၂ဝ၁၅ခုနှစ်မေလ၂၇ရက်က အမေရိကန်ဟားဗတ်တက္ကသိုလ်ရဲ့ နှစ်တစ်နှစ်တာ ဘွဲ့နှင်းသဘင်အခမ်းအနားနြေ့ ဖစ်တယ်။ အဲဒီနေ့မှာ ကျောင်းသားတွေက အထူးဧည့်သည်တော်တစ်ဦးကို ဟောပြောပေးဖို့ ဖိတ်ကြားခဲ့တယ်။
.
အဲဒီဧည့်သည်တော်က ရုပ်ရည်ချောမောလှပပြီး ပျော့ပျောင်းတဲ့ဆံပင်ကို ပခုံးထက်မှာ ဖြန့်ချထားတယ်။ သူဝတ်ထားတဲ့ ပန်းပွင့်ပါတဲ့ဂါဝန်ရှည်က သူ့ကိုဖော်ရွေရင်းနှီးမှုတွေ ပိုပေါ်လွင်နေစေခဲ့တယ်။ သူဟာ သူဖြတ်သန်းခဲ့ရတဲ့ကျောင်းသားဘဝကို မျက်ရည်စက်လက်နဲ့ ပြောသွားခဲ့ပါတယ်။
.
Natalie Portman ကို ဟားဗတ်တက္ကသိုလ်က စိတ်ပညာဘာသာရပ်ကျောင်းသူတစ် ဦးဆိုတာကို လူသိနည်းခဲ့ပါတယ်။ ဒါဟာလည်း သူ့ရဲ့တခြားဂုဏ်ယူစရာတစ်ခြု ဖစ်တဲ့ အော်စကာဆုရှင်ဆိုတဲ့ ဂုဏ်ပုဒ်ကြောင့်ဖြစ်ပါလိမ့် မယ်။
.
တကယ်တမ်းမှာလည်း Natalie က ဟော်လိဝုဒ်က ဘက်စုံရသရုပ်ဆောင်တစ်ဦးဖြစ်တယ်။ သူဟာ သရုပ်ဆောင်ပညာ၊ အကပညာတွေအပြင် ဘာသာစကား ၄မျိုးတတ်သူဖြစ်တယ်။ သူကိုယ်တိုင် ဒါရိုက်တာလုပ်သလို သူ့ကိုယ်ပိုင်ထုတ်လုပ်ရေးကု မ္ပဏီလည်းရှိပါတယ်။
.
၁၉၉၄ခုနှစ်မှာ ဒါရိုက်တာ Luc Besson ရိုက်ကူးတဲ့ “The Professional”ဇာတ်ကားမှာ အသက် ၁၃နှစ်သာရှိသေးတဲ့ Natalieက လက်ထဲမှာအမြဲပန်းအိုးတစ်လုံးကိုင်ထားတဲ့ ကောင်မလေးတစ်ယောက်အဖြစ် သရုပ်ဆောင်ခဲ့တယ်။ အဲဒီဇာတ်ကားနဲ့ပဲ သူနာမည်ရလာခဲ့ပြီး အနုပညာလောကထဲ သူဝင်ရောက်ခဲ့တာဖြစ်တယ်။
.
၁၆နှစ်နောက်ပိုင်းမှာ Natalie ဟာ သည်းထိတ်ရင်ဖိုဇာတ်ကားတစ်ကားဖြစ်တဲ့ “Black Swan”မှာ ပါဝင်သရုပ်ဆောင်ခဲ့တယ်။ အဲဒီဇာတ်ကားမှာ သူဟာ ဘဲလေးကချေသည်တစ်ဦးဖြစ်တယ်။ အဲဒီဇာတ်ကားနဲ့ပဲ အော်စကာဆုကို သူဆွတ်ခူးရရှိခဲ့တယ်။
.
Black Swanဇာတ်ကားအတွက် Natalie အရမ်းကြိုးစားခဲ့ရတယ်။ ဇာတ်ကားထဲက ဘဲလေးကချေသည်ကောင်းတစ်ဦးဖြ စ်အောင်
ဇာတ်ကားမရိုက်ခင် ၆လအလိုမှာ အကတွေကို သူကျင့်ခဲ့ရတယ်။ တစ်ရက်ကို ၅နာရီမှ
၈နာရီအထိ ဘဲလေးအကကျင့်၊ ရေကူးကျင့်ခဲ့ရတယ်။ တစ်နေ့ကို ၅နာရီသာ
သူအိပ်ချိန်ရခဲ့တယ်။ သွယ်လျတဲ့ဘဲလေးကချေသည်တစ်ဦးဖြစ်အောင် အသီးအရွက်နဲ့ ကောက်ပဲသီးနှံတွေကိုသာ သူစားခဲ့ရတယ်။
.
