Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Thursday, December 29, 2016

လွယ်လွယ်နဲ့ ဒေါ်အောင်ဆန်းစုကြည်ဖြစ်လာတာ မဟုတ်။မမေ့စေချင်ပါ (၁) (၂) (၃)

 
 
မမေ့စေချင်ပါ (၁) (၂) (၃)
———————
လွယ်လွယ်နဲ့ ဒေါ်အောင်ဆန်းစုကြည်ဖြစ်လာတာ မဟုတ်။

(၁)

ဒေါ်အောင်ဆန်းစုကြည်ကို ၁၉၈၉ ခုနှစ် ဇူလိုင်လ ၂၀ ရက်နေ့ တွင် ဖမ်းဆီးခဲ့ပြီး ၁၉၉၅ ခုနှစ် ဇူလိုင်လ ၁၀ ရက်နေ့ တွင် ပြန်လည်လွတ်မြောက်လာခဲ့ပါသည်။ ထို့ နောက် ခြံရှေ့  အမေး- အဖြေ လူထုတွေ့ ဆုံပွဲများ ပြုလုပ်ခဲ့ပါသည်။ တနင်္ဂနွေက နေ့ လည်ဘက် တွေ့ ဆုံပွဲဖြစ်ပြီး စနေက အပတ်စဉ် စာဖတ်ဝိုင်းများ ပြုလုပ်ခဲ့ ပါသည်။ နောက်ပိုင်းတွင် ခြံရှေ့ လူထုနှင့် တွေ့ဆုံ ပွဲကို ခွင့်မပြု ခဲ့တော့ပါ။ စနေ စာဖတ်ဝိုင်း ကတော့ ဟံသာဝတီ ဦးဝင်းတင်၏ အကြံဥာဏ် ဖြစ်မည်ဟု ထင်ပါသည်။ မန္တလေးတွင် ရှိစဉ်ကလည်း စနေ စာဖတ်ဝိုင်း စတင်ပြုလုပ် ခဲ့သဖြင့် ထိုအချိန်က အုပ်ချူ ပ်သူဖြစ်သော ဦးနေဝင်းက ဟံသာဝတီ သတင်းစာကို ရပ်နား ခဲ့ပြီး အလုပ် ပြုတ်ခဲ့ ရခြင်းလည်း ဖြစ်ပေသည်။

မည်သို့ ပင်ဖြစ်စေ စနေစာဖတ်ဝိုင်းက ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်တွင် ပြုလုပ်ခဲ့ပြီး စိတ်ဝင်စားသူ လူငယ်များ ပိုမိုများပြား လာခဲ့ပါသည်။ ၁၉၉၈ ခုနှစ် ဇွန် ၂၄ ရက် နေ့တွင် စာ ဖတ်ဝိုင်း ရှိပါသည်။ တက္ကသိုလ်ရိပ်သာလမ်းက ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချူပ် ကျခံ ရစဉ်ထဲက ပိတ်ထားခဲ့ပြီး ကိုယ်ပိုင်ကားများနှင့် နေထိုင်သူများကိုသာ ဖြတ်သန်းသွားလာခွင့် ပြုခဲ့ပါသည်။

အဲဒီနေ့ ကလည်း လမ်းပိတ်ထားပါတယ်။ လမ်းပိတ်ထားသူများက ထောက်လှမ်းရေးမှ ဖြစ်ပြီး ယခင်က စာဖတ်ဝိုင်းသွားမည်ဆိုရင် ခွင့်ပြုပေးပါသည်။ ခွင့်ပြုတယ်ဆိုတာက စာဖတ်ဝိုင်းသွားမည့် လူအမည် စာရင်းကို ကြိုတင်ပေး ထားရပြီး ထိုစာရင်းတွင် ပါဝင်သူများကို သွားခွင့်ပြု ပါတယ်။ ဒါပေမယ့် အဲဒီနေ့ ကတော့ သွားလို့မရ။ ခွင့်မပြုပဲ ပိတ်ထား ပါတယ်။ သို့ သော် လည်း NLD လူငယ်တွေ ဆိုတာကလည်း သိတဲ့အတိုင်းပါပဲ။ လွယ်လွယ်နဲ့  လက်လျှော့ တတ်သူများ မဟုတ်လေတော့ ဦးတင်ဦး မှတစ်ဆင့် ဒေါ်အောင်ဆန်းစုကြည် ထံ သတင်းပို့ လိုက်ပါတယ်။ ထိုအခါမှာ ဒေါ်အောင်ဆန်းစုကြည်သည် ဦးတင်ဦး တို့ ကား နှင့်အတူ ထွက် လိုက် လာပြီး စာဖတ်ဝိုင်း ရှိကြောင်း လာပြောပါတယ်။

