- တစ်ခုတင်ပြချင်ပါတယ်။ ဂျပန်နိုင်ငံကဆရာဝန်တစ်စုဟာ
မြန်မာနိုင်ငံကိုလာပြီး ပရဟိတလုပ်ငန်းလုပ်ပါတယ်။
မြန်မာနိုင်ငံကတီဗီချန်နယ် ဖြစ်တဲ့ MRTV-4 ကသွားရောက်မေးမြန်းပါတယ်။
လာကုတဲ့ဂျပန်ဆရာဝန်က
“မြန်မာနိုင်ငံကိုလာရတာဟာ သမိုင်း ကြောင်းရှည်ပါတယ်။ ဒုတိယကမ္ဘာစစ်ကာလတုန်းက ဂျပန်စစ်သားတွေဟာ မြန်မာနိုင်ငံမှာလာရောက်တာဝ န် ထမ်းဆောင်ရပါတယ်။ အဲဒီအချိန်ကာလက စစ်သားအချို့ဟာအသက်မသေဘဲ ဂျပန်ကိုပြန်ရောက်လာခဲ့ကြပြီး မြန်မာတို့ကျေးဇူးကြောင့်အသ က်ရှင်ခဲ့ရကြောင်းပြောပါတယ် ။ မြန်မာတို့ရဲ့ကျေးဇူးဟာဂျပန်စစ်သားတွေအပေါ်မှာ ရှိခဲ့တဲ့အတွက် အဲဒီစစ်သားအိုကြီးတွေက သူတို့ရဲ့မျိုးဆက်တွေကို အခွင့်အရေးရရင်မြန်မာပြည်သူ တွေကိုကျေးဇူး ဆပ်ပါလို့မှာခဲ့ပါတယ်။ ဒါကြောင့်သူတို့ဟာမြန်မာနို င်ငံရဲ့ကျေးဇူးကိုလာဆပ်ကြတာ ပါ” တဲ့။
ကဲ ဘယ်လောက် ကောင်းတဲ့နှိမ့်ချတတ်မှုလဲ။ “မင်းတို့မွဲနေလို့ငါတို့လာ ကူညီတာပါ” ဆိုရင်အဆင်မပြေပါဘူး။ ဒါပေမယ့်ဒါကအမှန်ပါပဲ။ မြန်မာဟာဂျပန်ထက်ချမ်းသာနေရ င် ဂျပန်လာကူညီဖို့ မလိုပါဘူး။ လူငယ်များနှိမ့်ချခြင်းရဲ့ အနုပညာကိုတတ်ဖို့ လိုအပ်ပါတယ်။ ဒါပေမယ့် သူတောင်းစားလိုနေဖို့ပြောတာ မဟုတ်ပါဘူး။ ဒီလိုပဲ အပေးအယူသဘောနဲ့နှိမ့်ချခိုင်းတာလည်းမဟုတ်ပါဘူး. . .
#ကိုမင်းမောင်
photo : credit
နှိမ့်ချခြင်း (Humility) ဆိုတာ မာနကင်းခြင်းကိုဆိုလိုတာဖြစ
နှိမ့်ချတတ်ခြင်းဟာချစ်ခင်ဖွယ်ကောင်းပါတယ်။ ဥပမာ- တစ်ခုတင်ပြချင်ပါတယ်။ ဂျပန်နိုင်ငံကဆရာဝန်တစ်စုဟာ
“မြန်မာနိုင်ငံကိုလာရတာဟာ သမိုင်း ကြောင်းရှည်ပါတယ်။ ဒုတိယကမ္ဘာစစ်ကာလတုန်းက ဂျပန်စစ်သားတွေဟာ မြန်မာနိုင်ငံမှာလာရောက်တာဝ
ကဲ ဘယ်လောက် ကောင်းတဲ့နှိမ့်ချတတ်မှုလဲ။ “မင်းတို့မွဲနေလို့ငါတို့လာ
#ကိုမင်းမောင်
photo : credit
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။