Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Saturday, December 24, 2016

မြေနီကုန်းတံတားအောက်ပန်းခြံမှာ သန့်ရှင်းရေးလုပ်ပေးနေသူ မင်းမြေခ နှင့် တွေ့ဆုံခြင်း

မြေနီကုန်းတံတားအောက်ပန်းခြံမှာ သန့်ရှင်းရေးလုပ်ပေးနေသူ မင်းမြေခ နှင့် တွေ့ဆုံခြင်း
"""""""""""""""""""""""""""""""""""""""""""""""""""""""""""""""""""""""""""""""""""""""""""

ပတ်ဝန်းကျင်သန့်ရှင်းရေးဆိုတာတစ်ကိုယ်ရည်သန့်ရှင်းရေးလိုအရေးကြီးပါတယ် မြေနီကုန်းတံတားအောက်ပန်းခြံမှာသန့်ရှင်းရေးလုပ်ပေးနေသူ မင်းမြေခ နှင့် တွေ့ဆုံခြင်း
လူတိုင်းက ကိုယ့်အသိစိတ်နဲ့ကိုယ် ဖြစ်လာမယ်ဆိုရင် ပိုပြီးအဆင်ပြေလာနိုင်တယ်။

ရန်ကုန်၊ ဒီဇင်ဘာ ၂၁- ပတ်ဝန်းကျင် သန့်ရှင်းရေးလုပ်တယ်ဆိုတာ ကိုယ့်တစ်ကိုယ်ရည်သန့်ရှင်းရေးလုပ်သလို မှတ်ယူပြီး အပတ်စဉ် စနေနေ့ညဘက် ၁၁းဝ၀ နာရီက နေ မိုးလင်းအထိ မြေ နီ ကုန်း တံ တားအောက်မှာ ကိုယ့်အသိစိတ်ဓာတ်နဲ့ကိုယ် သန့်ရှင်းရေးလုပ်ပေး နေသူတစ်ဦး ရှိပါတယ်။ သူက လူငယ်တစ်ဦးပါ။ နိုင်ငံရေးသမားတစ်ဦးထက် နိုင်ငံသားကောင်း တစ်ဦးပီသချင်တာလို့ သူက ဆို ပါတယ်။

သူက ၁၀ တန်းအောင်ပြီး ပထမနှစ်တက်နေပါတယ်။ အသက် ၁၇ နှစ်ခန့်သာ ရှိပါသေးတယ်။ ကျောင်းလည်းတက် အလုပ်လည်း လုပ်ရင်းတတ်နိုင်တဲ့ ပရဟိတ အလုပ်တွေကို ကူညီပြီး လုပ်ကိုင်ပေးနေတာပါ။ မြေနီကုန်း တံတားအောက်မှာ သန့်ရှင်းရေးကို စတင်လုပ်ကိုင်ပေးသူ မင်းမြေခနဲ့ တွေ့ဆုံမေးမြန်းပါတယ်။

မော်ဒန်။ ။ သည်လိုမျိုးကို ဘယ်ကနေ စလုပ်ဖြစ်တာလဲ။ •
မင်းမြေခ။ ။ ဖေ့စ်ဘုတ်ခ်ပေါ်မှာ BBC News က လား မသိဘူး၊ တင်ထားတာတွေ့လိုက်တယ်။ စတောင်မဖွင့်ရသေးဘူး၊ ညစ်ပတ်နေတယ်ဆိုပြီး တင်ထားတာတွေ့တော့ စိတ်မကောင်း ဖြစ်သွားတယ်။ ကောမန့်တွေ ဝင်ဖတ်ပြီး တော့ ကျွန်တော်ပဲ ဦးဆောင်ပြီး တော့ နောက်တစ်ပတ်သွားလုပ် မယ်ဆိုပြီး တင်ခဲ့တာပေါ့။ အဲသည် ရက်ပိုင်းအတွင်း သွားကြည့်တော့လည်း တော်တော်ညစ်ပတ်နေတာ တွေ့လိုက်တယ်လုပ် ဖြစ်တယ်ပေါ့။ ရန်ကင်းမှာ နေတယ်။ ကျွန်တော်က မနက်ပိုင်းကလည်း အလုပ်ဆင်းနေရတာဆိုတော့ ညဘက်ပဲ သွားလုပ်ဖြစ်တယ်။

