✿▬❧▬✿▬❧▬✿▬❧▬✿▬❧▬✿
ပြဿနာဖြစ်ရင် တရားခံမရှာဘူး
အဖြေပဲရှာတယ်...
Facebook password မတောင်းဘူး
ယုံကြည်မှုပဲတောင်းတယ်...
အတိတ်အကြောင်း မပြောဘူး
အနာဂတ်အကြောင်းပဲပြောတယ်...
အခွင့်အရေးယူဖို့ မကြိုးစားဘူး
တာဝန်ယူဖို့ပဲ ကြိုးစားတယ်...
ခံစားမှုနောက်ကိုမလိုက်ဘူး
ရည်မှန်းချက်နောက်ကိုပဲလိုက
စိတ်ကူးယဉ်မဆန်ဘူး
လက်တွေ့ပဲဆန်တယ်...
"ငါ"ဆိုတဲ့စကားကို မသုံးဘူး
"ငါတို့"ဆိုတဲ့စကားကိုပဲ သုံးတယ်...
တစ်ယောက်ကိုတစ်ယောက် တန်ဖိုးမဖြတ်ဘူး
တစ်ယောက်ကိုတစ်ယောက် တန်ဖိုးပဲထားတယ်...
ပတ်ဝန်းကျင်မှာ ပေါ်ပြူလာဖြစ်ဖို့ မကြိုးစားဘူး
ပတ်ဝန်းကျင်မှာ သဟဇာတဖြစ်ဖို့ပဲ ကြိုးစားတယ်...
မာန်မာနတရားတွေကို ရှေ့တန်းမတင်ဘူး
နားလည်မှုတရားတွေကိုပဲ ရှေ့တန်းတင်တယ်...
ကိုယ့်ရဲ့ပျော်ရွှင်မှုကို ဦးစားမပေးဘူး
သူ့ရဲ့ပျော်ရွှင်မှုကိုပဲ ဦးစားပေးတယ်...
တဒင်္ဂတာကို မကြည့်ဘူး
တဘဝတာကိုပဲ ကြည့်တယ်...
ဘေးပယောဂကြောင့် လက်တွဲမပြုတ်ဘူး
သေခြင်းတရားကြောင့်ပဲ လက်တွဲပြုတ်တယ်..👌
Credit : Aung Kyaw Kyaw
Credit-ပျိုမေတို့သိစေဖို့
🌴🌹💞မယ်သီတာ(NMN)🌴🌹💞

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။