အဲဒီတော့ NLD လူငယ်များက လမ်းထဲစဝင်လာပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးတင်ဦးတို့  စီးလာသည့် ကားကနောက်မှ ကပ်ပါလာပါတယ်။ အဲဒီအချိန်မှာ ထောက်လှမ်းရေးမှ … … … ရောက်လာပြီး ဝင်ခွင့်မပြု ဆက်ပိတ်ထားရန် ပြောပါတယ်။ ဒီတော့ လူငယ်တွေကလည်း ခေါင်းဆောင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်က ဝင်ခိုင်းလို့ ဝင်တာ - စာဖတ်ဝိုင်း သွားမလို့ ပေါ့။ ခေါင်းဆောင်တွေ ဘာတွေမသိဘူး - ဘယ်သူမှ အဝင်မခံနဲ့ ပိတ်ထား အကုန်ပိတ်ထားဆိုပြီး ပြောပါတယ်။

(ဆက်ပါဦးမည်)
——

မမေ့စေချင်ပါ (၂)
—————–——

(၂)

ထောက်လှမ်းရေးမှ ဗိုလ်မှူးက တက္ကသိုလ်ရိပ်သာလမ်းကို ပိတ်ထားရန် အမိန့် ပေးခဲ့ပါ သည်။ ဒီအချိန်တွင် ဒေါ်အောင်ဆန်းစုကြည် စီးနင်းသောကားနှင့် လိုက်ပါ ဝန်းရံသူက အယောက် ၁၀၀ ခန့် ရှိပါတယ်။ (စာဖတ်ဝိုင်း လာသူများပါ)

အိမ်အနီး ရောက်လာချိန်တွင်တော့ ထောက်လှမ်းရေးမှ ဗိုလ်မှူး ကနေပြီး လမ်းအတွင်းရှိ နေသူအားလုံးကို ရိုက်ရန် အမိန့် ပေးခဲ့ပါတယ်။ အဲဒီတော့ ထောက်လှမ်းရေး တပ်မတော်သား လုံထိန်း စုစုပေါင်း ၇၀ ခန့် က ရှေ့ မှာရှိတဲ့ NLD လူငယ်များကို စတင်ရိုက်ခဲ့ပါတယ်။ ရိုက် တာ တော့ အစုံပေါ့ဗျာ။ နံပါတ်တုတ်၊ တွေ့တဲ့သစ်သားတုတ်၊ သစ်ကိုင်းခြောက်၊ သံခမောက် စတာတွေနဲ့  ရိုက်တာပါပဲ။

အဲဒီတော့ ဒေါ်အောင်ဆန်းစုကြည် သည်လည်း ကားပေါ်မှ ဆင်းလာပြီး ရိုက်နေတဲ့ နေရာ သို့ အပြေးရောက်လာခဲ့ပါတယ်။ သူမနောက်မှာတော့ ကပ်လျက်က ဦးတင်ဦး။ အဲဒီနောက် `ကလေးတွေကို မရိုက်ပါနဲ့ - ရိုက်ချင်ရင် ကျွန်မကိုသာ ရိုက်ပါ´ ဟု အော်ဟစ်၍ ပြောပါ သည်။

ထို ထောက်လှမ်းရေးဗိုလ်မှူး … က `ရိုက်ကွာ - တစ်ယောက်မှ မချန်နဲ့ - ရိုက်´ ဟူ၍ ဆက်အမိန့် ပေးပါတယ်။ အဲဒီအချိန်မှာ ဒေါ်အောင်ဆန်းစုကြည်၏ အနီးကပ် လုံခြုံရေးတာဝန် ယူရသူ ဗိုလ်ကြီး … က `ဟေ့ - ရမ်းမရိုက်နဲ့ - အစ်မပါတယ်´ ဟု အော်ပြောခဲ့ပါတယ်။ ဒါပေမယ့် ထို ထောက်လှမ်းရေးဗိုလ်မှူး … က လုံးဝဂရုမစိုက်ပဲ `ရိုက်သာ ရိုက်ကွာ - အစ်မသော ဘာသော နားမလည်ဘူး - ရိုက်သာရိုက်´ ဆိုပြီး အော်ဟစ်ကာ ဆက်ပြီး အမိန့် ပေးခဲ့ပါ တယ်။

