"ဘဝနေဝင်ခါနီးပြီ တရားဘာဝနာနဲ့နေချင်ရှာပေမယ့် 
စားဝတ်နေရေးအတွက် ခုချိန်ထိ
ဆင်းဆင်းရဲရဲ ပင်ပင်ပန်းပန်းရှာဖွေနေရတာ ဘာကြောင့်လဲ"
<><><><><>
ဘဝထဲမှာ လူတိုင်းဟာ ဆင်းဆင်းရဲရဲမနေချင်ကြပါဘူး ..
အကုန်လုံး ချမ်းချမ်းသာသာပဲ နေချင်ကြတာပါ..
ဒါပေမယ့်လည်း ဆင်းရဲတဲ့သူက ဆင်းရဲနေပြီး
ချမ်းသာတဲ့သူက ချမ်းသာသထက်ချမ်းသာနေကြတာဟာ ဘာကြောင့်လဲဆိုတာ
ဒီနေရာမှာ စဉ်းစားစရာဖြစ်လာပါပြီ..
အကြောင်းကြောင့် အကျိုးဖြစ်ရတယ်ဆိုတာကို
လက်မခံချင်လို့ မရပါဘူး..
တစ်ချို့ကြုံဖူးကြမှာပါ ကြိုးစားရဲ့သားနဲ့လည်း စီးပွားမဖြစ်တာတွေ
စီးပွားဖြစ်လည်း မီးလောင်လို့ စီးပွားပျက်သွားတာတွေ
တိုင်းပြည်အစိုးရတဲ့မင်းက နိုင်ငံပိုင် ပြည်သူပိုင်အဖြစ် သိမ်းလိုက်တာတွေ
ပင်ပင်ပန်းပန်းရှာထားတာတွေကို ဓားပြအတိုက်ခံလိုက်ရတာတွေ
အခိုးခံလိုက်ရတာ အလုခံလိုက်ရတာတွေ
ရေကြီးလို့ ရှိရှိသမျှ အကုန်ပါသွားတာတွေ
မွေးထားတဲ့သားသမီးထဲမှာ တစ်ချိန်လုံးသုံးဖြုန်းပြီး စိတ်ဒုက္ခတွေ
တစ်မျိုးပြီးတစ်မျိုးပေးနေတာတွေ စသဖြင့် အများကြီးပါပဲ..
ဒီတော့ အတိတ်ကလုပ်ခဲ့တာတွေကိုတော့ ထားလိုက်ပါ..
ချမ်းသာချင်ရင် အခုလက်ရှိဘဝမှာတော့ အတတ်နိုင်ဆုံး ပြုပြင်သင့်တာ ပြုပြင်ရပါတော့မယ်..
ဒါမှလည်း တော်ကာကျမှာပါ..
မဆင်းရဲချင်ရင်
မတွန့်တိုပါနဲ့
(သေရင် ကိုယ့်နောက်ကုသိုလ်အကုသိုလ် ပဲပါမှာ)
များများလှူပါ
(ငွေကုန်ခံပြီးလှူမှ အလှူမဟုတ်ပါ)
သူများဥစ္စာပစ္စည်းတွေကို ဘယ်တော့မှ မခိုးပါနဲ့
လိမ်လည်လှည့်ဖြားပြီးလည်း ကိုယ့်လက်ထဲရောက်အောင်မလုပ် ပါနဲ့..
(ကိုယ်ယူတာ လူမသိရင်တောင်မှ ကိုယ်က သိနေတော့
နေရတာ လိပ်ပြာမလုံတော့ဘူး
ကိုယ်က အတင်းမေ့ထားလည်း သေခါနီးမှာ ဒါတွေက ပြန်မြင်ယောင်လာတတ်တယ်)
သူများချမ်းသာကြီးပွားတိုးတ က်နေတာတွေကို မြင်ရင်
ဣဿာမစ္ဆရိယစိတ် မနာလိုမရှုစိမ့်မဖြစ်မိပါစေနဲ့..
(အဲ့ဒီစိတ်ဖြစ်နေရင် ကိုယ်ပဲလူမသိသူမသိပူလောင်နေ ရတာ
တစ်ဖက်လူက သိတောင်သိမှာမဟုတ်ဘူး
စိတ်လောင်နေရင် မျက်နှာဟာလည်း မကြည်တော့ဘူး)
ဒါကြောင့် အတတ်နိုင်ဆုံး အကောင်းမြင်ဝါဒနဲ့ မုဒိတာပွားနိုင်အောင်သာ ကြိုးစားလိုက်ပါ..
(ဒီစိတ်က ကုသိုလ်လည်းရတယ် ကိုယ်လည်းစိတ်ချမ်းသာတယ်)
ဆရာတော်တွေရေးသားတဲ့ စာတွေထဲမှာလည်း ဆင်းရဲရခြင်း အတိတ်အကြောင်းက(၃)ပါးရှိတာ ဖတ်ဖူးပါတယ်..