မော်ဒန်။ ။ စလုပ်တုန်းကရော ဘယ်လို အခက်အခဲတွေ ကြုံတွေ့ ခဲ့ရလဲ။ ••
မင်းမြေခ။ ။ အခက်အခဲတွေကတော့အများကြီး ရှိတယ်။ သွားလုပ်တဲ့ အချိန်က ည ၁၁းဝ၀ နာရီ၊ ၁၂းဝ၀ နာရီဆိုပေမဲ့ လူကလည်း မရှင်းသေးဘူးဆိုတော့ လူရှင်းတဲ့အထိ စောင့်ရတယ်။ ဘောလုံးကွင်းဘက်ကို သွားကြည့်တော့ လည်း အရမ်းညစ်ပတ်နေတယ်။ ဘောလုံးကန်နေတဲ့ သူတွေက ရှိ နေသေးတယ်ဆိုတော့ သူတို့ကို စောင့်ရတယ်။ ၂းဝ၀ နာရီလောက် မှာ တစ်ဖွဲ့ကန်တာ ပြီးတယ်။ မိနစ် ၂၀ လောက်နေတော့ နောက်တစ် ဖွဲ့ ထပ်ရောက်လာတယ်။ သူတို့က တစ်ညလုံး ကန်ကြတာ။ ကန်နေတဲ့သူတွေကြားထဲမှာပဲ လုပ်ခဲ့ရတာ ဘောလုံးမှန်မှာလည်း ကြောက်ရသေးတယ်။ အမှိုက်ကတော့ ၁၂းဝ၀ နာရီ လောက်ကတည်းက ကောက်ထားကြတာ။ အမှိုက်တွေက တော်တော်များတယ်။ အိတ်အကြီးနဲ့ နှစ်အိတ်ရတယ်။

သဲတွေကလည်း တအားများတယ်။ အပြာရောင်အခင်းပေါ်မှာ ဆိုတော့ အကွက်ကွက်တွေ မြင်နေရတယ်။ တံမြက်စည်းတစ် ချောင်းတွေ့တယ်။ အဲဒါနဲ့ပဲ သန့် ရှင်းရေးလုပ်ခဲ့တာပါ။ ပထမတော့ လက်အိတ်ဝတ်ပြီး လုပ်တယ်။ အဲသည် ပုလင်းကွဲတွေ ဘယ်သူတွေက လာခွဲသွားလဲ မသိဘူး။ လက်ကို ထိသွားတယ်။ အဲဒါနဲ့ လက်အိတ်မဝတ်တော့ဘဲ သည်အတိုင်း လုပ်ခဲ့တာ လက်ဗလာနဲ့ပဲ ဆပ်ပြာတွေကိုင်ပြီး ကွမ်းတံတွေးတွေ လိုက်သုတ်ရတယ်ဆိုတော့ ဒုက္ခ တော့ ရောက်တာပေါ့။ တော်တော်လေးတော့ ပင်ပန်းတယ်။ မနက်ကျတော့ ရုံးတန်းသွားရတာဆိုတော့လေ။

မော်ဒန်။ ။ ဘယ်လိုခံယူချက်တွေနဲ့ လုပ်ပေးတာလဲ။ •••
မင်းမြေခ။ ။ လူငယ်တစ်ယောက် အနေနဲ့ ခံယူထားတာက ကိုယ်ကိုယ်တိုင်ကလည်း နိုင်ငံရေးသမား ဖြစ်ချင်တာ မဟုတ်ဘူး။ နိုင်ငံသား ကောင်းဖြစ်ချင်တာဆိုတော့ သည်နိုင်ငံမှာ နေလို့ ရှိရင် သည်နိုင်ငံနဲ့ပတ်သက်တာတွေ အကုန်လုံးလုပ်ချင်တယ်။ ကျွန်တော်က ဘတ်စ်ကားအမြဲစီး ရတယ်။ မိန်းကလေးတွေ၊ အသက် အရွယ်ကြီးတဲ့သူတွေ မတ်တတ် ရပ်စီးရတယ်ဆိုရင် ကျွန်တော်ထိုငမစီးချင်ဘူး။ သူတို့ကို ခေါ်ပြီးထိုင်ခိုင်းတယ်။ ပြီးတော့မိန်းကလေးတွေကျတော့ သူတို့ကို ကြောင် တယ်ထင်မှာလည်း ဆိုးရသေး တယ်လေ။ ကိုယ်ကထိုင်နေတယ်။ သက်ရွယ်ကြီးတဲ့သူတွေက မတ်တတ်ရပ်နေတယ်။ လှမ်းခေါ်ဖို့ကျတော့လည်း ဝေးနေတယ်ဆိုရင် ကျွန်တော်က အဲသည်နေ့ဆိုရင် အပြင်မှာတွေ့တဲ့ကလေးတွေကို ၅၀ဝ စီ လှူပေးတယ်။ အဲ သည်လိုတော့ အမြဲလုပ်ဖြစ်ပါတယ်။ အူကြောင်ကြောင်တော့ နိုင်တာပေါ့။ ဒါပေမဲ့ ကျွန်တော်တတ်နိုင်တာလေးတွေလုပ်နေတာဆိုတော့ ပီတိဖြစ်တယ်။ နိုင်ငံတော် သီချင်းတွေ ရုပ်ရှင်ရုံမှာ ဆိုကြရင်လည်း မတ်တတ်မရပ်တဲ့သူတွေကို တအားမုန်းတယ်။ တစ်ခါတလေဆို မျက်ရည်ကျမိတယ်။ နိုင်ငံနဲ့ ပတ်သက်ပြီး ခံယူချက်ကတော့ ပြင်းထန်တယ်ပဲ ပြောရမယ်။