၁၉၉၉ခုနှစ်မှာ “The Phantom Menace”ဇာတ်ကားကို ရိုက်ကူးပြီးတဲ့နောက် သရုပ်ဆောင်လောကကနေ Natalieခေတ္တရပ်နားပြီး ကျောင်းစာဘက်ကို သူအာရုံစိုက်ခဲ့တယ်။ သူ့အသက် ၁၈နှစ်အရွယ်မှာ Yale တက္ကသိုလ်နဲ့ ဟားဗတ်တက္ကသိုလ်က တက္ကသိုလ်ဝင်ခွင့်အကြောင်းကြားစာကို သူတစ်ပြိုင်တည်းရရှိခဲ့တယ်။
နောက်ဆုံးမှာ ဟားဗတ်တက္ကသိုလ်က စိတ်ပညာဘာသာရပ်ကို သူရွေးချယ်ခဲ့တယ်။
၎နှစ်နေပြီးနောက် သူဘွဲ့ခဲ့ရတယ်။ စိတ်ပညာဘာသာရပ်က သူ့သရုပ်ဆောင်မှုတွေကို
ပိုကောင်းစေနိုင်တယ်လို့ Natalie ယုံကြည်ခဲ့တယ်။
.
“သင်ယူခြင်းဆိုတာ ကိုယ့်ကိုယ်ကိုဖြည့်ဆည်းပေး ရုံတင်မက အနုပညာသရုပ်ဆောင်မှုမှာလည်း အကူအညီပေးနိုင်တယ်”လို့ သူပြောခဲ့တယ်။
.
Natalie ဟာ ဟားဗတ်တက္ကသိုလ်ကပေးတဲ့ဘွဲ့နဲ့ မတင်းတိမ်နိုင်ဘဲ Hebrew တက္ကသိုလ်မှာ မာစတာတန်းကို သူသွားတက်ရောက်ခဲ့ပါသေးတယ်။ ဟော်လိဝှဒ်သရုပ်ဆောင်တွေထဲမှာ Natalie က အများနဲ့မတူသူပါ။ သူဟာ ရုပ်ရှင်သရုပ်ဆောင်တစ်ဦးဖြ စ်သလို သုတေသနပညာရှင်တစ်ဦးလည်းဖြစ်ပါတယ်။ အင်္ဂလိပ်၊ ပြင်သစ်၊ ဂျပန်၊ Hebrew ဆိုတဲ့ ဘာသာစကားလေးမျိုးကို သူတတ်ပါသေးတယ်။
.
“တကယ်လို့ သင့်ကို မိန်းမချော၊ မိန်းမလှလို့ တခြားသူကတင်စားရင် သူတို့ရဲ့စိတ်ထဲမှာ သင့်အပြင်ပန်းအလှပဲ ကျန်ရစ်ခဲ့ပါတယ်။ သင့်ရဲ့ ထူးခြားတဲ့အရည်အသွေး၊ သင့်ရဲ့အသိဉာဏ်ပညာက သိပ်အရေးမပါသလိုဖြစ်သွားတယ် ” လို့ Natalie က ပြောတယ်။
-----------
ဘယ်တုန်းကရေးထားမှန်းမသိတဲ့ ကွန်ပျူတာထဲတစ်ဝက်တစ်ပျက်သိ မ်းထားတဲ့စာကိုတွေ့လို့ ကောက်တင်လိုက်တယ်။
.
တကယ်လို့ သင့်ကို မိန်းမချော၊ မိန်းမလှလို့ တခြားသူကတင်စားရင် သူတို့ရဲ့စိတ်ထဲမှာ သင့်အပြင်ပန်းအလှပဲ ကျန်ရစ်ခဲ့ပါတယ်။ သင့်ရဲ့ ထူးခြားတဲ့အရည်အသွေး၊ သင့်ရဲ့အသိဉာဏ်ပညာက သိပ်အရေးမပါသလိုဖြစ်သွားတယ် တဲ့... ဒါကြောင့် အရမ်းကြီးချောလှနေစရာမလိုဘူး.. Natalie ပြောသလို အရမ်းချောအရမ်းလှနေရင် လူတွေရဲ့အာရုံက ကိုယ့်အလှပေါ်မှာပဲရှိနေတယ်။ ကိုယ့်ကြိုးစားမှု၊ ကိုယ့်အရည်အချင်းကိုမမြင်ဘဲ .. ဟာ လှလို့ရသွားတာလေ.. လှလို့ဖြစ်သွားတာပေါ့လို့ ကိုယ့်ရဲ့အောင်မြင်မှုက ကိုယ့်အလှကြောင့်ဖြစ်လာတာလို့ပဲထင်ကြတယ်။ ဒီလိုအောင်မြင်ဖို့ ကိုယ်ဘယ်လိုရုန်းကန်ကြိုးစားခဲ့တယ်ဆိုတာကို မမြင်ကြတော့ဘူး။ ဟော်လီဝုဒ်က မင်းသားမင်းသမီးတော်တော်များများက ပညာတတ်တွေများတယ်။ လှလို့ မင်းသမီးဖြစ်သွားတာ၊ ဌေးလို့ မင်းသားဖြစ်သွားတာဆိုတာမျိုး ရှားတယ်။ ဇာတ်ကားတစ်ကားရိုက်ဖို့ သူတို့ခက်ခက်ခဲခဲ ပင်ပင်ပန်းပန်းကြိုးစားရတယ် ။ ပြီးရင်ပြီးရော ပါးစပ်ထဲတွေ့ကရာ ဒိုင်ယာလော့တွေမပြောဘူး... ဒါကြောင့်လည်း သူတို့ရဲ့ဇာတ်ကားတစ်ကားတစ်ကားက မှတ်သားစရာ၊ ကြည့်ရတန်အောင် တစ်ခုခု အမြဲပေးတာပါပဲ...