မြတ်စွာဘုရားက သံယုတ်ပါဠိတော် မစ္ဆရီသုတ်"ထဲမှာ
အပြည့်အစုံဟောထားတယ်ဆိုတာကို ဆရာတော်ကြီးတွေဟောတဲ့တရားထဲ မှာလည်း နာဖူးပါတယ်..
အောက်ဖော်ပြပါ (၃)ချက်ကတော့ မေတ္တာရှင်ရွှေပြည်သာရေးတဲ့စာ ထဲက ဆင်းရဲခြင်းနဲ့ သက်ဆိုင်တဲ့အကြောင်းရာတစ်ချို့ပါ..
၁။ ဒါနမပြုခဲ့ခြင်းကြောင့် ဆင်းရဲမွဲတေခြင်း-
ဒါနမပြုခဲ့သောကြောင့် ဆင်းရဲမွဲတေရသူများသည်
လုံ့လဝီရိယဖြင့်ရှာဖွေခဲ့လျှင် စားနိုင်သောက်နိုင်ဘဝသို့ ရောက်သေးသည်..
သနားတတ်သော သူတစ်ပါး၏ အကူအညီကိုလည်း
အနည်းငယ်ရနိုင်သေးသည်..
၂။သူတစ်ပါး၏ဥစ္စာကို လိမ်လည်လှည့်ဖြားခိုးယူခဲ့ေ သာကြောင့်
ဆင်းရဲမွဲတေခြင်း-
သူ့ဥစ္စာကိုခိုး၍ ဆင်းရဲမွဲတေသူများကား
ရှာဖွေလို့လည်း မလွယ်ကူ
အစစအဆင်ပြေ၍ ရှာဖွေရခဲ့သော်လည်း
မီး မင်း ခိုးသူ ရေ အမွေခံဆိုး ဟူသော
ရန်သူမျိုးငါးပါး၏ ဖျက်ဆီးခြင်းကို မကြာခဏခံရသဖြင့်
ဘယ်သောအခါမှ နာလန်မထူပေ..
၃။ဣဿာမစ္ဆရိယ များခဲ့သောကြောင့် ဆင်းရဲမွဲတေခြင်း-
ဣဿာမစ္ဆရိယကြောင့် ဆင်းရဲမွဲတေသူများကား
ထို့ထက်ဆိုးပါသေး၏..
ရှာဖွေလို့ ဘယ်လိုမှမရသည့်အပြင်
လူတိုင်းကို သနားညှာတာပြီး ကူညီတတ်သောသူများပင်
ဣဿာမစ္ဆရိယသမားများနှင့်တွေ့ လျှင်
ကူညီလိုစိတ် သနားညှာတာစိတ်များ
အလိုလို ကုန်ခန်းသွားတတ်သည်မှာ အံ့သြစရာကောင်းလှပါ၏..
စေတနာမေတ္တာအရင်းခံဖြင့်-
ohmarshin
စားဝတ်နေရေးအတွက် ခုချိန်ထိ
ဆင်းဆင်းရဲရဲ ပင်ပင်ပန်းပန်းရှာဖွေနေရတာ ဘာကြောင့်လဲ"
<><><><><>
ဘဝထဲမှာ လူတိုင်းဟာ ဆင်းဆင်းရဲရဲမနေချင်ကြပါဘူး
အကုန်လုံး ချမ်းချမ်းသာသာပဲ နေချင်ကြတာပါ..
ဒါပေမယ့်လည်း ဆင်းရဲတဲ့သူက ဆင်းရဲနေပြီး
ချမ်းသာတဲ့သူက ချမ်းသာသထက်ချမ်းသာနေကြတာဟာ
ဒီနေရာမှာ စဉ်းစားစရာဖြစ်လာပါပြီ..
အကြောင်းကြောင့် အကျိုးဖြစ်ရတယ်ဆိုတာကို
လက်မခံချင်လို့ မရပါဘူး..
တစ်ချို့ကြုံဖူးကြမှာပါ ကြိုးစားရဲ့သားနဲ့လည်း စီးပွားမဖြစ်တာတွေ
စီးပွားဖြစ်လည်း မီးလောင်လို့ စီးပွားပျက်သွားတာတွေ
တိုင်းပြည်အစိုးရတဲ့မင်းက နိုင်ငံပိုင် ပြည်သူပိုင်အဖြစ် သိမ်းလိုက်တာတွေ
ပင်ပင်ပန်းပန်းရှာထားတာတွေက
အခိုးခံလိုက်ရတာ အလုခံလိုက်ရတာတွေ
ရေကြီးလို့ ရှိရှိသမျှ အကုန်ပါသွားတာတွေ
မွေးထားတဲ့သားသမီးထဲမှာ တစ်ချိန်လုံးသုံးဖြုန်းပြီး
တစ်မျိုးပြီးတစ်မျိုးပေးနေတ
ဒီတော့ အတိတ်ကလုပ်ခဲ့တာတွေကိုတော့ ထားလိုက်ပါ..
