Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Friday, December 30, 2016

2016 က ကျွန်တော့်ကို သင်ပေးသော သင်ခန်းစာနဲ့ ဗဟုသုတ ၂၇ ချက်

2016 က ကျွန်တော့်ကို သင်ပေးသော သင်ခန်းစာနဲ့ ဗဟုသုတ ၂၇ ချက်

1. ရှုထားတဲ့လေကို မထုတ်ပဲနဲ့ လေအသစ်ကို ရှုလို့ မရဘူး။ တစ်ခုလိုချင်ရင် တစ်ခုကို စွန့်လွှတ်ရမယ်။ ရမယ့်တစ်ခုကဟာ စွန့်လွှတ်လိုက်တဲ့တစ်ခုထက် မြင့်ရမယ်။

2. ဘယ်သူနဲ့ဖြစ်ဖြစ် ဘာအကြောင်းကြောင့်ဖြစ်ဖြစ် စိုတဲ့လက်ကို အတတ်နိုင်ဆုံး မခြောက်စေအပ်ဘူး။

3. မိတ်ဆွေကောင်းတွေ ရှိခြင်းဟာ မင်္ဂလာဖြစ်သလို အရေးကြုံလာတဲ့အခါမှာ ဘယ်သူက ကိုယ့်ဆီက အကျိုးရှိနေလို့ ကိုယ့်ကိုပေါင်းတယ်၊ ဘယ်သူက ကိုယ့်ကို တကယ်စေတနာရှိတယ်ဆိုတာ သိရှိနိုင်တယ်။

4. Comfort Zone ထံမှာ ကိုယ့်အတွက် အောင်မြင်မှုတွေ မရှိဘူး။ ရနေကျ မဟုတ်တာတွေကို လိုချင်ရင် လုပ်နေကျ မဟုတ်တာတွေ လုပ်ရမယ်။ နယ်ပယ်အသစ်တွေ သွားရမယ်။ လူအသစ်တွေနဲ့ တွေ့ရမယ်။

5. တစ်ခုခုကို ပြင်းပြင်းပြပြ တကယ်လိုချင်နေပြီဆိုရင် ဘယ်အရာမှ ကိုယ့်ကိုတားဆီးထားလို့မရဘူး။ လိုချင်ရတဲ့အကြောင်းရင်း WHY ခိုင်ခိုင်လုံလုံရှိရမယ်။

6. လူတွေကို လေးစားရမယ်။ အသက်ကြီးတာ၊ ငယ်တာ၊ ပိုက်ဆံပိုရှိတာ၊ မရှိတာ၊ ပညာပိုရှိတာ၊ မရှိတာ အားလုံးကို ဘေးဖယ်ထားပြီး သူ့ရဲ့ခံယူချက်နဲ့ ဖြစ်တည်မှုကို လေးစားရမယ်။

7. ကိုယ်တကယ်ပိုင်တဲ့အရာဟာ ကိုယ်လေ့လာသင်ယူထားတဲ့ ပညာပဲ ရှိတယ်။ လေ့လာသင်ယူမှုကို စဉ်ဆက်မပြတ်လုပ်သွားရမယ်။

8. အောင်မြင်မှု ကြီးကြီးမားမားရဖို့အတွက် ကိုယ့်ကို အပေါ်ကနေ ဆင်းခေါ်တဲ့လူတွေ လိုအပ်သလို အောက်ကနေ တွန်းတင်ပေးတဲ့လူတွေလည်း လိုအပ်တယ်။ ကိုယ့်ကို ကူညီပေးတဲ့လူတွေကို ကျေးဇူးတင်ရမယ်။

9. စီးပွားရေးလုပ်ငန်းတစ်ရပ်မှာ အောင်မြင်ချင်တဲ့လူတစ်ယောက်ဟာ General Knowledge, Related Technical Skill, Business Skill, Management Skill, Leadership Skill, Networking Skill, IT Skill, Language Skill အဲဒါတွေ အကုန်လုံးကို လေ့လာအပ်တယ်။

10. အဖွဲ့အစည်းတစ်ခု မြင့်မြင့်မှာ ကြာကြာနဲ့ ဝေးဝေးသွားချင်ရင် ခေါင်းဆောင်မှုနဲ့ စနစ်အရေးကြီးတယ်။ အသေးစိတ်အနေနဲ့ ဆိုရင် D ၅ လုံး အရေးကြီးတယ်။ Personal Development, Leadership Development, Team Development, System Development, Business Development တွေ အရေးကြီးတယ်။