ဒေါ်အောင်ဆန်းစုကြည်ကလည်း ထိုအမိန့်ကို ကြားသောအခါ 'ကလေးတွေ ဘာမှပြန်မလုပ်နဲ့  - အရိုက်ခံကြ - အရိုက်ခံကြ´ ပြောကြားပြီး သူမကိုယ်တိုင် သည်လည်း ရှေ့သို့ ပိုတိုးလာခဲ့ပါတယ်။ ထို ဗိုလ်မှူး အမိန့် အတိုင်း ဒေါ်အောင်ဆန်းစုကြည် ကိုပါ ရိုက်ပါတော့သည်။ ထို အချိန် တွင် သတိရှိပြီး လျင်မြန်ဖျတ်လတ်စွာဖြင့် ဦးတင်ဦးက သူ့ တွင်ပါလာသော လက်ထဲကိုင်ထားသည့် `ထီးကောက်´ (ကြက်ဆင်ဖဲထီး) ဖြင့် အကာအကွယ် ပေးပါတော့သည်။ အဲဒီအချိန်က ဒေါ်အောင်ဆန်းစုကြည်ကို ရိုက်သူ ကရိုက် - ဦးတင်ဦးကို ရိုက်သူက ရိုက်ဖြင့် ဝုန်း ဒိုင်း ကြဲ ပွက်လောရိုက် နေတာပေါ့။

ဦးတင်ဦးသည် ဒေါ်အောင်ဆန်းစုကြည်ကိုသာ အဓိကထားပြီး အကာအကွယ် ပေးနေရသဖြင့် သူ့ ကိုယ်သူက မကာကွယ်နိုင်။ ဒဏ်ရာတွေရ။ ဒေါ်အောင်ဆန်းစုကြည်သည်လည်း အဖွဲ့ချူပ် လူငယ်တစ်ဦးကို ရိုက်လိုက်သည့် တုတ်ကျိုးပြီး တုတ်ကျိုးအပိုင်းအစ ထိမှန်သွားပြီး ပခုံးတွင် ဒဏ်ရာရ ခဲ့ပါတယ်။ အဲဒီနောက်တွင်မူ ဦးတင်ဦးက `ကောင်မလေးတွေ ဒေါ်စုကို ကာကွယ် ကြ - ဖက်ထားကြ´ ဟူ၍ လှမ်းအော်ပြောပါတယ်။ မိန်းကလေးတွေက ဒေါ်စုကို ဝိုင်းပြီးဖက် ထားကြပါတယ်။ ပြီးနောက် ရုတ်တရက် မိန်းကလေးများနှင့်အတူ ဒေါ်အောင်ဆန်းစုကြည်ပါ ရောပြီးလဲကျသွားပါတယ်။

(ဆက်ပါဦးမည်)
———

မမေ့စေချင်ပါ (၃)
—————–——

(၃)

ထိုသို့ ဖြင့် ရိုက်နှက်နေချိန်တွင် မိန်းကလေးများက ဒေါ်အောင်ဆန်းစုကြည်ကို ဝိုင်းဖက်ကာထားကာ အားလုံးအတူရောပြီး လဲကျသွားပါတယ်။ အဲဒီလို လဲကျသွားတာကို တွေ့ လိုက်ရတဲ့ အဖွဲ့ ချူ ပ်လူငယ်များက အပြင်ကတစ်ထပ် ဝိုင်းကာထားလိုက်ကြပါတော့တယ်။ အဲဒီအခါမှာတော့ ရိုက်တာပေါ့ဗျာ။ အဖွဲ့ ချူ ပ်လူငယ်တွေကို အားရပါးရ ဆွမ်းကြီးလောင်းတာပေါ့။

