Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Friday, December 30, 2016

ဂျက်ကီချန်း (Jackie Chan)



Myat Soe Htun added 3 new photos.

Jackie Chan
ဂျက်ကီချန်း (Jackie Chan) လို့ နာမည်ကြားလိုက်တာနဲ့ ကလေး၊ လူငယ်၊ လူကြီး အကုန်သိပြီးဖြစ်မှာပါ။ သိုင်းပညာမှာ ထူးချွန်သလို စတန့်ပြကွက်များကို ဟာသနှောပြီး ရိုက်ကူးတတ်လို့ ကမ္ဘာ့ အအောင်မြင်ဆုံး အက်ရှင် မင်းသားတွေထဲမှာ ထိပ်ဆုံးမှာရှိနေတဲ့သူ တစ်ယောက်ပါ။ မိခင်နိုင်ငံဖြစ်တဲ့ ဟောင်ကောင်၊ တရုတ်ပြည်မကြီးမှာသာမက ဟောလီးဝုဒ်မှာပါ အောင်မြင်ကျော်ကြားတဲ့သူ တစ်ယောက်ဖြစ်ပါတယ်။ ဖြစ်ရပ်မှန် လူသိနည်း ဂျက်ကီချန်း (Jackie Chan) ရဲ့အကြောင်းများကို ဖော်ပြလိုက်ပါတယ်။
အချက်အလက်များကို သင်သိရဲ့လား? မှ ကူးယူဖော်ပြပါတယ်။
Jackie Chan

ဂျက်ကီချန်း၏ မိခင်သည် ဘိန်းကုန်သည်၊ လောင်းကစားဒိုင် စသည့် အလုပ်များ လုပ်ကိုင်ခဲ့ဖူးပြီး တရုတ်မြေအောက် ဒုစရိုက်လောက၏ နာမည်ကြီးဂိုဏ်းစတား တစ်ယောက်ဖြစ်ခဲ့သည်။ ဂျက်ကီချန်း၏ ဖခင်သည် တရုတ်အမျိုးသားအစိုးရ၏ သူလျှိုတစ်ယောက်ဖြစ်ပြီး နောက်ပိုင်းတွင် မြေအောက်ဒုစရိုက်လောက၌ ဂိုဏ်းခေါင်းဆောင် တစ်ယောက်ဖြစ်ခဲ့သည်။ ဂျက်ကီ့အမေ ဘိန်းမှောင်ခိုကူးခြင်းကို ၄င်း၏ အဖေက ဖမ်းဆီးခဲ့သည့်အချိန်တွင် သူတို့ ၂ ဦး စတင်တွေ့ရှိခဲ့ခြင်း ဖြစ်သည်
ဂျက်ကီချန်း၏ မိဘများသည် တရုတ်ပြည်မကြီးမှ ဟောင်ကောင်သို့ ပြောင်းရွှေ့နေထိုင်ချိန်တွင် အလွန်ဆင်းရဲခဲ့သည်။ ထို့ကြောင့် ဟောင်ကောင်၌ ဂျက်ကီချန်းအား မွေးသည့်အချိန်တွင် ဆေးရုံစရိတ်ပေးရန် မတတ်နိုင်ခဲ့သောကြာင့် မွေးကင်းစ ဂျက်ကီအား ချမ်းသာသော ဗြိတိသျှဆရာဝန် လင်မယားထံသို့ ရောင်းချခဲ့ပြီး ဆေးရုံစရိတ်ကို ဖြေရှင်းခဲ့သည်။
Jackie Chanဂျက်ကီချန်း၏ နာမည်အရင်းမှာ Chan Kong-Sang ဖြစ်သည်။ လူငယ်စတန့်သရုပ်ဆောင်အဖြစ် ရုပ်ရှင်ကားအချို့တွင် ဝင်ရောက်သရုပ်ဆောင်ခဲ့သော်လည်း အောင်မြင်မှု မရရှိခဲ့သည့် ဂျက်ကီချန်းသည် ၁၉၇၀ ပြည့်လွန် အစောပိုင်းကာလများတွင် မိဘများရှိရာ သြစတြေးလျနိုင်ငံ၊ ကင်ဘာရာမြို့သို့ သွားရောက်ခဲ့ပြီး ဆောက်လုပ်ရေးအလုပ်သမား အဖြစ် ဝင်ရောက် လုပ်ကိုင်ခဲ့သည်။ ဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် အလုပ်သမားခေါင်း Jack ၏ လက်အောက်တွင် လုပ်ခဲ့ပြီး Little Jack ဟု နာမည်ရလာခဲ့သည်။ အတိုကောက်အနေဖြင့် Jackie ဟုခေါ်ဆိုကြပြီး နောက်ပိုင်းတွင် ရုပ်ရှင်ရိုက်ရာ၌ Jackie Chan ဟူသော အမည်ကို သုံးစွဲခဲ့သည်။
