Thanlay Ko
ကိုကိုဂျပန်နဲ့တော့ ခက်ပြီ
မြန်မာပြည်ကိုရောက်တာ ၆ လလောက်ကြာတော့ မြန်မာစကားကို မတောက်တခေါက်ပြောတတ်လာတယ်။
ဘယ်က သင်နေလဲတော့မသိဘူး။
မြီးရှည်တို့ မုန့်တီတို့ ခေါ်တတ်နေပြီ။
မနက်အစော ရုံးမှာတွေ့ရင် 'အိုဟိုင်းရိုး ဂိုဇိုင်းမတ်' မလုပ်ဘဲ 'မင်္ဂလာဘား' တွေ ဘာတွေ နှုတ်ဆက်တတ်နေပြီ။
ရုံးဝန်ထမ်းတဝက်လောက်က အင်္ဂလိပ်လိုမရတော့ သူမြန်မာစကားသင်တာနေမှာ။
ခုနကတော့....
ရုံးဝန်ထမ်း သန့်ရှင်းလုပ်တဲ့ ကလေးမကို သူက မြန်မာလိုပြောပြီး ခိုင်းနေတာကြားလိုက်တယ်... ...
"!*&^%$#@"
"ရှင်..."
သူဘာပြောလိုက်မှန်း ကလေးမက မသိလိုက်လို့ "ရှင်..." ဆိုပြီး မျက်လုံး အပြူးသားနဲ့ ပြန်မေးတော့ သူက တလုံးချင်းပြန်ပြောတယ်... ...
"ေ ကာ် ဖီ ခွက် စား ချင် တယ်"... တဲ့။
ကလေးမက အလန့်တကြား ကိုယ့်လှည့်ကြီးပြီး မေးတယ်... ...
"ဦး... လုပ်ပါအုံး ဒီဂျပန်ကြီးက ကော်ဖီခွက် စားချင်လို့တဲ့၊ ကျွေးလိုက်ရမလား"
"အေး... သေချာဆေးပြီး ကျွေးလိုက်"
"ဟုတ်ကဲ့..."
အင်း...
တကယ်ထလုပ်နေတာဟ
ငါမကယ် သေဖွယ်ရာ ရှိတယ်
ဒါနဲ့ ပြန်ပြင်ပြောရတယ်... ...
"ဟဲ့... သူက ကော်ဖီဖျော်ခိုင်းနေတာ၊ ကော်ဖီတစ်ခွက် ဖျော်ပေးလိုက်"
"ဟုတ်... ဟုတ်..."
ဒီနှစ်ယောက် လွှတ်များထားလိုက်ရင် ကိုရွှေဂျပန်တော့ ကော်ဖီခွက်ကြီးကိုက်ရလို့ သွားတွေပဲ့ကုန်မလား မသိဘူး။
စောစောစီးစီး ရီလိုက်ရတာ ပြောမနေနဲ့။
.
.
သန်၎ကို - ပေါက်ကရ၄၀

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။