.
#NineNineSaNay
.
အဲဒီဧည့်သည်တော်က ရုပ်ရည်ချောမောလှပပြီး ပျော့ပျောင်းတဲ့ဆံပင်ကို ပခုံးထက်မှာ ဖြန့်ချထားတယ်။ သူဝတ်ထားတဲ့ ပန်းပွင့်ပါတဲ့ဂါဝန်ရှည်က သူ့ကိုဖော်ရွေရင်းနှီးမှုတွေ
.
Natalie Portman ကို ဟားဗတ်တက္ကသိုလ်က စိတ်ပညာဘာသာရပ်ကျောင်းသူတစ်
.
တကယ်တမ်းမှာလည်း Natalie က ဟော်လိဝုဒ်က ဘက်စုံရသရုပ်ဆောင်တစ်ဦးဖြစ
.
၁၉၉၄ခုနှစ်မှာ ဒါရိုက်တာ Luc Besson ရိုက်ကူးတဲ့ “The Professional”ဇာတ်ကားမှာ အသက် ၁၃နှစ်သာရှိသေးတဲ့ Natalieက လက်ထဲမှာအမြဲပန်းအိုးတစ်လုံ
.
၁၆နှစ်နောက်ပိုင်းမှာ Natalie ဟာ သည်းထိတ်ရင်ဖိုဇာတ်ကားတစ်ကာ
.
Black Swanဇာတ်ကားအတွက် Natalie အရမ်းကြိုးစားခဲ့ရတယ်။ ဇာတ်ကားထဲက ဘဲလေးကချေသည်ကောင်းတစ်ဦးဖြ
.
၁၉၉၉ခုနှစ်မှာ “The Phantom Menace”ဇာတ်ကားကို ရိုက်ကူးပြီးတဲ့နောက် သရုပ်ဆောင်လောကကနေ Natalieခေတ္တရပ်နားပြီး ကျောင်းစာဘက်ကို သူအာရုံစိုက်ခဲ့တယ်။ သူ့အသက် ၁၈နှစ်အရွယ်မှာ Yale တက္ကသိုလ်နဲ့ ဟားဗတ်တက္ကသိုလ်က တက္ကသိုလ်ဝင်ခွင့်အကြောင်းကြ
.
“သင်ယူခြင်းဆိုတာ ကိုယ့်ကိုယ်ကိုဖြည့်ဆည်းပေး
.
Natalie ဟာ ဟားဗတ်တက္ကသိုလ်ကပေးတဲ့ဘွဲ့န
.
“တကယ်လို့ သင့်ကို မိန်းမချော၊ မိန်းမလှလို့ တခြားသူကတင်စားရင် သူတို့ရဲ့စိတ်ထဲမှာ သင့်အပြင်ပန်းအလှပဲ ကျန်ရစ်ခဲ့ပါတယ်။ သင့်ရဲ့ ထူးခြားတဲ့အရည်အသွေး၊ သင့်ရဲ့အသိဉာဏ်ပညာက သိပ်အရေးမပါသလိုဖြစ်သွားတယ်
-----------
ဘယ်တုန်းကရေးထားမှန်းမသိတဲ့
.
တကယ်လို့ သင့်ကို မိန်းမချော၊ မိန်းမလှလို့ တခြားသူကတင်စားရင် သူတို့ရဲ့စိတ်ထဲမှာ သင့်အပြင်ပန်းအလှပဲ ကျန်ရစ်ခဲ့ပါတယ်။ သင့်ရဲ့ ထူးခြားတဲ့အရည်အသွေး၊ သင့်ရဲ့အသိဉာဏ်ပညာက သိပ်အရေးမပါသလိုဖြစ်သွားတယ်
.
#NineNineSaNay
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။