Jackie Chanဂျက်ကီချန်းသည် အသက် ၁၇ နှစ်အရွယ်တွင် Bruce Lee ၏ Fist of Fury နှင့် Enter the Dragon ဇာတ်ကားများတွင် စတန့်သရုပ်ဆောင်အဖြစ်ပါဝင်ခဲ့သည်။ အတိုက်အခိုက်စတန့်ရိုက်ကွင်းတစ်ခုတွင် Bruce Lee သည် ဂျက်ကီချန်း၏ ခေါင်းကို မတော်တဆ ပြင်းပြင်းထန်ထန် ကန်မိခဲ့သဖြင့် ဒဏ်ရာ အနည်းငယ်ရရှိခဲ့သည်။ အဆိုပါဖြစ်ရပ်အတွက် Bruce Lee က တောင်းပန်ခဲ့ပြီး ယင်းဖြစ်ရပ်သည် သူ့ဘဝ၏ အကောင်းဆုံး အဖြစ်အပျက်ဖြစ်ကြောင်း ဂျက်ကီချန်းက ပြောကြားခဲ့သည်။
READ ဂျပန်တောင်ဘက်ကျွန်းများကို တိုင်ဖုန်းမုန်တိုင်း ၀င်ရောက်နေ (ရုပ်သံ)
ဂျက်ကီချန်းသည် သရုပ်ဆောင်မင်းသားအနေဖြင့်သာမက အဆိုတော်တစ်ဦးအဖြစ်လည်း အောင်မြင်ခဲ့သည်။ အင်္ဂလိပ်ဘာသာ၊ ကန်တံဘာသာ၊ မန်ဒရင်းဘာသာ၊ ဂျပန်ဘာသာ၊ ထိုင်ဝမ်ဘာသာ စသည့် ဘာသာစကား (၅) မျိုးဖြင့် သီချင်းခွေပေါင်း ၂၀ ကို သီဆိုထုတ်ဝေခဲ့ပြီး ဖြစ်သည်။ ဂျက်ကီချန်းသည် ငယ်စဉ်က ပီကင်းအော်ပရာကျောင်းတွင် ကွန်ဖူးပညာနှင့် အဆိုပညာကို တစ်ပြိုင်နက်တည်း သင်ယူခဲ့သည်။ ဂျက်ကီချန်းသည် တစ်ခါတစ်ရံတွင် ၄င်းရိုက်ကူးသော ရုပ်ရှင်၏ အပိတ်စာတန်းထိုး သီချင်းများကို ကိုယ်တိုင် သီဆိုခဲ့သည်။
၁၉၈၂ ခုနှစ်တွင် ရိုက်ကူးခဲ့သည့် Dragon Lord ရုပ်ရှင်ကားတွင် ကြက်တောင်ခတ်သော ဇာတ်ဝင်ခန်းများ ပါဝင်ခဲ့သည်။ ဂျက်ကီချန်းသည် လေထဲတွင် ပျံဝဲနေသော ကြက်တောင်ကို acrobatic လှုပ်ရှားမှုဖြင့် ကန်သွင်းရသည့် အခန်းအား တည်းဖြတ်မှု မလုပ်ဘဲ တစ်ဆက်တည်းရိုက်ကူးရန် ဆုံးဖြတ်ခဲ့သည်။ ယင်းဇာတ်ဝင်ခန်း တစ်ခုထဲကို ပီပြင်စေရန် အကြိမ်ပေါင်း ၂၉၀၀ ခန့်နှင့် ရက်ပေါင်း ၄၀ ကြာ ရိုက်ကူးခဲ့ရသည်။
သူ၏ သိုင်းပညာသည် အခြားသူများကို ထိခိုက်ဒဏ်ရာရစေခဲ့သောကြောင့် ဂျက်ကီချန်းအနေဖြင့် နိုက်ကလပ် လုံခြုံရေးအလုပ်ကို စွန့်လွှတ်ခဲ့ရသည်။ နိုက်ကလပ်ရန်ပွဲတစ်ခုတွင် လူတစ်ဦးအား အလဲထိုးခဲ့ပြီးနောက် သူ၏ လက်ဆစ်မှ အရိုးတစ်ခု ငေါထွက်နေကြောင်း တွေ့ရှိခဲ့ရသည်။ အမှုအခင်း ဖြစ်မည် စိုးရိမ်သောကြောင့် ဆေးရုံးသို့ မသွားဘဲ အရိုးကို အတွင်းသို့ ဖိသွင်းခဲ့သည်။ ၂ ရက် အကြာတွင် ငေါထွက်နေသော အရိုးသည် သူ၏အရိုးမဟုတ်ဘဲ သူအလဲထိုးခဲ့သောလူ၏ သွားဖြစ်နေကြောင်း သိရှိခဲ့သည်။