ချမ်းသာချင်ရင် အခုလက်ရှိဘဝမှာတော့ အတတ်နိုင်ဆုံး ပြုပြင်သင့်တာ ပြုပြင်ရပါတော့မယ်..
ဒါမှလည်း တော်ကာကျမှာပါ..
မဆင်းရဲချင်ရင်
မတွန့်တိုပါနဲ့
(သေရင် ကိုယ့်နောက်ကုသိုလ်အကုသိုလ်
များများလှူပါ
(ငွေကုန်ခံပြီးလှူမှ အလှူမဟုတ်ပါ)
သူများဥစ္စာပစ္စည်းတွေကို ဘယ်တော့မှ မခိုးပါနဲ့
လိမ်လည်လှည့်ဖြားပြီးလည်း ကိုယ့်လက်ထဲရောက်အောင်မလုပ်
(ကိုယ်ယူတာ လူမသိရင်တောင်မှ ကိုယ်က သိနေတော့
နေရတာ လိပ်ပြာမလုံတော့ဘူး
ကိုယ်က အတင်းမေ့ထားလည်း သေခါနီးမှာ ဒါတွေက ပြန်မြင်ယောင်လာတတ်တယ်)
သူများချမ်းသာကြီးပွားတိုးတ
ဣဿာမစ္ဆရိယစိတ် မနာလိုမရှုစိမ့်မဖြစ်မိပါစေန
(အဲ့ဒီစိတ်ဖြစ်နေရင် ကိုယ်ပဲလူမသိသူမသိပူလောင်နေ
တစ်ဖက်လူက သိတောင်သိမှာမဟုတ်ဘူး
စိတ်လောင်နေရင် မျက်နှာဟာလည်း မကြည်တော့ဘူး)
ဒါကြောင့် အတတ်နိုင်ဆုံး အကောင်းမြင်ဝါဒနဲ့ မုဒိတာပွားနိုင်အောင်သာ ကြိုးစားလိုက်ပါ..
(ဒီစိတ်က ကုသိုလ်လည်းရတယ် ကိုယ်လည်းစိတ်ချမ်းသာတယ်)
ဆရာတော်တွေရေးသားတဲ့ စာတွေထဲမှာလည်း ဆင်းရဲရခြင်း အတိတ်အကြောင်းက(၃)ပါးရှိတာ ဖတ်ဖူးပါတယ်..
မြတ်စွာဘုရားက သံယုတ်ပါဠိတော် မစ္ဆရီသုတ်"ထဲမှာ
အပြည့်အစုံဟောထားတယ်ဆိုတာကိ
အောက်ဖော်ပြပါ (၃)ချက်ကတော့ မေတ္တာရှင်ရွှေပြည်သာရေးတဲ့စာ
၁။ ဒါနမပြုခဲ့ခြင်းကြောင့် ဆင်းရဲမွဲတေခြင်း-
ဒါနမပြုခဲ့သောကြောင့် ဆင်းရဲမွဲတေရသူများသည်
လုံ့လဝီရိယဖြင့်ရှာဖွေခဲ့လျ
သနားတတ်သော သူတစ်ပါး၏ အကူအညီကိုလည်း
အနည်းငယ်ရနိုင်သေးသည်..
၂။သူတစ်ပါး၏ဥစ္စာကို လိမ်လည်လှည့်ဖြားခိုးယူခဲ့ေ
ဆင်းရဲမွဲတေခြင်း-
သူ့ဥစ္စာကိုခိုး၍ ဆင်းရဲမွဲတေသူများကား
ရှာဖွေလို့လည်း မလွယ်ကူ
အစစအဆင်ပြေ၍ ရှာဖွေရခဲ့သော်လည်း
မီး မင်း ခိုးသူ ရေ အမွေခံဆိုး ဟူသော
ရန်သူမျိုးငါးပါး၏ ဖျက်ဆီးခြင်းကို မကြာခဏခံရသဖြင့်
ဘယ်သောအခါမှ နာလန်မထူပေ..
၃။ဣဿာမစ္ဆရိယ များခဲ့သောကြောင့် ဆင်းရဲမွဲတေခြင်း-
ဣဿာမစ္ဆရိယကြောင့် ဆင်းရဲမွဲတေသူများကား
ထို့ထက်ဆိုးပါသေး၏..
ရှာဖွေလို့ ဘယ်လိုမှမရသည့်အပြင်
လူတိုင်းကို သနားညှာတာပြီး ကူညီတတ်သောသူများပင်
ဣဿာမစ္ဆရိယသမားများနှင့်တွေ့
ကူညီလိုစိတ် သနားညှာတာစိတ်များ
အလိုလို ကုန်ခန်းသွားတတ်သည်မှာ အံ့သြစရာကောင်းလှပါ၏..
စေတနာမေတ္တာအရင်းခံဖြင့်-
ohmarshin
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။