ပြီးနောက်တွင်မူ ဗိုလ်မှူး … … က အော်ပြောပြီး ရိုက်တာရပ်လိုက်ရန် အမိန့် ပေးခဲ့ပါတယ်။ အဲဒီအချိန်က မြင်ကွင်းက ဘယ်လိုဖြစ်နေလဲဆို ဒေါ်အောင်ဆန်းစုကြည်နှင့် ဝိုင်းဖက်၍ ကာထားသော မိန်းကလေးလူငယ်များ - ဒါကို အပြင်ကနေ နောက်တစ်ထပ် ဝိုင်းပတ်ကာထားသော အဖွဲ့ချူပ်လူငယ်များ - နောက် အဲ့ဒါကို ပတ်ပတ်လည် ထပ်ဝိုင်းထားသော လုံထိန်းများ - အဲဒီနောက်မှာ နောက်ထပ် ဝိုင်းထားတာက စစ်သားများ။ အဲဒီနောက် တက္ကရိပ်သာ လမ်းကို ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ခြံရှေ့မရောက်မီ အမကကျောင်းရှေ့ (ယခုလုံခြုံ ရေး ကင်းအဖွဲ့ နေရာ) မှာ ဆူးကြိုးတွေ ကာထားလိုက်ပါတယ်။

အဲဒီနောက် ကုက္ကိုင်းဘက်ကနေ မမြင်နိုင်ရန် မီးပွိုင့်ဘက်ကနေ ဘတ်စ်ကားတွေ ရောက်လာခဲ့ပြီး ယှဉ်လျက်ရပ်လိုက်ကာ လမ်းပိတ်ပြီး လူများမမြင်စေရန် ဆောင်ရွက်ခဲ့ပါတယ်။ အချိန်က နေ့ လည် ၂ နာရီကျော်လောက်ပါ။ လူငယ်အဖွဲ့ ဝင်များ (ယောက်ျားလေးတွေ) အားလုံး ရိုက်နှက်ခံရပြီး ထိခိုက်ဒဏ်ရာ အသီးသီးနဲ့ ပါ။ အမျိုးသမီးတွေလည်း ဒဏ်ရာရပေမဲ့  နည်းတယ်ပေါ့။

ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်က ပခုံးတွင် တုတ်ကျိုးအပိုင်းအစမှန်ပြီး ဒဏ်ရာရကာ သွေးစို့ နေပါတယ်။ ဦးတင်ဦးကတော့ သူ့ကိုယ်သူမကာကွယ်ပဲ ဒေါ်အောက်ဆန်းစုကြည် အတွက်သာ အဓိကထား ကာကွယ်ခဲ့သဖြင့် လက်စွဲတော် ထီးကောက်ကြီးက ကျိုးကြေပြီး ထီးဟုခေါ်ရန်မသင့်တော့။ သူကိုယ်တိုင်လည်း ဒဏ်ရာတွေနဲ့ ပါပဲ။

အဲဒီလို ဝိုင်းပတ်ကာရံထားပြီးချိန်တွင် ထောက်လှမ်းရေးမှ နောက်ထပ် ဗိုလ်မှူးတစ်ဦး … ထပ်ရောက်လာပါတယ်။ ပြီးတော့ သူက `အစ်မ ပြန်ချင်ရင် ပြန်ပါ - ကလေးတွေကိုတော့ ခြံထဲမဝင်ပါစေနဲ့ - သူတို့ ကို အိမ်ပြန်ခိုင်းလိုက်ပါ´ ။ ဒီအခါမှာတော့ ဒေါ်အောင်ဆန်းစုကြည်ဆိုတာက အခြောက်တိုက် နာမည်ကြီးခဲ့သူ မဟုတ် - နှလုံးရည်သတ္တိ (စိတ္တသတ္တိအပြည့်ဖြင့်) ကြီးမားသူဆိုတာ လက်တွေ့ သက်သေပြခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က ထို ထောက်လှမ်းရေးဗိုလ်မှူး (နောက်ထပ်ရောက်လာသူ) … ကို တစ်ချက် မျက်လုံးချင်းဆိုင်ကြည့်ပြီးနောက် ပြတ်ပြတ်သားသား ပြောလိုက်ပါတယ်။

"ကို … ရှင် ကျွန်မအကြောင်း ကောင်းကောင်းသိပါတယ်။ ကလေးတွေကိုပါ ဝင်ခွင့်မပြုရင် ကျွန်မလည်း မဝင်ဘူး" ။