၁၉၈၀ နှင့် ၁၉၉၀ ပြည့်လွန်နှစ်များ ဝန်းကျင်တွင် ဟောင်ကောင်ရုပ်ရှင်လောကအား The Triad ဟု အမည်ရသည့် ဒုစရိုက်ဂိုဏ်းတစ်ခုက ချုပ်ကိုင်လွှမ်းမိုးထားသည်။ ယင်းဂိုဏ်းသည် ဟောင်ကောင် ရုပ်ရှင်လောကအား ငွေကြေးခဝါချရန် အသုံးပြုခဲ့သည်။ ရုပ်ရှင်ကုမ္ပဏီများသည် ဆက်လက်ရှင်သန်နိုင်ရေးအတွက် အဆိုပါဂိုဏ်းကို ဆက်ကြေးများ ပေးဆောင်နေရသည်။ ဂျက်ကီချန်းသည် ယင်းဂိုဏ်းကို ဆန့်ကျင်ခြင်းကြောင့် နောက်ယောင်ခံလိုက်မှုများ၊ နှောင့်ယှက်ခြင်းများ ကြုံတွေ့ခဲ့ရသည်။ ထို့ကြောင့် ဂျက်ကီချန်းနှင့် သူ၏ အဖွဲ့သားများသည် မိမိလုံခြုံရေးအတွက် သေနတ်များ၊ လက်ပစ်ဗုံးများ ဆောင်ထားခဲ့ရသည်။
ဂျက်ကီချန်းသည် အသက်အန္တရာယ်နှင့် အလွန်နီးကပ်သော စတန့်များကို အောင်မြင်စွာပြုလုပ်နိုင်ခဲ့သော်လည်း ၁၉၈၆ ခုနှစ်တွင် ထွက်ရှိခဲ့သော Armour of God ရုပ်ရှင် ရိုက်ကွင်းတွင် ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သည်။ ရိုက်ကွင်းတွင် သာမန်စတန့်ပြကွက်ဖြစ်သည့် သစ်ကိုင်းစွန်းပေါ်သို့ တွဲလောင်းခိုသည့် အခန်းကို ရိုက်ကူးစဉ် သစ်ကိုင်းကျိုးကျသွားပြီး မြေပြင်ပေါ်သို့ ပြုတ်ကျခဲ့သည်။ ပြုတ်ကျသည့်အရှိန်ပြင်းထန်သောကြောင့် ဂျက်ကီချန်း၏ ဦးခေါင်းခွံကွဲသွားခဲ့ပြီး ဦးနှောက်ထိခိုက်ခဲ့သည်။ အဆိုပါဒဏ်ရာကြောင့် အပေါက်ဖြစ်သွားသော ဦးခေါင်းခွံတွင် ပလပ်စတစ်ဖြင့် အစားထိုးခဲ့ရပြီး အကြားအာရုံအနည်းငယ် ချို့ယွင်းခဲ့သည်။ ယင်းရုပ်ရှင်၏ အခြား ဇာတ်ဝင်ခန်းတစ်ခုတွင်လည်း ဂျက်ကီချန်းသည် လေယာဉ်ပျံပေါ်မှ မိုးပျံပူဖောင်းပေါ်သို့ ခုန်ချပြခဲ့သည်။
READ ကိုယ့်မိဘ ကိုယ်မသတ်မိပါစေနဲ့ 
၁၉၈၂ ခုနှစ်တွင် ဂျက်ကီချန်းသည် သူနှင့် ကာလရှည်ကြာတွဲလာခဲ့သည့် ချစ်သူနှင့် လက်ထပ်တော့မည် ဖြစ်ကြောင်း ကြေညာခဲ့သည်။ အဆိုပါသတင်းကြောင့် သူ၏ မိန်းကလေးပရိသတ် အများအပြားက ကြေကွဲဒေါသထွက်ခဲ့ကြသည်။ မိန်းကလေးပရိသတ်တစ်ဦးသည် မြေအောက်ရထားလမ်းတွင် မိမိကိုယ်ကို အဆုံးစီရင်ခဲ့ပြီး နောက်မိန်းကလေးပရိသတ်တစ်ဦးသည် ဂျက်ကီချန်း၏ ရုံးခန်းရှေ့တွင် အဆိပ်သောက်၍ မိမိကိုယ်ကို အဆုံးစီရင်ခဲ့သည်။