မော်ဒန်။ ။ သန့်ရှင်းရေးသွားလုပ်ရင် ကူညီမယ်လို့ ပြောလာတာတွေ ရောရှိလား။ ••••
မင်းမြေခ။ ။ ရှိတယ်။ အခုလောလောဆယ် အယောက် ၂၀လောက် တော့ရှိမယ်ထင်တယ်။ ပြောထားကြတဲ့သူတွေပေါ့။ ကျွန်တော်က လည်း ကမ်းလှမ်းထားတာတွေရှိတယ်။ သူတို့ကလည်း လာလုပ်ပေးမယ်ပြောထားတယ်။ ကျွန် တော်က နောက်တစ်ပတ် စနေမှာသွားလုပ်ဖို့တော့ရှိတယ်။ ညဘက် အားတယ်ဆိုတော့ ညပိုင်းပဲ လုပ်ဖြစ်မှာပါ။

မော်ဒန်။ ။ ရှေ့ဆက်ပြီးတော့ ဘာတွေလုပ်ဖို့ အစီအစဉ်ရှိသေးလဲ။ •••••
မင်းမြေခ။ ။ သည်တစ်ခုကတော့ စည်ပင်သာယာက မလုပ်မချင်း ကျွန်တော်ကတော့ လုပ်ဖို့ အစီအစဉ်ရှိတယ်။ တစ်ပတ်တစ်ခါပဲ လုပ် တာဆိုတော့ အခုသွားကြည့်ခဲ့တာ တောင် တော်တော်လေးပြန်ညစ် ပတ်နေပြီ။ သန့်ရှင်းရေးကို ပြန်လုပ်ရမယ်။ နောက်ပိုင်းကျရင်တော့ လိုအပ်တဲ့နေရာတွေကို လိုက်လုပ်ပေးချင်တယ်။ ပိုက်ဆံကလည်း အများကြီးမတတ်နိုင်ဘူး ဆိုတော့ ကိုယ့်ဘာသာကျောင်း တက်ရင်းနဲ့ အလုပ်လုပ်ရတော့ ငွေကြေးပိုင်းကိုတော့ မတတ်နိုင်ဘူး။ လူအင်အားနဲ့ပဲလုပ်ပေးနိုင်တာ ၊ သူများတွေက တစ်ခုခုလုပ်ဖို့ ဖိတ်ခေါ်ပေးတယ်ဆိုရင်လည်း အားတဲ့ အချိန်ဆို သွားလုပ်ပေးဖို့ အစီအစဉ်တော့ ရှိပါတယ်။