11. ခေါင်းဆောင်တစ်ယောက်ဦးတည်လုပ်ရမယ့် အလုပ်ဟာ သြဇာရှိမှု ဖြစ်ပြီးတော့ အခြေခံလုပ်ရမယ့် အချက်က အကျင့်စာရိတ္တဖြစ်တယ်။

12. တိုက်သင့် တိုက်ထိုက်တဲ့ပွဲကို သေသေကြေကြေ တိုက်ဖို့လိုသလို မတိုက်သင့်တဲ့ တိုက်ပွဲဆိုရင်လည်း ခြေဦးတောင် မလှည့်သင့်ဘူး။ မှားယွင်းတဲ့တိုက်ပွဲကို တိုက်မိနေပြီလို့ ခံစားရရင် ရှိသလောက်အရှုံးနဲ့ ဖြတ်ပြီး လှည့်ထွက်လာနိုင်ရမယ်။ ရှေ့ဆက်သွားလို့ မရတာသေချာရင် ရပ်စရာရှိတာ မြန်မြန်ရပ်သင့်တယ်။

13. ကိုယ့်ကို တစ်ယောက်ယောက်က လိုက်အတုခိုးနေပြီဆိုရင် ဒါဟာ ကိုယ်အောင်မြင်မှုတစ်ခုခုရနေတဲ့ သဘောဆိုတာကို နားလည်ရမယ်။ အတုခိုးတာနဲ့ ပတ်သက်ရင် စိတ်ထဲဘာမှ မရှိသင့်ဘူး။ ကျွန်တော့်လူကြီးတစ်ဦးပြောဖူးသလိုဆိုရင် ကိုယ်လည်း နိုင်ငံခြားကလူတွေကိုအတုခိုးလာတာပဲ ဖြစ်တယ်။

14. ကိုယ်က နိုင်ငံတကာက ပညာတွေကို ကြေးကြီးကြီးနဲ့ ပေးပြီး မလေ့လာဘူးဆိုရင် နိုင်ငံတကာနဲ့ ယှဉ်ပြိုင်နိုင်ဖို့ မလွယ်ဘူး။

15. တစ်ကြိမ်မှာ တစ်ခုပဲ လုပ်အပ်တယ်။ အောင်မြင်တဲ့လူတွေဟာ ဗျာများနေတာ မဟုတ်ပဲ လိုချင်တဲ့ရည်မှန်းချက်ကို သတ်မှတ်၊ အသေးစိတ်လုပ်ရမယ့် အစီအစဉ်လေးတွေဆွဲ၊ ဦးစားပေး အစီအစဉ်သတ်မှတ်ပြီး တစ်ကြိမ်မှာ တစ်ခုကိုပဲ အာရုံစိုက်လုပ်သွားကြတာ ဖြစ်တယ်။

16. လုပ်သက်နဲ့ အသက်အရွယ်က ပညာရှိမှုကို မသတ်မှတ်နိုင်ဘူး။ အမြဲတမ်းပြန်လည်သုံးသပ်မှုတွေ လုပ်ထားတဲ့ အတွေ့အကြုံကသာ ကိုယ့်ကို ပညာဥာဏ်ကြီးစေမှာ ဖြစ်တယ်။

17. ဘေးနားမှာ ကိုယ့်ကြည့်မရတဲ့သူတွေ ရှိရင် ရှိမယ်။ မိတ်ဆွေဟန်ဆောင်ပြီး ဟိုပြော ဒီပြော လုပ်မယ့် လူတွေ ရှိမယ်။ ဘယ်လိုဖြစ်ဖြစ် ကိုယ်လုပ်မယ့်အလုပ်ကို ကိုယ်လုပ်ချင်စိတ်ရှိ၊ မရှိ၊ လုပ်နိုင်စွမ်း ရှိ၊ မရှိနဲ့ အဲဒီအလုပ်ဟာ လူ့ကျင့်ဝတ်၊ စီးပွားရေးကျင့်ဝတ်တို့နဲ့ ညီ၊ မညီကို ချိန်ဆပြီး အကောင်းဆုံး လုပ်ဆောင်သွားဖို့ လိုတယ်။