ဂျက်ကီချန်းသည် Guinness Book of World Records စာအုပ်တွင် ၂ ကြိမ် မှတ်တမ်းဝင်ခဲ့သည်။ ပထမမှတ်တမ်းမှာ စတန့်ပြကွက်များ အများဆုံးပြုလုပ်ခဲ့သည့် သက်ရှိထင်ရှားပုဂ္ဂိုလ်ဖြစ်ပြီး ဒုတိယ မှတ်တမ်းမှာ ရုပ်ရှင်တစ်ကားအတွင်း credit အများဆုံးပါဝင်သည့် ပုဂ္ဂိုလ်အဖြစ် မှတ်တမ်းဝင်ခဲ့ခြင်း ဖြစ်သည်။ ၂၀၁၂ ခုနှစ်တွင် ထွက်ရှိခဲ့သည့် Chinese Zodiac ရုပ်ရှင်ဇာတ်ကားတွင် ဂျက်ကီချန်းသည် မူရင်းဇာတ်လမ်းရေးသားသူ၊ ဒါရိုက်တာ၊ ဇာတ်ဆောင်မင်းသား၊ ထုတ်လုပ်သူ၊ Executive producer ၊ ရိုက်ကူးရေးပညာရှင် ၊ art director ၊ unit production manager ၊ အကျွေးအမွေးစီစဉ်သူ၊ စတန့်ပြကွက်စီစဉ်သူ၊ အလုပ်သမားခေါင်းဆောင်၊ တေးရေးဆရာ၊ ဇာတ်ဝင်သီချင်းသီဆိုသူ၊ ရိုက်ကွင်း စီစဉ်သူ၊ စတန့်သမား စသည့် နေရာ (၁၅) အခုအတွက် credit ပေးခံခဲ့ရခြင်းကြောင့် မှတ်တမ်းဝင်ခဲ့ခြင်း ဖြစ်သည်။
အသက်အန္တရာယ်နှင့် နီးစပ်လွန်းသည့် ဂျက်ကီချန်း၏ စတန့်ပြကွက်များကြောင့် မည်သည့်အာမခံကုမ္ပဏီကမှ ဂျက်ကီချန်းနှင့် သူ၏ စတန့်အဖွဲ့အတွက် အာမခံပေးခြင်း မရှိပါ။ ထို့ကြောင့် ဂျက်ကီချန်းသည် စတန့်ပြုလုပ်နေစဉ်အတွင်း အဖွဲ့သားတစ်ယောက်ယောက် ဒဏ်ရာ ရရှိခဲ့ပါက ကုသမှုကုန်ကျစရိတ်ကို ကျခံပေးသည့်အပြင် ယင်းအဖွဲ့သား၏ ဘဝတစ်သက်တာအတွက် အထောက်အပံ့များကိုပါ ဆက်လက်ကူညီပေးလျက်ရှိသည်။
Jackie Chan
ဂျက်ကီချန်းတွင် သားတစ်ဦးတည်းသာ ရှိသော်လည်း သူပိုင်ဆိုင်သော ဒေါ်လာ သန်း ၁၃၀ ကို အမွေအဖြစ် မပေးခဲ့ပေ။ ယခင်က သူပိုင်ဆိုင်သမျှ ချမ်းသာမှုများကို မိသားစုကို တစ်ဝက်ခွဲပေးပြီး ကျန်တစ်ဝက်ကို လှူဒါန်းရန် စီစဉ်ခဲ့သော်လည်း နောက်ပိုင်းတွင် ပိုင်ဆိုင်သမျှ အားလုံးကို လှူဒါန်းရန် စီစဉ်ခဲ့သည်။ ဂျက်ကီချန်းသည် သူ၏ သားနှင့် ပတ်သက်၍ “အစွမ်းအစရှိရင်တော့ သူ့ပိုက်ဆံသူရှာနိုင်မှာပေါ့။ သူမရှာနိုင်ရင်တော့ ကျွန်တော့်ပိုက်ဆံတွေကို သူဖြုန်းပစ်လိမ့်မယ်” ဟု ပြောကြားခဲ့သည်။
ဂျက်ကီချန်းသည် Unicef နှင့်အတူ လူမှုကူညီရေးအသင်းအဖွဲ့များတွင် တက်ကြွစွာ ပါဝင်လှုပ်လျှားလျှက်ရှိပါတယ်။
Credit:DATA DOCTOR

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။