ထို့ နောက် ထို ဗိုလ်မှူး … လည်း ဘာမှမပြောတော့ပဲ ပြန်လှည့်ထွက်သွားပါတော့တယ်။ အဲဒီအချိန်မှာ မိုးကလည်း ရွာလိုက်တာ သည်းကြီးမဲကြီးကို တရကြမ်းရွာနေခဲ့ပါသည်။ လမ်းပေါ်မှာ ဒေါ်အောင်ဆန်းစုကြည် ဦးတင်ဦး အပါအဝင်အားလုံးသည် ငုတ်တုတ်မိုးမိစိုရွဲနေတာပါပဲ။

ထိုအချိန်က ဒေါ်အောင်ဆန်းစုကြည်က စဉ်းစားပြီး ဆုံးဖြတ်ကာ မြောင်းမြဗဆွေ (1990 လွှတ်တော်အမတ် - ကော့မှူး) နဲ့ မောင်ဘိုဘိုတို့ ကို ရတဲ့နည်းနဲ့  မဖြစ်ဖြစ်အောင် အဖွဲ့ ချူ ပ်ရုံးချူ ပ်ကို သွား။ ရောက်ရင် သတင်းစာရှင်းပွဲလုပ်ပါဆိုပြီး ညွှန်ကြားခဲ့ပါတယ်။ ဒါနဲ့ ပဲ နှစ်ဦးသား လူစုခွဲကာ ကိုယ့်နည်းကိုယ့်ဟန် စိတ်ကူးဖြင့် သွားရပါတယ်။ ကိုဘိုဘိုက လမ်းတစ် ဖက် ရေမြောင်းထဲကနေ တွားသွားပြီး ဒေါ်မာမာအေးတို့ ဘက်ကို ရောက်အောင်သွား - ပြီး တော့ အနားက ခြံတစ်ခြံကလူကို အကူအညီတောင်းပြီး ကားနဲ့  ရုံးချူ ပ်ကို ရောက်အောင် သွား ကမ္ဘေဇထဲကနေ ဦးအောင်ရွှေနှင့် ဦးကြည်မောင်တို့ အိမ်ကိုသွားပြီးနောက် အကျိုးအကြောင်းနဲ့  ဖြစ်တာတွေ ညွှန်ကြားလိုက်တာတွေကို ပြောပြပေါ့။ ပြီးနောက် မြောင်းမြဗဆွေနဲ့ လည်း ပြန်ဆုံကာ အဖွဲ့ ချူ ပ်ရုံးချူ ပ်တွင် ဒီအဖြစ်အပျက်ကို နိုင်ငံခြားသံတမန်တွေ သတင်းထောက်တွေကို ပြန်လည်ရှင်းလင်းပြခဲ့ရတာပါပဲ။ (ဆက်ပါဦးမည်)

*မှတ်ချက် - ပြီးတာတွေက ပြီးသွားခဲ့ပါပြီ။ စိတ်ဆိုး ဒေါသထွက်ရန် အမုန်းပွါးရန် နာကြည်း ရန်စသည့် ရည်ရွယ်ချက်ဖြင့်မဟုတ်။ ထိုအချိန်က မကြောက်မရွံဖြင့် ခေါင်းဆောင် နှင့်အတူ လက်တွဲပါဝင်ပြီး ဘာမျှော်လင့်ချက် (ကိုယ်ကောင်းစားရန်) ဘာအခွင့်အရေးမှ မမျှော်ကိုးပဲ ဆောင်ရွက်ခဲ့သူများကို `မမေ့စေချင်´ ပါ။ (ရာထူးပေး - အခွင့်အရေးပေး - လုပ်ပိုင်ခွင့်တွေချပေး ဒါတွေကို ရည်ညွှန်းခြင်းမဟုတ်။ သူမတို့ သူတို့  ယုံကြည်ခဲ့သော `ပြည်သူ့ အကျိုးစီးပွားကို သူများစိတ်ဓာတ်ဖြင့် နိုင်ငံတိုးတက်စေရန် မျှော်လင့်ယုံကြည် ချက်တို့ကို 'မမေ့စေချင်' ၍သာဖြစ်ကြောင်း

ကိုးကား - မောင်ခိုင်ခန့် ရေး - ငါတို့ ဘက်ကကြည့်တော့ ဒီမိုကရေစီသူရဲကောင်း…
မောင်ဘိုဘို (ဓာတ်ဆရာ) ၏ ပြောကြားချက်…

Aung Kyaw Moe
17 Nov:2016

(ဦး) Aung Kyaw Moe Facebook မှကူးယူဖော်ပြပါသည်။
#BurmaDemocracy

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။