18. Personal Growth ကို ဖိလုပ်နေတဲ့အချိန်မှာ လူမှုရေးတွေ ဘာတွေကို မျက်နှာပူပူနဲ့ပဲ ဖြစ်ဖြစ် ဘေးမှာဖယ်ထားရမယ်။

19. စိတ်ညစ်တဲ့အချိန် တစ်ခုခုကို ကျော်ဖြတ်ရတဲ့အချိန်မှာ ဒီအတိုင်းကျော်ဖြတ်မလား၊ ကျော်ဖြတ်ရင်း တိုးတက်အောင် လုပ်သွားမလား။ စိတ်ညစ်ရင် သင်တန်းတက်သင့်တယ်၊ အချိန်ကာလတစ်ခုကျော်သွားရင် စိတ်ညစ်စရာ ပျောက်သွားတဲ့အပြင် အတတ်ပညာတစ်ခုပါ တတ်ပြီးသား ဖြစ်သွားလိမ့်မယ်။

20. ကိုယ့်ကို အခက်အခဲတစ်ခုကို တွန်းပို့တဲ့သူတွေ ရှိရင် ကျေးဇူးတင်သင့်တယ်။ သူတို့ကြောင့် ကိုယ်က ပိုပြီး သန်မာလာရတယ်။

21. အမှန်တရားဆိုတာ တစ်ခုတည်း ရှိတာ မဟုတ်ဘူး။ ကိုယ့်အတွက် မှန်တာဟာ အခြားလူအတွက် မှန်ချင်မှ မှန်မယ်။ အခြားသူရဲ့ ယုံကြည်မှုတိုင်းကို ကိုယ်က လိုက်လက်ခံစရာ မလိုဘူး။ ဒါပေမယ့် လေးစားရမယ်။

22. မိမိကိုယ်ကိုယ် ယုံကြည်မှုကို ကြိုတင်ပြင်ဆင်မှုရယ်၊ အတွေ့အကြုံရယ်ကနေ ရတယ်။

23. အတိတ်က စိတ်မကောင်းစရာ ကိစ္စတွေကနေ သင်ခန်းစာယူပြီး ကျန်တာတွေကို ဖယ်ရှားတတ်ရမယ်။ အတိတ်ဆိုတာဟာ သင်ခန်းစာယူဖို့ကလွဲရင် အနာဂါတ်အတွက် ဘာမှ သုံးစားမရဘူး။

24. ကိုယ်အောင်မြင်တယ် မအောင်မြင်ဘူးဆိုတာကို ကိုယ့်မြေးတွေ အောင်မြင်တယ် မအောင်မြင်ဘူးဆိုတာနဲ့ တိုင်းတာအပ်တယ်။

25. ခေါင်းဆောင်တစ်ယောက်အတွက် နောက်ဆုံးအောင်မြင်မှုဟာ ဆက်ခံသူ ရွေးချယ်နိုင်ခြင်း ရှိ၊ မရှိဆိုတာပဲ ဖြစ်တယ်။

26. ဘ၀ဆိုတာ လောကကြီးကနေ များနိုင်သမျှ များများကို ယူပြီး များနိုင်သမျှ များများကို ပြန်ပေးသွားဖို့ကို ဆိုလိုတယ်။

27. လောကီအရဆိုရင် financial freedom ကို ရရမယ်။ လောကုတ္တရာအရဆိုရင် သံသရာဝဋ်ဆင်းရဲကနေ လွတ်မြောက်ရာ နိဗ္ဗာန်ရောက်ကြောင်းမှအပ အခြားမျှော်မှန်းစရာ ဘာမှ မရှိပါ။

Growing Leaders is growing Organizations.

ခေါင်းဆောင်တွေကို ဖွံ့ဖြိုးတိုးတက်အောင် လုပ်ခြင်းသည် အဖွဲ့အစည်းများကို ဖွံ့ဖြိုးတိုးတက်လာအောင် လုပ်ပေးခြင်း ဖြစ်သည်။

Naing Win Aung - Executive Coach
Leadership Development Master Facilitator
MBA (Northampton, UK)
Associate Certified Coach (ICF)
Certified NLP Master Practitioner & Master Coach
Certified Time Line Therapy Master Practitioner
Certified John Maxwell Coach, Trainer & Speaker
29.12.2016
#KoNaingGyiNotes
#naingwinaungexecutivecoach
#BreakthroughCoachingMyanmar

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။