မော်ဒန်။ ။ ဖေ့စ်ဘုတ်ခ်မှာ သန့်ရှင်းရေးသွားလုပ်မယ်ဆိုပြီး ရှဲလ်ဖြစ်တဲ့ အကြောင်းလေးပြောပေးပါဦး။ ••••••
မင်းမြေခ။ ။ ဖေ့စ်ဘုတ်ခ်မှာ ရှဲလ် ဖြစ်တာကျတော့ ကိုယ့်စိတ်ကူးနဲ့ ကိုယ်လုပ်ဖြစ်တာပါ။ သူများတွေ မလုပ်လည်း ငါလုပ်မယ်ဆိုပြီး လုပ်ခဲ့တာ။ မြန်မာတွေက သိတဲ့အတိုင်းပဲ။ တစ်ယောက်လုပ်တယ်ဆိုရင် လိုက်လုပ်ကြတယ်။ တစ်ယောက် ကစပြီး လုပ်ပြလိုက်ရင် လိုက်လုပ်မလားဆိုပြီးတော့ စလုပ်ခဲ့တာ။ တကယ်လုပ်ပေးတဲ့သူတွေကို လိုချင်တာသူတို့များလုပ်လေမလား ဆိုပြီး ရည်ရွယ်ပြီး တင်ဖြစ်တာပါ။

မော်ဒန်။ ။ စလုပ်ခါစက ကူညီပေးတဲ့ သူတွေရှိလား။ •••••••
မင်းမြေခ။ ။ စလုပ်ခါစကတော့ တစ်ယောက်တည်းပဲ။ ပြီးတော့ အစ်မတစ်ယောက်က ကူညီမယ် ဆိုပြီး ကူညီပေးတယ်။ ပြီးတော့ ဒဂုံစင်တာက ညစောင့် တစ်ယောက်က ကူညီပေးတယ်။ ရေတွေ ဘာတွေလည်း အပေါ်ကနေ ခပ်ပေးတယ်။ အဲသည်လိုလုပ်တာကို ဘောလုံးသမားတွေက လာမေးကြတယ်။ အခကြေးငွေရလို့လားပေါ့။ ကျွန်တော်ကတော့ ပြန်ပြော လိုက်တယ်။ ဖေ့စ်ဘုတ်ခ်မှာ ညစ်ပတ်နေတယ်ဆိုပြီး တင်ထားလို့ လာလုပ်တာလို့ပြောလိုက်တယ်။ ကူညီပေးတဲ့သူကတော့ အစ်မတစ်ယောက်နဲ့ ညစောင့်တစ်ယောက်ပဲ။

မော်ဒန်။ ။ တခြားနေရာ ပြောင်းလုပ်ပေးဖို့ အစီအစဉ်ရှိသေးလား။ ••••••••
မင်းမြေခ။ ။ သည်ဟာကို စည်ပင်သာယာက အမှိုက်ပုံးတွေ သေချာချပေးမယ်။ ဝန်ထမ်းတွေ သေချာခန့်ပြီး လုပ်ခိုင်းမယ်ဆိုရင်တော့ ကျွန်တော် လုပ်စရာမလိုတော့ဘူး လေ။ အဲသည်လိုမျိုးဆိုရင်တော့ တခြားခုံးတံတားတွေမှာ လိုက်ပြီး တော့ လုပ်ပေးဖို့ရှိတယ်။ အမှိုက်များတဲ့နေရာတွေကိုတော့ အဓိက ထားပြီး လုပ်မှာပေါ့။

မော်ဒန်။ ။ ဖြည့်စွက်ပြောချင်တာ ရှိသေးလား။ •••••••••
မင်းမြေခ။ ။ ကျွန်တော်ကတော့ တခြားသူကို အတုမယူစေချင်ဘူး။ အစစ်ပဲယူစေချင်တယ်။ လူတိုင်းက ကိုယ့်အသိစိတ်နဲ့ ကိုယ်ဖြစ်လာမယ်ဆိုရင် ပိုပြီးအဆင်ပြေလာနိုင်တယ်။ လတ်တလော လုပ်ချင်နေတာကတော့ လှည်းတန်းခုံးတံတားအောက်မှာ စာသင်နေတဲ့ ကလေးတွေကို စာသင်ပေးချင်တယ်။ ကိုယ်ကလည်း ငယ်သေးတော့ သွားသင်ပေးရင် ဆရာလုပ်တယ်တွေ ဘာတွေ ပြောခံရမှာလည်း ကြောက်တယ်။ ဒါပေမဲ့ သူတို့တွေကိုတော့ အောင်မြင်စေချင်တယ်ပေါ့။ သင်ပေးဖို့လည်း ကြိုးစားမှာပါ။

မော်ဒန်။ ။ အခုလို ဖြေကြားပေးတာ ကျေးဇူးတင်ပါတယ်။
Author - လိမ္မာ

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။